ထန်းပင်မှ ရသောဆေးစွမ်းများ

စာရေးသူသည် သီတဂူ သြ၀ါဒါစရိယ ကိန္နရာဆရာတော်ကြီး နာမကျန်းဖြစ်သဖြင့် သီတဂူအာယုဒါနဆေးရုံတော် ၀ိသေသဆောင် အခန်း(၁)၌ သီတင်းသုံစေပြီး မန္တလေးမှ ကုသိုလ်ဖြစ်လာရောက် ကုသပေးကြကုန်သော အထူးဆရာဝန်းများ သီတဂူဆေးရုံတော် ဆရာဝန် ဆရာမများ အားလုံးပြုစုစောင်ရှောက် ကုသပေးကြသည်။ စာရေးသူသည် ဆရာတော်ကြိုက်တတ်သော ဂရိတ်ဖရုဖျော်ရည်ကို နေ့စဉ် ညနေ(၅)နာရီမှာ သွားရောက်ကပ်လေ့ရှိသည်။ တနေ့ ကိန္နရာဆရာတော်ကြီးက ငါ့တပည့် မင်းရေဖျင်းရောဂါအကြောင်း သိသလားတဲ့၊ တပည့်တော် သိသလောက်တော့ ရေဖျင်းဆိုတာ ပိုက်ကြီးပူလာမယ်၊ ကိုယ်တွေ ဖေါလာမယ်ဘုရား ဒါလောက်ပဲသိပါတယ်ဘုရားလို့ လျှောက်ထားလိုက်ပါတယ်။ ဒါနဲ့ ဆရာတော်ကြီးက အေး အဲဒီရောဂါကို ကုသလို့်ရတဲ့ ဆေးကောင်းရှိတယ်တဲ့ အဲဒီဆေးနည်းကို ငါလင်္ကာလေး လုပ်ထားတယ်ကွ၊ ဒီလိုပါ-----

”ပင်ကျရည်တစ်ခွက်၊ မသောက်ရလျှင်၊
နှစ်ရက်လောက်သေချင်၊
ကနက်အောက် ဖြေမရွှင်သည်၊
လေနှင်ရွေ့ အန်ပျို့၊
ငွေ အမြှုပ် ထွက်သည့်အချိန်တွင်၊
သက်ဝိညာဏ် ကင်းလိမ့်မယ်ဗျို့”တဲ့။

ဒီလင်္ကာအရဆိုရင် ထန်းရည်ကို ပုံမှန်သောက်ပေးလျှင် ရေဖျင်းရောဂါ ပျောက်တယ်လို့ ဆရာတော်ကြီးကမိန့်ဆိုသွားတာဖြစ်တယ်။

နောက်တစ်မျိုးက အသဲရောင် အသားဝါပျောက်ဆေး-----
”ထန်းသီးနုနုကို တစ်ထိုင်တည်းဖြင့် ၀အောင်းစားရမယ်။ စားပြီးလျှင် အိပ်ရေး ၀၀အိပ်ပါမယ်တဲ့၊ မကြာမကြာ စားပေးပါ ပျောက်ကင်းကြောင်း အာမခဲပါသည်လို့ ဆရာတော်ကြီး မိန့်ခဲ့ဘူးပါသည်။ ဤဆေးနည်းများသည် ရှာရတာလည်း လွယ်ကူတယ်၊ စားသောက်ရမည့်သူအတွက်လည်း အပန်းမကြီးပါ၊ ဒါကြောင့် ရေဖျင်းရောဂါနှင့် အသဲရောင်အသားဝါရောဂါသည်များအတွက် သတင်းကောင်းပါးလိုက်ပါသည်။ ။

ကိန္နရာဆရာတော်ကြီး ပြောပြသည့်အတိုင်း ကူးယူဖေါ်ပြသည်။ ။

ရှင်သုခ(မင်းလှ)

0 comments:

Post a Comment