ကြွေးဟောင်းဆပ်လျက် ကြွေးသစ်ချစေချင်

အပိုင်း(၁)

“မိဘလုပ်ကျွေး၊ ကြွေးဟောင်းပေး၊ စိတ်အေးကြစေရာ၊ ကျေအေးကြစေရာ”
“သားသမီးချစ်၊ ကျွေးတုံလစ်၊ ကြွေးသစ်ချသည်မည်”---ဟူသော လင်္ကာအရ စာရေးသူနှင့်တကွ စာဖတ်ပရိသတ်အပေါင်းတို့ ကြွေးဟောင်းဆပ်လျက် ကြွေးသစ်ချကြပါစို့။
“ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍ ၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ၊ ကျင့်ဖွယ်သ္မီးတို့တာ”---ဆိုတဲ့ စာရေးသူ ငယ်ငယ်က သင်ခဲ့ရ ကျက်ခဲ့ရ မှတ်ခဲ့ရသော လင်္ကာလေးတစ်ပုဒ်က ငယ်စဉ် ကတော့ စာမေးပွဲအောင်ဘို့ ဆရာရိုက်မှာကြောက်လို့ ဒီနှစ်ခုလောက်အတွက်သာ အာဂုံဆောင်ခဲ့ဘူးပါသည်၊ ယနေ့ထက်တိုင် မေ့မရနိုင်သော လင်္ကာလေးဖြစ်ခဲ့ပါသည်။
ခုတော့ အဲဒီလင်္ကာလေးရဲ့ သဘောအဓိပါယ်က နက်နဲခက်ခဲလှချည်းတကားလို့ ဆိုရမလိုဖြစ်ခဲ့ပါသည်။ စာပေဆိုတာ အနက်အဓိပါယ် နားလည်ပါမှ စာပေရဲ့အရသာကို သိလာရပါသည်၊ စာပေ၏သဘောအဓိပါယ်ကို နားမလည်လျင် မျက်မမြင်ပုဏား ခြောက်ယောက်ကို ဆင်ကြီးခေါ်ပြဘိသကဲ့သို့ ကိုယ်ထင်ရာပြောကြ ငြင်းကြ ခုန်ကြဖြစ် ရသလို ကိုယ်ထင်ရာ ကိုယ်သဘောပေါက်ရာ စိုင်းတတ်ကြပါသည်၊ ဒါကြောင့် စာပေကို ပြည့်ပြည့်စုံစုံသိအောင် လေ့လာလိုက်စားဘို့လိုပေသည်၊ အဲဒီလင်္ကာလေး၏ အဓိပါယ် က သားသ္မီးများသည် မိဘများအပေါ် ပြုစုလုပ်ကျွေး ကြွေးဟောင်းပေးရမည့် ၀တ္တရား ငါးပါးရှိပါသည်---
၁။ မိဘများကို ပြုစုလုပ်ကျွေးရမည်၊
၂။ မိဘများ၏ လုပ်ငန်းကိစ္စအ၀၀ကို ဆောင်ရွှက်ပေးရမည်၊
၃။ မိဘများ၏ ကောင်းမွေကို ခံယူကြရမည်၊
၎။ မိဘများ ကွယ်လွန်သွားသောအခါ အလှူပေး၍ အမျှပေးဝေရမည်၊
၅။ မိဘများ၏ မျိုးရိုးကို စောင့်ရှောက်ထိမ်းသိမ်းရမည်။

အပိုင်း(၂)ဆက်ရန်

0 comments:

Post a Comment