သင်္ကြန်အတက်နှင့် နှစ်ဆန်းတစ်ရက်

0 comments Thursday, April 15, 2010


မနက်ဖန်နှင့် တဘက်ခါသည် ၁၃၇၁-ခု၊ ကဆုန်လဆန်း (၄-၅) မဟာသင်္ကြန် အတက်နေ့နှင့် နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည်။ သို့အတွက်ကြောင့် ၄င်းနှစ်ရက်တို့ကို စာရေးသူသည် အစ်ကိုကြီး ကိုဝင်းစိန်နှင့် အဒေါ်ကြီး ဒေါ်ကျင်မြတို့၏ နှစ်ပတ်လည်အတွက် ရည်စူးပြီး အဆောင်နေသံဃာတော် အရှင်မြတ်တို့အား ဆွမ်းကပ်ပြီး မိမိပြုလုပ်ခဲ့သမျှ မြတ်ပုညကို ကြားသိပါစေ အမျှဝေပါသည် နတ်လူ သာဓုခေါ်နိုင်ကြပါစေသော်။

ရှင်သုခ(မင်းလှ)
read more “သင်္ကြန်အတက်နှင့် နှစ်ဆန်းတစ်ရက်”

မဟာသင်္ကြန်အကြတ်နေ့

0 comments Wednesday, April 14, 2010


ဤနေ့သည် ၁၃၇၁-ခု၊(၁၅-၀၄-၁၀) မဟာသင်္ကြန်အကြတ်နေ့ဖြစ်သည်။ စာရေးသူသည် လွန်ခဲ့သော (၇)နှစ်ခန့်က ဘ၀တပါးသို့ ပြောင်းရွေ့သွားသော မိမိ၏ အမအကြီးဆုံးဖြစ်သော ဒေါ်အုံးမြင့်အား ရည်စူးပြီး သံဃာတော်တို့အား ဆွမ်းကပ်ခြင်းအမှု ပြုလုပ်ပြီး ကုသိုလ်ပုည၏ အဘို့အစုတို့ကို အမကြီးဒေါ်အုံးမြင့်တကွ မြင်အပ် မမြင်အပ် သတ္တ၀ါ အနန္တတို့အား အမျှ အမျှ အမျှ ပေးဝေငှပါသည်၊ အမကြီးဒေါ်အုံးမြင့်နှင့်တကွ ဝေနေယျများစွာ သတ္တ၀ါတို့သည် အမျှရကြပြီးလျှင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြသည် ဖြစ်ကြပါစေကုန်လော့။

မောင်တော်လေး (ဗာရာဏသီ)။
read more “မဟာသင်္ကြန်အကြတ်နေ့”

သင်္ကြန် အကျနေ့

0 comments


ဤနေ့သည် မြန်မာ့သင်္ကြန် အကျနေ့ဖြစ်သည်။ သို့အတွက်ကြောင့် လွန်ခဲ့သော (၁၀)နှစ်ခန့်က ဘ၀နတ်ကျောင်း ပြောင်းရွေ့သွားသော စာရေးသူ၏ မယ်တော်ကြီးဒေါ်ကျင်သိန်းအား ရည်စူးလျက် အဆောင်၌ အတူသီတင်းသုံးတော်မူကြသော သံဃာတော်(၁၁)ပါးအား ဆွမ်းကပ်ပြီး မွေးမိခင်ကျေးဇူးရှင် မယ်တော်ကြီးအား အမျှ အမျှ အမျှ ပေးဝေပါသည်။ ရောက်ရာဌာန ဘုံဘ၀မှ သာဓု သာဓု သာဓု ခေါ်နိုင်ပါစေသား၊ သာဓုခေါ်နိုင်ပြီးလျှင် လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာ နိဗ္ဗာန်ချမ်းသာတို့ကို ခံစား စံစားနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

သားမောင်(ဗာရာဏသီ)
read more “သင်္ကြန် အကျနေ့”

မြန်မာ့ သင်္ကြန်အကြို

0 comments Monday, April 12, 2010



မနက်ဖန် ၁၃၇၁-ခု ကဆုန်လဆန်း(၁)ရက်(၁၃-၀၄-၁၀)အင်္ဂါနေ့သည် မြန်မာ့ သင်္ကြန်အကြိုရက်ဖြစ်သည်။ သူငယ်ချင်းတို့ သင်္ကြန်အကြိုမှာ ဘာလုပ်ကြမှာလဲ ပြောပါအုံး ရေလောင်းပြီးကစားမှာလား?၊ ဒါမှ မဟုတ် စုပေါင်းပြီး ကုသိုလ်လုပ်ကြမှာလား?၊ တစ်ခုခုတော့ လုပ်ဘို့ကောင်းတယ်နော်။ သူငယ်ချင်းတို့ရေ ပျော်ပျော်ပါးပါး ဆင်နွဲကြပါစို့။
read more “မြန်မာ့ သင်္ကြန်အကြို”

"ခေါင်းဆောင်ကောင်းတစ်ဦး"

0 comments Friday, April 9, 2010
ကျောင်းဖွင့်စနေ့၌ စာသင်ခန်းထဲတွင် “ဦးဆောင်မှုဘာသာရပ်” ကို လာရောက်သင်ယူသည့်ကျောင်းသားများဖြင့် ပြည့်ကျပ်နေခဲ့သည်။ ဤကျောင်းသားများသည် နောင်၂-နှစ်နေပြီးလျှင် စီးပွားရေးနယ်ထဲသို့ ၀င်ရောက်ကြမည့် "BA" ကျောင်းသားများဖြစ်သည်။ ပထမဆုံးအချိန်မို့ ဆရာ၏ အလာကို တက်ကြွစွာ သူတို့စောင့်နေကြသည်။ ခဏအကြာတွင် ဧည့်သည်တော် နှစ်ဦးနှင့်အတူ ဆရာကဦးဆောင်ပြီး စာသင်ခန်းထဲသို့ ၀င်ရောက်လာသည်။
ဧည့်သည်တော် နှစ်ဦးအနက် တစ်ဦးမှာ မျက်နှာစိမ်းလူငယ်တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ စီးပွားရေး နယ်ပယ်တွင် လူသိများသော နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အသက်အရွယ် ဆရာနှင့်မတိမ်းမယိမ်း (၆၀) ခန့်ရှိမည်။
ရှေးဦးစွာ ဆရာက လူငယ်နှင့် မိတ်ဆက်ပေးသည်။ သူသည် ယခင်နှစ်က ဤကျောင်းမှာ ကျောင်းပြီးသွားသော အဆင့်တစ်ရ "BA" ကျောင်းသား တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ ဆရာ၏အထက်တန်း ကျောင်းနေဖက် သူငယ်ချင်းဖြစ်သည်။ သူ၏ပညာအရည်အချင်းမှာ အထက်တန်း အောင်ရုံမျှသာဖြစ်သည်။
ဆရာက ဤဧည့်သည်တော် နှစ်ဦးသည် “ခေါင်းဆောင်ကောင်းတစ်ဦး” ဟုသော ခေါင်းစဉ်ကို မိနစ်၂၀ကြာမျှ ဟောပြောကြမည်ဖြစ်ပြီး သူတို့ဟောပြောသောခြားနားချက်ကို ကျောင်းသားများက ရေးမှတ်ရမည်ဖြစ်သည်။ ပထမဦးစွာ အဆင့်တစ်ရ ကျောင်းသားက မိနစ်(၂၀) အချိန်တိုတို အတွင်းတွင် နာမည်ကြီးခေါင်းဆောင် ငါးဦးတို့၏ အတွေ့အကြုံနှင့် ဦးဆောင်ပုံများကို ပြောခဲ့သည်။
ထိုသူငါးဦးမှာ GE(General Electric) မှ Jack Welch၊ Intel မှ Andrew S. Grove၊ စီမံခန့်ခွဲမှုး Peter F. Drucker နှင့် ထိုင်ဝမ်မှ နာမည်ကြီးနှစ်ဦးလည်းပါဝင်သည်။ ထိုသူငါးဦး၏ ဦးဆောင်နည်းမှာ ခေါင်းဆောင်ကောင်းတစ်ဦးတွင် ရှိသင့်သည်ဟု ပြောကြားခဲ့သည်။ လူငယ်မှာ ယုံကြည်မှုအပြည့်နှင့် ပြောဟောအပြီး မိုက်ခရိုဖုန်းကို နောက်လူအား ကမ်းလိုက်သည်။ ထိုသူမှာ တစ်ချက်ပြုံးပြီး စကားစလိုက်သည်။ “ ဒီခေါင်းဆောင်းကောင်း တစ်ဦး ဆိုတဲ့ခေါင်းစဉ်ကို ကျွန်တော် စကားတစ်ခွန်းထဲနဲ့ပဲ အပြီးသတ်လိုက်လို့ရတယ်။ ဒါပေမယ့် ကျွန်တော့်ကိုအချောင်ခိုတယ် ထင်မှာဆိုလို့ ဒီစကား တစ်ခွန်းကို မိနစ်(၂၀)အသုံးပြုပြီး ကျွန်တော်ပြောရတော့မယ်။ ဒီဦးဆောင်မှုကို ရှုပ်ထွေးအောင် လုပ်ခဲ့မိတဲ့ကျွန်တော့်အဖြစ်လို့ နောင်တစ်ချိန်မှာ မကြုံကြစေဖို့ မျှော်လင့်ပါတယ်”“ကျွန်တော့်လုပ်သက် အနှစ်(၄၀)လုံးလုံးမှာ ကျွန်တော်သိချင်တဲ့ကိစ္စတစ်ခုကို မပြတ်လေ့လာခဲ့မိတယ်။ အဲတာကတော့ ကျွန်တော့် ကုမ္ပဏီမှာ အလုပ်လာလုပ်တဲ့ လူတွေဟာ “ငွေ” ကြောင့်မဟုတ်ဘဲ “စိတ်”ကြောင့်လားဆိုတာပါပဲ။အဲတာကို သိဖို့ အနှစ်(၄၀)လုံး ကျွန်တော် လေ့ကျင့်ခဲ့ရတယ်” (ဤနေရာတွင် “စိတ်”ကြောင့်ဆိုသည်မှာ စိတ်ပါလက်ပါ ကိုဆိုလိုခြင်းဖြစ်ပြီး“ငွေ”ကြောင့် ဆိုသည်မှာ လခဖြစ်သည်)
“ငွေ”ကြောင့်ဆိုတာက လုပ်ရတာ လွယ်ပါတယ်။ စီမံခန့်ခွဲတဲ့ ပညာရှိရင် လုံလောက်ပါပြီ။ ဒါပေမယ့် “စိတ်”ကြောင့်ဆိုတာက ခက်တယ်။ ၀န်ထမ်းတွေ ကိုယ့်ကို စိတ်ထဲကနေ လက်ခံလာဖို့လိုတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ခေါင်းဆောင်ကောင်း တစ်ဦးဆိုတာ အကျယ်တ၀င့် ပြောနေစရာ မလိုဘူး“ခေါင်းဆောင် ကောင်းတစ်ဦးဖြစ်ဖို့ သင်ယူနေတာဟာ လူလုပ်တတ်ဖို့သင်ယူနေတာနဲ့ အတူတူပဲ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ ခုနားခေါင်းစဉ်ကို ပြောချင်ပါတယ်”“ဒီခေါင်းစဉ်ကို ဘာမှ နားမလည်တဲ့အဆင့်၊ ပ ရာထူး၊ ဒု ရာထူး၊ တ ရာထူးကနေ သူဌေးအထိ အဆင့်(၅)ခုခွဲပြီး ကျွန်တော်ပြောချင်ပါတယ်။ လူလုပ်တတ်ဖို့အတွက် အဆင့်တစ်ဆင့်ချင်းကို ကျွန်တော်လေ့လာခဲ့တယ်။ အဆင့်(၅)ဆင့်ထဲကို နှစ်(၄၀)လောက် ကျွန်တော် ဖြုန်းခဲ့ရတယ်။ ကျွန်တော်ကျောင်းပြီးစ ဘာမှမသိ နားမလည်တဲ့ အချိန်တုန်းက No ဆိုတာကို နည်းနည်းပဲ ပြောပြီး Yes ဆိုတာကို များများပြော တတ်အောင် ကျင့်ခဲ့တယ်။ အလုပ်ကပေးတဲ့ ကိစ္စတွေ ဘယ်လောက်ခက်ခဲပါစေ ကျွန်တော် Noလို့ မပြောဘူး။ အဲဒီကိစ္စကို ကိုယ်တိုင်ဘယ်လို ဖြေရှင်းမလဲ ဆိုတာပဲ ကျွန်တော်စဉ်းစားတယ်။ အဲဒီလို လေ့ကျင့်တာ ကြာလာတော့ ကိုယ့်ကို တဖြေးဖြေး ကြီးပြင်းလာပြီလို့ ခံစားမိတယ်”“အဲဒီလိုနဲ့ ရာထူးတက်ပြီး ပထမအဆင့်ကို ရောက်တော့ နည်းနည်းပြောပြီးများများနား ထောင်တတ် အောင် ကျင့်ခဲ့တယ်။ နားထောင်နိုင်တဲ့ အချိန်မှာ ကျွန်တော် နုတ်မဟခဲ့ဘူး။ သူတို့ပြောတဲ့ စကားတွေထဲက ဘယ်အရာဟာ အရေးကြီးသလဲဆိုတဲ့အချက်ကို ခွဲတတ်အောင် ကျွန်တော်ကျင့်ခဲ့တယ်။ လေ့ကျင့်တာ ကြာလာတော့စကားပြောတဲ့အချိန်မှာ အရေးကြီးတဲ့ အချက်ကိုပဲပြောတဲ့ အသိကိုရလိုက်တယ်”“ရာထူးနောက်တစ်ဆင့် တက်တော့ “ငါ”ဆိုတာကို နည်းနိုင်သမျှနည်း “သူ”ဆိုတာကိုများနိုင်သမျှ များအောင် ကျင့်ခဲ့တယ်။ ဒါက သူတစ်ပါးအတွက် ပိုစဉ်းစားပေးပြီး ကိုယ့်အတွက် လျော့စဉ်းစားတာကို ပြောတာ..ဘာမဆိုတစ်ဖက်လူရဲ့ ရှုထောင့်က ကြည့်ပေးတယ်။ လေ့ကျင့်တာ ကြာလာတော့ သဘောထားကြီးလာတယ်.. ရက်ရော တတ်လာတယ်”“နောက်တစ်ဆင့် ထပ်တက်တော့ အဟောင်းနည်းပြီး အသစ်ကို များများ လက်ခံတတ်အောင် ကျင့်ခဲ့တယ်။ သဘောက ကျွန်တော်လုပ်လို့ အောင်မြင်ခဲ့တဲ့ အရာတွေကိုထပ်သလဲလဲ မလုပ်တော့ဘူး။ လုပ်ရင် အသစ် အဆန်းကို မစမ်းသပ်မိမှာစိုးလို့… လေ့ကျင့်တာ ကြာလာတော့ အသစ်တွေကို မပြတ် ထွင်နိုင်ခဲ့တယ်”“နောက်ဆုံး ကုမ္ပဏီထောင်ပြီး ကိုယ်တိုင်သူဌေးလုပ်တော့ သိတာကို နည်းပြီးများများဖတ်တတ် အောင် ကျွန်တော်ကျင့်ခဲ့တယ်။ ဘာမှ မသိနားမလည်တဲ့ အဆင့်ကနေတစ်ဖန်ပြန်စဖို့ ကိုယ့်ကိုလေ့ကျင့်ခဲ့တယ်။ အချိန်ပေးပြီး စာပိုဖတ်ခဲ့တယ်။ စာဖတ်များလာတော့ ကိုယ်မသိ နားမလည်တာများသေးကြောင်း ကိုယ့်ရဲ့ဟာကွက်တွေကို ပြန်မြင်လာတယ်”နောက်ဆုံးတွင် ဆရာက ကျောင်းသားများအား အတွေ့အကြုံ မရှိသူနှင့် ရှိသူကို ဟောပြောခိုင်းရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ရိုးရှင်းသော အဖြစ်တစ်ခုကို ကျောင်းသားများ ကိုယ်တိုင်ခံစားမိ စေရန်နှင့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ရန် ကြံစည်နေသူများ လူပီသဖို့ အရင်ကြိုးစားသင့်ကြောင်းပြောသွားခဲ့သည်။ မိမိကိုယ်တိုင်က လူမလုပ်တတ်ခဲ့ရင် လူတွေကို ဘယ်လို ဦးဆောင်မလဲ… အသိပညာဆိုတာ လူပီသတာနဲ့ ဆက်နွယ်နေတယ်။

မောင်ဖိုးကာ(မန်း)
read more “"ခေါင်းဆောင်ကောင်းတစ်ဦး"”

"တာဝန်ယူတတ်သည့်စိတ်"

0 comments
ထမြောက်အောင်မြင်သော ဘ၀တစ်ခုတည်ဆောက်ရေးတွင် နှောက်ယှက်ဟန့်တားစရာတစ်ခုကား အခြားသူများအပေါ်တွင် အပြစ်ပုံချတတ်သော အလေ့အထဖြစ်သည်။ သူတစ်ပါးကို အပြစ်ပုံချတတ်ခြင်းသည် ကမ္ဘာဦးကတည်းကရှိလာသည့် လူတွေ၏ညံ့ဖျင်းသော သဘာဝတစ်ရပ်ဖြစ်သည်။
လုပ်ငန်းခွင်တွင် ပြဿနာတစ်စုံတစ်ခုပေါ်လာသည့်အခါ သူ ငါ ထိုးချ၊ ငါ သူထိုးချနှင့်အပြစ်ကို ရှောင်ကြခြင်းမှာ ဓမ္မတာလိုဖြစ်နေသည်။ " ကျွန်တော်နှင့်မဆိုင်ဘူးဗျ၊ ဟိုလူလုပ်တဲ့ကိစ္စပါ " "ဌာနကကျွန်တော့ကို မသိတတ်ဘူးဗျာ ၊ အဲ့ဒီတော့ ကျွန်တော်လဲ ဘာပြန်သိတတ်စရာလိုမလဲ " စသည့် စကားများသည် သူတစ်ပါးကို အပြစ်ပုံချတတ်သူ၊ တာဝန်ရှောင်တတ်သူတို့၏ သဘာဝကိုပြနေသည့် စကားများဖြစ်သည်။ စင်စစ် ဤကဲ့သို့ သူတစ်ပါးကိုလွှဲချတတ်သောစိတ်သည် မရင်းကျက်သူတို့စိတ် (သို့) ငါစွဲ စိတ်ရှိသူများသာဖြစ်ကြသည်။
အောင်မြင်မှုရတဲ့အခါမှာငါကြောင့် ငါလုပ်လို့ဆိုပြီး ရင်ကော့ခေါင်းမော့တတ်တာ၊ ရှုံးတဲ့အခါမှာတော့ "သူ့ကြောင့်၊ သူမကောင်းလို့" ဆိုပြီး သူများကို လက်ညှိုးထိုးအပြစ်ပုံချတတ်တာ စိတ်ဓါတ်အောက်တန်းကျသူ တွေရဲ့ သဘာဝတစ်ခုဖြစ်တယ်။ တစ်ခါတစ်လေကျတော့လည်း "ငါ့ကြောင့် ၊ငါလုပ်လို့အောင်မြင်တာ၊ ငါသာဦးဆောင်နေရာကနေရမယ် " ဆိုတဲ့စိတ်တွေဝင်လာပါတယ် ။ အဲ့ဒီ ငါစွဲစိတ်တွေ ၀င်လာတာနဲ့ အချင်းချင်းညီညွတ်မှု စတင်ပြိုကွဲတော့တာပါပဲ။
ရှုံးတဲ့အခါ သူ့ကြောင့် ၊ ငါ့ကြောင့် လက်ညှိုးထိုးလို့ အပြစ်တွေပုံချလုပ်ကြတာကတော့ မဆန်းတော့ပါဘူး။ အလုံးကတော့ ငါစွဲစိတ်ရှိနေကြလို့ပါ။ ရှုံးရှုံးနိုင်နိုင် ပြဿနာဖြစ်စေတဲ့ အရင်းခံအကြောင်းတရား ငါစွဲစိတ် ကိုဖျောက်ပစ်နိုင်မှသာ ပြဿနာတွေလျော့ပါးသွားမှာဖြစ်ပgတယ်။ " တစ်ယောက်အားဖြင့် မယူနိုင်တာ အများအားနဲ့ရအောင်ယူမယ် " ဆိုတဲ့ သဘောတရားကိုထားပြီး အများအားကိုးရဖို့အတွက် ပေါင်းစည်း လုပ်ကိုင်ကြရမှာပါ။
ကမ္ဘာကြီးတစ်ခုလုံးဟာ " ရွာကြီး " တစ်ရွာအဆင့်လောက်သာရှိတော့တဲ့ ဒီခေတ်ကြီးမှာ " ငါစွဲစိတ် " တွေလွန်ကဲပြီး သွေးနထင်ရောက်နေရင်တော့ တစ်ယောက်ထဲ အများကြားထဲကကွဲထွက်နေပါလိမ့်မယ် ။ ဒါကြောင့် လူကြီးလူကောင်းဆန်ဆန်တွေးခေါ်တတ်ဖို့ ငါစွဲစိတ်ကိုဖျောက်ပြီး တာဝန်ယူတတ်သည့်စိတ်လေး ထားတတ်ဖို့ကြိုးစားသင့်ပါတယ်။

မောင်ဖိုးကာ(မန်း)
read more “"တာဝန်ယူတတ်သည့်စိတ်"”