အစာစားပြီးလျှင် ရှောင်ရမည့်အကြောင်း (၇)မျိုး

(၁)ဆေးလိပ်မသောက်ပါနှင့်-

အစာစားပြီးလို့ဆေးလိပ်လေးတစ်လိပ်ခဲပြီး ထမင်းလုံးစီသူတွေသတိထားဖွယ်ပါ။အဲလိုအစာချက်နေချိန်မှာ ဆေးလိပ်တစ်လိပ်သောက်ရင် ပုံမှန်ချိန်မှာ ဆယ်လိပ်သောက်တာနဲ့ညီတဲ့အထိ ပိုမိုဆိုးကျိုးပေးကြောင်း ကျန်းမာရေးပညာရှင်များ စမ်းသပ်အတည်ပြုသတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။

(၂)သစ်သီးဝလံတွေ ချက်ချင်းမစားပါနှင့်-

ဒီလိုလုပ်ရင် အစာအိမ်ထဲမှာလေပွစေပါတယ်။အစာစုပ်ယူမှုကိုနှောင့်ယှက်ပါတယ်။အသက်အရွယ်လေး အနည်းငယ်ရလာရုံနဲ့သိသာလာပါတယ်။ဒါကြောင့်သစ်သီးတွေဟာ ကျန်းမာရေးကိုဘက်စုံအထောက်အကူပြုတယ်ဆိုပေမယ့် အနည်းဆုံး တစ်နာရီကြာမှစားမှသာ ကျန်းမာရေးနဲ့ညီညွတ်ကြောင်း ပညာရှင်များက အဆိုပြုထားပါတယ်။

(၃)လက်ဖက်ရည် မသောက်ပါနှင့်-

လက်ဖက်ထဲမှာအက်ဆစ်ဓာတ်များများပါပါတယ်။ဒီအက်ဆစ်ဓာတ်အမျိုးအစားတွေက ကျွန်တော်တို့စားလိုက်တဲ့ အစာထဲမှာပါတဲ့ အသားဓာတ်များကို မာခဲလုံးစုသွားစေပါတယ်။ဒီတော့ အသားဓာတ်တွေကို ချေဖျက်ရာမှာ နှောင့်နှေးစေပါတယ်။စုပ်ယူမှုမှာလဲ ထိခိုက်စေပါတယ်။လက်ဖက်ရေနွေးကြမ်းသောက်ခြင်းရဲ့ ကောင်းမွန်လှတဲ့အာနိသင်တွေကိုလိုချင်တယ်ဆိုပေမယ့် စားပြီးပြီးချင်းတော့ မသောက်သင့်ဘူးလို့ ဆိုပါတယ်။(ဒီနေရာမှာ ပညာရှင်များရဲ့ အာဘော်အတိုင်းဖော်ပြလိုက်ခြင်းသာဖြစ်ပါတယ်။ထမင်းကို လက်ဖက်နဲ့စားတတ်တဲ့ ရေနွေးကြမ်းသောက်တတ်တဲ့ ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်လဲ ပြင်နိုင်ရင်တော့လဲ ကောင်းမယ်မျှော်လင့်ပါတယ်။အထူးသဖြင့် အစာစုပ်ယူမှုမကောင်းတဲ့ရောဂါ(MalabsorptionSyndrome)၊ သည်းခြေအိတ်ရောဂါ၊ပန်ကရိယရောဂါများရှိသူတွေကတော့ တကယ်ဆင်ခြင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရောဂါသည်တွေမှာ အသားဓာတ်ခြေဖျက်မှုစုပ်ယူမှုတွေမှာ ပြဿနာရှိပြီးသားမို့ ပိုဆိုးသွားနိုင်ပါတယ်)

(၄)ဗိုက်ပြည့်တယ်ဆိုပြီး ခါးပတ်ကိုချက်ချင်းမလျှော့ပါနှင့်-

အခန့်မသင့်ရင် အူတွေလိမ်သွားပြီး ပိတ်သွားတတ်ပါတယ်။ပေါက်ပေါက်ရှာရှာ ဒီလိုလုပ်လို့ဆေးရုံရောက်လာသူကို ကျွန်တော်တကယ်တွေ့ဖူးပါတယ်။

(၅)ရေမချိုးပါနှင့်-

ရေချိုးလိုက်ရင် ခန္ဓာကိုယ်ရဲ့ ပုံမှန်တုံ့ပြန်မှုက ကိုယ်တွင်းအင်္ဂါတွေကို သွေးလျှော့ပေးပြီး အရေပြားနဲ့ ခြေတွေလက်တွေကိုယ်အစွန်ဖျားပိုင်းတွေကို သွေးတွေပိုပေးပါတယ်။ဒါမှ ခန္ဓာကိုယ်ကနေ အပူဆုံးရှုံးမှုကို ကာကွယ်နိုင်မှာမို့ပါ။ဒီတော့သွေးလှည့်ပတ်မှုနည်းသွားတဲ့အတွက် အစာတွေအူလမ်းကြောင်းထဲမှာရွှေ့ပြောင်းရာမှာ ချေဖျက်ရာမှာ လုံလောက်တဲ့စွမ်းအင်မရနိုင်တော့ပဲ အူနံရံတွေထိခိုက်ပါတယ်။ဗိုက်တောင်အောင့်လာတတ်ပါတယ်။(ဒါပေမယ့် ကျွန်တော်တို့အရပ်ထဲမှာပြောနေတဲ့ ထမင်းစားပြီးရေချိုးရင် ရေဖျဉ်းစွဲတယ်ဆိုတဲ့ စကားကတော့ အယူအဆအမှားသက်သက်သာဖြစ်ကြောင်းပါ၊ရေဖျဉ်းစွဲခြင်းဟာ အသည်းရောဂါများမှာအများဆုံးဖြစ်ရပြီး ကျောက်ကပ်ရောဂါ၊အာဟာရလွန်စွာချို့တဲ့ခြင်းတွေကြောင့်ဖြစ်ရခြင်းသာဖြစ်ပါတယ်)

(၆)ဟိုဟိုဒီဒီလမ်းမလျှောက်ပါနှင့်-

ထမင်းစားပြီးတိုင်း ခြေလှမ်း ၁၀၀ လျှောက်ရင် အသက် ၉၉ နှစ်အထိနေရမယ်ဆိုတဲ့စကားဟာ မှားယွင်းသောဆိုရိုးစကားသာဖြစ်ကြောင်း ဆေးပညာရှင်များက ဆိုပါတယ်။ဘာလို့လဲဆိုတော့ အမှတ်(၅)မှာဖော်ပြခဲ့တဲ့အတိုင်း ဦးစားပေးသွေးဖြန့်ဝေမှုစနစ်အရ ခြေတွေလက်တွေကို သွေးပိုပေးလိုက်လို့ အစာလမ်းကြောင်းတောက်လျှောက်မှာ သွေးအရနည်းသွားစေပြီး အစစအရာရာထိခိုက်စေပါတယ်။

(၇)ချက်ချင်းအိပ်မပစ်လိုက်ပါနှင့်-

အစာမကြေဖြစ်စေရုံမက အစာအိမ်ရောဂါနဲ့ အူလမ်းကြောင်းကူးစက်ရောဂါတွေကို အားပေးတယ်လို့တွေ့ရှိထားပါတယ်။ဒါ့အပြင် အစာစားပြီးတာနဲ့ အိပ်ခြင်းဟာ သင့်ကိုပိုမိုဝစေမှာ အသေအချာပါပဲ။

မှတ်ချက်။ ။ (မက်ဖန်မှ ကူးယူတင်ပြသည်)

0 comments:

Post a Comment