ကုလားဝဋ်မှ (90) ရာခိုက်နှုန်းကျွတ်ပြီ လွတ်ပြီ

0 comments Thursday, June 27, 2013
၂၇-၀၆-၂၀၁၃ ကြာသပတေးနေ့သည် စာရေးသူ အတွက်တော့ ကုလားများဝဋ်မှ (၉၀)ရာခိုက်နှုန်း ၀ဋ်ကျွတ်ပြီလို့ အဲဒီလိုကို ခံစားလိုက်ရပါသည်။ ဘာကြောင့်လည်းဆိုတော့ ၀၇-၀၅-၂၀၁၃ အင်္ဂါနေ့က ပရီဆမ်းမစ်ရှင်း စမီနာပြီးကတည်းက ကျမ်းတင်ဘို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ စုစောင်းရ ရိုက်နှိပ်ရ၊ ဌာနပေါင်းစုံသွားပြီး လိုအပ်တဲ့ လက်မှတ်တွေ ဆိတံဆိပ်တွေ ပြည့်စုံပြီထင်ရလောက်အောင် ယူထားတဲ့ကြားက ၂၅-၀၆-၂၀၁၃ အင်္ဂါနေ့မှာ ကျမ်းတင်ဘို့ ဌာနက ရက်ချိန်းပေးထားတဲ့ ရက်ရောက်မှ ပြဿနာတစ်ခုက ပေါ်လာသေးတယ်လေ ဘာလဲဆိုတော့ ကင်ဆယ်လေးရှင်းလုပ်ဖို့ နောက်ဆုံးကျန်နေတဲ့ လျှောက်လွှာမှာ အင်တာနေရှင်နယ်စင်တာက ဖေဖေါ်ဝါရီလနဲ့ သြဂုတ်မှားရိုက်ထားတဲ့ စင်ထရယ်ရုံးက ၀န်းထမ်းတစ်ယောက်ရဲ့ ပေါ့ဆမှုကြောင့် စာရေးသူအပါအ၀င် လိုက်ပြီးကူညီပေးနေတဲ့ သူငယ်ချင်းပါ စိတ်သောက တော်တော်ရောက်ကြရပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ စင်ထရယ်ရုံးက ၀န်ထမ်းက လွယ်လွယ်ပဲ ဘော့ပင်နဲ့ဖျက်ပြီး သြဂုတ်လကို ဖေဖေါ်ဝါရီပြောင်းပေးလိုက်တယ် အဲဒါကို အင်တာနေရှင်နယ်စင်တာက ၀န်ထမ်းက လက်မှတ် မပါဘူးဆိုပြီး လက်မခံဘူးလေ အဲဒါနဲ့ စင်ထရယ်ရုံးကို ပြန်သွားတော့ သူ့လက်မှတ်ပါကြောင်း စာလုံးသေး၍ သူမမြင်တာဖြစ်ကြောင်းပြောလို့ နောက်တစ်ခေါက် အင်တာနေရှင်နယ်စင်တာကို ပြန်ပြောတော့ ဒီလိုလုပ်လို့ မရဘူးတဲ့ အဲဒီလျှောက်လွှာက ဌာနလေးခု ပို့ရတာတဲ့ အဲဒါကြောင့် အသစ်ပြန်ရိုက်ပေးပါတဲ့လေ အဲဒါနဲ့ နောက်တစ်ခေါက် စင်ထရယ်ရုံးကို ပြန်ပြောတော့ မနက်ဖန်ရမယ်တဲ့ နောက်တနေ့ (၂၆-၀၆-၂၀၁၃)သွားတော့ အထက်လူကြီး လက်မှတ် မထိုးရသေးလို့ ၂၇-၀၆-၂၀၁၃နေ့မှ လာခဲ့ပါတော့တဲ့လေ အဲဒါကိုလည်း မင်းတို့ကို ဒီလျှောက်လွှာတိုက်ရိုက် မပေးဘူးတဲ့ မင်းတို့ဌာနကို ပို့လိုက်မယ်တဲ့လေ၊ အဲဒါနဲ့ ကုလားထုံးစံအတိုင်း ၁၁း၀၀လောက်သွားတော့ ဌာနကို မရောက်သေးဘူး၊ ၁နာရီလည်းမရောက် ၂နာရီလည်း မရောက်နဲ့ မဖြစ်တော့ဘူးဆိုပြီး စာရေးသူတို့ဌာနက စတပ်ဖ် (မြန်မာလို) ဆက်သား ၀ါ ပြာတာလို့ ခေါ်တယ်မှတ်ပါတယ် အဲဒီကုလားကို ရူပီး (၁၀၀)ပေးပြီး ယူခိုင်းလိုက်တော့မှ ညနေ (၃း၃၀)လောက်မှ လျှောက်လွှာရပါတယ် ၊ လျှောက်လွှာယူပြီး အင်တာနေရှင်နယ်စင်တာကို သွားပြီး ကျောင်းသား သက်တမ်းတို့ပြီးမှ ကျမ်းတင်တော့မယ်ဆိုပြီး ကင်ဆယ်ပြန်လုပ်၊ အဲဒီနောက်မှ စင်ထရယ်ရုံးသွားပြီး ကျမ်းတင်ရပါတယ်၊ ညနေ (၅း၀၀)လောက် ကိစ္စတစ်ဝက်လောက်ပြီးပါတယ်၊ အဲဒါ မင်းတို့စာအုပ်ကို နိုင်ငံခြားတိုင်းပြည်တွေကို ပို့မှာဖြစ်တဲ့အတွက် ရူပီး (၂၀၀၀)သွင်းရမယ်ဆိုပြီး ဖြတ်ပိုင်းထုတ်ပေးထားတယ်လေ၊ ၂၈-၀၆-၂၀၁၃နေ့မှ ငွေသွင်းပြီး ကျမ်းတင်ပြီးကြောင်း အောင်လက်မှတ်ယူပြီးလိုက်ရင်ဖြင့် ကုလားဝဋ်မှ (၉၀)ရာခိုက်နှုန်းပြည့် လွတ်ပြီလို့ ဆိုရမည်ဖြစ်ပါတော့သည်။ သို့သော်လည်းပဲ အဲဒီအောင်လက်မှတ်မှာ Mr.နဲ့ Ms.နဲ့ မှားရိုက်ထားပြန်ပါတယ်၊ အဲဒါကြောင့် ၂၉-၀၆-၂၀၁၃ စနေနေ့မှပဲ ပြန်သွားပြီး ပြင်ရိုက်ပေးပါလို့ ပြောတော့မှ Mr. လို့ ပြန်ရိုက်ပေးလိုက်တယ်လေ၊ ကုလားဝဋ်ကတော့ ဘယ်လောက်တောင်ဆိုးတယ်ဖြစ်ကြောင်း သိထားစရာ မှတ်စရာ တင်ပြခြင်းဖြစ်ပါသည်။ ။ ။
ရှင်သုခ (မင်းလှ)
read more “ကုလားဝဋ်မှ (90) ရာခိုက်နှုန်းကျွတ်ပြီ လွတ်ပြီ”

သီတဂူဆရာတော်ကြီး၏ သြ၀ါဒကထာ

0 comments Saturday, June 15, 2013
မေတ္တာဘာဝနာသည် လူသားတို့ ၏စိတ်နှလုံးကို နူးညံ့စေပါသည်။ ကမ္ဘာ့ နိုင်ငံများ၏ အသင်းအဖွဲ့ များကို စစ်လက်နက်ပစ္စည်း ၊ အကူအညီများပေးကမ်းထောက်ပံ့မည့် အစား မေတ္တာဟူသည့် သန့် ရှင်းမွန်မြတ်သောအထောက်အပံ့အကူအညီကို ပေးကမ်းခြင်းသည်သာ အကူအညီကင်းမဲ့နေသော ဤကမ္ဘာကြီးတွသ် အမှန်တစ်ကယ်လိုအပ်သော ထိရောက်သော အကူအညီကိုပေးရာရောက်သည်။ အမှန်စင်စစ် မေတ္တာဟူသည် မိမိနှင့်သူတစ်ပါး နှစ်ဦးသားတို့ အကြားမှာ ခွဲခြားမှုမပြုဘဲ လူသားအားလုံး၏ အကျိုးစီးပွားနှင့်စစ်မှန်သော ငြိမ်းချမ်းရေးချမ်းသာရေးအတွက် ရိုးသားဖြူစင်သောဆန္ဒကို ခေါ်ဆိုရခြင်းဖြစ်ပါသည်။ ကျွှန်ုပ်တို့ သည် နိုင်ငံရေးအယူအဆ မတူမျှခြင်းဟူသော အတားအဆီးကြီးကို ပြတ်ပြတ်သားသား ဖယ်ရှားလျှက် အားလုံးသောတိုင်းပြည် ၊ နိုင်ငံလူမျိုး လူတန်းစား ကမ္ဘာသူ ကမ္ဘာသား လူသားအားလုံးအပေါ်တွင် အပိုင်းအခြားအဆီးအတားမရှိသည့် ကမ္ဘာ့ ညီအစ်ကိုမောင်နှမစိတ်ဓာတ်ကို တိုးပွားအောင် ကြိုးစားဖြန့် ချိရမည်ဖြစ်ပါသည်။ ကမ္ဘာကြီး၏ အကျိုးစီးပွားနှင့် စစ်မှန်ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် ရိုးသားဖြူစင်သော ဆန္ဒဟုဆိုရသည့် ဤမေတ္တာသည် နိုင်ငံရေးညီအစ်ကိုမောင်နှမ စိတ်ဓာတ်မျိုးမဟုတ်။ လူမျိုးရေး အမျိုးသားရေး ဘာသာရေး ညီအစ်ကိုမောင်နှမစိတ်ဓာတ်မျိုးမဟုတ်။ နိုင်ငံရေး ညီအစ်ကိုမောင်နှမစိတ်ဓာတ်ဆိုသည်မှာ နိုင်ငံရေးဝါဒ အယူအဆတူကြသူများ၏စိတ်ဓာတ်ပင်ဖြစ်ပါသည်။ ဤသို့ လျှင် ကျဉ်းမြောင်းသော လူမျိုးချစ်စိတ်များ လွှမ်းမိုးပြီး ကျယ်ပြန့် သော လူသားချစ်စိတ်ဓာတ်များ ခေါင်းပါးမှုတို့ ကြောင့် ငါ့အမျိုးမြတ်သည် ၊ သူ့ အမျိုးယုတ်သည် ၊ ငါ့ဝါဒမြတ်သည် ၊ သူ့ တို့ ဝါဒယုတ်သည် စသည်ဖြင့် မကြာခဏငြင်းခုံခဲ့ကြသည့်အတွက် ထိုငြင်းခုံကြသူတို့ သည် ကြမ်းတမ်းသော စစ်ပွဲကြီးများ ဖြင့် လူသားပေါင်းများစွာတို့ ၏အသက်ကို သတ်ခဲ့ဖူးကြကုန်ပြီ မဟုတ်ပါလော။ လူမျိုးရေးနောက်ခံနှင့် ယုံကြည်မှု မတူကြသော်လည်း သည်းခံခြင်း ၊ ခွင့်လွတ်ခြင်း ချစ်ခြင်းတို့ ကို အခြေခံ၍ လူသားအားလုံး ညီညွှတ်သောပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ကြသင့်ပါသည်။ မေတ္တာတရားဆိုသည်မှာ ဘာသာရေးအရ ချစ်သည့်ဘာသာရေးညီအစ်ကိုမောင်နှမ စိတ်ဓာတ်မဟုတ်ပါ။ ကမ္ဘာ့ ဘာသာရေးသမိုင်းကိုကြည့်လျှင် အကန့် အသတ်ဖြင့် ချစ်ကြသည့် ဘာသာရေးညီအစ်ကိုမောင်နှမ စိတ်ဓာတ်များကြောင့် ဘာသာရေးငြင်းခုံမှုများ ဘာသာရေးပဋိပက္ခများ ၊ အမည်ခံသက်သက်မျှဖြစ်သော မွန်မြတ်သောစစ်ပွဲဟုခေါ်ကြသည့် ဘာသာရေးစစ်ပွဲများသည် ဘာသာတရားအဓိပ္ပာယ်နှင့် မေတ္တာကရုဏာကင်းမဲ့စွာ ဖြစ်ပေါ်ခဲ့ဖူးကြပါပြီ။ လူသားတို့ အတွင်း နူးညံ့သောဆက်ဆံမှု ၊ ခိုင်မြဲသောငြိမ်းချမ်းမှု ၊ အနှစ်သာရရှိသော ချမ်းသာမှုတို့ ကို တည်ဆောက်ရန် ရိုးသားသော သန့် ရှင်းသော ဘာသာရေးနိုးကြားမှုနှင့ ညီညွတ်မှုများသည် ကိုယ်ကျင့်တရားခမ်းခြောက်နေသော ယနေ့ ကမ္ဘာတွင် အထူးပင်လိုအပ်လျက်ရှိပါသည်။ ထို့ ကြောင့် ကျွှန်ုပ်တို့ သည် အသီးသီးသော ဘာသာရေးခေါင်းဆောင်များ နှင့် စိတ်ဓာတ်ရေးပညာရှိများ၏ မွန်မြတ်သော စည်းမျဉ်းနှင့်မူဝါဒများကို အခြေခံ၍ ချစ်ခြင်း ၊ သနားခြင်း ၊ ကျိုးကြောင်းဆင်ခြင်သိမြင်ခြင်း ၊ သုံးသပ်ခြင်း ၊ တရားမျှတခြင်း ၊ ညီညွှတ်ခြင်းဖြင့် ပြည့်ဝသော သန့် ရှင်းအသုံးဝင်သည့် လူ့ ဘောင်လူ့ လောကသစ်တစ်ခုကို ဂရုတစိုက သတိပညာဖြင့် တည်ဆောက်ရမည် ဖြစ်ပါသည်။ သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ မှတ်ချက်။ ၁။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ သြဂုတ်လ တွင်ကျင်းပပြုလုပ်သည့် ကမ္ဘာ့ ကုလသမဂ္ဂ ၂၀၀၀ ပြည့်နှစ် ကမ္ဘာ့ ဘာသာရေးခေါင်းဆောင်များ ငြိမ်းချမ်းရေး ထိပ်သီးညီလာခံတွင် သီတဂူဆရာတော်ကြီး မြွက်ကြားသည့် "လက်တွဲလျှောက်ရန် တူညီသောလမ်းကို ရှာကြပါစို့ " သြ၀ါဒ ဤသြ၀ါဒမှာ အပြည့်အစုံမဟုတ်ပါခင်ဗျာ။ Summit Speech စာအုပ်မှ ကောက်နုတ်ကူးယူဖော်ပြပါသည်။ ၂။ ဓာတ်ပုံအား https://www.facebook.com/pages/Sitagu-International-Buddhist-Academy/142982712452711 မှ ကူးယူဖော်ပြပါသည်ခင်ဗျာ။ ၃။ မြတ်စွာဘုရားရှင်၏ တပည့်သား သံဃာတော်အရှင်သူမြတ်ပီပီ ၊ မြတ်စွာဘုရားရှင်ဟောကြားခဲ့သော တရားဓမ္မများကို လိုက်နာကျင့်သုံး၍ အစွန်းနှစ်ဖက်မကပ်ပဲ မဇ္စျိမပဋိပဒါ လမ်းစဉ်အတိုင်း မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဗြဟ္မ၀ိဟာရ တရားလေးပါးကိုအခြေခံကာ လောကလူသားများ ငြိမ်းချမ်းကြစေခြင်း ၊ အေးချမ်းချစေခြင်းအလို့ ဌာ သြ၀ါဒများကို မိန့် ကြားခဲ့သော သီတဂူဆရာတော်ဘုရားကြီးအား တပည့်တော် ရိုသေမြတ်နိုးလက်စုံမိုးကာ ရှိခိုးကန်တော့ပူဇော်လိုက်ရပါတယ် အရှင်ဘုရား။ ထူးတင့်နိုင် ၁၄-၆-၂၀၁၃
read more “သီတဂူဆရာတော်ကြီး၏ သြ၀ါဒကထာ”

ဗုဒ္ဓဘာသာရဟန်းတော်များနှင့် လူမှုရေးအကျိုးပြုလုပ်ငန်းများ

0 comments Thursday, June 13, 2013
မြတ်ဗုဒ္ဓ၏အဆုံးအမများသည် လူသားတို့၏ဘဝပြဿနာကို ဖြေရှင်းရာ၌ တိကျမှန်ကန်သောအဖြေကို လူ့ဘဝနှင့်တစ်ထပ်တည်းဖြစ်အောင် ရှာဖွေဖော်ထုတ်နိုင်စွမ်းရှိသည်။ မြတ်ဗုဒ္ဓ၏ တရားတော်များသည် လူသားတို့၏ဘဝနှင့် ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံကို အရှိအတိုင်းအမှန်အတိုင်း ပီပီပြင်ပြင်ဖော်ပြသည်။ မြတ်ဗုဒ္ဓသည်လူသားတိုင်းကို ပွင့်လင်းသောစိတ်ဓာတ် လွတ်လပ်သောအတွေး ယုတ္တိရှိသောကိုးကွယ်မှုတို့အတွက် မျက်စိဖွင့်ပေးတော်မူသည်။ ကမ္ဘာ့သာသာရေးသမိုင်း၌ ကျေးကျွန်စနစ်ကိုဖျက်သိမ်းဖို့ အမျိုးဇာတ်သတ်မှတ်သည့်စနစ်ကို ဖျက်သိမ်းဖို့ စတင်အားထုတ်သူမှာ မြတ်ဗုဒ္ဓပင်ဖြစ်ပါသည်။ (ဝသလသုတ်၊ သောဏဒဏ္ဍသုတ်ကိုကြည့်) လူများစွာတို့၏ခြေဖဝါးအောက်၌ အနင်းခံထားရသောပြည့်တန်ဆာအမ္ဗပါလီ၊ မစင်ကျုံးသမား သုနီတတို့၏ဘဝကို နှမတော်ဇနပဒကလျာဏီ၊ ညီတော်အာနန္ဒာတို့၏ဘဝနှင့် တန်းတူ အဆင့်ရောက်အောင်မြှင့်တင်ပေးခဲ့သူမှာ မြတ်ဗုဒ္ဓပင်ဖြစ်ပါသည်။ လူသားစားဘီလူးကြီး အာဋ္ဌာဝက၊ လူသတ်သမားလူဆိုးကြီးအင်္ဂုလိမာလ စသောသူတို့လျှောက်လှမ်းနေခဲ့သော ဆူးခင်းသည့်ဘဝခရီးလမ်းကြီးကို အဆုံးသတ်စေခဲ့သည်မှာလည်း မြတ်ဗုဒ္ဓပင်ဖြစ်ပါသည်။ သားသမီးများစွာတို့၏ စွန့်ပစ်ခြင်းကိုခံကြရသဖြင့် အသက်တစ်ချောင်းရပ်တည်နိုင်ရေးအတွက် ပင်ပန်းနေကြကုန်သောဘိုးအိုဘွားအို (ရာဓပုဏ္ဏား၊ ဗဟုဓီတရပုဏ္ဏား၊ ဗဟုပုတ္တိကသောဏာ) တို့၏ အားကိုးရာမှီခိုရာသည် ဘိုးဘွားရိပ်သာမရှိသေးမီ ထိုခေတ်က ဗုဒ္ဓကျောင်းတော်များပင်ဖြစ်သည်။ သုသာန်မှာလည်းကောင်း၊ လမ်းကြိုလမ်းကြားမှာ လည်းကောင်း၊ မိမဲ့ ဖမဲ့ကလေးငယ်များကို (သောပါက၊ သံကစ္စ၊ လောသက) ကောက်ယူမွေးမြူစောင့်ရှောက်ခဲ့ကြသည်မှာလည်း မိဘ့မဲဂေဟာ မရှိသောခေတ်က မြတ်ဗုဒ္ဓ၏ ကျောင်းတော်များပင်ဖြစ်ပါသည်။ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်တို့၏ သမိုင်း၌ ဂီလာနပြုစုစောင့်ရှောက်သည့်လုပ်ငန်း စတင်တည်ထောင်ဖန်ဆင်းသူမှာလည်း မြတ်ဗုဒ္ဓသည်သာ ရှေးသွားခေါင်းဆောင်ဖြစ်ခဲ့ပါသည်။ ထိုကဲ့သို့သော လောကတ္ထစရိယလုပ်ငန်းတို့ကို ဆောင်ရွက်ရာ၌ ကရုဏာ၊ မေတ္တာ၊ ခန္ဓီ၊ သီလတရားတို့သည် ပဓာနလိုအပ်သောနှလုံးသား၏ အရည်အချင်းများ ဖြစ်ကြပါသည်။ အခြားတစ်ဖက်၌လည်း မွန်မြတ်သော စိတ်ဓာတ်အတွက် ပညာ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ သစ္စာတရားတို့မှာ မရှိမဖြစ်သောအရည်အချင်းများ ဖြစ်ပါသည်။ ထို့ကြောင့် လောကတ္ထစရိယ၊ ပရဟိတအလုပ်လုပ်ကြမည့် လူအပေါင်းတို့သည် ဗျဿနအမျိုးမျိုးကြောင့် ကိုယ်စိတ်နှစ်ပါး ဆင်းရဲ ကြကုန်သော လူအပေါင်းတို့အား "လ" ၏ အရောင်ကဲ့သို့ ကရုဏာဓာတ်ဖြင့် နှလုံးစိတ်ဝမ်း အေးချမ်းအောင်စောင့်ရှောက်ဖို့လိုပါသည်။ ပညာဓာတ်ဖြင့်လည်း နေမင်း၏ အရောင်ကဲ့သို့ လူ့လောကကြီးကို နွေးနွေးထွေးထွေး ပြုစုစောင့်ရှောက်ဖို့လိုပါသည်။ နိဂုံးချုပ်မှာ ယနေ့မျက်မှောက်ခေတ်၌ လူတစ်ယောက်ချင်းဘဝမှာပဲဖြစ်စေ၊ လူ့အဖွဲ့အစည်း၏ ဘဝမှာပဲ ဖြစ်စေ၊ လူမှုရေးလောကမှာဖြစ်စေ၊ နိုင်ငံရေးလောကမှာဖြစ်စေ တစ်ကိုယ်ကောင်းဆန်သော တပ်မက်မှုများ၊ ကောက်ကျစ်ယုတ်မာသော အတွေးအခေါ်များ မုန်းတီးမှုများ၊ ရန်ငြှိုးဖွဲ့တတ်သော အတွေးအခေါ်များ၊ ညှဉ်းပန်းနှိပ်စက်တတ်သော အတွေးအခေါ်များ ဖြစ်ပေါ်နေကြသည်မှာ ကရုဏာ ပညာ ကင်းမဲ့ခြင်း၏ အကျိုးကျေးဇူးဖြစ်ပါသည်။ သို့ဖြစ်ခြင်းကြောင့် လူမှုရေးနှင့် ဘာသာရေးကိုဆောင်ရွက်ကြမည့် ကျွန်ုပ်တို့၏သာသာရေးခေါင်းဆောင်များမှာ ကိုယ်ကျိုးစွန့်လွှတ်မှု (selfless renunciation) မိမိ၏ အကျိုးစီးပွား၌ သံယောဇဉ်ကင်းပြတ်မှု (selfless detachment) သတ္တဝါတို့ကို ချစ်ခင်မှု (loving kindness or non-hatred) မည်သူ့ကိုမျှ ရန်ငြိုးမဖွဲ့ခြင်း မည်သူ့ကိုမျှ မနှောက်ယှက်မနှိပ်စက်ခြင်း (non-violance) ဟူသော မွန်မြတ်သော အရည်အချင်းတို့နှင့် ပြည့်စုံမှသာလျှင် ကျွန်ုပ်တို့သင်ကြားတတ်မြောက်ထားသော ပညာများသည် စစ်မှန်သောပညာ (true wisdom)ဖြစ်နိုင်ပါကြောင်းနှင့် ကရုဏာ ပညာ ဟူသော ဂုဏ်အရည်အချင်းနှင့် ပြည့်စုံမှသာ ကျွန်ုပ်တို့သာသာရေး၊ နိုင်ငံရေး၊ လူမှုရေး ခေါင်းဆောင်တို့သည် True men သို့မဟုတ် True leaders များဖြစ်နိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။ သီတဂူစန်းလပမာ၊ ချမ်းမြသာယာရှိကြပါစေ။ ဒေါက်တာအရှင်ဉာဏိဿရ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်းတောင်၊ စစ်ကိုင်း။ နေ့စွဲ - ၂၂ - ၈ - ၂ဝဝ၈
read more “ဗုဒ္ဓဘာသာရဟန်းတော်များနှင့် လူမှုရေးအကျိုးပြုလုပ်ငန်းများ”

ဆီးချိုနဲ့ ဆင်တုံးမနွယ်

0 comments Wednesday, June 12, 2013
ဆီးချိုပျောက်နည်းမျာစွာထဲ့က နည်းလမ်းလေး တစ်ခုပါ ....( ဆီးချိုနဲ့ ဆင်တုံးမနွယ် moonseed vine ) အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခုကို တွေ့ရခြင်း ဖြစ်ပါသည်။ ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကု သမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။ ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။ ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။ ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။ ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။ ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။ ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။ ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။ စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊ သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။ ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။ တူသောအကျိုး ခံစားရပါစေ။ ဦးစန်းမောင် (မန်း)
read more “ဆီးချိုနဲ့ ဆင်တုံးမနွယ် ”

ပါရာစီတမောလ် နဲ့ ပက်ပစီ

0 comments Monday, May 20, 2013
အားလုံးသိအောင် သတိထားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ကိုကာကိုလာ ပက်စီ-ကုတ် တွေ အကြောင်းကို လူတိုင်းနှီးပါး သိပြီးကြမယ်လို့ ထင်ပါတယ်။ မသိသေးတဲ့ သူတွေအတွက်ကတော့ သတင်းထူးပါဘဲဗျာ။ ဒီကနေ့ ဂျစ်တူးအကိုရဲ့ သူငယ်ချင်းတစ်ယောက် စင်္ကာပူကိုရောက်လာခဲ့ပါတယ်။ အပျော်ထွက်ဈေးဝယ်လာတာတော့ မဟုတ်ပါဘူး။ သူမရဲ့ ယောက်ျားဆုံးသွားလို့ အပူနဲ့ လာခဲ့ရသူပါ။ လက်ထပ်ထားတာမှ တစ်နှစ်တောင် မပြည့်သေးပါဘူးတဲ့။ သူကကျောင်းဆရာမဆိုတော့ ခွင့်ယူဖို့ အလုပ်ထွက်ဖို့ ဆိုတာ တော်တော်ခက်လို့ ယောက်ျားရှိတဲ့နေရာမှာလည်း မလိုက်လာနိုင်။ ယောက်ျားကလည်း သူမနှင့်အတူ လိုက်မနေနိုင်ဆိုတော့ မယ်တစ်ရွာမောင်တစ်မြို့ အနေဝေးနေကြတာပေါ့။ နောက်နှစ်ဆိုရင်တော့ အတူတူနေလို့ ရပါပြီ။ (ဒီလိုအတွေးကလေးတွေနဲ့ ဆရာမလေး တစ်ယောက် ပျော်နေခဲ့တာပေါ့) ဒါပေမဲ့ အခုတော့ သူမအပျော်တွေ ဘယ်တွေရောက်နေကုန်ပြီ မသိတော့ပါဘူး။ ဆရာမလေးယောက်ျားတစ်ယောက် မြန်မာ နိုင်ငံထုတ် အကြောဖြေဆေးနဲ့ ပက်စီသောက်မိလို့ သေဆုံးသွား ပါတယ်။ မနက်ဖြန်ဆို ရက်လည်နေ့ပါ။ ဒီလိုသတင်းတွေကြားနေရတာ တော်တော်များနေပါပြီ။ ပြီးခဲ့တဲ့ သုံးပတ်လောက်ကလည်း ပါတာစီတစ်မော့နဲ့ ကိုကာကိုလာ သောက်မိလို့ သေသွားတဲ့ မြန်မာအမျိုးသား တစ်ယောက်လည်း ရှိခဲ့ပါတယ်။ သူ့ခေါင်းတွေကိုက်လွန်းလို့ ပါတာစိတစ်မော့ကို သောက်တယ်တဲ့ (ဆေးရက်စွဲ မကုန်သေးပါဘူး) နဲနဲကြာတော့ ရင်တွေပူလွန်းလို့ ဆိုပြီး ကိုကာကိုလာသောက်လိုက်တယ် (သူ့အမျိုးသမီး ကိုယ်တိုင် ရေခဲသတ္တာထဲက ယူပေးလိုက်တာပါ)။ ခဏနေတော့ ပါးစပ်ထဲက အမြုတ်တွေထပြီး မူးလဲသွားလို့ ဆေးရုံကို ပို့လိုက်ရပါတယ်။ အဲဒီဆေးရုံသွားတဲ့လမ်းမှာဘဲ အသက်ဆုံးသွားခဲ့ ပါတယ်။ အရင်ဆုံး ကြားရတဲ့သတင်းကတော့ ဂျစ်တူးတို့ သူငယ်ချင်း အရင်းခေါက်ခေါက် ကိုယ်တိုင်ပါဘဲ။ ကုန်လွန်ခဲ့တဲ့ သုံးလလောက်ကဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံထုတ်ဆေးကို သောက်ပြီး တော်တော်ကလေးကြာမှ ပက်စီကို သောက်လိုက်တာ တခါတည်း အသက်ပါ ပါသွားလိုက်တာပါ။ ကြားခါစမ ယုံမကြည်ဖြစ်မိပါတယ်။ ဒီလောက်သန်သန်မာမာ ကျန်းမာရေး အထူးဂရုစိုက်တဲ့သူတစ်ယောက် သေတယ်ဆိုတော့ ဘယ်လိုမှ မယုံကြည်မိပါဘူး။ တကယ်တန်း မီးခိုးငွေ့တွေအဖြစ် ကြုံရတော့ မယုံကြည်လို့ မရတော့ပါဘူး။ နီးစပ်ရာသက်ဆိုင်ရာသူငယ်ချင်းအပေါင်းအသင်းများကို စကားတိုးတိုး ပြောပေးပါ။ အထက်ပါ အကြောင်းအရာတွေကိုပါ။ မဖြစ်အောင်တားလို့ ရပါတယ်။ တစ်ယောက်ကြည့်လို့ တစ်ယောက်သိရင် တစ်ယောက်အသက်ကို ကယ်တင်ရာရောက်ပါတယ်။ ဘလော့တွေ အားလုံးကဖြစ်ဖြစ် - ပြန်ပွားအောင် သိသူများအောင် ဖေါ်ထုတ်ပေးကြပါ။ လူအသက်တစ်ချောင်း ကယ်ကောင်းပါတယ်ဗျာ။ တစ်ယောက်အားနဲ့ မရပါဘူး။ အများသိဖို့ အများမှာ တာဝန်ရှိပါတယ်။ သင်သိတာကလေးကို မျှဝေသိစေခြင်းဖြင့် ကုသိုလ်ယူကြပါ။ (ပုဂံအွန်လိုင်းမီဒီယာ)မှ ကူးယူတင်ပြပေးလိုက်ပါသည်။ Saturday, May 20, 2013.
read more “ပါရာစီတမောလ် နဲ့ ပက်ပစီ”

လူသာလျင် အကြီးကျယ်ဆုံး

0 comments Tuesday, May 14, 2013
ရှေးဦးစွား သီတဂူဆရာတော်ကြီးကို ပူနေးကျောင်းသားများက အသံပြိုင်ကန်တော့ကြသည်။ ထိုနောက်ဆရာတော် အမိန့်ရှိသည်မှာ ငါအမြဲတမ်းကြော်ငြာထားတဲ့ ဆောင်ပုဒ်တစ်ပုဒ်ရှိတယ် မင်းတို့အားလုံး ရကြလိမ့်မည်ဟု မျော်လင့်တယ်။ There is nothing great in the world but man. ကမ္ဘာမှာ လူက လွဲလို့ ကြီးကျယ်တာ ဘာမှမရှိဘူး။ လူသည် ဘုရားလည်းဖြစ်နိုင်တယ်၊ ပစ္စေကဗုဒ္ဓါလည်း ဖြစ်နိုင်တယ်၊ ရဟန္တာလည်းဖြစ်နိုင်တယ်၊ စကြာဝတေးမင်းလဲဖြစ်နိုင်တယ်၊ ဘုရင်လဲဖြစ်နိုင်တယ်၊ ဗြဟ္မာလည်းဖြစ်နိုင်တယ်၊ နတ်လည်းဖြစ်နိုင်တယ်၊ သကြားလည်းဖြစ်နိုင်တယ်၊ အဲ--ယုတ်စွအဆုံး မစင်စားတဲ့ ခွေးလည်းဖြစ်နိုင်တယ်။ လူက အကုန်ဖြစ်နိုင်တဲ့ ဘ၀ပဒေသာကြီးပေါ့၊ အ၀ီစိသွားချင်လည်းရတယ်၊ လူ့ဘ၀ဟာ လမ်းဆုံးပဲ (junction of the world). အဲဒါကြောင့် မင်းတို့တစ်တွေ အထက်သွားမလား အောက်ဆင်းမလား၊ နှစ်ခြောင်းထောက်ကနေ လေးခြောင်းထောက် သွားခြင်သလား။ လူထဲက အကြီးကျယ်ဆုံးတရား နောက်တစ်ခုက There is nothing in man but character and wisdom. လူမှာလည်း သီလနှင့်ပညာထက် ကြီးကျယ်တာ ဘာမှ မရှိဘူး၊ သီလနှင့်ပညာနုတ်လိုက်ရင် လူမှာ ဘာမှ မရှိတော့ဘူး။ လောကကြီးတခုလုံးသည် အထူးသဖြင့် သတ္တလောကကြီးတခုလုံးမှာ လူဟာ အကြီးကျယ်ဆုံးပဲ၊ Great ပဲ၊ လူ့သန္တာန်မှာလဲ ပညာနှင့် ကိုယ်ကျင့်တရားဟာ Great ပဲ၊ အကြီးအကျယ်ဆုံးပဲ၊ အဲဒီနှစ်ခု နုတ်လိုက်ရင် လူဟာ Meaningless ပဲ၊ အဓိပ္ပါယ်မရှိဘူးပေါ့၊ သူဋ္ဌေးပဲဖြစ်ဖြစ်၊ ဘုရင်ပဲဖြစ်ဖြစ်၊ ပညာမဲ့နေရင် အလကားပဲ။ ဘုရင်ဆိုတာ ဘုရင်ဆိုတာ တိုင်းပြည်ရဲ့ service ပဲ၊ တိုင်းပြည်နှင့်လူမျိုးအတွက် service ပေးနိုင်ဘို့ရန် သူတို့ရဲ့ investment (အရင်းအနှီးက) က ကိုယ်ကျင့်တရားနှင့် ပညာပ ဒီနှစ်ခုပဲ။ King တို့ Government တို့ဆိုတာ တိုင်းပြည်ရဲ့ service အလုပ်အကြွေးပဲ။ service (အလုပ်ကြွေး) ဖြစ်ဘို့ရန် character (သီလ)နှင့် wisdom (ပညာ) လိုအပ်တယ်။ wisdom ဆိုတာကို ပြန်ပြောင်းပြောရင် education ပဲ။ အဲဒီနှစ်ခုကင်းမဲ့နေရင် အဲဒီဘုရင်ဟာ တိုင်းပြည်အတွက် အသုံးမကျဘူး၊ အဲဒီအစိုးရဟာလည်း အသုံးမ၀င်ဘူး။ အဲဒီတော့ မင်းတို့တတွေ အခု ပညာသင်နေကြတယ်၊ ကျောင်းတက်နေကြတယ်၊ ဘာလုပ်ဘို့လဲ။ Ph.D ဘွဲ့တွေချိတ့်ပီး ဘာလုပ်မလဲ။ သာသနာပြုတာဝန် ၂ ရပ် စောစောက လောကအကြောင်းကို အတိုချုပ်ပြီးပြောခဲ့တယ်။ သာသနာမှာလည်း Ministry ရယ် Missionary ရယ် နှစ်ခုရှိတယ်။ အဲဒီ နှစ်ခုကို မင်းတို့တတွေ လုပ်ရမယ်။ Missionary ဆိုတာက Missionary ဆိုတာက လူ့လောကကြီးမှာ moral (ကိုယ်ကျင့်သီလ)၊ mental, spiritual (စိတ်ဓာတ်)၊ နှင့် intellectual (အသိဥာဏ်) ဆိုပြီး အခြေခံသုံးခုရှိတယ်။ Missionary means doing and works on the development of morality, mentality and intellectuality. အဲဒီသုံးခုကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်းသည်ပင် Missionary ခေါ်တာပဲ။ Mean why we must do service for the mission and country. Service ဆိုတာ humanity works ပဲ၊ Social works ပဲ၊ Material Life အတွက်ပဲ၊ ရုပ်လောကကြီးကို အကျင့်ကောင်းအောင် သင်ပေးတာ စိတ်ဓာတ်ကောင်းအောင် သင်ပေးတာ ပညာတက်အောင် သင်ပေးတာ၊ ဒါက Religious Leaders (ဘာသာရေး ခေါင်းဆောင်) တွေအတွက် ဒီနှစ်ခုဟာ မဖြစ်မနေလုပ်ရမယ်၊ အဲဒါဟာ Missionary ပဲ။ Ministry ဆိုတာကတော့ Ministry ဆိုတာကတော့ အကျင့်ကောင်းအောင် ဘယ်လိုပဲသင်ပေးပေး မထိရောက်ဘူး၊ သိပ်မွဲနေတဲ့သူတစ်ယောက် ဘယ်လိုပဲ အကျင့်ကောင်းအောင် သင်ပေးပေး မဖြစ်ဘူး၊ အဲဒါကြောင့် သူတို့ကို ထောက်ပံ့ရမည်၊ စိတ်ဓာတ်ကောင်းအောင် ဘယ်လိုပဲသင်ပေးပေး ပစ္စည်းဥစ္စာမွဲနေတဲ့ ဆင်းရဲသား တစ်ယောက်ဟာ စိတ်ဓာတ်တွေ ညံ့သွားတက်တယ်။ အဲဒီတော့ အဲဒီတော့ စိတ်ဓာတ်ရယ်၊ အကျင့်တရားရယ်၊ ပညာရယ် ဒီဥစ္စာတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေပေမဲ့ တစ်ဖက်မှာက သူတို့ရဲ့စားဝတ်နေရေး ကျန်းမာရေးတွေအတွက် လူမှုရေးလုပ်ငန်းတွေ လုပ်ဘို့လိုအပ်တယ်၊ ကျန်းမာရေးအတွက် education ဥပမာ- ငါ စာသင်ကျောင်းတွေ ဆေးရုံတွေ နေရာအနှံ့အပြား လိုက်ဆောက်နေတယ်ဆိုတာ Ministry ပဲကွ။ Ministry ဆိုတာ မင်းတို့က ၀န်ကြီးဌာနကြီးပဲလို့ အောင့်မေ့နေကြတယ်၊ Ministry ဆိုတဲ့စကားလုံးဟာ ခရစ်ယာန်သာသနာကစခဲ့တာ၊ အဲဒီတော့ မင်းတို့ Minister ဆိုရင် ၀န်ကြီးလို့ထင်နေကြတယ်၊ အဲဒါကို encyclopedia မှာ သေချာဖတ်ကြည့်။ Ministry is a service for the country. တိုင်းပြည်ရဲ့အလုပ်အကြွေးပဲ အခုတော့ အရှင်သခင်တွေဖြစ်ကုန်ပြီ။ အဲဒီတော့ မင်းတို့တတွေ ဘာလုပ်မလဲဆိုတော့ အဲဒီနှစ်ခုကိုလုပ်ရမည်။ Service moral, mental, intellectual development for the country, nations. အဲဒီနှစ်ခုကို တပြိုင်တည်းလုပ်ရမည်။ မြတ်ဗုဒ္ဓရဲ့ Mission and Ministry မြတ်ဗုဒ္ဓ ၄၅နှစ်လုပ်သွားတာကြည့်လေ၊ အ၀ိဇ္ဇာလွှမ်းနေတဲ့ကမ္ဘာကို ဘာလုပ်ပေးသလဲ၊ အ၀ိဇ္ဇာ (အကန်းကမ္ဘာ)ကို မျက်လုံးပေးတယ်၊ အပင်းကမ္ဘာကို နားပေးတယ်၊ အိပ်နေတဲ့ကမ္ဘာကို စည်ရိုက်ပေးတယ်၊ ဓမ္မစက္ကံ ပ၀တ္တေတုံ ဂစ္ဆာမိ ကာသိနံ ပုရံ၊ ပြီးတော့ အာဟဉ္ဇံ အမတ ဒုန္ဒုဘိံ။ အပင်းကမ္ဘာကို စည်းရိုက်ပြီးနိုးတယ်။ အဲဒါကြောင့် အဲဒီကစပြီး ဗုဒ္ဓရဲ့ ၄၅ နှစ်ကိုကြည့်ရင်-- အဖွားအိုတစ်ယောက် သားသမီး ၁၁ ယောက်က ပစ်လိုက်တာ ဘုရားပဲ ကောက်မွေးထားတယ်၊ အဘိုးအိုတစ်ယောက် သားတွေ သမီးတွေကနှိပ်စက် မိန်းမကြီးက အိပ်ယာကထ ခြေထောက်နှင့်ကန်နိုး နွားတွေက ပျောက် လယ်တွေက ပျက်၊ အဲဒီ ပုဏ္ဏားကြီးကိုလည်း ဘုရားပဲကောက်မွေးထားတယ်။ ရာဓပုဏ္ဏားကြီးကို ကြည့်ပါဦး၊ သားတွေ သမီးတွေက စွန့်လိုက်တော့ သူတောင်းစာဖြစ်နေတဲ့ ရာဓပုဏ္ဏား ကျောင်းကပ်ပြီးနေရတယ်၊ ပုဂံဆေး ခွက်ဆေး အိမ်သာဆေး တံမျက်လဲပြီးနေရတာ အသက်ကြီးလာတော့ ရဟန်းဝတ်ချင်စိတ် ပေါက်လာတယ်၊ ဘယ်သူမှ ရဟန်းပြုမပေးချင်ကြဘူး၊ ဘုရားက အစည်းဝေးခေါ်ပြီး ဒီရာဓပုဏ္ဏားက ကျေးဇူးပြုဖူးသောသူရှိရင် ထပါဆိုတော့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးထလာတယ်၊ သူ သူတောင်းစားဘ၀က သူ့ရှေ့ကဖြတ်သွားစဉ် ဆွမ်း အိန္ဒိယလိုပြောရင် ကျပါတီ တစ်ချက်နှစ်ချက်လောက် လောင်းဖူးတယ်၊ အဲလိုဆိုရင် မင်းတာဝန်ယူပြီး ရဟန်းပြုပေးလိုက်ဆိုတော့ အရှင်သာရိပုတ်တာဝန်ယူလိုက်တယ်၊ ရာဓပုဏ္ဏားလဲ အရှင်သာရိပုတ္တရာရဲ့ လမ်းညွန်မှုအောက်မှာပဲ ရဟန္တာဖြစ်သွားခဲ့တယ်။ ဒါဟာ ဗုဒ္ဓရဲ့ Ministry ပဲ။ သာသနာပြုနည်း (Missionary technique) တစ်ခါ ကိုယ်လုံးကျွတ်ပြီး အရူးဖြစ်နေတဲ့ မိန်းမတစ်ယောက် ဗုဒ္ဓကခေါ်ပြီး သာသနာမှာ စောင့်ရှောက်ထားလိုက်တယ်၊ (ပဋာစာရီ)။ အမှိုက်ပုံကောက်စားနေတဲ့ ကလေးတစ်ယောက်ကို မြင်တော့ ဗုဒ္ဓက ဒီကလေး စောင့်ရှောက်ရမည်၊ အမှိုက်ပုံနား ဘုရားမသွားဘဲ အရှင်သာရိပုတ်မထေရ်ကို လွတ်လိုက်တယ်၊ အရှင်သာရိပုတ်မထေရ်က what are you looking for? ဟုမေးလိုက်တဲ့အခါ ကလေးက I am searching for some food here. အမိုက်ပုံးမှာ ကောက်စားနေတဲ့သူတွေဆိုတာ ဟိုတုန်းကလဲရှိတယ်၊ အခုလဲရှိနေတယ်၊ အများကြီးပဲ၊ အဲဒါတွေကို မင်းတို့ ဘာလုပ်ပေးမလဲ။ အဲဒီတော့ သာရိပုတ္တရာက ငါ့သပိတ်ထဲကြည့်ပါ၊ စားစရာတွေ အပြည့်ပဲ။ ကလေးဆိုတော့ အနိစ္စတွေ ဒုက္ခတွေ အနတ္တတွေ သွားမဟောနဲ့၊ အသေ၀နာ စ ဗာလာနံ သွားမဟောနဲ့၊ တခါ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ သွားမရွတ်ခိုင်းနဲ့ ဘယ်ရမလဲ။ ဘာပေးရမလဲ၊ အစာရှာနေတယ်၊ ဟောဒီမှာ သပိတ်ထဲမှာ အစာတွေ အများကြီးရှိတယ်၊ စားချင်လား၊ စားချင်ရင် ကျောင်းလိုက်ခဲ့၊ အရှင်သာရိပုတ္တရာလုပ်သွားတာနော်။ အဲဒီတော့ technique (နည်း)တွေ အများကြီးရှိပါတယ်။ chance (အခွင့်အရေး)ကို မင်းတို့ ထိုင်စောင့်မနေကြနဲ့။ အဲဒီလို Missionary နှင့် Ministry ရဲ့ chance (အခွင့်အရေး)ကို ထိုင်စောင့်မနေနဲ့၊ လိုက်ရှာ၊ အဲဒါ မင်းတို့ရဲ့ အလုပ်ပဲ (duty) ပဲ။ အဲဒီတော့ အရှင်သာရိပုတ္တရာ နောက်လိုက်သွားတဲ့ ကလေးကို ကျောင်းရောက်တော့ ရေမိုးချိုးပေးလိုက်တယ်။ ပြီးတော့ မင်းရဲ့ဘ၀ကလည်း ကြမ်းထမ်းလိုက်တာ ဒီကြမ်းထမ်းတဲ့ ဘ၀ကို ဇာတ်သိမ်းရမည်။ သင်္ကန်းဝတ်ပေးလိုက်တယ်၊ လောသကတိဿပဲ။ အဲဒီတော့ ဗုဒ္ဓရဲ့ Misionary နှင့် Ministry နှစ်ခုကို မင်းတို့ အားလုံး နားလည်ထားရမည်။ အဘယ့်ကြောင့် အိန္ဒိယမှာ ပညာသင်ကြားညပ်ပြီးတော့ တစ်ခု ၀င်ပြောဦးမယ်၊ ငါ ကိုရီယားရောက်တော့ ဘိက္ခူနီမတစ်အုပ်လာပြီး မေးတယ်၊ သူတို့က အိန္ဒိယ တို့ သီရိလင်္ကာတို့ကိုရောက်ဖူးကြတယ်။ အိန္ဒိယမှာ ဘုရား မြန်မာနိုင်ငံက ဦးဇင်းတွေ ကျောင်းတက်နေကြတယ်၊ ဘာသွားသင်ကြလဲဘုရား။ အဲဒီတော့ မင်းတို့ သတိထားကြ၊ ဘာသွာသင်ကြလဲ၊ Ph.D တို့ M.A ဘွဲ့တို့ကို သွားယူကြတယ်။ အဲဒီတော့ ဘာ subjects (ဘာသာ)တွေ ယူကြလဲ၊ အများအားဖြင့်တော့ Buddhist study (ဗုဒ္ဓဘာသာဆိုင်ရာ)၊ History (သမိုင်း)၊ Philosophy (ဒဿနိကဗေဒ)တွေပဲ ယူကြတယ်။ မြန်မာနိုင်ငံဟာ ထေရ၀ါဒနိုင်ငံတွေထဲမှာ ရှေ့တန်းကရှိတယ်ဆိုတာ သူတို့သိကြတယ်၊ ယုံလည်းယုံကြပါတယ်တဲ့။ Buddhist study (ဗုဒ္ဓစာပေ) လုပ်ချင်ရင် မြန်မာနိုင်ငံက ဆရာတော်ကြီးတွေဆီမှာ လုပ်ပါလားတဲ့၊ ဗမာပြည်မှာပဲ လုပ်ပါလားတဲ့၊ ဘာဖြစ်လို့ အိန္ဒိယမှာ သွားလုပ်နေကြတာလဲ။ ဒီမေးခွန်းကို မင်းတို့ ကောင်းကောင်း ဖြေနိုင်အောင် လုပ်ထားကြ။ ဘာသွားလုပ်တာလဲ ကုလားပြည်သွားပြီး ကုလားထံ တပည့်ခံပေါ့။ ဒါကကြားညပ်ပြီး မင်းတို့အတွက် remainder (သတိပေး) ပဲ။ အဲဒီတော့ ခုနက ငါပြောတာ In the world of beings there is nothing great but man. In man there is nothing great but character and wisdom. အဲဒီ ကိုယ်ကျင့်တရားနှင့် ပညာ နှစ်ခုဟာ ဘာလုပ်ဘို့လဲဆိုတော့ တာဝန် နှစ်ရပ်ကို ထမ်းဆောင်ဘို့ အရင်းအနှီးပဲ၊ (they are investment to do to the duties Missionary and Ministry). မင်းတို့တတွေ မြတ်ဗုဒ္ဓရဲ့ လမ်းစဉ်ကို လိုက်နာရမည်၊ (You must follow the foot-step of the Lord Buddha). မြတ်စွာဘုရား ၄၅ နှစ်အတွင်း ဘာတွေ လုပ်သွားသလဲ၊ (withing 45 years, what did he do?) မြတ်ဗုဒ္ဓသည် တာဝန်နှစ်ရပ်ပဲ လုပ်သွားခဲ့တယ်၊ (He did only Missionary and Ministry). အတိုချုပ်ပြောရမည်ဆိုရင် Missionary (သာသနာပြု) ဆိုတာ အ၀ိဇ္ဇာ အမှောင်ကမ္ဘာကနေ အလင်းကမ္ဘာအဖြစ် ပြောင်းလဲခြင်းကိုဆိုလိုတယ်၊ {Missionary means to convert from ignorance to enlightenment). မှတ်ချက်။ ။ ဆရာတော်သည် နောက်ပိုင်း ထိုင်းနိုင်ငံ Ph.D ကျောင်းသားနှင့်အိန္ဒိယဒကာ ပါနေသဖြင့် အင်္ဂလိပ်ဘာသာဖြင့် ပြောသည်ကို မြန်မာဘာသာဖြင့် ပြန်ဆိုထည့်ပေးလိုက်ပါသည်။ Ministry ဖြင့်(သာသနာပြုနည်း) Ministry means a service or contribute to service for the nations. သာသနာပြုနည်း တစ်ခုကတော့ Ministry ပဲ။ ဘာလဲဆိုတော့ တိုင်းပြည်နှင့်လူမျိုးအတွက် အလုပ်အကြွေးပြုခြင်းပဲ။ အဲဒီတော့ ဘ၀ရဲ့ ရည်ရွယ်ချက် ကောင်းကောင်းရှိရမည်၊ (you must effort your purpose in monkhood and then you must effort to investment character and wisdom or education). တချို့လူတွေက ကိုယ်ကျင့်တရားရှိပေမဲ့ အသိပညာ မရှိဘူး၊ (sometime someone has very good character but lake of wisdom or education. They have very good character, good hearted, full of love, full of compassion, full of sila, mettar, karuna but no education. They are blind because they are without education and lake of eduction. ကိုယ်ကျင့်တရား မေတ္တာ ကရုဏာ စတဲ့သူတော်ကောင်းတရားတွေရှိပေမဲ့  ပညာမဲ့နေကြတယ်။ နှစ်လုံးလှ လူမိုက်ကြီးပေါ့။ ပညာမရှိတဲ့အတွက် တိုင်းပြည်နှင့်လူမျိုးအတွက် ဘာမှ လုပ်မပေးနိုင်ဘူး၊ (they can do nothing for the nations. တချို့လူတွေကြတော့ ပညာတော့တက်ကြပါတယ်၊ အလွန်မြင့်မားတဲ့ဘွဲ့တွေ ဒီဂရီတွေနှင့် ကြီးကျယ်တဲ့ပညာတက်ဖြစ်ပေမဲ့ ကိုယ်ကျင့်တရား(သီလ) သို့မဟုတ် သူတော်ကောင်းတရား မရှိဘူး၊ ပညာတက်အကျင့်ပျက်ပေါ့၊ ပညာတက်လူမိုက်ကြီးပေါ့။ အဲဒီတော့ ပညာတက်အကျင့်ပျက်တွေ သိပ်ဒုက္ခပေးတာ မင်းတို့သိလား။ နိဂုံး (conclusion) နိဂုံးပိုင်းမှာ ဆရာတော်သည် အင်္ဂလိပ်လိုပဲ သက်သက် ပြောသွားပါသည်၊ ဘာသာပြန်နှင့် တွဲဘက်၍ ထည့်ပေးလိုက်ပါသည်၊ အသံဖိုင်သည် တချို့နေရာတွေမှာ မရှင်းပါ၊ သို့ပါ၍ အမှားပါက နားလည်ပေးစေလိုပါသည်။ နောက်တစ်ခု နားလည်ပေးဘို့က မြန်မာဝေါဟာရ မကျွမ်းကျင်သဖြင့် ဘာသာပြန် မချောမွေ့ပါကလည်း နားလည်ပေးစေလိုပါသည်။ (1) နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်၊ မင်းတို့တတွေ လောကကြီးကို သီလနှင့်ပညာ ဟန်ချက်ညီညီနှင့် တိုင်းပြည်ကို အလှဆင်ရမယ်။ ပြီးတော့ မြတ်ဗုဒ္ဓသာသနာတော်မှာ သီလနှင့်ပညာဟန်ချက်ညီညီ Missionary နှင့် Ministry တာဝန် နှစ်ရပ်ကို ထမ်းဆောင်ရမည်။ ( I would like to conclude my speech. You must force the world peace with character and education and must be balance to do to the duty in the Buddha's dispensation Missionary and Ministry). (2) အိန္ဒိယနိုင်ငံ တတိယ ဘီစီ (3rd BC) အချိန်တုန်းက အသောကမင်းကြီး (ဓမ္မာသောက) (သီရီဓမ္မာသောက) စတဲ့ အလွန်မြင့်မားတဲ့ ဂုဏ်ထူးဘွဲ့ထူးတွေနှင့် မင်းကြီးသည် အိန္ဒိယအင်ပါယာရားတစ်ခုလုံးကို ချုပ်ကိုင်နိုင်ခဲ့သည်။ သူသည် ဓမ္မာသောက သီရိဓ္မာသောက ဆိုတဲ့ ဘွဲ့ထူးမရခင်က သူ၏နာမည်သည် အသောက ဆိုတဲ့နာမည်မျှသာဖြစ်၏။ သူ၏ ဖခမည်တော်ကြီးဆုံးသွားသည့် နောက်ပိုင်းမှာ အသောက သည် သူ၏ ညီအစ်ကို ၀မ်းကွဲ (ဖအေတူ မအေကွဲ) ၉၉ ယောက်သော မင်းသားများကို သုတ်သင် သတ်ဖျက်လိုက်သည်။ အဲဒီခေတ်အခါက အိန္ဒယနိုင်ငံကြီးမှာ များစွာသော ပဒေသရာဇ်မင်းတွေရှိခဲ့သည်။ ဒေသ ခရိုင်တစ်ခုမှာ မင်းတပါးရှိသည်၊ ဒါ့ကြောင့် တိပိဋကကျမ်းစာတွေထဲမှာ ရှစ်သောင်း လေးထောင်သော မင်းများရှိကြောင်း တွေ့နိုင်ပါသည်။ အထူးအားဖြင့် ဝေလာမသုတ်မှာ တွေ့နိုင်ပါသည်။In India, 3rd BC, King Empire Asoka, Dhammasoka, Siridhammasoka Oh! Very high titles! He banded the whole of the world. Before he became Dhammasoka and Siridhammasoka, his name was very simple just Asoka. When his father was death, he killed his cousin brothers 99. In those days, in India there were Padesa Rajas, countless numbers of Kings about one Desa (district) one King governed it. Therefore, in Tipitakas you have read eighty four thousands Kings in specially Velama Sutta. (3) မြန်မာပြည်က ရှမ်းပြည်နယ်လိုပဲ။ ၁၉၆၂၊ မတိုင်မီက ၁၉၅၅ ခုနှစ်လောက်က ရှမ်းပြည်နယ်မှာ မဟာရာဇ (စော်ဖွား)တွေ များစွာရှိခဲ့သည်။ ၁၉၆၃ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးနေ၀င်း တက်လာပြီး ပြည်နယ်အားလုံး စုစည်းပြီ တစ်နိုင်ငံတည်း ပေါင်းစည်းခဲ့တယ်။ ထိုနည်းတူစွာ အနော်ရထာမင်း၊ အလောင်းဘုရား၊ ဗိုလ်ချုပ်အောင်ဆန်း တို့သည်လည်း တစ်နိုင်းငံတည်း စုစည်း ပေါင်းစည်းကာ organized လုပ်နိုင်ခဲ့သည်။ ယနေ့ခေတ်မှာလည်း မင်းတို့သိတဲ့အတိုင်းပဲ တချို့လူမျိုးစုတွေက ကိုယ်ပိုင် United ဖြစ်ဘို့ ကြိုးစားနေကြတယ်။ အလားတူပဲ ဘုရင်အသောကသည်လည်း များစွာသော ပဒေသရာဇ်မင်းနှင့် ၉၉ ယောက်သော ၀မ်းကွဲညီအစ်ကိုများကို သုတ်သင်ကာ အိန္ဒိယပြည်ကြီးတခုလုံး ဘုရင့်နိုင်ငံ တစ်နိုင်ငံတည်းဖြစ်အောင် လုပ်နိုင်ခဲ့သည်။ ဒါကြောင့် များစွားသော စာအုပ်တွေမှာ ရက်စက်သော မင်း (စဏ္ဍာသောက)ဟု ဖော်ပြကြသည်။ အာဏာကို အရူးအမူးဖြစ်နေသော စဏ္ဍာသောက သည် ပဒေသရာဇ်မင်း များစွာကို သတ်ဖျက်ကာ ကမ္ဘာမှာ ဘုရင်တစ်ဆူတည်းဖြစ်အောင် ကြိုးစားခဲ့သည်။ ဒါပေမဲ့ သူ့အဖေသည် ဂျိန်းဘာသာဝင်ဖြစ်တဲ့အတွက်ကြော သူသည် ဂျိန်းဘုန်းကြီးတွေကို ကိုးကွယ်နေရတယ်။ It is look like our country Shan State. Before 1962, 1955 General Naywin nationalized everything. He organized to be united. In the same way, King Anorathar, King Alaungbhaya, and General Aung San united all. Now a day, as you know some nations, some races try to unite. In similarly King Empire Asoka tried to kill all of Padesa Rajas and he organized the whole all India to be one Kingdom. Therefore, in many books about King was mentioned as cruel King because he killed many Padesa Rajas, Many Maharajas, Many Sawbhwars, 99 brothers were killed by Asoka due to the power, the craving of power. Later he became Ekaraja. He is only one King the entire world but he worshiped Jaina Monks because his father was Jainism. (4) ဒါကြောင့် အသောကမင်းသည် အဖရဲ့အမွေကို လက်ခံလာခဲ့တဲ့အတွက်ကြောင့် နေ့စဉ် ဂျိန်းဘုန်းကြီး ခြောက်သော် (၆၀၀၀၀) ကို နေ့လည်စာ လှူနေရတယ်။ ယခုအချိန်မှာတော့ ဂျိန်းဘုန်းတွေ အနည်းငယ်မျှသာ ကျန်တော့သည်။ မင်းတို့ အိန္ဒိယ မလာခင်က ဂျိန်းဘုန်းကြီးတွေကို မြင်းဖူးလား၊ ငါ နှစ်ကြိမ်တောင် မြင်ဖူးတယ်။ မင်းတို့ အိန္ဒိယမှာ ဘာတွေသင်နေတာလဲ၊ မင်းတို့တစ်တွေ စာအုပ်အသေးလေးတွေထဲကပဲ သင်နေကြတာပဲ။ လောကကြီးက မင်းတို့ရဲ့ဆရာပဲ။ နိုင်ငံကြီးတစ်ခုလုံးက မင်းတို့ရဲ့ ဆရာပဲ။ ငါ မင်းတို့ကို အနည်းငယ် တိုက်တွန်းလိုတယ်၊ လောကော သတ္တာန မာစေရော- လောကကြီးဟာ လူသားတွေရဲ့ ဆရာပဲ။ မင်းတို့တတွေက စာအုပ်ထဲကပဲ သင်ယူနေကြတယ်၊ အပြင်ထွက်ပြီးရှာ၊ အပြင်လောကကြီးဟာ မင်းတို့အတွက် စာအုပ်ကြီးပဲ။ ဒါကြောင့် ဂျိန်းဘုန်းကြီးတွေအများကြီးရှိခဲ့တယ်။ ဒါပေမဲ့ ယနေ့မှာတော့ အနည်းငယ်မျှသာ ကျန်တော့်တယ်။ မြတ်ဗုဒ္ဓလက်ထက်တော်က ဗုဒ္ဓနှင့်ခေတ်ပြိုင် မက္ခလိဂေါသာလ အစရှိသော ဘာသာရေးခေါင်းဆောင် ဆရာကြီး ၆ ထင်ရှားခဲ့ဖုးတယ်။ အဲဒီ ၆ ယောက်ထဲက ငါးယောက်သော ဆရာကြီးတွေရဲ့ အတွေးအခေါ်ဟာ ယနေ့ခေတ်မှာတော့ လုံးဝ ပျောက်သွားပြီ။ ဒါပေမဲ့ တစ်ခုပဲကျန်တော့တယ်။ အိန္ဒိယမှာ ယနေ့ခေတ် နိဂဏ္ဌနာဋပုတ္တ တည်ထောင်ခဲ့သော ဂျိန်းဘာသာတစ်ခုပဲကျန်တော့တယ်။ အိန္ဒိယပြည် အလယ်ပိုင်း အထူးအားဖြင့် တောင်ပိုင်း တောင်တန်းဒေသတွေမှာ တွေ့နိုင်တယ်။ တောင်နာမည်က ၀ိဇ္ဇျာဒေ၀ီ တောင်တန်းဖြစ်တယ် (နာမညကို အသံအတိုင်း မှန်းရေးထားသည်)။ မင်းတို့တတွေ သွားကြည့်ချင် ဥဇ္ဇေနီဒေသသို့ သွားသင့်တယ်၊ အသောမင်းကြီးရဲ့ မွေးရပ်မြေပဲ။ ငါနှစ်ကြိမ်တောင်ရောက်ဖူးတယ်၊ ဂျိန်းဘုန်းကြီးများကို တွေ့ဘို့ ဟိုတယ်တစ်ခုမှာ သုံးညလောက်အိပ်ပြီး စောင့်ခဲ့ရတယ်။ Therefore, the acceptance of father's heritage, he every day offered the lunch to the sixty thousand Jain Monks. Now a day, a few Jain Monks remain in India. Have you ever seen them? I have seen two times. HHH! What are you studying in India? You are studying only very small books. The whole world is your teacher. The whole country is your teacher. I just to encourage you "Lokosattana macero" the whole world is the teacher of the man. You are studying only in the books. You have to study outside many books. So Jain Priests or monks are many but now a day. At the time of the Buddha, six religious leaders such as Makkhaligosala etc appeared contemporary of the Buddha. The five views, perception, theories of five religious leaders totally disappeared but only one theory. Nigantthanataputta founded the Jainism. Only his theory exists now a day in India. You can see clergies, Jain Priests, middle of India especially south India mountain regions. What is name of it? Vaidhyadaivi Mountain. If you want to see, you should go to Ujjain (Ujjheni). It is the birth place of Asoka. I met two times. I stayed at one hotel for three nights to search for Jain Monks. (1) စဏ္ဍာသောကမှ ဓမ္မာသောက ငါ ဘာပြောလဲဆိုတော့ တစ်ခါတရံ တချို့လူတွေသည် ပညာတော့တက်ပါတယ်။ ဒါပေမဲ့ ကိုယ်ကျင့်သီလ မရှိဘူး၊ တချို့ကြပြန်တော့လည်း ကိုယ်ကျင့်သီလရှိပေမဲ့ ပညာမဲ့နေတယ်။ မင်းတို့တစ်တွေကတော့ နှစ်မျိုးလုံးရှိနေရမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ခုလုံးဟာ သာသနာပြုတာဝန် နှစ်ရပ်ထမ်းဆောင်နိုင်ဘို့ရန် အရေးကြီးသည့် မင်းတို့အတွက် အရင်းအနှီးပဲ။ယနေ့ခေတ်မှာတော့ အိန္ဒိယနိုင်ငံမှာ ဂျိန်းဘုန်းကြီးတွေ အနည်းငယ်မျှသာ ကျန်တော့သည်။ အသောမင်းကြီးအကြောင်းကို ဆက်ပြောဦးမယ်။ အသောက မင်းကြီးသည် သူ၏ဖခမည်းတော် နတ်ရွာစံပြီးနောက်ပိုင်း သူ၏ ၉၉ ယောက်သော ညီအစ်ကိုများ အပါဝင် များစွာသော လူတွေကို သတ်ဖျက်သုတ်သင်ခဲ့သည်. သူ၏ဖခမည်းတော်သည် မိဖုရားတစ်ရာကျော်ကို မိဖုရားအဖြစ်တင်မြောက်ခဲ့သည်အတွက် သူ့မှာ ညီအစ်ကို ၉၉ ယောက်ရှိခဲ့သည်။ အသောကမင်းသည် အဲဒီ ညီအစ်ကိုအားလုံးကို သုတ်သင်ပစ်လိုက်သည်။ ဒါ့ကြောင့် သူကို ရက်စက်ကြမ်းကြုတ်သောမင်း (စဏ္ဍာသောက) ဟုခေါ်သည်၊ သာရတ္တဒီပနီဋီကာ၌ တွေ့နိုင်ပါသည်။ ဒါပေမဲ့ ယခုအခါမှာတော့ သူဟာ ဓမ္မာသောက၊ သိရီဓမ္မာသောက ဟူ၍ ဂုဏ်ပြုလာကြသည်။ ရက်စက်သောမင်း (စဏ္ဍာသောက)မှ သူတော်ကောင်း မင်း (ဓမ္မာသောက)အဖြစ်သို့ ဘယ်လိုပြောင်းလဲလာတယ်ဆိုရင်။ Missionary သည် ကြမ်းတမ်းရက်စက်ခြင်းမှာ သိမ်မွေ့နုညံ့ပျော့ပြောင်းအောင် ပြောင်းလွဲနိုင်တဲ့ အလွန်အရေပါသည့် စွမ်းအင်တစ်ခုဖြစ်ပါသည်။ သူ၏သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် အသောကမင်းကြီး၏တူတော်သူ အသက် ၇နှစ်မျှသာရှိသေးသော နိဂြောဓကိုရင် ရဟန္တာအရှင်မြတ်သည် နံနက် နေထွက်စပြုအချိန် ဘုရင်ကြီး၏နန်းတော်ရှေ့က ဖြတ်သွားစဉ် ရှင်ဘုရင်ကြီးကလည်း ပြတင်းပေါက်ဖွင့်ပြီးကြည့်လိုက်စဉ် ဘုရင်ကြီး၏ နှလုံးသားမှာ ရှေးက မတွေ့ထိဘူး မကြားဘူး မခံစားဘူးသေးသော ခံစားမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဘုရင်ကြီးသည် များစွာသော ပဒေသရာဇ်မင်း၊ ဆွေးတော်မျိုးတော်များနှင့် ညီအစ်ကိုများနှင့် သူ့ကိုဆန့်ကျင်သူအားလုံးကို သတ်ဖျက်ခဲ့သည့်အပြင် ဂျိန်းဘုန်းကြီးတွေကိုလည်း နေ့စဉ် ရှိခိုးနေခဲ့ရသည့် အတွက်ကြောင့် များစွာနောင်တ ပူပန်နေရပါသည်။ So, what I mean? Sometimes some people, they have only wisdom but they don't have character. Some people have only character but they don't have wisdom. You must have the both character and wisdom. These are your investments to do two tasks and duties Missionary and Ministry. Now a day, how many Jain Monks priests exist in India? Very a few remain. I want to continue King Empire Asoka. After his father death, he killed many human beings as well as his 99 brothers because of his father who got marriage over hundred queens. Therefore he has 99 brothers and killed all. He is cruel King (candasoka). You must read about him Sarattadipanitika) but now a day he becomes Dhammasoka, Siridhammasoaka. How become Candasoka (Cruel King) to Dhammasoka (Honorable King)?Missionary is very powerful to convert from Candasoka (Cruel King) to become Dhammasoka. You know in history, in the morning his nephew, seven year ages, Samanera Niroja Arhan going through the in front of palace of King Empire, the King Empire Asoka felt unheard in his heart before because he has killed many Padesarajas, many relatives, many opposites people and he have worshiped Jain Monks. Therefore he felt sad. (2) အသောကနှင့် ဂျိန်းဘုန်းကြီးများ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပြီး နောက်ပိုင်းမှာ အိန္ဒိယပြည်ကြီးတွင် သိန်းပေါင်းများစွာသော ရဟန္တာအရှင်မြတ်များ ရှိခဲ့သေးပေမဲ့ ဖူးမျော်ခွင့်မရခဲ့သောကြောင့်လည်း မင်းကြီး စိတ်မကောင်း ဖြစ်ခဲ့ရသည်။ ကိုရင်လေးရဲ တည်ငြိမ်တဲ့အသွင်အပြင်ကို မြင်လိုက်ရသည့်အချိန်မှာတော့ ထူးဆန်းစွာခံစားရသည်၊ များစွာသော ပြည်သူတွေကို သတ်ဖျတ်ခဲ့ခြင်းကြောင့်လည်း နောင်တ ပူဆွေးမှုများဖြစ်ခဲ့ရသည်။ ပြတင်းပေါက်မှ မြင်တွေ့လိုက်ရသော ကိုရင်လေး၏ တည်ငြိမ်းပြတ်သားသော အသွင်ကို ဖူးမြင်လိုက်ရသော မင်းကြီး၏စိတ်နှစ်လုံး အေးချမ်းပြီး တည်ငြိမ်မှုလည်း ဖြစ်ပေါ်လာခဲ့သည်။ ကိုရင်လေးကို ရွှေနန်းတော်သို့ ပင့်ဖိတ်ပြီး လျှောက်ထားလေသည်။ ရွှေနန်းတော်အတွင်း ကုလားထိုင်း ပလ္လင် စသည်တို့ဖြင့် နေရာမျိုးစုံ ပြင်ဆင်ထားပြီးဖြစ်ပါတယ် အရှင်ဘုရားနှင့် သင့်တော်သော နေရာကို ရွေးပြီး သတင်းသုံးရန် လျှောက်ထားလေသည်။ ကိုရင်လေးကို ရွှေနန်းတော်အတွင်း မပင့်မီကာလာမှာ အသောကမင်းကြီးသည် ဂျိန်းဘုန်းကြီးများစွာကို ပင့်ဖိတ်ခဲ့ဖူးသည်။ မင်းကြီးသည် ထိုနည်းတူစွာ ဂျိန်းဘုန်းကြီးများကိုလည်း လျှောက်ထားခဲ့ဖူးသည်၊ ရွှေနန်းတော်အတွင်းမှာ စားပွဲ ကုလားထိုင်နှင့် ပလ္လင်စသည့် နေရာထိုင်ခင်းအမျိုး ပြင်ဆင်ထားပြီးဖြစ်ကြောင်း အရှင်မြတ်များနှင့် သင့်တော်မည့် နေရာများကို ရွေးပြီး သတင်းကြပါရန် လျှောက်ထားသောအခါ။ ဂျိန်းဘုန်းကြီးတွေ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ဒို့ ဘယ်နေရာထိုင်ကြမလဲ၊ မင်းကော ဘယ်မှာထိုင်မလဲ ဆွေးနွေးကြလေသည်။ နောက်ဆုံး သူတို့အားလုံး နန်းတော်အပြင်ဘက်ထွက်ပြီး မြေကြီးပေါ်မှာပဲ ထိုင်ကြလေသည်။ သူတို့အားလုံး အလွန်ခမ်းနားထယ်ဝါသော ကုလားထိုင် ကော်ဇော်ကြီးတွေအပေါ် ထိုင်ရမှာ ကြောက်ရွံ့နေကြလေသည်။ အကြောင်းကတော့ သူတို့အားလုံးသည် လုံးဝ အ၀တ်အစား ၀တ်မထားပဲ မိမွေးတိုင်းဖမွေးတိုင်းပင် လာကြသည့်အပြင် ရေလည်းမချိုးကြသည့်အတွက် အလွန်ညစ်ပတ်နေကြသည်။ ဒါကြောင့် သူတို့တတွေသည် သူတို့နှင့် သင့်တော်သော မြေကြီးပေါ်ကို နေရာယူဘို့ သူတို့ကိုယ်တိုင်ပဲ ရွေးချယ်ကြလေသည်။ ထိုအချိန်မှာတော့ အသောကမင်းကြီးသည် ဒီဂျိန်းဘုန်းကြီးတွေ သန္တာန်မှာ ဘာတရားအနှစ်မှ မရှိကြောင်းကို စမ်းသပ် တွေ့ရှိ နားလည်လိုက်သည်။ After death of the Buddha, over millions of Arahantas exited in India but the King has no chance to worship Arahantas, he was so sad. Looking through the window he saw the Arhanta Samanera. As soon as he saw the Arahanta Samanera, he felt his in heart. When he saw Aranta Niroja Samaneara, his mind became peaceful and love also. And then he invited Samanera. When Samanera arrived at the Palace, the King asked him that you must choose your proper place. I prepared many places in my royal palace. Oh! Wonderful place! Before Samanera, the King invited Jain monks. Hey! I prepared many places for you in my royal palace. You must choose your proper place. All Jain monks are naked, never took shower and very dirty. They discussed where we want to sit and where you want to sit. Please choose where you want to sit but there were afraid to sit on the carpet in Royal Palace because they were totally naked, dirty and never tool shower. At the time, went out of palace and sat down on the ground. This place was proper for them. At the time the King traced and tasted and understood that they don't have any essence of the light of dhamma in their heart because they were afraid to sit on the carpet in Royal Palace. In the Palace, there were many chairs and throne and so on. (1) ကိုရင်လေး၏ သတ္တိ ဗျတ္တိ ကိုရင်လေးဘက်ကို ကြည့်ကြစို့။ ကိုရင်လေး-- အရှင်ဘုရားနှင့် သင့်တော်သော နေရာကို ရွေးပြီးထိုင်ပါဆိုတော့ ကိုရင်လေးသည် ဘေးဘီကို ကြည့်လိုက်တော့ သူ့ထက်ကြီးကျယ်မြင့်မြတ်သော သူကို မတွေ့ရ (ဆိုလိုသည်မှာ-ရဟန်းတော်များ၊ ဆရာများဖြစ်သည်)။ ရှင်ဘုရင်ကြီး၏ ရွှေနန်းပလ္လင် (သီဟာသန ပလ္လင်)ပေါ်သို့ တက်ထိုင်လိုက်သောအခါ ရှင်ဘုရင်ကြီး ဒူးတွေတုန်လှုပ်ကာ ဦးညွန့် ဂါရ၀ပြုမိလေတော့သည်။ အဲဒီနောက် ကိုရင်လေးအား မေးခွန်းအချို့ မေးသည်။ ပထမ မေးခွန်းမှာ အရှင်ဘုရား မြတ်ဗုဒ္ဓ၏အဆုံးမတွေကို လေ့လာပြီးပါပြီလားဘုရား မေးသောအခါ မင်းကြီး ကျွန်ုပ် အာလုံးလေ့လာပြီးဖြစ်ပါတယ်။ အဲဒီတော့ မင်းတို့တတွေ ဒီလိုမေးခွန်းလာရင် ဖြေနိုင်အောင် အဆင်သင့်လုပ်ထားကြ။ ဒုတိယ မေးခွန်း အရှင်ဘုရား အားလုံးကို လေ့လားပြီးပေါ့၊ ဟုတ်ကဲ့မင်းကြီး အားလုံးလေ့လာ သင်ယူပြီးဖြစ်ပါတယ်။ အဲဒီလိုဆိုရင် အရှင်ဘုရား ကျင့်ကြံအားထုတ်ပြီးပြီလားဘုရား မင်းကြီး ကျွန်ုပ် မြတ်ဗုဒ္ဓရဲ့သာသနာမှာ အားလုံးအားထုတ်ပြီးဖြစ်ပါတယ်။ (ရဟန္တာဖြစ်ပြီးကို ရည်ရွယ်ပါသည်)။ လော့လာသင်ယူခြင်း၊ ကျင့်ကြံအားထုတ်ခြင်းများ ပြီးသောအခါ မြတ်ဗုဒ္ဓအဆင့်မြင့် တရားတော်များကို ထိုးထွင်းသိပြီးပါပြီလားဘုရား။ မင်းကြီး အားလုံးပြီးစီးပါပြီ။ ဒီတော့ ဆိုလိုတာက ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဓပဲ။ အဲဒီလိုဆိုရင် အရှင်ဘုရား လေ့လာထားတာတွေ အနည်းငယ်မျှ တပည့်တော်အား ဟောပေးတော်မူပါဘုရားဆိုတော့ ကိုရင်လေးက အပ္ပမာဒေါ အမတံ ပဒံ ပမာဒေါ မစ္စုနော ပဒံ- သတိတရားသည် မသေရာ နိဗ္ဗာန်၏တစ်ခုတည်းသော လမ်းကြောင်းပဲ။ မေ့လျော့ပေါ့ဆခြင်းသည် သေဘို့ရာ သံသရာအတွက် လမ်းပဲ၊ (ဓမ္မပဒပါဠိတော်) မင်းကြီး သတိတရားဖြင့် စိတ်၏အမူအရာ လှုပ်ရှားမှုများ၊ ကိုယ်၏ပြုမူ လှုပ်ရှားမှုများနှင့် နုတ်၏အပြောအဆိုများကို ထိန်းရပါသည်။ သတိတရားသည် ထိုသုံးမျိုးသော ကိုယ်၊နုတ်၊ စိတ်တို့၏ အမူအကျင့်မှန်သမျှတို့၏ အထိန်းအကွပ်ဖြစ်ပါသည်ဟူ၍ ဟောလေသည်။ အရှင်ဘုရား ရပြီး ရပ်ပါတော့ဘုရား နောက်နေ့တွေလဲ ဆက်ဟောရဦးမယ်ဘုရား၊ ဒီနေ့ ဒီလောက်ဆို လုံလောက်ပါပြီဘုရား။ ရွှေနန်းတော်ကြီး၏ တံခါကြီးသည် ကိုရင်လေးအတွက် ၂၄ နာရီ ဖွင့်ထားလေတော့သည်။ ဒါ့ကြောင့် မျော်လင့်ချက်ကင်းမဲ့နေတဲ့ ရွှေနန်းတော်ကြီး မျော်လင့်ချက်တွေနှင့် ပြည့်လာတယ်။အဲဒီတော့ မင်းတို့တစ်တွေ ဘာရည်ရွယ်ထားလည်း ဘာတွေ မျော်လင့်ထားသလဲ။ အကယ်၍ missionary နှင့် ministry ဒီနှစ်ခုကို မလုပ်နိုင်ဘူးဆိုရင် မင်းတို့တတွေ မျော်လင့်ချက် ကင်းမဲ့သူတွေပဲ ဖြစ်မယ်။ On the other side, when Samanera! You have to choose your proper place, Samanera, Arahanta got up the lion throne (sihasanapalanga) and sat down in it. At the time the King Empire Asoka's knees were shaking and trembled and he said that great teacher came to the palace now. He paid a respect to him three times. And then the King asked him three questions. Firstly do you have any learning in the Buddha's dispensation? Yes, I have learned all. If someone asked you such a question, you must be ready to response it. And secondly have learned everything? Yes, I have done all. If so, did you have any practice or training in the Buddha's sasana? Yes, I have done. After learning and training, did you have understanding or penetrating? Yes, I know everything what the Buddha taught. So learning, practicing and understanding are called respectively Pariyatti, Patipatti and Pativeda. If you learned, teach me please that requested by King to Samanera. Samanera on the lion throne taught that appamado amatam padam- mindfulness is the way to the deathlessness. Pamadado majjuno padam- headless is the way to death. So, Oh! Maharaja, you must control your mind with mindfulness. You must control your bodily action with mindfulness. You must control your speech with mindfulness. Mind and mindfulness mean the controller of the bodily action, speech and mental action. Oh! Stop! Stop! Why did you say to stop? Because you have to teach also tomorrow. So the King Asoka opened his palace for Samanera. The palace which was hopeless became hopeful. What is your hope? What is your expectation? If you cannot do Missionary and Ministry, you will be hopeless. (2) ကိုရင်လေး မနက်ဖြန်ခါလည်း ကြွပြီးတရားချီးမြင့်ပေးပါဘုရား။ ဒီကနေ့ အရှင်ဘုရားရဲ့ တရားတော်အတွက် တပည့်တော် ဆွမ်း ၈ အုပ်လှူပါတယ်ဘုရား၊ အဲဒီ ၈အုပ်ကို ကိုရင်လေးက သူ၏ ဥပဇ္ဈာယ်အား လှူလိုက်လေသည်။ နောက် ၈ အုပ်ကိုတော့ ဆရာသမားများ အားလှူပြန်သည်၊ အဲဒီနည်းဖြင့် ဆွမ်းအုပ် ၃၂ အုပ်လှူလေသည်။ အသက် ၇နှစ်သာရှိသေးသော ကိုရင်လေးတစ်ပါးက ရှင်ဘုရင်ကြီး၏ ၃၂ ခုသော ဆွမ်းအုပ်များကို အလှူခံထိုက်၏။ ဘာကြောင့်လဲဆိုတော့ ကိုရင်လေးသည် missionary နှင့် ministry ကို လုပ်နိုင်ခဲ့လို့ပဲ။ ကြမ်းထမ်းခက်ထန်တဲ့ မင်းကြီး ယဉ်ကျေးပြီး ရတနာသုံးပါးကို ကိုင်းရှိုင်းလာတယ်။ စဏ္ဍာသောက မင်းကြီး ဓမ္မာသောက ဖြစ်လာတယ်။ ဒါ့ကြောင့် missionary သည် အလွန်အစွမ်းထက်ပါတယ်။ အကယ်၍ မင်းတို့တတွေ ဒီလိုလုပ်နိုင်မယ်ဆိုရင် လောကကြီးတစ်ခုလုံးကိုတောင် ပြောင်းလဲပြစ်နိုင်တယ်။ ယနေ့ခေတ် အမေရိကန်သမ္မတ လူမည်းသည် သူသမ္မတမဖြစ်ခင်က (ရွေးကောက်ပွဲပြိုင်စဉ်က) အမြဲတမ်းကြေငြာလေ့ရှိတယ်။ ကျွန်ုပ်တို့ ပြောင်းလဲဘို့လိုပြီ ဆိုတာကို ထပ်ခါထပ်ခါ ကြေငြာလေ့ရှိတယ်။ သူလဲ ရွေးကောက်အောင်မြင်ပြီးလာတော့ လူဖြူသမ္မတကနေ လူမည်းသမ္မတပဲ ပြောင်းလာတယ်။ အပေါ်အယံပြောင်းလဲခြင်းသာ ဖြစ်တယ်။ အသောကမင်းကြီးကတော့ ရင်ထဲကကို ပြောင်းလဲသွားခဲ့တယ်။ Samanera! Tomorrow you have to teach. Ok today, because of your teaching I will offer eight alms bows. Ok Maharaja! I will donate them to my Upajjhayas. And then the King again donated next eight alms bows for his teachers etc. Oh! So many, 32 alms bows were donated by King Asoka were accepted by sever year age Samanera, great teacher. Samanera even years age did successful his missionary and ministry because the cruel King became the devoted King and Candasoka could be changed as Dhammasoka. Therefor, missionary is very powerful. If you can do it, you can change the world. The whole of the world needs to change. Now the president of United State of America announced that we need to change, we need to change. It was a policy before his election but after he was elected as a president of US.A, there changed nothing. Only he could change from white to black. White president was changed the Black president. This changing was just surface of level. Dhammasoka changed heartedly. (3) နိဂုံးချုပ် ကောင်းပြီး နိဂုံးချုပ်ကြအောင်။ မင်းတို့တတွေ နိဂြောဓကိုရင်လေးလို ကိုယ့်ကိုယ်ကို လေ့ကျင့် အားထုတ် ပြုစုပျိုးထောင်ကြပေတော့။ အသောကမင်းကြီး ကိုရင်လေးကို မြင်လိုက်တဲ့ အချိန်မှာ နှလုံးသားတစ်ခုလုံး ငြိမ်းချမ်းသွားတယ်၊ စိတ်နှလုံးလဲ ကြည်လင်လာတယ်။ ဒါဟာ ကိုရင်လေး၏ အပြင်ဘန်း အသွင်သဏ္ဌာန် မြင်လိုက်ရရုံလေးနှင့် ဖြစ်သွားတဲ့ အကျိုးကျေးဇူးပဲ။ In my conclusion, you must train yourselves. You must practice yourselves. You must understand yourselves. You must treat yourselves like Nirogya Samanera. When the cruel King saw seven years age of Samanera, his heart became calm and clear. In this case, it was just seeing of outer appearance of Samanera Nirogya.အဲဒါပဲကွ၊ သင်္ကန်းခါးတောင်းကြိုက်ပြီး ဘော့ကန်နေရင် ဘုရင်ကြီး စိတ်ကြည်ပါ့မလား။ ဘုရင့်စိတ်ထဲမှာ ကြည်ညိုမှုမဖြစ်နိုင်ပါဘူး။ ဒါပဲ outer appearance (အပြင်ဘန်းအသွင်းအပြင်) တောင်မှ ဒီလောက် အရာရောက်ရင် inner appearance (အတွင်းသန္တာန်) ကို မင်းတို့တတွေ ကောင်းကောင်းပြနိုင်မယ်ဆိုရင် ဘယ်လောက် အကျိုးကျေးဇူးများမလဲနော်။ ဒီတော့ ချစ်ခြင်းနှင့် ကြည်ညိုခြင်း ဒီနှစ်ခုကို မရသေးသမျှ မင်းတို့ Missionary ရော Ministry ရော မအောင်မြင်နိုင်ဘူး။ အသေားမင်း ချစ်သွားတာ၊ ကြည်ညိုသွားတာ၊ ကိုရင်လေး ရှင့်ဘုရင့်ပလ္လင်ပေါ်တက်တာတွေကို သတိထားကြည့်ပါ။ You must know your right place. Samanera Nirogya knew his right place. ရှင်ဘုရင်ကြီးက ကိုရင်လေးကို ပြောတယ်လေ။ ကိုရင်လေး အရှင်ဘုရားနှင့်သင့်တော်မယ့် နေရာ အရှင်ဘုရားသိပြီး သတင်းသုံးပါဆိုတော့ ကိုရင်လေးက သူနှင့်သင့်တော်တဲ့ သိလို့ ပလ္လင်ပေါ်တက်ထိုင်တယ်။ နန်းတော်ထဲမှာ သူ့ထက်ကြီးမြတ်တဲ့ တစ်ယောက်မှ မရှိဘူး။ Right person and right pace are very important. လူမှန် နေရာမှန်ဖြစ်ဘို့ဆိုတာ အလွန်ရေးကြီးတယ်။ သီတဂူဆရာတော်၏သြ၀ါဒကထာ (ပူနေးကျောင်းသားများသို့) By Awthadha
read more “လူသာလျင် အကြီးကျယ်ဆုံး”

ကျောက်ကပ် ကျောက်ချေဖျက်သော ဆေးမြီးတို

0 comments Saturday, May 4, 2013
ကျောက်ကပ်ထဲတွင် ကျောက်တည်ပြီဆိုလျှင် နာကျင်သော ဝေဒနာအတော်လေး ခံစားရပါသည် ။ ယင်းကျောက်ရှိနေသဖြင့် မကြာခဏဖျားခြင်း၊ ဆီးထဲ သွေးပါခြင်း စသည်များကိုလည်း တွဲဖက်ခံစားရပါသည် ။ ရေများများမသောက်၍ ကျောက်တည်ရခြင်း ဖြစ်သည်။ ထို့ပြင် ကယ်လ်စီယမ်ဓာတ်နည်း၍ ဖြစ်သည်ဟု ဆိုပါသည် ။ ခန္ဓာကိုယ်တွင်း၌ ကယ်လ်စီယမ်ဓာတ် နည်းပါးလာခြင်းကြောင့် ကျောက်ကပ်မှ ကယ်လ်စီယမ် ဓာတ်များကို တတ်နိုင်သလောက် ပြန်၍စုပ်ယူထိန်းသိမ်းပေးရပါသည် ။ ဤသို့ ပြုလုပ်ရသဖြင့် ကယ်လ်စီယမ်မှာ ကျောက်ကပ်နှင့် ဆီးအိမ်တွင် အနည်ထိုင်ပြီး မာကျောသော ကယ်လ်စီယမ်ဆီးကျောက်များ ဖြစ်ရသည်ဟု ဆိုပါသည် ။ ယင်းကျောက်ကပ် ကျောက်တည်ခြင်းးကို ဆေးသိပ္ပံနည်းအရ ခွဲစိတ်၍သော်၎င်း၊ အသံလှိုင်းဖြင့် ချေဖျက်ခြင်း (Lithoscopy) ဖြင့်သော်၎င်း ကုသကြရပါသည် ။ ယင်းကုသနည်းများမှာ အန္တရာယ်လည်းများ၊ ကုန်ကျစရိတ်လည်း အလွန်များပြားလှပါသည် ။ ခွဲစိတ်ရသည့် အန္တရာယ်လည်း ရှိပါသည် ။ အသံလှိုင်းနှင့် ကုသရာမှာလည်း စရိတ်စက ကြီးလှပါသည် ။ သက်သောင့်သက်သာလည်း မရှိလှပါ ။ ထို့ကြောင့် အကုန်အကျသက်သာပြီး သက်သောင့်သက်သာ ရှိမည့် ဆေးမြီးတိုလေးကို သုံးကြည့်ကြပါစို့- ၁။ ဖရဲသီးဖျော်ရည် များများသောက်ပေးပါ ။ တနေ့လျှင် နှစ်လီတာနှုန်းဖြင့် သောက်ပါ ။ ဖရဲသီး အနီဖြစ်စေ၊ အ၀ါဖြစ်စေ၊ ဆေးဖက်ဝင်ပါသည် ။ ဖရဲသီးဖျော်ရည်သည် ကျောက်ကပ်မှ ကျောက်များကို ချေဖျက်နိုင်ပါသည် ။ ၂။ ဆီးကျောက်ကပ်အတွင်း အတွင်းကြွက်သားများ ပျော့ပျောင်းလာစေမည့် ဆေးဖက်ဝင် ဖော်မြူလာ ရှိပါသည် ။ ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူ (Pharmacist) များနှင့် တိုင်ပင်၍ ယင်းဖော်မြူလာအတိုင်းသောက်ပါ ။ ဆီးကျောက်တည်ခြင်းကြောင့် နာကျင်ခြင်းများ သက်သာလာပါလိမ့်မည် ။ ၃။ ဆီးများများ သွားစေရန် သုံးသော မလေးရှားနိုင်ငံမှ ဆေးဖက်ဝင်ရိုးရာ ဆေးတမျိုးဖြစ်သည့် မီဆိုင်ကူချင် (Misai Kuching) ကိုသောက်ပါ ။ ကျောက်ကပ်နှင့် ဆီးအိမ်တွင်းရှိ ကျောက်များ ကြေသွားပါလိမ့်မည် ။ မီဆိုင်ကူချင် အရွက်များနှင့် အပွင့်များကို ရေနွေးတွင် လက်ဖက်ခြောက်သဖွယ် ခတ်၍သောက်ပါ ။ ယခုအခါများတွင် မီဆိုင်ကူချင်ကို ဆေးအတောင့်အနေနှင့်လည်း ၀ယ်ယူရရှိနိုင်ပါသည် ။ ရက်သတ္တနှစ်ပတ်အတွင်း ဆီးအိပ်နှင့် ကျောက်ကပ်ထဲမှ ကျောက်များ ကြေ၍ကျလာပါလိမ့်မည်။ (ဖေ့စ်ဘုတ်မှ ကူးယူဖေါ်ပြပေးပါသည်။)
read more “ကျောက်ကပ် ကျောက်ချေဖျက်သော ဆေးမြီးတို”

သွေးကင်ဆာရောဂါ ကုသပျောက်ကင်းကြောင်း သတင်းကောင်လေးပါ

0 comments
မြန်မာပြည်တွင် သွေးကင်ဆာရောဂါကို(၁၀)ရက်အတွင်းပပျောက်သွားအောင်ကုသပေးနိင် မြန်မာပြည့်ရဲ့ကျက်သရေအရှိဆုံးသတင်းလေးတစ်ခုကိုပြောပြချင်ပါတယ် ..အဲ့ဒါကတော့သွေးကင်ဆာရောဂါကို(၁၀)ရက်အတွင်းပပျောက်သွားအောင်ကုသပေးနိင်ခဲ့တဲ့ ဆရာမလေးနှစ်ယောက်ရဲ့လိပ်စာကိုပြောပြချင်ပါတယ်♣♣ဆရာဝန်မလေးနှစ်ယောက်ရဲ့ပြောပြချက်အရ ဒီရောဂါကိုကုသနိင်အောင်ကိုရီးယားနိင်ငံတောတောင်ထဲမှာရရှိထားတဲ့တိုင်းရင်းဆေးနဲ့ကုသနိင်ခဲ့တာ ဖြစ်ပါတယ်၊အခုကုသပေးတဲ့ဆရာဝန်မလေးနှစ်ဦးကတော့ ဆင်းရဲရှာပါတယ်ဒါပေမဲ့သူတို့ရဲ့ကြိုးစားမှုက..ယနေ့ကမ္ဘာပေါ်မှာဘယ်သူမှမကုသနိင်သေးတဲ့ပညာရပ်တစ်ခုပါ. ..သွေးကင်ဆာရောဂါကိုသွေးလုံးဝသွင်းစရာမလိုပဲဆေးကုသချိန်..၁၀ရက်အတွင်းပပျောက်အောင် ကုသပေးနေပြီးဖြစ်ကြောင်းနှင့်ဆရာမလေးနှစ်ဦးရဲ့မေတ္တာဖြင့်သာကုသပေးနိင်ကြောင်းကို အသိပေးအပ်ပါသည်ခင်ဗျာ..စုံစမ်းရန်လိပ်စာကတော့..09421102672(ဆရာမဒေါ်လှလှဝင်း). .ဆရာမဓေထားထားမေ(မြန်မာနိင်ငံရေကြောင်းတက္ကသိုလ်ဒေး(သန်လျှင်မြို့ကျိုက်ခေါက်ဘုရား ရဲ့နောက်လမ်းရေကြောင်းလမ်းဆုံ)လူမျိုးဘာသာမရွေးကုသပေးနေပြီဖြစ်ကြောင်းကြော်ငြာအပ်ပါသည်. .ဒီသတင်းလေးကိုဖြန့်ဝေပေးကြပါသူငယ်ချင်းများခင်ဗျာ..ရန်ကုန်မြို့(သန်လျှင်)မြန်မာနိင်ငံရေးကြောင်း တက္ကသိုလ်အနီး..အာမခံဖြင့်ကုသပေးနိင်ပြီးဖြစ်ကြောင်း. http://www.facebook.com/photo.php?fbid=270415806392147&set=a.108208089279587.9371.100002711896074&type=1&theater ထိုနေရာမှမျှဝေပါသည်။
read more “သွေးကင်ဆာရောဂါ ကုသပျောက်ကင်းကြောင်း သတင်းကောင်လေးပါ”

" လောကပြဿနာတို့ရဲ့အဖြေမှန်ကို ရှာဖွေခြင်း"

0 comments Friday, April 26, 2013
~~~~~~~~~~~~~~~~~~~~~~~~~ " ဟေတုံ ပဋိစ္စ သမ္ဘူတံ၊ ဟေတု ဘင်္ဂါနိ ရုဇ္ဈန္တိ။ နယိဒံ အတ္တကတံ ဗိမ္မံ၊ နယိဒံ ပရကတံ အဃံ။ " ဤရွှေရုပ်ကလေးလို လှနေတာဟာ “ငါ”လုပ်သည် မဟုတ်ဘူး။ဤရွှံ့ရုပ်ကြီးလို ရုပ်ဆိုးသွားပြန်တော့လည်းပဲ “သူ”တို့လုပ်ကြတာမဟုတ်ဘူး။ 'ဒါဖြစ်ရင် ရွှေရုပ်လိုလိုလှလှ၊ ရွှံ့ရုပ်လိုဆိုးဆိုး ဘယ်သူ လုပ်ကြသလဲဆိုရင် '- အကြောင်းရှိလို့ ဖြစ်တာ။ အဲဒီ အကြောင်းတွေ ကုန်ရင်တော့ - ထိုဖြစ်ပေါ်နေတဲ့အကျိုး တရားဟာ ကုန်ဆုံးသွားမှာပဲလို့ ” သေလာထေရီ ဘိက္ခုနီက မာရ်မင်းရဲ့မေးခွန်းကို ဆုတ်ဆိုင်းမရှိ ဟုတ်တိုင်းမှန်စွာ ဖြေကြားတော်မူခဲ့ပါပေသတည်း။ ရှေးဦးစွာ အားလုံးသောသူတော်ကောင်းတွေ ဆောင်ထား ရမယ့် စာပိုဒ် ကလေးတွေပါ။ ဟေတုံ ပဋိစ္စသမ္ဘူတံ - ဆိုတဲ့ စာပိုဒ်ကလေး။ ဟေတုံ ပဋိစ္စသမ္ဘူတံ- မြန်မာလို ရိုးရိုးရှင်းရှင်းလေး ဘာသာ ပြန်ကြည့်တဲ့အခါမှာ - အကြောင်းရှိလို့ဖြစ်ကြတာ။ ဒါဆိုလို့ရှိရင် ကောင်းတာပဲဖြစ်ဖြစ်၊ဆိုးတာပဲဖြစ်ဖြစ် - ဖြစ်ဆိုလို့ ရှိရင် ဖြစ်တဲ့ Event တစ်ခုရဲ့နောက်မှာ အကြောင်းရှိတယ်။ ဖြစ်လာတာကို အင်္ဂလိပ်စာလုံးကတော့ Event လို့ဒီလိုခေါ်တယ်။ ဖြစ်ခြင်းပေါ့လေ။ ပါဠိလိုဆိုရင်တော့ - ဥပ္ပဇ္ဈန္တိ ။ ဒီစကားလုံးက အလွန်ထင်ရှားပါတယ်။ ၀ိပဿနာမှာကတော့ ဥဒယ ဒီလိုပြောတယ်။ ၀ိပဿနာပြော ကြတယ် ဥဒယ-ဘယ။ မြန်မာလိုပြောတော့ ဖြစ်ခြင်း၊ပျက်ခြင်း။ုဖြစ်ဆိုလို့ရှိရင် ဘာကြောင့်ဖြစ်သလဲ။ အဲဒီဖြစ်ဆိုတဲ့ Event- အဖြစ် အပျက်တစ်ခုရဲ့နောက်ကွယ်မှာ - Behind the some-kinds of the event , there must be reason- အကြောင်းတစ်ခုခုရှိရမယ်။ အဲဒီအကြောင်းကို စနစ်တကျရှာတတ်လို့ရှိရင် - ဖြစ်လာတဲ့ အဖြစ်အပျက်တစ်ခုရဲ့အဖြေဟာ ပေါ်လာတယ်။ ဖြစ်တဲ့အပေါ်မှာပဲ ကြည့်ကြည်ပြီးတော့ ဖြစ်တဲ့အကြောင်းကို မရှာတတ်လို့ရှိရင် ပရိသတ်ရေ...အဖြေ...မထွက်ဘူး။ " လောကလူသားတို့အတွက် အလွန်အကျိုးကျေးဇူးများသော မူရင်း " ငါ့ကြောင့်မဟုတ်၊ သူ့ကြောင့်မဟုတ် " ခေါင်းစဉ်ဖြင့် ဖြင့် သေလာထေရီဘိက္ခူနီမှ မာရ်နတ်၏ အမေးကို ဖြေဆိုထားသော ဤတရားတော်အပြည့်အစုံကို " လောကပြဿနာတို့ရဲ့အဖြေကို ရှာဖွေခြင်း " ခေါင်းစဉ်ဖြင့် တစ်ရက်ခြား ဖော်ပြလှူဒါန်းသွားမည် ဖြစ်ပါသည်။ " - ( ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး ) ~ ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာပြည် ) ~
read more “" လောကပြဿနာတို့ရဲ့အဖြေမှန်ကို ရှာဖွေခြင်း"”

နံနံပင်နဲ့ ကျောက်ကပ်ရောဂါကုသနိုင်၊ ကာကွယ်နိုင်

0 comments Thursday, April 25, 2013
နံနံပင်နဲ့ ကျောက်ကပ်ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေ အာရှအထိ ပျံ့ နှံ့လာတဲ့ သဘာဝဆေးနည်း ဖြစ်ပြီး နိုင်ငံ တကာ ဆေးပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက အစ မှာ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူ စဖြစ်ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။ ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစား အသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေ ကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ် လာပါတယ်။ ခွဲစိတ်ကုသစရိတ်စကလည်း မနည်းပါဘူး။ ဆေး လည်း ဈေးကြီး ပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေ ပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။ အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။ ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊မြစ်ဥ ကိုပါ ထည့်ပြုရပါတယ်။ သို့ပေမယ့် နိုင်ငံတကာမှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။ နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက်သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေလိုက်ရပါတယ်။ -- Ref: medic-fact, wiki ရိုးရာလေး
read more “နံနံပင်နဲ့ ကျောက်ကပ်ရောဂါကုသနိုင်၊ ကာကွယ်နိုင်”

ပိန်ချင်သူများအတွက်ဘေးကင်တဲ့အဆီချနည်း

0 comments Monday, April 22, 2013
- ဒီနည်းကတော့ ရိုးရိုးရှင်းရှင်းလေးပါ စွန်တန်ဟင်းရည်လုပ်တဲ့အခါမှာ သုံးတဲ့ ချည်စော်ကားသီး အခြောက်ကို ရေနွေးနဲ့စိမ်ပြီး မနက်တိုင်းသောက်သုံးပေးရမှာပါ...အရမ်းချဉ်လွန်းရင်တော့ သကြားထည့်ပြီးသုံးဆောင်နိုင်ပါ...တယ်...မြန်မြန်ကျချင်ရင်တော့ တစ်နေ့ကို (၃)ခွက်သောက်နိုင်တယ်...အစားရှောင်စရာမလိုပါဘူး... ဟင်းရည်တောင်လုပ်တဲ့အရာဆိုတော့ ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါဘူး... Admin ရဲ့ အဒေါ်တောင် သောက်တာနှစ်ပတ်အတွင်း (၅)ပေါင်ကျသွားပါတယ်... သူငယ်ချင်းဆို တစ်လအတွင်း(၁၅)ပေါင်ကျသွားပါတယ် Ref:အလှအပရေးရာဆွေးနွေးကြမယ် (Beauty talk)
read more “ပိန်ချင်သူများအတွက်ဘေးကင်တဲ့အဆီချနည်း”

“ရာဇဝင်ကို ရိုင်းစေသူများ”

0 comments Sunday, April 21, 2013
၁၉၉၃-ခုနှစ်လောက်ဆီကပေါ့။ အဲဒီတုန်းက မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီး သုံးခုရဲ့ (ယခု)ပဓာန နာယက ဖြစ်တဲ့ ဆရာတော်ဘုရားကြီး ကလည်း လောကတ္ထစရိယာပြစ်မှုနဲ့ နန်းတွင်းဆူညံတောရမှာ နိုင်ငံတော်ရဲ့ သီးခြား အပူဇော်ခံ အဖြစ် တစ်နှစ်ခွဲကျော် ချီးမြှောက်ပြီး ပြန်ကြွလာခါစ သာသာပါ။ မန္တလေးစာသင်တိုက်ကြီးများရဲ့အကျော်အမော် ဆရာတော်ကြီးများ တစ်နေရာမှာ ဆုံကြတဲ့ မထေရ်မြတ်တို့ စကားဝိုင်းတစ်ခုကို ကြားနာမှတ်သားလိုက်ရပါတယ်။ ဒီစကား ဝိုင်းမှာ.... မန္တလေးမြို့၊ ဘုရားကြီးတိုက်က အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော် သံဃမဟာနာယက နယားဆရာတော်ဘုရားကြီး လည်း ပါပါတယ်။ နယားဆရာတော်ကြီးရဲ့တူ အရှင်မြတ်တစ်ပါးကလည်း လောကတ္ထစရိယာမှုနဲ့ပဲ ဝတ်ဖြူစင်ကြယ်လဲပြီး ရဲဘက်လို့ အမည်ပေးထားတဲ့ သွေးရဲရဲ၊ ချွေးရဲရဲ စခန်းအပို့ခံထားရတဲ့အချိန် ဖြစ်နေလို့ စကားဝိုင်းမှာပါတဲ့ မထေရ်ကြီးတစ်ပါးက နယား ဆရာတော်ဘုရားကြီးကို “ဆရာတော့်တူ အကြောင်းရော ဘယ်လိုများ ကြားတုန်း၊ လွတ်မြောက်ရာ လွတ်မြောက် ကြောင်းလေး ဘာလေးများ ဆရာတော် အနေနဲ့ မစောင့်ရှောက်နိုင် ဘူးလား”ဆိုတဲ့ အကြောင်း မေးလျှောက်ပါတယ်။ နယားဆရာတော်ဘုရားကြီးက “မေးမနေနဲ့ဆရာတော် .. ဒီကောင်က လူမိုက်ပဲဟာ မိုက်လို့ အဖမ်းခံရပြီး ထောင်ကျတာ၊ ဘာလုပ်ပေး စရာလိုမလဲ”လို့ ပြန်ကြားပါတယ်။ အဲဒီစကားဝိုင်းမှာ ငြိမ်ပြီး နားထောင်နေတဲ့ မစိုးရိမ် တိုက်သစ်ဆရာတော်က “ဆရာတော် ထောချသူနဲ့ ထောင်ကျသူမှာ ထောင်ကျသူက လူမိုက်၊ ထောင်ချသူကတော့ လူ လိမ္မာလို့ ဆိုရမှာလား”ဆိုတော့ “ထောင်ကျပါတယ်ဆို မှတော့ လူမိုက်ပေါ့”တဲ့။ “ဒါဖြင့်ရင် အဇာတသတ်နဲ့ ဗိမ္ဗိသာရမင်းကြီးတို့နှစ်ဦးမှာ အဇာတသတ်က လူလိမ္မာ၊ ဗိမ္ဗိသာရမင်းကြီးက လူမိုက်ကြီးလို့ ဆိုရမလား ဆရာတော်”လို့ ထပ်ပြီးလျှောက်ထားလိုက်တော့ နယားဆရာတော်ကြီးက မစိုးရိမ် ဆရာတော်လည်း မကြာခင်လေးကမှ အဲဒီနေရာက ထွက်လာခဲ့တာကို သတိရပြီး “ဘွာ .. ဘွာ .. တပည့်တော်ပြောတဲ့ ထောင်ကျသူဆိုတဲ့အထဲမှာ မစိုးရိမ်ဆရာတော် မပါဘူး”တဲ့။ “ဗိမ္ဗိသာရမင်းကြီးရော ဆရာတော်”ဆိုတော့ “အဲ .. ကိုယ့်တူကို ဒေါသဖြစ်လို့ ပြောလိုက်မိတာပါ၊ ဒီလိုလည်း မဟုတ် ပါဘူး”ဆိုပြီး စကားကို လျှောချသွားပါတယ်။ ဆရာတော်ကြီးများ အချီအချပြောနေတဲ့ အကြောင်းအရာကို နားထောင်ရင်း လောကသဘာဝတွေဟာ ဓမ္မ သဘာဝအရ အလေးအနက် ဆင်ခြင်ကြည့်တဲ့အခါ အမှတ်တမဲ့ သိထားတာတွေနဲ့ တကယ့်အမှန်တရားတို့ ပြောင်းပြန်ဖြစ်နေ တတ်တာကို သတိထား မိလိုက်တယ်။ အထင်ရှားဆုံးအဖြစ်နဲ့ သတိထားလိုက်မိတာကတော့ “အရအကုန်နဲ့ အရှုံးအမြတ်”ဆိုတဲ့ ကိစ္စပါပဲ။ လောကထဲမှာတော့ “ရရင်မြတ်တယ်၊ ကုန်ရင် ရှုံးတယ်”လို့ပဲ ခပ်ပေါ့ပေါ့ မှတ်ထင်ခံယူကြတာများပါတယ်။ ဒါကြောင့်လည်း နံနက်လင်း အိပ်ရာကနိုးတာနဲ့ တပြိုင်နက် “ရအောင်ရှာဖို့”ဆိုတဲ့ အတွေးက ပထမဆုံး စိုးမိုးထားကြတော့တာပေါ့။ အခု ဆရာတော်ကြီးများပြောတဲ့ အဇာတသတ်နဲ့ဗိမ္ဗိသာရမင်းကြီးတို့ရဲ့ ဖြစ်ရပ်စုံကို အသေအချာစဉ်းစားပြီး တွေးကြည့် လိုက်တော့ အဇာတသတ်မင်းဟာ အင်္ဂတိုင်း၊ မဂဓတိုင်းဆိုတဲ့ တိုင်းကြီးနှစ်တိုင်းကို အာဏာပိုင်တဲ့ ရာဇဂြိုဟ်ရဲ့ ထီးနန်း စည်းစိမ်ကို ရထားသူ။ ဗိမ္ဗိသာရ မင်းကြီးကတော့ ထီးနန်းစည်းစိမ်ကို စွန့်လွှတ်ရသူပေါ့။ ဒါပေမယ့် အဇာတသတ်ဟာ ဒီထီးနန်းစည်းစိမ်ကို တရားသဖြင့် ရယူခဲ့သူ မဟုတ်ပါဘူး။ အလွန်ကို မဖွယ်မရာဖြစ်တဲ့ အဖသတ် ကံကြီးကို ကျူးလွန်ပြီး ရယူပိုင်ဆိုင်ထားတာပါ။ ဒါကြောင့်လည်း အရကြီးသလောက် အရှုံးကလည်း ကြီးလှပါတယ်။ ထီးနန်းစည်းစိမ်ကို ရယူပိုင်ဆိုင် ထားစဉ်မှာ ကိုပဲ ညဥ့်အချိန်ရောက်လို့ အိပ်စက်မယ်ဆိုပြီး မျက်လုံးနှစ်ခု မှိတ်လိုက်တာနဲ့ တပြိုင်နက် ဓားလှံတွေ အရာမကနဲ့ ထိုးကြ၊ ခုတ်ကြတော့ မလို ငရဲနိမိတ်တွေ ထင်မြင်ပြီး တဖျပ်ဖျပ်တုန်လှုပ် လန့်နိုးနေရလို့ အိပ်ကောင်းခြင်းနဲ့ မအိပ်စက်နိုင်ပါဘူးတဲ့။ အများအမြင်မှာ နန်းတော်ပေါ်က ရှင်ဘုရင်၊ သူ့ရင်ထဲမှာတော့ တကယ့်ငရဲသားပါ။ (ဒီဒုက္ခကြီးကတော့ နောင်အခါ ဘုရား ရှင်နဲ့တွေ့ခွင့်ရလို့ သာမည ဖလသုတ်ဆိုတဲ့ ဒေသနာတော်ကြီးကို နာယူပြီးတဲ့အခါမှာ ကင်းလွတ်ခွင့် ရသွားခဲ့ပါတယ်။) နောက်ထပ် ရှုံးချက်နာတာကတော့ သူခင်းခဲ့တဲ့ “အဖသတ်နန်းယူ”ဆိုတဲ့ နမူနာဆိုးကြီးက သားစဉ်မြေးဆက် ငါးဆက်အထိ လိုက်လာလို့ ရာဇဂြိုဟ်ရဲ့ အစဉ်အလာကြီးမားသလောက် ခေတ်ပြိုင်ဝန်းကျင်က လေးစားရတဲ့ ရာဇဝင်ဟာ မျက်နှာမဖော်ဝံ့လောက် အောင် ရိုင်းသွားခဲ့ပါတယ်။ ဒါကြောင့်လည်း ရာဇဝင်ရိုင်းတဲ့ဒဏ်ကို မခံမရပ်နိုင်ကြတော့တဲ့ တိုင်းသူ ပြည်သားတွေက ငါးယောက် မြောက် အဖသတ်ဘုရင် “နာဂဒါသ”ကို ဝိုင်းဝန်းလုပ်ကြံ အဆက်ဖြတ်လိုက်ကြလို့ ဒီမျိုးနွယ် ပြတ်သွားခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် အဇာတသတ်ဟာ ရာဇဝင်ကို ရိုင်းစေတဲ့ ရှင်ဘုရင်အဖြစ်လည်း မှတ်တမ်း ဝင်သွားပါတယ်။ (ဒီမှတ်တမ်းဆိုးကြီးက ဘယ်လိုမှ ပယ်ဖျက်လို့ မရပါဘူး။ ခုထိ ပိဋကတ်တော်ထဲမှာ ထင်ရှားရှိနေဆဲပါ။) နောက်ဆုံး မြတ်စွာဘုရားရှင်နဲ့တွေ့ပြီး သာမညဖလသုတ် ဒေသနာတော်ကို ဟောပြီးတဲ့အခါ ဘုရားရှင်မိန့်ကြားလို့ သိလိုက် ရတာက တကယ့် ရှုံးချက်နာတာပါ။ “တကယ်လို့သာ အဇာတသတ်ဟာ အဖသတ်ကံဆိုတဲ့ ပဉ္စာနန္တရိယကံကြီးကို မကျူးလွန်ခဲ့ရင် ဒေသနာတော်ရဲ့အဆုံးမှာ သောတာပန်အရိယာ ဖြစ်ကိုဖြစ်ရမှာ။ ခုတော့ သူ့ရဲ့ သောတာပန်ဖြစ်နိုင်စွမ်း ပါရမီအရင်းအမြစ်ကို အဖသတ်ကံကြီးနဲ့ တူးဖြိုပြီး ထီးနန်းစည်းစိမ်နဲ့ လဲစားခဲ့မိလို့ အရိယာဖြစ်ခွင့် ရှုံးသွားပြီတဲ့။ (ဒီအရှုံးဟာလည်း ခုထိအဖတ်ဆယ်လို့ မရသေးပါဘူး။) ဒါတင်မကသေးဘူး ပဉ္စာနန္တရိယကံကြီးဆိုတာ မဂ်တား၊ ဖိုလ်တားဖြစ်ရုံသာမက အပါယ်မျိုးစေ့ စစ်စစ်ကြီးလည်း ဖြစ်တာကြောင့် ဘယ်လို ကုသိုလ်မျိုးနဲ့မှ ပြေပျောက်အောင် အစားထိုးလို့လည်း မရပါဘူး။ ဒါကြောင့် အဇာတသတ် မင်းကြီးဟာ ဘုရားရှင်နဲ့တွေ့ပြီး သာသနာတော်မှာ အရေးအပါဆုံးဖြစ်တဲ့ သာမညဖလသုတ်ဒေသနာတော်ကြီးကို နာကြား ခွင့်ရလို့ သာသနာ တော်မှာ အရေးအပါဆုံး ပထမသင်္ဂါယနာတင်ပွဲရဲ့ သာသနာ့ဒါယကာကြီးဖြစ်တဲ့အထိ ကုသိုလ်တွေ ပွားခဲ့ပေမယ့် အဝီစိအထိ လားရောက် ရမယ့်အရေးလောက်ကိုပဲ ဟန့်တားနိုင်ခဲ့ပါတယ်။ သေသည်ရဲ့အခြားမဲ့မှာတော့ “လောဟကုမ္ဘီ”ဆိုတဲ့ ငရဲမှာ ကျရောက်ရ ပါတယ်။ အနှစ်ခြောက်သောင်းကြာမယ်ဆိုတော့ အခုအထိလည်း အဲဒီမှာ အရှုံး ဒဏ်ကို ခံနေရဆဲပါ။ အရအကုန်နဲ့အရှုံးအမြတ် ဒါတွေအားလုံးကို ခြုံကြည့်လိုက်တဲ့အခါ “လုပ်ရပ်၊ ဖြစ်ရပ်တွေရဲ့ စာရင်းချုပ် အမြတ်အရှုံးဆိုတာ ရခြင်း၊ ကုန်ခြင်း တို့နဲ့ တိုင်းတာလို့ မမှန်နိုင်ဘူး။ တရားခြင်း၊ မတရားခြင်းနဲ့ တိုင်းတာမှသာ မှန်ကန်နိုင်တယ်”ဆိုတဲ့ အဖြေမှန် ထွက်ပေါ်လာ ပါတယ်။ ဟုတ်ပါတယ်။ ရခြင်းမှာလည်း တရားသဖြင့်ရရင် မြတ်တယ်၊ မတရားသဖြင့်ရရင် ရှုံးပါတယ်။ ကုန်ခြင်းမှာလည်း အလားတူ ပါပဲ၊ တရားသဖြင့် ကုန်ရင် မြတ်ပါတယ်၊ မတရားသဖြင့်ကုန်ရင်တော့ ရှုံးပါတယ်။ ရခြင်းရဲ့အမြတ်အရှုံးနှစ်မျိုးမှာ “တရားသဖြင့် ရရင်မြတ်တယ်”ဆိုတာကတော့ ဘုရားရှင် “သုခသုတ်”မှာ ဟော တော်မူသလို ပါပဲ။ “ပိုင်ဆိုင်ခြင်း၊ သုံးဆောင်ခံစားရခြင်း၊ ကြွေမြီးကင်းခြင်း၊ မတရားမှု ကင်းခြင်း”ဆိုတဲ့ ချမ်းသာ လေးမျိုးကို ရရှိနိုင်တဲ့အတွက် မြတ်ပါတယ်။ “မတရားသဖြင့်ရရင် ရှုံးတယ်”ဆိုတာကတော့ အဇာတသတ်တို့လို ရာဇဝင်ရိုင်းစေတဲ့ ရခြင်းမျိုး၊ ခိုးယူ၊ ယုယက်၊ နိုင်ထက် စီးနင်း သိမ်းပိုက်ယူတဲ့ ရခြင်းမျိုးဟာ ပစ္စုပ္ပန်သံသရာနှစ်ဖြာလုံးမှာ ရှုံးပါတယ်။ ဒီအရှုံးကတော့ သတိထား အသိပွား သူများသာ သဘောပေါက်နိုင်တဲ့ အရှုံးမျိုးပါ။ လောကဓမ္မ ကောင်းကျိုးတွေ၊ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နေကြသူတွေအနေနဲ့ ကိုယ်တိုင် လုပ်ဆောင် နေကြပါ လျက်နဲ့ ကောက်ချက် မှန် မချနိုင်တာကတော့ “ကုန်ခြင်းရဲ့ အမြတ်နဲ့အရှုံး”ပါ။ မြတ်ဗုဒ္ဓရဲ့ ဒေသာနတော်များမှာ ကုန်ခြင်းနဲ့ပတ်သက်လို့ - (၁) စွန့်ကြဲပေးကမ်း လှူဒါန်းလို့ ကုန်ခြင်း (စာဂက္ခယ)။ (၂) စားသောက်သုံးစွဲလို့ ကုန်ခြင်း (ပရိဘောဂက္ခယ)။ (၃) ဖြုန်းတီးခြင်း (သို့) ရေ၊ မီး၊ မင်း၊ ခိုးသူ၊ သားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါး ဖျက်ဆီးလို့ ပြုန်းတီးပြီး ကုန်ခြင်း (ဗျသနက္ခယ) ဆိုပြီး (၃)မျိုးရှိတယ်။ ဒီ (၃)မျိုးထဲမှာ နံပါတ်(၁)ကုန်ခြင်းမျိုးဟာ မြတ်သော ကုန်ခြင်းဖြစ်တယ်လို့ ဟော တော်မူပါတယ်။ ဒါကြောင့် ကုန်ခြင်းမှာလည်း နံပါတ်(၁)ဖြစ်တဲ့ စွန့်ကြဲပေးကမ်းလို့ ကုန်ခြင်းဟာ မြတ်တယ်။ နံပါတ်(၃)ဖြစ်တဲ့ ဖြုန်းတီး၊ ပြုန်းတီးပြီးကုန်ခြင်းကတော့ ရှုံးတယ်။ နံပါတ်(၂)ဖြစ်တဲ့ သုံးဆောင်ခံစားလို့ ကုန်ခြင်းကတော့ “အရှုံးအမြတ်မရှိတဲ့ အရင်း”လို့ သဘောပေါက်ကြရမှာပါ။ အရှုံး အမြတ်နဲ့ အကြီးအသေး အရှုံးနဲ့အမြတ်ကို သိပြီးတဲ့အခါ အကြီးနဲ့အသေးကိုလည်း ထပ်ပြီး ခွဲခြမ်းကြည့်နိုင်ပါသေးတယ်။ အရှုံး(၂)မျိုးမှာ ဘယ်အရှုံးက အရှုံးကြီးလဲ၊ ဘယ်အရှုံးက အရှုံးသေးလဲ။ အမြတ်နှစ်မျိုးမှာလည်း အဲဒီလိုပဲပေါ့။ ဖြေးဖြေးစဉ်းစားကြည့်ပါ။ မတရားကုန်ရတဲ့ ဖြုန်းတီးမှု၊ ပြုန်းတီးမှုကြောင့် ရှုံးရတယ်ဆိုတာဟာ အလွန်ဆုံး အခုတစ်ဘဝ တစ်သက်တာ အတွက်သာ ရှုံးရတာပါ။ ဒီအရှုံးအတွက် သံသရာနဲ့ချီပြီး ဘဝအဆက်ဆက် ပေးဆပ်စရာ မလိုပါဘူး။ မတရားရယူပြီး ရှုံးရတဲ့ အဇာတသတ် ရဲ့အရှုံးမျိုးကတော့ တစ်ဘဝတစ်သက်တာအတွက် မကပါဘူး။ သံသရာနဲ့ချီပြီး ပေးဆပ်ရမှာပါ။ လောကုမ္ဘီငရဲမှာ ကျခံရမှာက အနှစ်ခြောက် သောင်းသာလို့ ဆိုပေမယ့် အဲဒီကလွတ်မြောက်ပြီးတဲ့ အခါမှာ လည်း သူကိုယ်တိုင် “ဝိဇိတာဝီ”ဆိုတဲ့ ပစ္စေကဗုဒ္ဓ ဖြစ်ဖို့အတွက် အနည်းဆုံး (၂)အသင်္ချေနဲ့ကမ္ဘာတစ်သိန်းလောက် ပါရမီတွေဖြည့်ရဦးမှာမို့ ပါရမီဖြည့်သူတို့ ထုံးစံအတိုင်း ခံရမယ့် ဒုက္ခတွေ၊ သေရမယ့် ဘဝတွေဟာ ခန့်မှန်းလို့ မရနိုင် လောက်အောင် အသင်္ချေပေါင်းများစွာပါ။ ဒါကြောင့် အရှုံးခြင်း ယှဉ်ကြည့်ရင် ကုန်ပြီး ရှုံးရတာထက် ရပြီးရှုံးရတဲ့ အရှုံးက အတိုင်းမသိ ကြီးမားပါတယ်။ အမြတ်နှစ်မျိုးကိုလည်း စဉ်းစားပြီး တွက်ကြည့်ပါ။ မိမိရဲ့ ကံဥာဏ်လုံ့လတွေနဲ့ တရားသဖြင့်ရရှိတဲ့ ရာထူးဂုဏ်သိန်၊ စည်းစိမ် ဥစ္စာတွေဆိုတာ “သမုဒ္ဒရာထက်၊ တစ်ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည့်}}ဆိုတဲ့အတိုင်း တစ်ဘဝ တစ်သက်တာ အတွက်ပဲ မြတ်တာပါ။ ပစ္စည်းဥစ္စာ၊ အင်္ဂါခြေလက်၊ ကိုယ်အသက်တို့ကို စွန့်လွှတ် အနစ်နာခံပြီး လောကတ္ထစရိယကို ကျင့်ကြသူတို့ရဲ့ ကုန်ပြီး မြတ်တဲ့ အမြတ်ကတော့ ဖြစ်ဆဲတစ်ဘဝကစပြီး သံသရာခရီးဆုံးရာ နိဗ္ဗာန်အထိ အတိုင်းအဆမရှိ မြတ်ကြပါတယ်။ အာဇာနည်တို့ရဲ့ အမြတ်ဆုံးခရီးဆိုတာ ကုန်ပြီး မြတ်တဲ့ အမြတ်ခရီးပဲ မဟုတ်ပါလား။ ဒါကြောင့် အရှုံးချင်း ယှဉ်ရင် ရပြီး ရှုံးတဲ့ အရှုံးက အရှုံးကြီးတယ်။ အမြတ်ချင်း ယှဉ်ရင်တော့ ကုန်ပြီး မြတ်တဲ့ အမြတ်က အမြတ်ကြီးတယ်လို့ သဘော ပေါက်ကြရမှာပါ။ “မနုဿတ္တ ဒုလ္လဘ”ဆိုတဲ့ သုဂတိ လူ့ဘုံ၊ လူ့ဘဝရတုန်း ရခိုက်ဆိုတဲ့ ခဏကောင်း အခိုက်အတန့်ကောင်းလေးမှာ ဒီအရ အကုန်နဲ့အရှုံးအမြတ် အကြီးအသေးတို့ကို သတိရှိရှိ၊ အသိရှိရှိ တွက်မိကြဖို့ အလွန်အရေးကြီးပါတယ်။ မတရားရတဲ့ အရှုံးဟာ အရှုံးတကာထဲမှာ အကြီးဆုံးဆိုတာကို သဘောပေါက်ကြမယ်ဆိုရင် “ဘယ်သူသေသေ၊ ငတေမာ ပြီးရော”တို့၊ “ရေဗူး ပေါက်တာ မလိုချင်ဘူး၊ ရေပါဖို့ပဲ အရေးကြီးတယ်”တို့ဆိုတဲ့ မတရားရယူမှုမျိုးတွေနဲ့ ကိုယ့်တွက်ကိုယ့်တာ ဘဝနာရုံသာမကဘဲ ကိုယ်ဖြစ်တည် ကျင်လည်ရာ နိုင်ငံနဲ့အဝန်း ရှင်ရောလူပါ၊ သတ္တဝါအားလုံး နှလုံးစိတ်ဝမ်း မချမ်းမသာဖြစ်စေတဲ့ ရာဇဝင်ရိုင်းမှုမျိုးတွေကို ဘယ်သူမှ ကျူးလွန်ဝံ့ကြမှာ မဟုတ်တဲ့အတွက် လောကကြီး အေးချမ်းသာယာသွားမှာ မလွဲပါဘူး။ အလားတူပဲ တရားသဖြင့် စွန့်လွှတ် အနစ်နာခံပြီး ရရှိတဲ့ အမြတ်ဟာ အမြတ်တကာထဲမှာ အသာဆုံး အလွန်ဆုံးဖြစ်တဲ့ အာဇာနည်တို့လုပ်ထုံး နည်းလမ်းကြီးဖြစ်တယ်ဆိုတာကို သဘောပေါက်ကြမယ်ဆိုရင်လည်း ရရှိပိုင်ဆိုင် သမျှ ဘဝနဲ့စည်းစိမ်တို့ကို “အိပ်၊ စား၊ ကာမ”ဆိုတဲ့ တိရစ္ဆာန်လို အဖြစ်မျိုးနဲ့ အချည်းနှီး ကုန်လွန်မသွားစေကြဘဲ လောက ကျိုး သာသနာကျိုးအတွက် မဖြစ်မနေ စွန့်လွှတ်ဆောင်ရွက်ကြတဲ့ အာဇာနည်ပုဂ္ဂိုလ်တွေ တိုးပွားသည် ထက်တိုးပွား လာမှာဖြစ်လို့ လောကကြီး ပိုမိုတိုးတက်သာယာလာမှာ အမှန်ပါ။ မြတ်ဗုဒ္ဓကတော့ “ကံနဲ့ကံရဲ့အကျိုးကို ငါဘုရားရှင် သိသလိုသာ သိရှိလက်ခံကြမယ်ဆိုရင် လောကမှာ မကောင်း မှုကို ပြုဝံ့သူဆိုတာလည်း မရှိနိုင်တော့သလို ကောင်းမှုကို မပြုဘဲ နေဝံ့သူလည်း မရှိနိုင်ဘူး”လို့ မိန့်ကြားတော်မူပါ တယ်။ ရာဇဝင်ရိုင်းမှုများ ဆိတ်သုဉ်း ကိုယ်ကျိုးစွန့်သူ အာဇာနည်များ ဆထက်ထမ်းပိုး တိုးတက်ပြီး နိုင်ငံနဲ့အဝန်း တိုးတက်သာယာ ဝပြောပါစေ။ ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)
read more ““ရာဇဝင်ကို ရိုင်းစေသူများ””

*ဣဿာ မစ္ဆရိယ ဟူသည်*

2 comments
၁။ ဣဿာ ဣဿာဆိုတာ သူတစ်ပါးကို ဂုဏ်မပြုနိုင်တာ၊ အကောင်းမပြောနိုင်တာ၊ ဣဿာရှိရင် အကောင်းမပြောနိုင်ဘူး၊ congratulations မလုပ်နိုင်ဘူးပေါ့လေ။ လူတစ်ယောက် အောင်မြင်လာပြီး စည်းစိမ်ချမ်းသာ ရလာတာကို အခြားတစ်ယောက်က မကျေနပ်နိုင်ဘူး၊ မပျော်နိုင်ဘူး၊ လူတစ်ယောက် ကြီးပွားသွားရင် မကြည့်နိုင်ဘူး၊ မရှု့စိမ့်ဘူး၊ မနာလို မရှုစိမ့်ဖြစ်တယ်လို့ ပြောတယ်၊ Jealousy ပေါ့၊ ဒါကလည်း ဒေသနဲ့ ယှဉ်တွဲပြီး ဖြစ်တာမို့ ဒေါသမူစိတ်မှာ ယှဉ်တယ်၊ စိတ်ဆိုးတာ မဟုတ်ဘူး၊ သို့သော် စိတ်ယုတ်တာ စိတ်ပုတ်တာ ဖြစ်တယ်၊ လူတစ်ယောက် အောင်မြင်နေလို့ရှိရင် မနာလိုဖြစ်တယ်၊ အကောင်းမပြောနိုင်ဘူး၊ ဒါ ဣဿာပဲ။ ၂။ မစ္ဆရိယ နောက်တစ်ခု ‘မစ္ဆရိယ’ ဆိုတာ ကိုယ့် အရည်အသွေးမျိုး သူများကို မရစေချင်တာ၊ ကိုယ့်အခြေအနေမျိုး သူများ မရစေချင်တာ၊ ကိုယ်နဲ့ လာယှဉ်ပြိုင်မယ်ဆိုရင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲ ပိုင်ဆိုင်ထားချင်တယ်၊ ဒါ မစ္ဆရိယ ခေါ်တယ်။ မစ္ဆရိယဆိုတာလည်း အတူတူပဲ၊ ဒေါသနဲ့ ယှဉ်တွဲတယ်၊ အရပ်ထဲမှာတော့ မစ္ဆရိယ ဆိုတာ နှမြောတာ၊ ‘နှမြောအိုးမို့ ဘာမှ မလှူဘူး၊ မတန်းဘူး၊ မပေးဘူး၊ မကမ်းဘူး’ လို့ ပြောကြတယ်။ မစ္ဆရိယက နှမြောတာချည်းပဲ မဟုတ်ဘူး၊ မစ္ဆရိယဆိုတာ ကိုယ်ကြီးပွားသလို သူများ မကြီးပွားစေချင်ဘူး၊ ကိုယ်အောင်မြင်သလို သူများ မအောင်မြင်စေချင်ဘူး၊ အဲဒါမျိုးကို မစ္ဆရိယလို့ ပြောတာ။ မစ္ဆရိယ ၅-မျိုး မစ္ဆရိယ ၅-မျိုးရှိတယ်။ (၁) အာဝါသမစ္ဆရိယ တဲ့၊ ကိုယ့်နေတဲ့ နေရာမှာ သူများလာနေရင် မကြိုက်တာ၊ ဟုတ်လား၊ ကိုယ့်အဆောက်အဦးထဲ သူများလာရင် မကြိုက်တာ ‘အာဝါသမစ္ဆရိယနော်’။ ‘အာဝါသမစ္ဆရိယ’ ဆိုတာ အိမ်မှာတင် မစ္ဆရိယ ဖြစ်တာမဟုတ်ဘူး၊ မီးရထားနဲ့ သွားတာတောင် ပေါင်ကားထိုင်သေးတယ်၊ အနားနားမှာ ဒိပြင်လူ လာထိုင်မှာ စိုးလို့၊ အထုပ်လေး တင်ထားမယ်၊ မထိုင်စေချင်ဘူး၊ နေရာ မပေးချင်ဘူး၊ အဲဒါမျိုး ပြောတာ အာဝါသမစ္ဆရိယ ဆိုတာ။ (၂) ‘ကုလမစ္ဆရိယ’ ကိုယ်နဲ့ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ မိတ်ဆွေဖွဲ့ရင် မကြိုက်တာ၊ ကုလမစ္ဆရိယ၊ ဘုန်းကြီးတွေကျတော့ ကိုယ့်ဒကာ, ဒကာမများကို သူများ ဒကာ, ဒကာမဖြစ်မှာ မကြိုက်တာ ကုလမစ္ဆရိယပဲ၊ ကိုယ့်မိတ်ဆွေ သူ့မိတ်ဆွေ လာလုပ်မှာ မကြိုက်ဘူး၊ ကုလမစ္ဆရိယ။ (၃) ‘လာဘမစ္ဆရိယ’၊ ကိုယ်ရတာမျိုး သူများ မရစေချင်တာ လာဘမစ္ဆရိယ။ (၄) ‘ဝဏ္ဏမစ္ဆရိယ’ ဆိုတာ ကျော်ကြားမှုနဲ့ သတ်သက်လာလို့ ရှိရင် ကိုယ်ပဲကျော်ကြားချင်တယ်၊ သူများ မကျော်ကြားစေချင်ဘူး။ (၅) ‘ဓမ္မမစ္ဆရိယ’ဆိုတာ ကိုယ်သိတဲ့တရားကို သူများ မပေးချင်ဘူး၊ ကိုယ်သိတဲ့ ဗဟုသုတတွေ သူများကို မဖြန့်ဝေချင်ဘူး၊ သူတစ်ယောက်ထဲပဲ တကယ့်ကို ဂုရုကြီး လုပ်ချင်တယ် ပေါ့လေ၊ တစ်လောကလုံးရဲ့ ဂုရုကြီး၊ သူပဲ သိတယ်၊ ကျန်တဲ့လူတွေ မသိရဘူး၊ အဲဒါမျိုး လုပ်ချင်တာ၊ အဲဒါ ဓမ္မမစ္ဆရိယ လို့ခေါ်တယ်။ ‘အာဝါသမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ၊ ဝဏ္ဏမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ’ ဆိုပြီးတော့ မစ္ဆရိယငါးမျိုး ရှိတယ်၊ မစ္ဆရိယဆိုတာ ကိုယ်ရထားတဲ့ အနေအထားမျိုး သူများကို မရစေချင်တာ အဲဒါကို ပြောတာနော်၊ ဒါလည်းပဲ မရစေချင်ဘူး ဆိုတော့ သူက ဒေါသနဲ့ ယှဉ်တယ်။ ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ရန်ကုန်ရောက်ရင် ရွှေတိဂုံဘုရားဖူးပြီး တိရစ္ဆာန်ရုံကို သွားကြည့်တာပေါ့၊ တိရစ္ဆာန်ရုံ သွားတဲ့အခါမှာ အထူးအားဖြင့် ဘာကြည့် ချင်တုန်းဆိုတော့ ညနေဘက် ကျားတွေ ခြင်္သေ့တွေ အစာကျွေးတာကို ကြည့်ချင်တယ်၊ ပိုစိတ်ဝင်စားတယ်၊ အဲဒီမှာ ဘာအကဲခတ်မိလဲဆို ကျားတွေ ခြင်္သေ့တွေက အစာဝဝစားရတာ မဟုတ်ဘူး၊ သူတို့ခမျာ ပိန်ပြီး ဆာလောင်နေတာလေ၊ ညနေ အစာကျွေးမယ့်သူ လာလို့ရှိရင် သူတို့ ယောက်ယက်ခတ်နေပြီ၊ အစာကျွေးမယ့်လူက အမဲသားတစ်ပေါင်လောက် တစ်တုံးလောက် အထဲကို ပစ်ထည့်လိုက်ပြီဆိုရင် အဲဒီ ကျားတွေ ခြင်္သေ့တွေက ပါးစပ်နဲ့ အစာကို ကိုက်ပြီး ဟိုလိုက်ရန်လုပ် ဒီလိုက်ရန်လုပ်နဲ့၊ ဆာနေတာ စားလိုက်ပါလား၊ အေးအေးဆေးဆေး မစားဘူး။ ဘာကြောင့် အဲဒီလို ဖြစ်တာတုန်းဆိုရင် မစ္ဆရိယကြောင့်၊ သူရထားတဲ့ အစာကို လာမထိနဲ့ပေါ့၊ အဲဒီအဓိပ္ပါယ်မျိုး ရှိတယ်။ ကြောင်လေးတွေ ကြွက်ခုတ်ပြီးရင် ပါးစပ်ထဲမှာ အစာရောက်သွားရင် မာန်ဖီတော့တာပဲ မဟုတ်လား၊ အဲဒီတော့ မစ္ဆရိယက ဒေါသနဲ့ ယှဉ်တယ်ဆိုတာ သိပ်ထင်ရှားတယ်၊ ခွေးကလေး နှစ်ကောင်၊ ကစားနေတဲ့ ကြားထဲမှာ အမဲရိုးလေး ပစ်ချကြည့်၊ ကိုက်ကြပြီ၊ ဒါကြောင့်မို့ မစ္ဆရိယဟာ ဒေါသနဲ့ ယှဉ်တယ်လို့ ပြောတာ၊ မစ္ဆရိယ ပေါ်လာရင် ဒေါသ ဝင်လာတာပဲ၊ ဣဿာ ပေါ်လာရင်လည်း ဒေါသပဲ။ သို့သော် အဲဒီ မစ္ဆရိယနဲ့ ဣဿာဟာ တစ်ပြိုင်တည်း ဖြစ်သလားဆို မဖြစ်ဘူး၊ ဘာဖြစ်လို့တုံး၊ အာရုံချင်း မတူဘူး၊ စိတ်ရဲ့ ဦးတည်ချက်တွေဟာ မတူကြဘူးတဲ့၊ ဣဿာဆိုတာ သူများ အောင်မြင်မှုပေါ် ဦးတည်တယ်၊ မစ္ဆရိယ ဆိုတာ ကိုယ့်အောင်မြင်မှုပေါ် ဦးတည်တယ်၊ မတူကြဘူး။ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ၏ အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (ဣဿာ မစ္ဆရိယ ဟူသည်) by Dr Nandamalabhivamsa (ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ) ***ဓမ္မမောင်နှမတို့တို့အားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ သူတော်ကောင်းတရားများပွါးများအားထုတ်နိုင်ကြပါစေ***
read more “*ဣဿာ မစ္ဆရိယ ဟူသည်*”

ညစ်ငြမ်းမှုများ ကင်းဝေးကြပါစေ

0 comments Wednesday, April 17, 2013
သီတဂူ စာသင်ခန်းမှာ ပါချုပ်ဆရာတော်ကြီး မိန့်ခဲ့ဘူးတယ်။ Global warming နှင့်အတူ ကမ္ဘာကြီးက ပူနွေးလာတော့ air pollution = လေထုညစ်ညမ်းမူ water pollution = ရေထု ညစ်ညမ်းမူ earth pollution = မြေထု ညစ်ညမ်းမူတဲ့ ခုခါမှာတော့ Dhamma pollution ဓမ္မကို ဖေါက်ပြန်စွာ ဟောပြောနေကြပြီးတဲ့။ ဒီ pollution များစွာဟာ လူတွေရဲ. လောဘ ဒေါသ မောဟ မာန်မာနတွေကြောင့်တဲ့။ pollution တိုင်ဟာ လော၊ဒေါ၊ မော၊ကြောင့် ဖြစ်ခဲ့ရင်----- မပြုံးချင်းလည်း ပြုံးလိုက်ရ အရယ်ချင်လည်း ရယ်လိုက်ရ အတ္ထအခြေခံတဲ့ လောကကြီးထဲမှာ ငါရဲ. အပြုံး တစက်ကရော pollution ကင်းပါလေစ။။ ဒီလိုဒီလို pollution ပေါင်းများစွာကို သင်္ကြန်ရေနှင့် ဆေးလိုက်ချင်ပါတယ်။ ဘယ်မှာ ဖြစ်နိုင်မာလည်း။ ဒါနပြုလုပ် သီလဆောက်တည် ဘာဝနာမှီမှ pollution တို့ ကင်းမည်ပ။ let's be smile without pollution ပါချုပ်ဆရာတော်၏ လိုက်နာကျင့်သုံးထိုက်သည့်စကားများ
read more “ညစ်ငြမ်းမှုများ ကင်းဝေးကြပါစေ”

"အားလုံး ငြိမ်းချမ်းကြပါစေ"

0 comments
လူသားရဲ့ အနှစ်ဟာ နောက်ဆုံးတရားအစစ် တစ်ခုတည်းပဲ။ လူ့ဘုံဘ၀ရဲ့ အနှစ်ချုပ်ဆိုတာ ကောင်းမှုတစ်ခု တည်းရယ်၊ ဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ်၊ ဘယ်ဟာပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် လူမှန်ရင် အတူတူပဲ။ ကုသိုလ်မှ ရအောင် မယူနိုင်ရင် လူ့ဘ၀ အနှစ် မရှိဘူး။ မိမိတို့ အစမထင် သံသရာက အစ ယနေ့ထိ ကောင်းမှုဆိုတဲ့ ကံတရားနဲ့ အားယူ လာခဲ့ကြရတာ။ ကောင်းမှုအား သာလွန်မှ အထက်ကို တက်နိုင် ခွင့် ရကြတယ်။ ကောင်းမှုအား ပျော့ညံ့လို့ မကောင်းမှုအား တင်းမာသာလွန်သွားရင် အောက်ကို ပြန်ဆင်းကြရ ပြန်တယ်။ တကယ်တော့ တက်ရတာနဲ့ ဆင်းရတာ ယှဉ်ကြည့်ရင် ဆင်းရတာက ပိုများပါတယ်။ ပုထုဇဉ်ဆိုတာ စိတ်နိုင်တာနဲ့ စိတ်မနိုင်တာ ယှဉ်ကြည့်ရင် စိတ်မနိုင်တာက များတာကိုး။ ကောင်းမှုကို ဘ၀ရဲ့ နောက်ဆုံး လက်ကျန်ပစ္စည်းလို့လည်း ခေါ်တယ်။ ကောင်းမှုမှ မကျန်ရင်လည်း အားကိုးစရာ လုံးဝရှိမှာမှ မဟုတ်တော့ဘဲ။ ဘ၀ရဲ့ အနှစ်ချုပ်လို့လည်း ခေါ်တယ်။ အလုပ်တစ်ခု လုပ်ရင် လောကအဖိုးအခ လုပ်ခ ရတတ်တယ်။ ဒီရတဲ့ လုပ်ခ က မကြာခင်သုံးရင် ကုန်သွားမယ်။ ကုန်သွားမယ့် လုပ်ခလောက်နဲ့ လူ့လုပ်ခတန်ပြီလို့ မဆိုနိုင်သေးဘူး။ မကုန်နိုင်တဲ့ လုပ်ခကိုပါ ယူတတ်ဖို့ လိုသေးတယ်။ လူ့ဘ၀ လုပ်ခရလဒ် က အဓိက ကတော့ ကောင်းမှု တရားပဲ။ ဒါန ရနိုင်တဲ့နေရာမှာ ဒါန ရနိုင်လောက်အောင် အသိဉာဏ် ရှိရမယ်။ ဝေယျာဝစ္စ သီလရနိုင်တဲ့ နေရာမှာ ဝေယျာဝစ္စ သီလ လိမ္မာပါးနပ် ကျွမ်းကျင်စွာ ယူတတ်ရမယ်။ မေတ္တာစတဲ့ သမာဓိစွမ်းအား ရနိုင်တဲ့နေရာမှာ သမာဓိစွမ်းအား ကျွမ်းကျင်စွာ ယူတတ် ရမယ်။ ၀ိပဿနာ စွမ်းအား ရနိုင်တဲ့ နေရာမှာ ၀ိပဿနာစွမ်းအား ကျွမ်းကျင်စွာ ယူတတ် ရမယ်။ ဒီလို ယူတတ်မှ လူအား၊ လူ့စွမ်းအား။ ကျွမ်းကျင်တဲ့ ဉာဏ်ရှိသူ၊ သတိအမြဲ ကိုင်ထားသူအတွက် ၀ိပဿနာစွမ်းအားက မရှား ပါဘူး။ အလုပ်တိုင်း၊ နေရာတိုင်း၊ အခါတိုင်း ရနိုင်ပါတယ်။ ရနိုင်တာကိုတော့ လိမ္မာပါးနပ်စွာ ယူထားမှဖြစ်မယ်။ လူ့ဘ၀ လက်ကျန် ပစ္စည်းက ဒါပဲရှိတာကိုး။ ပစ္စည်းဥစ္စာကို နောက်ဆုံး လက်ကျန်ပစ္စည်း လုပ်လို့မရဘူး။ ကုန်ကုန်သွားတယ်။ ဆွေမျိုးကို နောက်ဆုံး လက်ကျန်လုပ်လို့လည်း မရဘူး။ အချိန်စေ့ရင် ခွဲကြရတာ။ ဘယ်တော့မှ မခွဲရတဲ့ လက်ကျန် ပစ္စည်းက တရားပဲရှိတာ။ တရားသိလို့ တရားရှိတဲ့လူဟာ ပစ္စပ္ပန်မှာ နေတတ်တယ်။ တစ်ယောက်တည်း နေရဲ တယ်၊ နေတတ်တယ်၊ ဘ၀ကူး ပြဿနာအားလုံး ပြေလည် တယ်။ ပစ္စပ္ပန် သေချာတော့ နောင်ရေး အကုန်စိတ်အေးရပြီးသား။ တကယ် စိတ်အေးစေတဲ့ လူသားအနှစ်က တရား အစစ်ပဲ။ ဒါပဲရှာနိုင်တော့ ဒါပဲပေါမှာပေါ့ တချို့နိုင်ငံတွေမှ ပစ္စည်းတွေ အလွန်ပေါများ ကြွယ်ဝနေတယ်။ ရှာဖွေစုဆောင်း နေကြတယ်။ ပိုက်ဆံ၊ ပစ္စည်းတွေ ပေါများနေတဲ့သူကို ဘေးက လူတွေက `လူချမ်းသာ တွေလို့` သမုတ်ကြတယ်။ ပိုက်ဆံ၊ ပစ္စည်းကို ကြည့် သမုတ်ကြတာ။ သူတို့မှာ ရှာစရာ ပိုက်ဆံပဲရှိတယ်။ ကုသိုလ်ရှာပုံ နည်း စနစ် မသိလို့ ပိုက်ဆံ၊ ပစ္စည်းလောက်ပဲ ရှာတတ်တော့ ပိုက်ဆံ၊ ပစ္စည်းပဲ ပေါမှာပေါ့။ `ဒီအချိန်က ဒါနကွဲ့၊ ဒါနမလုပ်လို့ မဖြစ်ဘူး။ ကိုယ့်အတွက် ရိက္ခာလိုတယ်။ ရိက္ခာ တောင့်မှ သီလစောင့်နိုင်မယ်။ တရားကျင့်နိုင်မယ်။ သူချမ်းသာဖို့လည်း ဝေငှ ကူညီရမယ်၊ ဒီအချိန်က သီလကွဲ့၊ သီလ ဆောက်တည်ရမယ့် အချိန်ကွဲ့၊ သီလ မဖြည့် လို့ မဖြစ်ဘူး။ သီလဟာ ဘ၀အလှ၊ လူ့အလှပဲ။ သီလခြုံမှ ဘ၀လုံမယ်။ သီလ အခြေခံ တောင့်တင်းမှ အထက်တရားကို တက်နိုင်မှာ။ ဒီအချိန်က သမာဓိကွဲ့၊ သမာဓိ မပွားလို့ မဖြစ်ပါဘူးကွာ။ မပွား ရင် အာရုံ အနိုင်ကျင့်ခံရမှာ။ စိတ်စွမ်းအား တည်ဆောက်လို့ မရဘဲ ပြိုကျကုန်မှာ။ ဒီအချိန်က ၀ိပဿနာကွဲ့၊ သောက ပရိဒေ၀စတဲ့ လူ့အပူတွေ ငြိမ်းစေ နိုင်တာ က ၀ိပဿနာပဲရှိတာ။ ၀ိပဿနာ မပွားရင် အာရုံဖိစီးမှု ဒုက္ခအောက်မှာ ပြားပြားဝပ် နေရမယ်။ ဉာဏ်တွေ ပိတ်ဆို့ကုန်မယ်။ မလုပ်လို့ မဖြစ်ပါ ဘူး`ဆိုတဲ့ အဲဒီ အသိမျိုး မရှိ ရင်တော့ တစ်ဖက်မြင် တစ်ဖက်ကန်းတဲ့ ဧကစက္ခုတွေပဲ ဖြစ်မယ်။ သူတို့ကို ချမ်းသာ တယ်လို့ သမုတ်ပေမဲ့ ခုနကပြောတဲ့ လူသုံးမျိုးထဲမှာ အထမ်းသမား အဆင့်ပါ။ ရှာလိုက်၊ ရလိုက်၊ ကုန်လိုက်၊ ရှာလိုက်၊ ရလိုက်၊ ကုန်လိုက် ဆိုတဲ့ အထမ်းသမားဘ၀ နဲ့ပဲ အချိန်ကုန် နေကြတာ။ ပစ္စည်းတစ်ခုပဲ ရှာတတ်လို့ ပစ္စည်းတစ်ခုပဲ ဖိရှာ၊ ပစ္စည်းရှာတော့ ပစ္စည်းပဲပေါ့၊ ပေါပေမဲ့ အရှိကိုနိုင်တဲ့ အသိမရှိရင် အရှိအောက် အသိက ရောက်သွားရင် ခုနပြောတဲ့ အထမ်းသမားပဲ ဖြစ်မျာပဲ။ တရားလမ်း ညွှန်ပြသူနဲ့ မတွေ့ရလို့ တရားအသိ လက်မဦးရင် အထမ်း သမားဘ၀ကနေ နောက်တော့ အရမ်းသမား ဖြစ်သွား တတ်ကြတယ်လေ။ အပူထိန်းနည်း၊ အပူငြိမ်းနည်းကို မသိလို့ အပူဝင်လာတော့ အပူချိန်ကို နိုင်အောင် မထိန်းချုပ်နိုင်၊ အပူငြိမ်းအောင် နှိပ်တဲ့ စိတ်ခလုတ်ကို မကိုင်တွယ်တတ်၊ မနှပ်တတ် ရုပ်ပိုင်းဆိုင်ရာ ခလုတ်တော့ သူတို့ သိပ်ကျွမ်းကျင်ကြတယ်။ သာသနာနှင့် မတွေ့ရလို့ စိတ်ပိုင်းဆိုင်ရာ ခလုတ်ကို ဘာမျှမသိ၊ ဒါကြောင့် ကိုယ့်အပူကို ကိုယ်အပူကို ကိုယ်မနိုင်တော့ နိုင်ငံခြားက လူတချို့ တိုက်အမြင့်ကြီးတွေ တွေပေါ်တက်ခုန်ချ သတ်သေ ကြတာတွေ၊ အဆိပ်သောက် သတ်သေကြတာတွေ နိုင်ငံခြားမှာ တယ်ပေါတယ် ဆိုပါလားဗျ၊ ထမ်းရာက မနိုင်တော့ ရမ်းရတာပေါ့ဗျာ။ ကမ္ဘာမှာ မူးယစ် ထုံထိုင်းဆေးတွေ ဈေးကောင်း နေရတာဟာလည်း အထမ်းသမားတွေ အထုပ်မနိုင်လို့ ရမ်းသွားကြတာကြောင့်ပဲ ဖြစ်မှာပါဗျာ။ လူချမ်းသာကို အလုပ်နဲ့ တိုင်းတာတယ် လောကလူသား အထမ်းသမားတွေက လူချမ်းသာကို အထုပ်နဲ့ တိုင်းတာကြတယ်။ ဒေါ်လာသန်းချီပြီး ပစ္စည်းထုပ်၊ ငွေထုပ်ကြီးတွေ များများ ပြုနိုင်ရင် လူချမ်းသာလို့ သမုတ်ကြတယ်။ အထုပ်ကိုနိုင်တဲ့ အသိမရှိရင် အထုပ်ပိပြီး၊ ဒုက္ခရောက်တတ်တာကို ထည့်မတွက် မိတတ်ဘူး။ အထုပ်ကို မနိုင်ရင် ရှိဒုက္ခဟာ မရှိဒုက္ခတွေ ထက်ပိုပြီး အခံရ ခက်တတ်ပါတယ်။ ပစ္စည်းပေါလွန်းလို့ ချောင်လည် ရင်လွန်းရင် ဘ၀ခန္ဓာကို မသုံးဖြစ်ဘဲ မေ့နေတတ်တယ်။ ပစ္စည်းဥစ္စာဆိုတာ လူ့ဘ၀ရဲ့ အနှစ်မဟုတ်သေးဘဲ လူ့ဘ၀အနှစ် ကောင်းမှုတရားရဲ့ အထောက်အကူ မျှသာ ဖြစ်ပါသေးတယ်။ ပစ္စည်းကို ဉာဏ်နဲ့အားယူပြီး ကောင်းမှုတရား ပေါ်လာအောင် ဖော်ထုတ်တတ်ဖို့ အရေးကြီးပါတယ်။ ဓမ္မလူသား အစွမ်းသမား တွေကတော့ လူချမ်းသာကို အလုပ်နဲ့ပဲ သတ်မှတ်ကြ ပါတယ်။ အထုပ်ပေါများ ရုံလောက်နဲ့ လူချမ်းသာလို့ မသတ်မှတ် ကြသေးပါဘူး။ ကောင်းမှု စွမ်းအားပေါ်အောင် အထုပ်ကို ဉာဏ်နဲ့ ထိုးဖောက် အနိုင်ယူနိုင်တဲ့ အလုပ်ပေါ် လာမှ ချမ်းသာကို အတည်ပြု လက်ခံကြတယ်။ အထုပ်မများရင် တောင်မှ လုပ်အား ကောင်းရင် ချမ်းသာကို ရယူနိုင်ကြတယ်။ နိုင်ငံခြားက တချိုလူတွေ မြန်မာကို ဆင်းရဲတယ်လို့ ပြောကြတာက လူတို့ကို အထုပ်ကြီးတွေ မပြနိုင်လို့ အထုပ်ကို ကြည့်ပြောတာ ဖြစ်ပါလိမ့်မယ်။ တချို့ နိုင်ငံခြားသား တွေကျပြန်တော့ မြန်မာကို ကမ္ဘာ့ အချမ်းသာဆုံး လူလို့ ပြေကြပြန်တယ်။ စိတ်ချမ်းသာ အောင် ဖန်တီးနိုင်တဲ့ အလုပ်ကို ကြည့်ပြောတာ ဖြစ်ပါလိမ့်မယ်။ ထုပ်ထားတဲ့ ပစ္စည်း တွေ သူတို့လောက် မကြီးပေမယ့် ချမ်းသာအောင် ဖန်တီးနိုင်တဲ့ လုပ်အားက သူတို့ထက် အဆပေါင်းများစွာ သာလွန်နေတာကိုး။ သင်္ကန်း၊ သပိတ်၊ ပရိက္ခရာလောက်နဲ့ တောထဲ ထွက်ပြီး တရားကျင့်နေတဲ့ ယောဂီရဟန်းတို့ လောက လူသားတွေ မြင်တွေ့သွားရင် အဆင်းရဲဆုံး လူလို့ ပြောချင်ပြောမှာ။ အထုပ်မှ မရှိဘဲကိုး။ ဓမ္မလူသားမြင်သွားရင်တော့ အချမ်းသာဆုံး လူလို့ ပြောမှာ ဧကန်ပဲ။ အလုပ်ရှိနေတာကို။ မြန်မာတွေဟာ ငါတို့နှင့်စာရင် ပစ္စည်းထုပ် ကြီးကြီးတွေ မရှိပါဘဲနဲ့ ဘယ်လိုများ စိတ်ချမ်းသာအောင် နေကြပါလိမ့်မလဲ။ လူတွေကြည့်တော့လည်း အများအားဖြင့် အေးအေး မြမြ ရွှင်ရွှင်ပြုံးပြုံး ဘယ်လိုပါလိမ့်လို့ စုတ် တသပ်သပ်နဲ့ အံ့သြနေကြတယ် ဆိုပဲ။ သာသနာနှင့် တကယ်တွေ့နေရတဲ့ မြန်မာတွေဟာ ရှိတာနဲ့ တင်းတိမ်ရောင့်ရဲ ကျေနပ်ပြီး အေးမြတဲ့ နှလုံးနဲ့ ရွှင်ပြုံးစွာ နေတတ်ကြတယ်။ တရားနဲ့ အညှိတတ်တော့ အသိကပ်ပြီး အေးချမ်းအောင် နေတတ်တာပေါ့။ မြန်မာတိုင်းတော့ မဟုတ်သေးပါဘူး။ သာသနာနှင့် တကယ်ထိထိ ခိုက်ခိုက် မတွေ့ရသေးတဲ့ မြန်မာတွေ အများကြီး ကျန်နေကြ ပါသေးတယ်။ နိုင်ငံခြားက လူတွေ အထူးအားဖြင့် အနောက် ဥရောပက လူတွေ မြန်မာပြည်ရောက် တဲ့ အခါ ပြောကြတယ်။ ကမ္ဘာမှာ အချမ်းသာဆုံး လူတွေက ဒီမြေပေါ်မှာတဲ့။ အထုပ်ပြောတာ မဟုတ်ဘူး၊ အလုပ်ကြည့် ပြောတာ၊ အချမ်းသာဆုံး ဆိုတာ ရှိတာနဲ့ ချမ်းသာအောင် နေတတ်တာကိုပြောတာ။ “ဒီလူတွေဟာ ဘာနဲ့တွေ့တွေ့ အရှိနဲ့ ချမ်းသာအောင် တကယ်နေတတ်တဲ့ လူတွေပဲ။ ပိုအံ့သြစရာ ကောင်းတာက သာသနာကို အနီးကပ် စောင့် ရှောက်နေတဲ့ သံဃာထုကြီးကို စားဝတ်နေရေး၊ ကျန်းမာရေးအတွက် အကုန်တာဝန်ယူထားတာ။ အဲဒါ လူဆင်းရဲတွေရဲံ အလုပ်မဟုတ်ဘူး။ လူချမ်း သာတွေရဲ့ အလုပ်။ အဲဒါ လူစွမ်းကောင်း တွေရဲ့အလုပ်။ ဘာနဲ့ တွေ့တွေ့ သူတို့ ချမ်းသာအောင် တကယ်နေတတ်ပါလား”တဲ့၊ နိုင်ငံခြားက လူချမ်းသာလို့ သမုတ်ခံရသူတွေ ပြောတဲ့ စကားပဲ။ အရှိကိုနိုင်တဲ့ တရားအသ ရှိတယ်ပေါ့။ ဘုရားသွားလိုက်၊ ကျောင်းသွားလိုက်၊ အလှူတွေလုပ်၊ ကုသိုလ်တွေလုပ်၊ သာသနာကို လူအားနဲ့ စောင့်ရှောက်နေကြတယ်။ သဒ္ဓါ၊ မေတ္တာ၊ သမ္မာဒိဋ္ဌိ ပညာပေါတော့ သာသနာ မပျောက်အောင် စောင့်ရှောက်ထားနိုင်တဲ့ လူအားရှိတယ်။ ကိုယ့်သန္တာန်မှာ တကယ်ရနိုင်တဲ့ လူ့တရားကို လူအားနဲ့ ဖော်ထုတ်နိုင်တယ်။ အရှိကနိုင်ရင် ထမ်းထား ၊ အရှိကိုနိုင်တော့ စွမ်းအား ဗုဒ္ဓသာသနာနှင့် တကယ် တွေ့ရတာဟာ အရှိကို တကယ်နိုင်တဲ့ အသိတွေ ရထားကြတယ်။ ဒါကြောင့် စိတ်ကြံ့ခိုင်တယ်။ ဘ၀အနှစ်စွမ်းအား ပိုင်အောင် အရယူနိုင်တယ်။ သူက ဘာပဲကြည့်ကြည့် ကုသိုလ်ထုပ် တွေချည်း မြင်နေတော့တာပဲ။ ဒါကြောင့် အရှိကိုနိုင်၊ အသိပိုင်၊ ကြံ့ခိုင်စွမ်းအားရ။ အရှိကို အသိကနိုင်တော့ စွမ်းအားရှင် ဖြစ်သွားတယ်။ ရှိတာကိုနိုင်မှ တကယ့် လူအားပဲ။ သူရဲ့ စားဝတ်နေရေးဟာ ဘယ်တော့မှ ကုန်ကျ မဟုတ် တော့ဘူး။ ကုန်ပြန်ရင် ပြန်ရတဲ့ ကုန်ရချည်းပဲ။ “ငါ့ခန္ဓာကို သီလ၊ သမာဓိ၊ ၀ိပဿနာပုံစံနဲ့ ကျွေးလိုက်ရဦးမယ်”ဆိုပြီး ကျွေးလိုက် တယ်။ ကျွေးလိုက် တာတော့ ဘယ်နှစ်ထောင်ဖိုး၊ ဘယ်နှစ်ရာဖိုးလို့ ကျွေးလိုက် တာပဲ။ ပြီးသွားတာနဲ့ ရတာက အများကြီး ဆိုတော့ ကိုယ့်ကိုယ်ကို ကျေနပ်လိုက်တယ်။ “ဟေ့..ခန္ဓာ၊ နင့် ကို ရာတန်၊ ထောင်တန်ပဲ ကျွေးရတာ။ နင့်ကို ကျွေးလိုက်လို့ ရတာက အများကြီး၊ ခန္ဓာကိုသုံးဖို့ ဉာဏ်နဲ့ ဆင်ခြင်ရင်း၊ သီလဖြည့်ရင်း၊ သီလဖြည့်ဖို့ ရည်ရွယ်ရင်း စားလိုက်လို့ သီလတွေ အများကြီးရတယ်” “မေတ္တာပို့ရင်း၊ စူးစိုက်ရင်း စားလိုက်တာ စားပြီးတာနဲ့ သမာဓိစွမ်းအားတွေ ကျန်နေခဲ့ တယ်။ သိတတ်တာနဲ့ သိစရာလေးတွေ သိသိပြီးရင် ကုန်ကုန်ပျောက်ပျောက် သွားကြတယ်။ နောက်နောက် သိတတ်တတ်တာနဲ့ သိစရာတွေ ထပ်ထပ်ပေါ်းလာကြ၊ ပထမ ထမင်းတလုပ်မှ သိတတ်တဲ့ အသိစိတ်နဲ့ သိစရာရုပ်တရား ထမင်းလုတ် ကလေးတွေက ဒုတိယ ထမင်းလုတ်မှာ ပါမလာကြတော့ဘူး။ ပထမ ထမင်းလုတ်ပဲ ကုန်သွားကြပြီ။ ပထမ ထမင်းလုတ် မရှိတော့လို့ ဒုတိယ ထမင်းလုပ် ပေါ်လာတာပဲလို့ ရှုမှတ် စားလိုက်တာ ၀ိပဿနာ အခြေခံ အသိတွေ အများကြီး ကျန်နေခဲ့တယ်။ နင့်ကို ကျွေးရတာ ကျွေးရကျိုးနပ်တယ်။ အမြတ်တွေ အများကြီး ကျန်တယ်”။ ဒီစွမ်းအားမျိုးက အသိဉာဏ် ရှိသူတိုင်းရနိုင်တယ်။ အားချိန်လည်း လုံးဝ မတောင်း ဘူး။ ပိုက်ဆံလည်း တစ်ပြားမျှ မတောင်းဘူး။ အသိပဲ တောင်းတာ။ အသိကို သတိထဲ သိုမှီးထားတယ်။ နှစ်ဖက်မြင်ပုဂ္ဂိုလ်မှာ ကုသိုလ်ရဖို့ မခက်ခဲဘူး။ ကုသိုလ်မရှားဘူး။ မိသားစုတွေ နေ့စဉ်ကျွေးတော့လည်း ဒီအတိုင်းပဲ။ ကုန်ကျမဖြစ်ဘူး။ ကုန်ရင် လူအားပြန်ရတဲ့ ကုန်ရချည်းပဲ ဖြစ်သွားတယ်။ အရှိက အသိကို နိုင်ရင် ထမ်းထားရပေ မယ့် အရှိကို အသိက နိုင်တော့လည်း စွမ်းအားတွေချည်းပါ။ နိုင်ငံခြားက နတ်ပြည်၊ မြန်မာပြည်က လူ့ပြည် ဒေါ်လာထက် ဈေးကောင်းတဲ့ ကမ္ဘာ့အဖိုး အတန်ဆုံး တရားက ဒီမြေပေါ်မှာပဲ လိုသ လောက် ရနိုင်တာဖြစ်လို့ မြန်မာ့မြေကို နေရာကောင်း မြေကောင်းလို့ သတ်မှတ်ထားတာ၊ ကံကောင်းမှ ပစ္စည်းဥစ္စာရှာလို့ အဆင်ပြေတာကိုး။ တချို့နိုင်ငံခြားမှာ သွားနေကြတဲ့ လူတွေ မြန်မာပြည်ကို ခဏပြန်လာကြတော့ တချို့လည်း ဘုန်းကြီး အိုကြီးဆီ ရောက်လာတတ်ကြတယ်။ ရောက်လာရင် ဒီကလည်း မေးတတ်တတ်လေ။ “နတ်ပြည်က ဘယ်နေ့က ဆင်းခဲ့ကြသလဲဗျ၊ လူ့ပြည်မှာ ဘယ်လောက် ကြာအောင် နေကြမလဲ?။ နတ်ပြည်ကို ဘယ်တော့ ပြန်တက်ကြမလဲဗျ၊ လူ့ပြည်ကို ဘာကိစ္စနဲ့ လာခဲ့ကြတာလဲဗျ” ဒီက ဘုန်းကြီးအိုကြီးက နိုင်ငံခြားတွေအားလုံးကို နတ်ပြည်လို့ ခေါ်လေ့ရှိတယ်။ မြန်မာ့မြေကိုတော့ လူ့ပြည်လို့ ခေါ်လေ့ရှိတယ်။ နတ်ပြည်လို့ ခေါ်တာက ချမ်းသာကြီး ကျယ်လွန်းလို့ ခေါ်တာ မဟုတ်ပါဘူး။ ဘ၀အတွက် ကိန်း မကိုက်တာပါ။ ကောင်းမှု ကုသိုလ် မြောက်များစွာ နဲ့ ယူခဲ့ရတဲ့ လူ့ဘ၀ကို တစ်ဘ၀ ကိစ္စလေးနဲ့ ဖြုန်းပစ်နေကြလို့ အရမ်းနာတယ်။ ဟောဒီ လူ့ပြည်မှာ နေခွင့်ရတဲ့ လူတွေကတော့ ကိုယ့်ခြေတစ်လှမ်းကို နိဗ္ဗာန်ထိ အားယူ လှမ်းနိုင်တယ်။ ကိုယ့်ထမင်း တစ်လုတ်ကို နိဗ္ဗာန်ထိ အားယူစားတာ။ တစ်ဘ၀ အိုစာ၊ နာစာ၊ သေစာ ကျွေးရုံလေးနဲ့ အရှုံးမခံနိုင်ဘူး။ ကိုယ့်စားဝတ် နေရေးကို နိဗ္ဗာန်ထိ အားယူလုပ်တာ။ ကိုယ့်မိသားစုကို နိဗ္ဗာန်ထိ အားယူကျွေးတာ၊ သူတို့ကို ကျွေးရ ပေးရတာဟာ အကုန် တရားစွမ်းချည်းပဲ။ ဘာမဆို နိဗ္ဗာန်ထိ အားယူနိုင်တာဖြစ်လို့ ဘ၀ အတွက် ကိန်းကိုက်တယ်။ ခုန နတ်ပြည်သို့ သမုတ်ခံရတဲ့ နေရာမှာ နေတဲ့ လူတွေကျတော့ ပစ္စပ္ပန် စားဝတ် နေရေး ပြေလည်ရင် ပြီးပြီလေဗျာ။ အလွန်အံ့သြစရာ ကောင်းတဲ့ လူအားများကို တစ်ဘ၀ ကိစ္စလေးနဲ့ ဖြုန်းပစ်နေကြတယ်။ အဲဒီလို ဘ၀တွက်ကိန်း မကိုက်တာကြောင့် နတ်ပြည်ခေါ်တာပါ။ ဘ၀ တွက်ကိန်း ကိုက်တာကြောင့် မြန်မာပြည်ကို လူ့ပြည် ခေါ်တာပါ။ ကုသိုလ်လိုချင်လို့ လူ့ပြည်ဆင်းခဲ့တာ “ဘာကိစ္စနဲ့ လူ့ပြည် ဆင်းခဲ့ကြသလဲဗျ?လို့ မေးတော့ တချို့လည်း အလည်သက် သက်လာကြတာ။ အလည်သက်သက် လာတာတောင်မှ မြန့်မာ့မြေကို သူတို့ ခြေနဲ့နင်းမိ တာနဲ့ ဘုရားရိပ်၊ တရားရိပ်၊ မေတ္တာရှင်ကြီးတွေရဲ့ အရိပ်ကြောင့် သူတို့ စိတ်နှလုံးထဲ အေးချမ်း သွားတယ်ဆိုပဲ။ သူတို့ပြောတာပါ။ တစ်ချို့လည်း ကုသိုလ် ရင်းနှီးမြှုပ်နှံဖို့ လာကြ တာဗျ။ “တပည့်တော်တို့က သံဃာ အများကြီးနဲ့ ဆွမ်းလောင်းချင်လို့ လာခဲ့တာဘုရား”၊ “သံဃာအများကြီးနဲ့ ဆွမ်းကပ်ချင်လို့ အလှူလုပ်ချင်လို့ လာခဲ့တာ ပါဘုရား”တဲ့။ သံဃာဆိုတာ ကောင်းမှုမျိုးစေ့ ကြဲချစိုက်ပျိုးရာပဲ။ “ဟိုမှာက စီးပွားရေး အလုပ်တွေနဲ့ လုံးလည် ချာလည်လိုက်နေလို့ မွန်းကျပ်ပူလောင် ပင်ပန်းနေတော့ တစ်နေ့လုံး ကုသိုလ်အတွက် အချိန် မပေး နိုင်ဘူးဘုရား။ ဒီမှာ (၁၀)ရက်လောက် ရိပ်သာသွား အနားယူပြီး အားရပါးရ ဘာဝနာ ပွားပစ်လိုက်မယ်ဆိုပြီး တော့ လာခဲ့တာ ဘုရား”တဲ့။ ကုသိုလ်ရင်းနှီး မြှုတ်နှံဖို့ မြန်မာ့မြေ အကောင်းဆုံးဆိုတာ သူတို့သိတယ်ဗျ။ အကြောင်း အားလျော်စွာ နိုင်ငံခြား သွားနေရပေမယ့် ကုသိုလ်များများ စားစား ၊ ထက်ထက် မြက်မြက်၊ ပြည့်ပြည့်စုံစုံ လိုချင်ရင် ဟောဒီ မြန်မာ့ မြေမှာ လာစုကြရတယ်။ လူအား အပြည့်အစုံ လိုချင်ရင် မြန်မာ့မြေ လာယူကြရတယ်။ ဒေါ်လာတို့ ပေါင်စတာလင်တို့ထက် ဈေးအလွန် ကောင်းတဲ့ ကောင်းမှုတရား ‘လူအား’ တွေက ရတနာ(၃)ပါးနှင့် ထေရ၀ါဒ ဗုဒ္ဓသာသနာ အပြည့်အစုံရှိတဲ့ ဒီမြေပေါ်မှာမှ အပြည့်အစုံ စုဆောင်းလို့ဖြစ်နိုင်တဲ့ အရာတွေကိုး။ အများအားဖြင့် ကုသိုလ် ရင်းနှီးမြှုတ်နှံဖို့ မြန်မာမြေ ပြေးလာကြတာ။ ဒီကနေ ကုသိုလ် လုပ်ပြီး ပြန်သွားရင် ဟိုမှာ အလုပ်လုပ်ရတာ တယ်အဆင် ပြေတယ်ဆို ပါလား။ ကံတွေ၊ ဉာဏ်တွေပွင့်လို့ စီးပွားရှာရတာ တယ် ကောင်းသတဲ့ဗျ။ တရားဆက်သွယ်ရေးလိုတယ် မြန်မာ့မြေပေါ် မွေးဖွားလို့ မြန်မာ့မြေပေါ် နေခွင့် ရပါလျက်သားနဲ့ ကံတွေ၊ ဉာဏ် တွေ ပိတ်ပြီး ရှေ့မတိုးနိုင်သေးတဲ့ မြန်မာတွေ အများကြီး ရှိနေပါသေးတယ်။ တရားဆက်သွယ်ရေး များများလိုပါတယ်။ လောက ဆက်သွယ်ရေးတွေ သိပ်ပေါများ နေကြပေမယ့် ဓမ္မဆက်သွယ်ရေးတွေ သိပ်ပေါများနေကြပေမယ့် ဓမ္မဆက်သွယ်ရေးတွေ နည်းပါး နေသေးတယ်။ ‘တရားနာတာ၊ တရားစာဖတ်တာ၊ တရားအားထုတ်တာဟာ အဘိုးအဘွားတွေ အလုပ်’လို့ ထင်နေရင်တော့ တရားနဲ့တန်တဲ့ ‘လူအား’ တွေ နည်းမှန်း လမ်းမှန် စွမ်းအားပေါ်အောင် အချိန်မီ မသုံးရဘဲ အလကား ကုန်သွားမှာ နှမြောစရာကြီး ဖြစ်သွားမယ်။ တရားဆိုတာ လက်လတ်တဲ့အရွယ်မှာ လန်းဆန်းတဲ့စိတ်နဲ့ ထိတွေ့ခွင့် ရထားမှ တကယ် အသက်ဝင်ပြီး တကယ်စွမ်းအား ပြည့်မှာဖြစ်တယ်။ ဒါမှလည်း တကယ်အားကိုး စရာရမှာပါ။ မရှုနိုင် မရှိုက်နိုင်ကုန်းကောက်စရာ မရှိအောင် ဒုက္ခရောက်လာခါမှ ‘ ဟိုသွား ကယ်တော်မူပါ’ ဒီသွား ကယ်တော်မူပါ’လို့ လို့နေရရင် လူဟာ သိပ်အောက်တန်း ကျသွားပါပြီ၊ ခိုကိုးရာမဲ့တဲ့ တိုင်းပြည်မှ မဟုတ်ဘဲ။ လောကကို အနိုင်ယူဖို့၊ လောကက ပေးသမျှ ဆင်းရဲ အပူတွေကို အနိုင်ယူဖို့ပဲ တရား ပေါ်လာတာ ဖြစ်လို့ လောကထဲမှာ တရားလောက် စွမ်းတဲ့ ဓာတ်ကောင်းဆိုတာ မရှိဘူး။ တရားဟာ အကောင်းဆုံး ‘ဓာတ်ရိုက် ဓာတ်ဆင်နည်း’ ‘ယတြာနည်း’ပဲ။ ဆင်းရဲအပူ အန္တရာယ်တွေ ကိုယ့်ဆီ ရုပ်ပျက်ဆင်းပျက် ရောက်မလာသေးခင် ကြိုတင်ကာကွယ် တားနိုင်ရင် ပိုပြီး စိတ်မအေး ရဘူးလား။ သက်သာခွင့် ရသွားရင်တောင် နည်းသလား။ ကိုယ့်ခန္ဓာ၊ ကိုယ့်ပစ္စည်း၊ ကိုယ့်အလုပ်တွေထဲမှာ ကိုယ့်ကို အားလုံး အာမခံတာဝန်ယူ့ တရားစွမ်း အားတွေ လိုသလောက်၊ ယူတတ်သလောက် ရနိုင်ပါလျက်သားနဲ့ ‘ရနိုင်တယ်၊ ရှိတယ်’ လို့တောင်မှ သိခွင့်မရရင် မရှုံးပေဘူးလား။ ရတနာသုံးပါး ရေခံမြေခံ အလွန်ကောင်းတဲ့ မြန်မာ့မြေပေါ် လူဖြစ်ခွင့်ရတာ ဘာအဓိပ္ပာယ်ရှိမှာတဲ့လဲ။ တရားကင်းကွာနေတဲ့ လူ့ဘ၀ကို ပုံဖော်ကြည့်ပါ။ မပြီးနိုင်တဲ့ အပျက်ကို ပြင်နေရင်း မဆုံးနိုင်တဲ့အပူကို ဖြတ်သန်း နေရတာကို တွေ့ရမယ်။ ‘မပြီးနိုင်တဲ့ အပျက်ကို ပြင်နေရတယ်’ဆိုတာ စားဝတ်နေရေး၊ ကျန်းမာရေးကို ပြောတာ။ ခန္ဓာရှိနေသမျှ ပြီးနိုင်မှာမှ မဟုတ်ဘဲ။ တရား အသိ ဉာဏ်ရှိသူက အဲဒီမပြီးနိုင်တဲ့ ကိစ္စထဲမှာ ပြီးနိုင်တဲ့ တရားစွမ်းအားတွေ တန်းစီ ကောက်ယူသွားရုံပဲ။ ‘မဆုံးနိုင်တဲ့ အပူကို ဖြတ်သန်း နေရတယ်’ဆိုတာ ကိလေသာ မကင်းသေးတာကိုပဲ ပြောတာ။ ကိလေသာ မကင်းသေးတော့ အချိန်မရွေး ပူရမယ်။ မရှိလည်း ပူရမယ်။ ရှိလည်း ပူရမယ်၊ ကုန်လည်း ပူရမယ်။ ဘာမဆို ပူနိုင်တယ်။ အပူကို ထိန်းနိုင်၊ ငြိမ်းနိုင်တာက တရားပဲရှိတာ။ လူဆိုတာ တရားနဲ့တွေ့ဖို့ အရေးအကြီးဆုံးပဲ။ စောစော တွေ့လေ စိတ်အေးရလေ၊ အသိဦးလေ ကောင်းလေပဲ။ လူတွေ စားဝတ်နေရေး ကျန်းမာရေး လုပ်ရင်း တရား ဆက်သွယ်ရေးရကြဖို့ ဘုန်းကြီး အိုကြီးလည်း ဆက်သွယ်ရေးတာဝန်ကို စွမ်းနိုင်သလောက် ထမ်းဆောင် ပေးနေပါတယ်။ ကိုယ်တိုင်ဟောထားတဲ့ တရားခွေတွေကို အမြောက်အမြား ကူးထားပြီး ကျောင်းရောက် လာသမျှ လူအားလုံးကို စေ့ငအောင် ဓမ္မဒါနအဖြစ် အခမဲ့ ဝေငှ ပေးနေပါတယ်။ အရွယ်မရွေး မြန်မာစာ ဖတ်တတ်သူ အားလုံး ဖတ်ရှုလေ့လာနိုင်အောင် သာမန်လူ နားလည် နိုင်လောက်တဲ့ စကားအသုံး အနှုန်းများနဲ့ အိတ်ဆောင် စာအုပ်ကလေး တွေလည်း အမြောက်အမြား ရေးသားဖြန့်ဝေ ပေးနေပါတယ်။ အခမဲ့ ဓမ္မဒါန ဖြန့်ဝေလှူဒါန်းပေးနေတာပါ။ လူတိုင်း ပေါ့ပေါ့ပါးပါး သွားလေရာ ယူဆောင် ဖတ်ရှု လေ့လာနိုင်အောင် အိတ်ဆောင် စာအုပ်ငယ်တွေပဲ စီစဉ် ပေးထားပါတယ်။ ဖြန့်ဝေပေးကမ်း လှူဒါန်းလို့ မကုန်နိုင်အောင် လည်း စာအုပ်တွေ သိန်းချီပြီး အမြောက် အမြား ရိုက်နှိပ်ထားပါတယ်။ ကျောင်းရောက်လာသူ အားလုံးအတွက် စာအုပ်(၅)မျိုးနှင့် တရား(၁)ခွေစီ အမြဲဝေပေး လှူဒါန်းနေကျပါ။ နေ့နေ့ညည ဘယ်အခါမဆို၊ ဘယ်နေရာမှာမဆို တရားပွဲ ရှိရင် လာသမျှ ပရိသတ် အားလုံးအတွက် စာအုပ်(၂)မျိုးစီ စေ့ငအောင် ဝေငှပေးပါတယ်။ လက်လှမ်းမီရာ စာကြည့်တိုက် တွေမှာလည်း လှူပေးတယ်။ ကိုယ်နှင့်တွေ့သူတိုင်း ဓမ္မ လက်ဆောင် စာအုပ်ပေးလေ့ရှိပါတယ်။ အများနားလည်အောင် မြန်မာစကားပြေနဲ့ပဲ ရှင်းရှင်းလေး ဟောပြော ရေးသားပေး တယ်။ အများနားလည်စေလိုတဲ့ မေတ္တာစေတနာ သက်သက်နဲ့ပဲ ဟောပေးတယ်။ ရေးပေးတယ်။ ဘာအဖိုးအခကိုမျှ မျှော်လင့်ချက် မထားဘဲ ပြန့်ပွားစေလိုတဲ့ မေတ္တာ စေတနာ စစ်စစ်နဲ့သာ အခမဲ့ ဖြန့်ဝေ ပေး တယ်။ လူတွေ ‘လူအား’ ပြည့်စုံဖို့ပဲ အဓိကပါ။ နှစ်ဖက်မြင် ပညာမျက်စိ ရှိမှ ‘လူအား’ ပြည့်စုံပြီး အစွမ်းသမားတွေ ဖြစ်ကြမယ်။ ‘ အားလုံး ငြိမ်းချမ်းကြပါစေ’ တိပိဋကဓရ(ယော)ဆရာတော် အရှင်သိရိန္ဒာဘိဝံသ ဖေ့စ်ဘုတ်မှ ကူးယူဖေါ်ပြသည်။
read more “"အားလုံး ငြိမ်းချမ်းကြပါစေ"”

~ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း~

0 comments Wednesday, April 10, 2013
ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီ သဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။ ဆီးချိုတင်မက သွေးချိုလည်း ပျောက် ပါတယ်။ ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။ ရုံးပတီသီး (Lady Finger-၂ လုံး /၂တောင့်) ကိုထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။ ဒီမှာရုံးပတီသီးကိုပိုးမွားကင်းဆင်အောင် သေချာဆေးကျောဖို့ လိုပြီး ရေသန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲသကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။ (note copy fr'Healthcare) post by နှင်းဆီဖူးလေးများ-Love BUDS
read more “~ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း~”

DVB သို့ မိန့်ကြားချက်

0 comments Sunday, March 31, 2013
ခက်တာက မည်သည့်အကြောင်းကြောင့် အကြမ်းဖက်တာကိုဖြစ်စေ တို့ပြင်းပြင်းထန်ထန် ရှုတ်ချတယ်၊ ဘယ်လူမျိုးက ဘယ်လူမျိုးကိုပဲ အကြမ်းဖက်ဖက် တို့ပြင်းပြင်းထန်ထန် ရှုတ်ချတယ်၊ အထူးသဖြင့် ဗုဒဘာသာဝင်တွေက ဗုဒရဲ့တရားတော် ဗုဒရဲ့ အဆုံးအမအတိုင်း လိုက်နာကျင့်သုံးပြီးတော့ လူမျိုးတိုင်းကို အေးအေးချမ်းချမ်း စောင့်ရှောက်ဖို့ကောင်းတယ်၊ စောင့်ရှောက်သင့်တယ်၊ နိုင်ငံတော်ရဲ့ အေးချမ်းသာယာမှုကို အထူးသဖြင့် ၈၅%ရှိတဲ့၊ ၈၅ရာခိုက်နှုန်းရှိတဲ့ ဗုဒဘာသာတွေက ၀ိုင်းဝန်းကူညီ စောင့်ရှောက်ဖို့ကောင်းတယ်၊ အဲဒီတော့ လူတစ်ယောက်သည် လူတစ်ယောက်ကို ညှင်းဆဲနှိပ်စက်ပိုင်ခွင့် မရှိဘူး၊ လူတစ်ယောက်သည် လူတစ်ယောက်ကို စောင့်ရှောက်ကူညီနိုင်ခွင့်ပဲ ရှိတယ်၊ လူ့အခွင့်အရေးဆိုတာ အဲဒီဥစ္စာဟာ အထွဋ်အထိပ်ပဲ၊ အဲဒါကြောင့် ဗမာတွေ ဘုရားအဆုံးအမနဲ့၊ အထူးသဖြင့် သံဃာတော် အရှင်မြတ်တွေ မြတ်စွာဘုရားရဲ့ အဆုံးအမနဲ့ လူသားတိုင်းရဲ့ ငြိမ်းချမ်းရေးကို စောင့်ရှောက်တော်မူကြပါလို့ အဲဒါပဲ ပြောချင်ပါတယ်။ ကောလဟလတွေကို လက်တွေ့ကြကြ ကိုယ်တိုင်သိအာင် ကိုယ်တိုင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ကျော်ဖြတ်လို့ ရမှာပါ၊ ကိုယ်တိုင်သိ ကိုယ်တိုင်တွေ့ မဟုတ်သေးရင် ကောလဟလကို ကျော်ဖြတ်လို့ မရဘူး၊ ကိုယ်တိုင်သိ ကိုယ်တိုင်တွေ့ပြန်တော့လည်းပဲ ဥပမာအားဖြင့် မစင်ပုံကြီးလို ကိစ္စတွေ့ပြီဆိုရင် အဲဒါ ထိုးစွပြီးတော့ မစင်တွေတွေ့ပြီဟေ့လို့ အော်နေရင် တစ်နိုင်ငံလို့ နံကုန်မယ်၊ မစင်ပုံကြီးလို ကိစ္စမျိုး တွေ့ပြီးဆိုရင် ခပ်မြန်မြန် ကျုံးပြစ် ဖုံးပြစ်ရမယ်၊ ခုဟာက မစင်ပုံကြီးလို ကိစ္စတွေ ခပ်များများတွေ့နေပုံ ပေါ်တယ် ခပ်မြန်မြန်ကျုံးပြစ်၊ မြန်မြန်ဖုံးပြစ်ဖို့ တိုက်တွန်းချင်ပါတယ်။ သီတဂူဆရာတော် DVB သို့ မိန့်ကြားချက်။ ။
read more “DVB သို့ မိန့်ကြားချက်”

“ ပဋိပက္ခ ငြိမ်းချမ်းရေး မူလေးချက်သြ၀ါဒ ”

0 comments Saturday, March 30, 2013
စိတ်ရှည်သည်းခံဖို့ရယ်၊ အမြော်အမြင် ကြီးမားဖို့ရယ်၊ ကျယ်ပြန့်တဲ့နား၊ မျက်စိတွေ အသိဥာဏ်ကြီးကြီးနဲ့ စီမံချက်တွေကို သွက်သွက်လက်လက်နဲ့ အေးအေး ချမ်းချမ်း ဆောင်ရွက်ကြဖို့လိုလိမ့်မယ်။ စိတ်တွေက မြန်တယ်။ ဆောင်ရွက်ရင်းနဲ့ စိတ်ဆိုး လာကြမယ်။ ကျယ်ပြန့်တဲ့ ဆွေးနွေးတိုင်ပင်မှုတွေ၊ ကျယ်ပြန့်တဲ့ မူဝါဒတွေ၊ စနစ်တကျ ကြိုတင် ပြင်ဆင် ထားတာတွေ၊ လုပ်ငန်းကို သွက်သွက်လက်လက်နဲ့ မလုပ်ခဲ့ကြတာတွေ၊ မလုပ်နိုင်ကြတာတွေ စုနေကြမယ် ဆိုရင်ဒီပဋိပက္ခတွေက ငြိမ်းချမ်းစရာအကြောင်း မရှိဘူး။ ဒါကြောင့် - ဆင်လိုလည်းပဲ အားကောင်းရမယ်။ - မြင်းလိုလည်းပဲ မြန်ရမယ်၊ - နွားလိုလည်းပဲ သည်းခံရမယ်။ - ခြင်္သေ့လိုလည်းပဲ သတ္တိရှိရမယ်။ ခေါင်းဆောင်တွေဟာ အဲဒီလေးချက် အရေးကြီပါတယ်။ အဲဒီ မူလေးချက်နဲ့ ဆောင်ရွက်ကြပါဆိုတာကို တိုက်တွန်းပါတယ်။ - ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာဥာဏိဿရ
read more ““ ပဋိပက္ခ ငြိမ်းချမ်းရေး မူလေးချက်သြ၀ါဒ ””

ကင်ဆာအတွက် အထောက်အကူ သင်္ဘောရွက်

0 comments Thursday, March 28, 2013
ကင်ဆာရောဂါနှင့် အစွမ်းထက် သင်္ဘောရွက် အချို့သည်လည်း သိပြီးသား၊ ဖတ်ပြီးသားများ ဖြစ်ကောင်း ဖြစ်ကြ ပါလိမ့်မည်။ ကိုယ်ကိုယ်တိုင် မခံစား ရသော်လည်း ခံစား နေရသော မိမိ ပတ်ဝန်းကျင်ကို မျှဝေ ပေးခြင်းဖြင့် ကုသိုလ် ယူကြပါစို့... ဤဆောင်းပါး သည်လည်း ဟိုမှနည်းနည်း ဒီမှနည်းနည်း စုစည်း ထားခြင်းသာ ဖြစ်ပါသည်။ ငွေကုန် ကြေးကျ အလွန်များပြီး ၀မ်းနည်းစရာ အတိပြီး နေသော ကင်ဆာ ရောဂါ ဝေဒနာရှင်များ အတွက် အတိုင်းအတာ တစ်ခုအထိ အကျိုးပြုနိုင် လိမ့်မည်ဟု ထင်မြင်ကာ ပြန်လည် ရေးသား ကုသိုလ်ပြု တင်ပြ အပ်ပါသည်။ သင်္ဘောသီးသည် မြန်မာ လူမျိုးများ အတွက် လွန်စွာ ရင်းနှီးသော အစားအစာ တစ်မျိုး ဖြစ်သည်။ သို့ရာတွင် သင်္ဘောရွက်၏ အစွမ်းကိုမူ လူသိ နည်းလှသည်။ အမှန် တကယ်တွင်တော့ သင်္ဘောရွက်သည် သဘာဝ ဆေးစွမ်း ထက်လှသော အရွက် တစ်မျိုးပင် ဖြစ်လေသည်။ အမေရိကန်၌ သုသေသန လုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား များစွာ ရရှိခဲ့သည်။ ယခုအခါ ဖလော်ရီဒါ တက္ကသိုလ်မှ သုတေသန ပညာရှင်နမ်ဒန်း (Dr. Nam Dang) နှင့် ဂျပန်မှ သူ၏ လုပ်ဖော် ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမ ကိုယ်ကင်ဆာ၊ ရင်သား ကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ် များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။ သူတို့အဖွဲ့သည် သင်္ဘောရွက် ခြောက်များကို အသုံးပြု၍ သုတေသန ပြုလုပ်ခဲ့ရာတွင် သင်္ဘော ရွက်ခြောက်ကို လက်ဖက်ရည် ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ် များကို သေစေ နိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအား စနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1-type cytokins များ ထုတ်လုပ်ခြင်းကို မြှင့် တင် ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကင်ဆာ ဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအား စနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက် များကို အသုံးပြု လာနိုင်တော့ မည်ဟု ဆို၏။ ကမ္ဘာ့နေရာ အနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခု အဖြစ် အသုံးပြု နေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံး များသည်ဟု ဆို၏။ သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များ အပေါ် ဘေးဥပါဒ် ဖြစ်စေမှု လုံးဝ မရှိသောကြောင့် လက်ရှိ အသုံးပြုနေသော ကင်ဆာ ဆေးဝါးများစွာ တို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက် ဆိုးကျိုး များစွာတို့ကို ရှောင်ရှား နိုင်လိမ့်မည် ဟုဆို၏။ သုတေသန ပညာရှင် များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာ ထိတွေ့ စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀ မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန် နှေးကွေး သွားကြောင်း တွေ့ရှိ ခဲ့ရသည်။ ဒေါက်တာဒန်းနှင့် အဖွဲ့သည် သင်္ဘောရွက်မှ နေ၍ ဓာတ်ပစ္စည်းများ ထုတ်ယူခြင်း လုပ်ငန်းစဉ် အတွက် တိုကျို တက္ကသိုလ် မှတစ်ဆင့် မူပိုင်ခွင့် လျှောက်ထားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။ သင်္ဘောရိုး တံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကို မျှတ စေပါသည်။ ကင်ဆာဆဲလ် များဖြင့် သွေးကြော များရှင်သန်မှုကို Acetogenin က ဖျက်ဆီး ပြစ်ပါသည်။ သင်္ဘောရွက် သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်သည်။ ၎င်းတို့သည် ခန္ဓာကိုယ် ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုး ကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း (ပါကျူး တက္ကသိုလ် ပါမောက္ခ) သည် အမျိုးသား ကင်ဆာသိပ္ပံမှ မေတ္တာ ရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာ ထိရောက်မှုကို စမ်းသပ် ခဲ့သည်။ အပင် ၃၅၀၀ စမ်းသပ်ခဲ့ပြီး အစွမ်းထက် ပစ္စည်း ၅၀-တွေ့ရှိ ခဲ့သည်။ ၎င်းအနက် Acetogenin သည် အလွန် အစွမ်းထက်ပြီး သန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ် တို့ကို တိုက်ဖျက် ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခ မဖြစ် စေခဲ့ပါ။ တုပ်ကွေးရောဂါနှင့် ပတ်သက်၍ အမေရိကန် ကျောင်းသား တစ်ဦးမှ သိရှိရသည်မှာ ၎င်း၏ သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အား ချည့်နဲ့ နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီး ဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘောရွက် အရည်ကို သာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ် အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက် ဆေးကို မှီဝဲ ပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့ တောင်မှ အံ့အား သင့်ပြီး ကလေးကို ဆေးရုံမှ ဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့ သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတို အရ သင်္ဘောရွက် နှစ်ရွက်ကို ဆေးကြော ထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကို ရွေးပါ။ အလွန် ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။ (ဆေးမြီးတို) သင်္ဘောရွက် အလတ်စား တို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက်တောက် စဉ်းကာ ဒယ်အိုးထဲတွင် ရေနှစ် လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင် ထည့်ထားပါ။ ရေခဲ သေတ္တာထဲတွင် ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက်ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်း သုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ် တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံး ဇာတ်လမ်းသည် အခြား ဆေးဖက်ဝင် ကုထုံးများထက် ပိုမို ဆန်းပြားသည်။ ၄င်းအရွက်ကို သီးဖျော်စက်ထဲ ထည့်မွေကာ သောက်ခြင်း သည်လည်း လွယ်ကူလျှင် မြန်သော ပြီးထိ ရောက်သော ဆေးမြီးတို တစ်ရပ် ဖြစ်ပါကြောင်း...... သတင်းကောင်း ပါးအပ်ပါသည်။ လူသား အားလုံး ကင်ဆာ ရောဂါဆိုးကြီး ဖြစ်ခြင်းမှ ကင်းဝေး ကြပါစေ...။ Kyaw Nyein Thant Written by အာယု မြ၀တီ အေးချမ်းမွန်မှ အဖြူရောင်မီဒီယာ Facebook တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။
read more “ကင်ဆာအတွက် အထောက်အကူ သင်္ဘောရွက်”

သီတဂူဆရာတော်၏ မွေးနေ့မင်္ဂလာ

0 comments Tuesday, March 26, 2013
ဒီနေ့ နံနက်(၂၆.၃.၂၀၁၃) ရက်နေ့ တပေါင်းလပြည့်နေ့မှာ ကျရောက်တဲ့ သီတဂူဆရာတော်ကြီး၏ (၇၆)နှစ်မြောက်ဝိဇာတမွေးနေ့မှာ မန္တလေးမြို့၊ ရွှေကျင်သာသာပိုင်ဆရာတော်ဘုရားကြီးက စစ်ကိုင်းသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သို့ ကြွရောက်ချီးမြှင့်ခဲ့ပါတယ်။ ထိုအခမ်းအနားတွင် ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီးကိုယ်တိုင် သံဃာအပါး(၁၀၀၀)လောင်းလှူပွဲတွင် ထိပ်ဆုံးက ကိုယ်တိုင်အလှူခံထွက်ကာ မွေးနေ့ပွဲကြီးကို ပါဝင်ချီးမြှောက်ခဲ့ပါတယ်။ သီတဂူဆရာတော်သည် ယနေ့မှ စ၍ နောင်နှစ်ပေါင်း တစ်ရာကျော်တိုင် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် စေ့စေ့ငှငှ ပြည့်ပြည့်၀၀ဖြင့် မိမိအကျိုး သာသနာ့အကျိုး တိုင်းပြည့်အကျိုးတို့ကို ဆထက် ထမ်းပို သယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်ပေးလိုက်ရပါသည်ဘုရား။ ။ မောင်ထိန်၏ ဖေ့စ်ဘုတ်မှ ကူးယူဖေါ်ပြပါသည်။
read more “သီတဂူဆရာတော်၏ မွေးနေ့မင်္ဂလာ”

"သာသနာ့ အာဇာနည်"

0 comments
ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့၏ ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။ သံဃာတော် အပေါင်းတို့၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့ တရားတော်၊ မြတ်ဓမ္မတို့ရဲ့ ဘဏ္ဍာတိုက်ကြီး ဖြစ်ခဲ့သူ ..။ သူ့ဥာဏ်တော်ကို အများအကျိုးအတွက် အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။ မျိုးဖျက် အဓမ္မတို့၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့်ကျင်ခဲ့သူ ...။ တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲခဲ့သူ . .။ မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်မြတ်ကြီး တစ်ပါးဖြစ်ခဲ့သူ . .။ ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။ ကျေးဇူးတော်ရှင် မင်းကွန်း တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။ Admin - ဒေါက်တာကျော်လွင်
read more “"သာသနာ့ အာဇာနည်"”

“သီတဂူဆရာတော်ကြီး၏ အဖိုးတန်သြ၀ါဒကထာ”

0 comments Sunday, March 24, 2013
***************************** အိမ်ရှင်ဘာသာဝင်တွေနဲ့ တည့်အောင်နေဖို့လို +++++++++++++++++++++++++++ ယနေ့ နိုင်ငံရဲ့ အစိတ်ပိုင်းတစ်နေရာမှာ အသေးအမွှားကိစ္စလေးကနေ ဘာသာရေး မငြိမ်မသက်မှုတွေ အထိ ရောထွေး ဖြစ်ခဲ့တယ်၊ ထိုအဖြစ်က ရပ်တန့်ဖို့နှင့် ထိုမငြိမ်မသက်မှုကြောင့် ထိခိုက်နစ်နာသူတွေ၊ အကြမ်းပထမ်းတွေ မဖြစ်ရလေအောင် သီတဂူဆရာတော်ကြီးက ဘာသာဝင်အားလုံးတို့အား သတိပေး ဆုံးမထားသည်၊ ဘာသာဝင်အားလုံး သိသင့်သည်၊ လိုက်နာသင့်သည်။ ဒီဗွီဘီက အသံဖိုင် သီတဂူစတား စာအဖြစ် ဖန်တီး၍ မျှဝေလိုက်ပါသည်။ ဧည့်သည်ဘာသာဝင်တွေ +++++++++++++++ ကိုယ်၊ နှုတ်၊ စိတ် သုံးပါး မငြိမ်းချမ်းသမျှကာလပတ်လုံး၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ မရနိုင်ဘူး။ ဒီမြန်မာ့မြေပေါ်မှာ နေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေရှိတယ်။ မြန်မာ့မြေပေါ်မှာ ဗုဒ္ဓဘာသာ ရောက်တာ နှစ်ပေါင်း ၂၀၀၀ (နှစ်ထောင်) ရှိပြီ။ အဲဒီဘာသာတွေ ရောက်လာတာ နှစ် ထောင်ဂဏန်းမရှိသေးဘူး၊ ရာဂဏန်းပိုင်းပဲ ရှိသေးတယ်၊ ဧည့်သည် အဖြစ်နဲ့ ရောက်လာကြတဲ့ ဘာသာဝင်တွေဟာ အိမ်သည်နဲ့ ယဉ်ယဉ်ကျေးကျေး ချစ်ချစ်ခင်ခင် တည့်အောင်နေဖို့ကောင်းတယ်။ ဘာသာတိုင်း သစ္စာတရားနဲ့ ငြိမ်းချမ်းရေးအတွက်ဖြစ် +++++++++++++++++++++++++++++ ပြီးတော့ တခါ “ဒီဘာသာတရားတွေကို တည်ထောင်ခဲ့တယ်၊ God တို့၊ အမ်လာတို့၊ ရဟူးတို့၊ ဗြာဟ္မာတို့၊ ဗိရှနှိုးတို့၊ ရှီဝတို့၊ ဒို့ဘက်ကပြောရင် ဗုဒ္ဓတို့ သူတို့တတွေဟာ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးအတွက် ပေါ်လာတာပဲ”လို့ အကုန်လုံး တကမ္ဘာလုံးက ပညာရှိတိုင်းက ယုံကြည်လက်ခံထားကြတယ်။ အဲဒါကို ယုံကြည်လက်ခံထားသည့်အားလျှော်စွာ ဒီဘာသာတရားတွေကို ကိုးကွယ်ကြတဲ့ ဒီလိုတွေဟာ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးကို အကုန်လုံး ၀ိုင်းဝန်း တည်ဆောက်တဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်သင့်တယ်။ သစ္စာတရားကို ဖောက်ဖျက်ပြီးတော့ အမှန်တရားကို ဖယ်ရှား၊ မတရားတွေ၊ အဓမ္မ၀ါဒတွေ အဓမ္မကျင့်သုံးမှုတွေကို ကျင့်သုံးပြီးတော့ ငြိမ်းချမ်းရေးကို နှောက်ယှက်ကြမည်ဆိုရင်တော့ ဘယ်ဘာသာဝင်ကိုမဆို ဘယ်ဘုရားကမှ ကြိုက်မှာ မဟုတ်ဘူး။ မြန်မာ့မြေက ဘာသာဝင်တွေ အိမ်ရှင်ဘာသာနဲ့ ချစ်ချစ်ခင်ခင် နေဖို့လို ++++++++++++++++++++++++++++++++++++++ အဲဒါကြောင့် “နှစ်ပေါင်း ရာဂဏန်းလောက်သာ ရှိသေးတဲ့၊ မြန်မာမြေပေါ်ကို ရောက်လာကြတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ပြေပြေပြစ်ပြစ်၊ ချစ်ချစ် ခင်ခင် ဗုဒ္ဓဘာသာတွေနဲ့ နေဖို့ ကောင်းတယ်။” ဗုဒ္ဓဘာသာတွေက ဒီနိုင်ငံမှာ နှစ်ပေါင်း နှစ်ထောင်ကျော်ပြီ၊ သူတို့တတွေက ရာလောက်ပဲ ရှိသေးတယ်၊ အဲဒါကြောင့် အိမ်သည်တွေနဲ့ ဧည့်သည်တွေဟာ ချစ်ချစ်ခင်ခင်၊ ညီညီညွတ်ညွတ် ရှိဖို့ကောင်းတယ်။ မြန်မာ့ရာဇ၀င်က မွတ်စလင် +++++++++++++++ ဒို့နိုင်ငံတော်မှာ မင်းအဆက်ဆက်၊ ပုဂံခေတ်ကပဲ စကြည့်၊ ရခိုင်ရာဇ၀င်တွေမှာပဲ ဖတ်ကြည့်၊ ဗဒူမင်းညိုတို့ ဘာတို့ဆိုတဲ့ စာဆိုတော်တွေဟာ ရခိုင်ရာဇ၀င်မှာ ရှိတယ်။ ဗဒူမင်းညိုဆိုတာ အဗ္ဗဒူမင်းညိုပဲကွ၊ အဲဒီတော့ ဗမာ့နန်းတွင်းမှာ စနစ်တကျပဲ၊ အမရပူရမှာ ကြည့်လိုက်ရင် အမရပူရမြို့တော်ဝန်ဟာ မွတ်စလင်ဘာသာဝင်တွေ ဖြစ်ဖူးတယ်၊ အဲဒါ မြန်မာ့မင်းတွေက ဒီလို နေရာတွေမှာ သေသေချာချာ သပ်သပ်ရပ်ရပ် ကောင်းကောင်းမွန်မွန် ချစ်ချစ်ခင်ခင် ပေးထားပါတယ်ကွ။ ငြိမ်းချမ်းစွာ လက်တွဲလို +++++++++++++ အဲဒါကြောင့် အိမ်ရှင်နဲ့ ဧည့်သည်ဟာ၊ အိမ်ရှင်ကလဲ အိမရှင်ဝတ်နဲ့ ကျေကျေပွန်ပွန် ဧည့်သည်တွေကို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံ လက်ခံ၊ ဧည့်သည်တွေကလဲ အိမ်ရှင်ရဲ့ အိမ်ပေါ်မှာ အိမ်ရှင်ကို ဒုက္ခမပေးနဲ့၊ အိမ်ရှင်ကို ပြစ်မှား ဆော်ကားခြင်း၊ အိမ်ရှင်ကို ရိုက်ပြီးတော့ လုဖို့ မကြိုးစားကြဖို့ အဲဒါ အလေးအနက် တိုက်တွန်းချင်ပါတယ်။ အားလုံး မေတ္တာ ကရုဏာ၊ ဘုရားသခင်တို့ရဲ့ မေတ္တာ ကရုဏာ၊ ပညာ အရိပ်အောက်မှာ အားလုံး ကရုဏာနဲ့တူသော လရောင်ခြည်အောက်မှာ၊ ပညာနဲ့တူတဲ့ နေရောင်ခြည်အောက်မှာ အားလုံး အမြင်ရှင်းလင်းပြီး အေးအေးချမ်းချမ်း နေထိုင်ကြစေချင်ပါတယ်။ မတ်လ၊ ၂၁ရက်၊ ၂၀၁၃ နေ့ ဒီဗွီဘီမှာ ပြောသော သီတဂူဆရာတော်ကြီး၏ ငြိမ်းချမ်းရေးဓမ္မ အသံဖိုင်မှ ကူးယူ ဖော်ပြပါသည်။ ရွှင်လန်းချမ်းမြေ့ပါစေ By - သီတဂူစတား ၂၁-၃-၂၀၁၃ မူရင်း။ ။http://www.sitagustar2020.net/2013/03/by.html
read more ““သီတဂူဆရာတော်ကြီး၏ အဖိုးတန်သြ၀ါဒကထာ””