စိတ်ရှည်သည်းခံဖို့ရယ်၊ အမြော်အမြင် ကြီးမားဖို့ရယ်၊
ကျယ်ပြန့်တဲ့နား၊ မျက်စိတွေ အသိဥာဏ်ကြီးကြီးနဲ့
စီမံချက်တွေကို သွက်သွက်လက်လက်နဲ့ အေးအေး
ချမ်းချမ်း ဆောင်ရွက်ကြဖို့လိုလိမ့်မယ်။
စိတ်တွေက မြန်တယ်။ ဆောင်ရွက်ရင်းနဲ့ စိတ်ဆိုး
လာကြမယ်။ ကျယ်ပြန့်တဲ့ ဆွေးနွေးတိုင်ပင်မှုတွေ၊
ကျယ်ပြန့်တဲ့ မူဝါဒတွေ၊ စနစ်တကျ ကြိုတင် ပြင်ဆင်
ထားတာတွေ၊ လုပ်ငန်းကို သွက်သွက်လက်လက်နဲ့
မလုပ်ခဲ့ကြတာတွေ၊ မလုပ်နိုင်ကြတာတွေ စုနေကြမယ်
ဆိုရင်ဒီပဋိပက္ခတွေက ငြိမ်းချမ်းစရာအကြောင်း မရှိဘူး။
ဒါကြောင့်
- ဆင်လိုလည်းပဲ အားကောင်းရမယ်။
- မြင်းလိုလည်းပဲ မြန်ရမယ်၊
- နွားလိုလည်းပဲ သည်းခံရမယ်။
- ခြင်္သေ့လိုလည်းပဲ သတ္တိရှိရမယ်။
ခေါင်းဆောင်တွေဟာ အဲဒီလေးချက် အရေးကြီပါတယ်။
အဲဒီ မူလေးချက်နဲ့ ဆောင်ရွက်ကြပါဆိုတာကို
တိုက်တွန်းပါတယ်။
- ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး
ဒေါက်တာဥာဏိဿရ
“ ပဋိပက္ခ ငြိမ်းချမ်းရေး မူလေးချက်သြ၀ါဒ ”

Subscribe to:
Post Comments (Atom)

0 comments:
Post a Comment