ဓမ္မစကြာအခါတော်နေ့ (၀ါဆိုလပြည့်)

0 comments Wednesday, July 28, 2010
၁၃၇၂-ခု၊ ဒုတိယ ၀ါဆိုလပြည့်နေ့သည် ဓမ္မစကြာအခါတော်နေ့ ဖြစ်ပါသည်။ ထို့နေ့၌ လွန်ခဲ့သော (၁၀)နှစ်ခန့်က ဘ၀နတ်ကျောင်း ပြောင်းရွေ့သွားသော မယ်တော်ကြီး ဒေါ်ကျင်သိန်း၊ လွန်ခဲ့သော(၁)နှစ်ခန့်က ဘ၀နတ်ကျောင်း ပြောင်းရွေ့သွားသော ရဟန်းမယ်တော်ကြီး ကြီးတော် ဒေါ်ကျင်မြ၊ လွန်ခဲ့သော(၇)နှစ်ခန့်က ဘ၀နတ်ကျောင်း ပြောင်းရွေ့သွားသော အမကြီး ဒေါ်အုန်းမြင့်နှင့်၊ လွန်ခဲ့သော(၁)နှစ်ခန့်က ဘ၀နတ်ကျောင်း ပြောင်းရွေ့သွားသော အစ်ကိုကြီး ကိုဝင်းစိန်တို့အား ကောင်းမှုကုသိုလ်ဖြစ်ပါစေခြင်းအလို့ငှါ စာရေးသူနှင့်အတူနေ စာသင်သား သံဃာတော် အပါး(၂၀)ပါးတို့ကို ဆွမ်းကပ်ပြီး မိမိပြုသမျှ ကုသလကို မယ်တော်ကြီးနှင့်တကွ ဘုံသုံးဆယ့်တစ် ဝေနေယျသတ္တ၀ါတို့အား အမျှကုသိုလ် ပေးဝေငှပါသည် ကောင်းထွေသာဓု ခေါ်ဆိုနိုင်ကြပါစေကုန်သတည်း။ သာဓုခေါ်ဆိုနိုင်ကြကုန်သည်ဖြစ်၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိကြပါစေကုန်သတည်း။

သဓု၊ သာဓု၊ သာဓု။

ရှင်သုခ(မင်းလှ)
read more “ဓမ္မစကြာအခါတော်နေ့ (၀ါဆိုလပြည့်)”

A Summary of what I have done

0 comments Sunday, July 25, 2010
The title of my Thesis is "A Study of Buddhism in Burma (3rd Century BC to 13th century A.D) and it is divided into seven chapters: ( I ) Introduction, ( II ) Spread of Buddhism in Burma, ( III ) Buddhist Literature in Burma ( IV ) Buddhist Monuments in Burma, ( V ) Buddhist Sculptural remains in Burma, ( VI ) Various Buddhist Schools in Burma, ( VII ) Conclusion. Out of seven Chapters, the first chapter is "Introduction" and it is subdivided into five titles.
In the first title, briefly I mention the Geography of Burma with brief presentation of climate of Burma and then the second title is arranged in the subject of the History of Burma.
In this regard, I present the situations of historical succession, from by the mid- 900s BC to 1989 AD, as to how, early migration of three tribes (the tribe of Mon, Tibeto-Burma speaking Pyu, and Tibeto-Burman speaking Burmans or the Bamar) to Ayeyarwady Valley, warfare among tribes regarding invading to the land, introducing of Buddhism to Myanmar, etc.
The third title is "What Buddhism is". In this title, I emphasize on the Four Noble Truth and the Noble Eightfold Path not only because these two teachings are vital essences of Buddhism and but also because these enable to point out the path or way the final liberation or happiness for those who want to come to the end of suffering.
The fourth one is A summary of what I have done (i.e., this title),
And the title of Research Methodology and Sources comes into the final arrangement of the chapter (I). In that case, I present completely how and why I attempt my research work.

Shin Sukha(Min Hla)

ှ
read more “A Summary of what I have done”

ရွှေဟင်္သာဆရာတော်

0 comments Tuesday, July 6, 2010
ရွှေဟင်္သာဆရာတော်ကြီးသည် သီတဂူသြ၀ါဒါစရိယဆရာတော်ကြီးတစ်ပါးဖြစ်ပါသည်။ ဆရာတော်ကြီးသည် သီတဂူသြ၀ါဒခံယူပွဲ၌ အောက်ပါ လင်္ကာလေးဖြင့် ဆုံးမသြ၀ါဒပေးခဲ့ပါသည်။ ရဟန်း၊ ရှင်၊ လူ၊ သူတော်၊ သီလရှင်အပေါင်း ကျင့်ကြံသွားလာ နေထိုင်ကျင့်သုံးရမည့် ဆောင်ပုဒ်ကလေးဖြစ်ပါသည်။

သူအများအကျိုး၊ ရွက်သည်ပိုးက။
ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊
မဖဲ့အစောင်း၊ ကိုယ့်လမ်းကြောင်းကို၊
စိတ်ကောင်းနှင့်ယှဉ်၊ ရှေ့ရှုနှင်လော့-တဲ့။
လောကမှာ အများအကျိုးဆောင်ရွက်သည်ဖြစ်စေ၊ မိမိအကျိုးဆောင်ရွက်သည်ဖြစ်စေ၊ များသောအားဖြင့် မှားတတ်ကြပါသည်။ အဲဒါကြောင့် မြန်မာစကားပုံမှာ မမှားသောရှေ့နေ၊ မသေသော ဆေးသမား-ဟူ၍ မရှိဘူးဟုဆိုရိုးရှိခဲ့ပါသည်။ မှန်ပါသည်။ ရှေ့နေတိုင်း မမှန်သလို၊ ဆေးဆရာ ကုတိုင်းလည်း မရှင်နိုင်ပါဘူး။ သို့အတွက်ကြောင့် အများမကျိုးကို ဆောင်ရွက်တဲ့နေရာမှာ ရှေ့နေဖြစ်ဖြစ်၊ ဆေးဆရာဖြစ်ဖြစ် မှားတတ်ကြသည်မှာ ဓမ္မတာဖြစ်ပါလိမ့်မည်။ များသောအားဖြင့် လူတွေဟာ ကောင်းတာလုပ်တိုင်းလည်း ကောင်းတာလုပ်ပါလားလို့ အကောင်းမြင်တတ်တဲ့ ပုဂ္ဂိုလ်အလွန်နည်းပါးလှပါသည်။ မကောင်းတာလုပ်နေပြန်တော့လည်း ကောင်းတာလုပ်နေတယ်လို့ အမြင်မှားပြန်ရော၊ ကဲ အဲဒီတော့ ဘယ်လိုနေကြမလဲ စာရေးသူအကြံပြုချင်တာကတော့ မိမိက ကောင်းတယ်ထင်လုပ်သည်ကို ဆက်လက်ပြီး အတွန့်မဆုတ်ဘဲ အောင်မြင်အောင် ဆက်လက်လုပ်ဆောင်ပြီး ပန်းတိုင်ရောက်အောင် ကြိုးစားအားထုတ်ကြပါလို့ အကြံပြု တိုက်တွန်းလိုက်ရပါသည်။

ရှင်သုခ(မင်းလှ)
read more “ရွှေဟင်္သာဆရာတော်”