ရွှေစာ ကျယ်ဝန်း မြတ်ပဋ္ဌာန်း

ကျမ်းရွှေစာ ပဋ္ဌာန၊
တတ်မှာက မလွယ့်မလွယ်။

မြတ်စွာဘုရာ့ အမယ့်အမယ်ငယ်၊
တကယ့်တကယ် ဆိုလွဲ။

အလွတ်မပိုင်သမို့ မရွတ်နိုင်ပါသည်၊
ဇွတ်ငိုင်ကာ တွေးလို့သာဘဲ။

သမုဒ္ဒပြင် အကျယ်နှယ်၊
စဉ်တကယ် နက်နဲ။

မြင်မလွယ် လွန်ခက်ခဲပါလို့၊
ကျွန်လက်ပဲ ရှော့ချင်။

နောက်ခါဆို ကြောက်ပါပေါ့ရယ်လို့၊
“တောက်”ခါငေါ့ ငေါ့မိရဲ့ထင်။

မနောမမိတဲ့ သဘောအစဉ်မှာ၊
မချောပြင်ပြင် တကယ်ရှုပ်ပါဘိ၊

အမယ်ဘုတ် သူချည်ခင့်နှယ်။
ရှုကြည်ခွင့်မလွယ်။

ဆယ်သက်မက တကယ်ခက်ပါမည်၊
လွယ်ချက်ဟာ မြင်ဘူးကွဲ့လေး။
*******************
စစ်ကိုင်း မင်းရှိန်

0 comments:

Post a Comment