DVB သို့ မိန့်ကြားချက်

ခက်တာက မည်သည့်အကြောင်းကြောင့် အကြမ်းဖက်တာကိုဖြစ်စေ တို့ပြင်းပြင်းထန်ထန် ရှုတ်ချတယ်၊ ဘယ်လူမျိုးက ဘယ်လူမျိုးကိုပဲ အကြမ်းဖက်ဖက် တို့ပြင်းပြင်းထန်ထန် ရှုတ်ချတယ်၊ အထူးသဖြင့် ဗုဒဘာသာဝင်တွေက ဗုဒရဲ့တရားတော် ဗုဒရဲ့ အဆုံးအမအတိုင်း လိုက်နာကျင့်သုံးပြီးတော့ လူမျိုးတိုင်းကို အေးအေးချမ်းချမ်း စောင့်ရှောက်ဖို့ကောင်းတယ်၊ စောင့်ရှောက်သင့်တယ်၊ နိုင်ငံတော်ရဲ့ အေးချမ်းသာယာမှုကို အထူးသဖြင့် ၈၅%ရှိတဲ့၊ ၈၅ရာခိုက်နှုန်းရှိတဲ့ ဗုဒဘာသာတွေက ၀ိုင်းဝန်းကူညီ စောင့်ရှောက်ဖို့ကောင်းတယ်၊ အဲဒီတော့ လူတစ်ယောက်သည် လူတစ်ယောက်ကို ညှင်းဆဲနှိပ်စက်ပိုင်ခွင့် မရှိဘူး၊ လူတစ်ယောက်သည် လူတစ်ယောက်ကို စောင့်ရှောက်ကူညီနိုင်ခွင့်ပဲ ရှိတယ်၊ လူ့အခွင့်အရေးဆိုတာ အဲဒီဥစ္စာဟာ အထွဋ်အထိပ်ပဲ၊ အဲဒါကြောင့် ဗမာတွေ ဘုရားအဆုံးအမနဲ့၊ အထူးသဖြင့် သံဃာတော် အရှင်မြတ်တွေ မြတ်စွာဘုရားရဲ့ အဆုံးအမနဲ့ လူသားတိုင်းရဲ့ ငြိမ်းချမ်းရေးကို စောင့်ရှောက်တော်မူကြပါလို့ အဲဒါပဲ ပြောချင်ပါတယ်။ ကောလဟလတွေကို လက်တွေ့ကြကြ ကိုယ်တိုင်သိအာင် ကိုယ်တိုင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ကျော်ဖြတ်လို့ ရမှာပါ၊ ကိုယ်တိုင်သိ ကိုယ်တိုင်တွေ့ မဟုတ်သေးရင် ကောလဟလကို ကျော်ဖြတ်လို့ မရဘူး၊ ကိုယ်တိုင်သိ ကိုယ်တိုင်တွေ့ပြန်တော့လည်းပဲ ဥပမာအားဖြင့် မစင်ပုံကြီးလို ကိစ္စတွေ့ပြီဆိုရင် အဲဒါ ထိုးစွပြီးတော့ မစင်တွေတွေ့ပြီဟေ့လို့ အော်နေရင် တစ်နိုင်ငံလို့ နံကုန်မယ်၊ မစင်ပုံကြီးလို ကိစ္စမျိုး တွေ့ပြီးဆိုရင် ခပ်မြန်မြန် ကျုံးပြစ် ဖုံးပြစ်ရမယ်၊ ခုဟာက မစင်ပုံကြီးလို ကိစ္စတွေ ခပ်များများတွေ့နေပုံ ပေါ်တယ် ခပ်မြန်မြန်ကျုံးပြစ်၊ မြန်မြန်ဖုံးပြစ်ဖို့ တိုက်တွန်းချင်ပါတယ်။ သီတဂူဆရာတော် DVB သို့ မိန့်ကြားချက်။ ။

0 comments:

Post a Comment