လေဖြတ်ဝေဒနာ ကာကွယ်ပါ

ကျန်းမာရေး ပညာရှင်များ စာရင်းပြုထားတဲ့ အမျိုးသားများ လေဖြတ်နိုင်တဲ့ အချက်များကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။...........

လူပျိုကြီး တစ်ကိုယ်တည်း ဖြစ်ခြင်း

အမျိုးသားပေါင်း တစ်သောင်းကျော်ကို နှစ်ရှည်လများ လေ့လာချက်များအရ လူလတ်ပိုင်းအရွယ် လက်ထပ်လိုက်ကြသူများဟာ လူပျိုကြီးများထက် နောက်ထပ် ၃၄ နှစ်အတွင်း လေဖြတ်ခြင်းကြောင့်သေနိုင်စွမ်း ၆၄% တိတိ လျော့နည်းပါသတဲ့။
ဒါပေမယ့် အိမ်ထောင်ပြုခြင်းဟာ တကယ်ကို ဘ၀ရဲ့ ပျော်ရွှင်မှု တစ်ခု ဆိုတဲ့ဘက်ကို အလေးသာသင့်ပါတယ်။ဘာလို့လဲဆိုတော့ အိမ်ထောင်ရေးမှာမပျော်တဲ့ သူတွေက လူပျိုကြီးတွေလိုပဲ လေဖြတ်နိုင်တဲ့ အခွင့်အလမ်း တူတူပါပဲတဲ့။

အ၀လွန်ခြင်း

ကိုယ်အလေးချိန်ဟာ လေဖြတ်ခြင်းရဲ့ အခွင့်အလမ်းပါပဲ။ ကိုယ်အလေးချိန်များလေလေ နီးစပ်လေလေပါပဲ။ ဒီနေရာမှာ တိတိကျကျ ပြောဖို့ကတော့ BMI နဲ့ပဲ ဆုံးဖြတ်ပါတယ်။ ဒီအကြောင်းကို http://www.mutdfan.com/viewarticles.php?id=142 မှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းဟာ သေချာပေါက်လေဖြတ်အောင် သွေးကြောတွေကို ပျက်စီးစေပါတယ်။ သောက်နေတာ ကြာပြီ ဖြစ်ပေယ့် ဖြတ်လိုက်တာနဲ့ အန္တရာယ်တွေကနေ သက်သာသွားပါတယ်တဲ့။

အမေရိကန်တောင်ပိုင်းသား ဖြစ်ခြင်း

ကယ်လီဖိုးနီးယား တောင်ပိုင်း၊ မြောက်ပိုင်း၊ ဂျော်ဂျီယာ၊ မစ်စစ္စပီ၊ အယ်လ်ဘားမား စတဲ့ ပြည်နယ်တွေကို ဆက်ပြီး လေဖြတ်ခြင်း ခါးပတ်နယ်မြေများ လို့ ခေါ်ပါတယ်။ ဒီနေရာတွေမှာ မွေးဖွားခဲ့ပြီး ကလေးဘ၀ကိုပဲ ဒီနေရာတွေမှာ ကုန်ဆုံးစေခဲ့တယ် ဆိုရင် သေချာပေါက် ကြီးလာရင် လေဖြတ်နိုင်တယ်လို့ သုတေသီများက ပြောပါတယ်။ (ကျိန်စာသင့်နေတာလား မသိဘူးနော်)
ဘယ်လိုပဲ ဖြစ်ဖြစ်ဖြစ် မက်ဖန်ပရိသတ်များ ဗဟုသုတ ရဖွယ်၊ ဆင်ခြင်ဖွယ် တင်ပြပေးလိုက်ပါတယ်။

သီဟသစ် (ဆေး-၂)

0 comments:

Post a Comment