ဤလောကီ

ဤလောကီ

ဤလောကီ ဘုံဘဝ
ကြုံရသည့် ဖြစ်ထွေ။

နုံလှသည့် စနစ်တွေ
လှစ်ချွေလျှင် မကောင်း။

ခွေးဝဲစား ပုံသို့တင်
စုံလို့ပင် နှင်မောင်း။

ကျင့်ဝိပဿ် ဖြာ့အဖြာ
ငါ့ခမျာ ဟောရအာညောင်း။

ချာ့အချာ မသာလောင်းတို့က
ခါစောင်းလို့ ရေးမယူ။

လျှာဂျီး(ကြေး)ထူ ရသာဖျင်းသို့
ဓမ္မလျာဟင်း သင်းတို့ငြူစူ။

အမတကမ္ဘာတွင်း ချဉ်းဘို့ပြူလျှင်
ငြင်းစို့မူပင် ချမှတ်ကြထင့်။

ရလာဘ် ဂုဏ်ကိုသာပင်
အထုံပို ၀ါသနာခင်။

စာသဘင်ပွဲ ၀င်နွှဲဆင်သည်
စဉ်မြဲပင် လွဲခဲ့ပါသကွဲ့လေး။ ။
******************
စစ်ကိုင်း မင်းရှိန်

0 comments:

Post a Comment