အေးချမ်းမွန်မှ တုနှိုင်းမဲ့ မိဘကို ချစ်မြတ်နိုးသူများ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည် https://www.facebook.com/excellencemedia
read more “
”
အမေ့နေ့ အဆက်
0 comments Friday, January 25, 2013အလွန်တရာမှ လေးနက်သော မေတ္တာဓာတ်တို့ဖြင့် သားသမီးများကို ဖြစ်စေတတ်သော်ကြောင့် မိဘများကို "ဇနေတ္တိ" ခေါ်ပါတယ်။ လင်္ကာလေးက "၀မ်းနှိုက်ဝယ်ကြင်၊ ဖွားသန့်စင်၊ ခေါ်တွင် ဇနေတ္တိ" ကြင်ကြင်နာနာ ကရုဏာဖြင့် ဖွားမြင်အောင် ဆောက်ရွက်တတ်သောကြောင့်လည်း ဇနေတ္တိ မည်ပါတယ်။
ဖွားမြင်ပြီးပြန်တော့လည်း အလိုမကျဖြစ်၍ ငိုကြွေးနေသော သားငယ် သမီးငယ်တို့ကို ရင်သွေးဆိုတဲ့ နို့ချိုတိုက်ကျွေးခြင်းဖြင့်လည်းကောင်း၊ ထွေးပိုက်ချော့မြူ၍လည်းကောင်း၊ နမ်းရှုတ်ဗူးဗူးမှုတ်ပေးခြင်းဖြင့်လည်းကောင်း၊ သီချင်းဆိုပြ၍လည်းကောင်း၊ အစား အစာဖြင့်လည်းကောင်း၊ ကစားစရာဖြင့်လည်းကောင်း နှစ်သိမ့်စေတတ်သောကြောင့် "တောသေန္တိ"မည်ပါတယ်။ လင်္ကာလေးက "ရင်သွေးဖြင့်ပင်၊ နှစ်သိမ့်ကြင်၊ ခေါ်တွင် တောသေန္တိ"
သား သမီးတွေကို မြတ်နိုးသည်ကိုပြု၍ စောင့်ရှောက်တတ်သောကြောင့်လည်းကောင်း၊ မိမိနှင့် ကျင့်ရသောကြောင့်လည်းကောင်း၊ ဘေးရန်ကင်းအောင် မွေးမြူရသောကြောင့်လည်းကောင်း ပေါသေန္တိ မည့ပါတယ်။ လင်္ကာလေးက "ကြီးပွားစေချင်၊ မြတ်နိုင်းကြင်၊ ခေါ်တွင် ပေါသေန္တိ" မှက်၊ ခြင်၊ ယင်၊ နေပူ၊ လေပူ၊ မြွေ၊ ကင်း၊ သန်းတို့မှ ကင်းဝေးစေခြင်းအကျိုးငှါ မြတ်နိုးကြင်နာစွာ မွေးမြူတတ်သောကြောင့်လည်း ပေါသေန္တိ မည်ပါတယ်။
သား သမီးများအတွက် မစားရက်၊ မသောက်ရက်၊ မသုံးရက်ဘဲ ပစ္စည်းဥစ္စာတွေကို စုဆောင်း၍ မေတ္တာဖြင့် လုံလုံခြုံခြုံ ထိန်းသိမ်းစောင့်ရှောက်တတ်သောကြောင့် ဂေါပေန္တိ မည်ပါတယ်။ လင်္ကာလေးက "အမွေနှစ်လျှင်၊ လုံစေချင်၊ ခေါ်တွင် ဂေါပေန္တိ"
"မိဘနှစ်ပါး၊ လုပ်ကျွေးငြား၊ မှတ်သားမင်္ဂလာ" ဆိုတဲ့အတိုင်း မင်္ဂလာတော်နှင့်အညီ မိဘနှစ်ပါးကို လုပ်ကျွေးကြရပါမည်။ ဤကဲ့သို့ ဂုဏ်အင်္ဂါငါးပါးဖြင့် ပြည့်စုံသော မိဘများအား အသိဥာဏ်ရှိသော လူမျိုးတိုင်း ဘာသာအသီးသီးမှ သား သမီးများသည် လုပ်ကျွေးပြုစုထိုက်ပေးသည်။ လုပ်ကျွေးပြုစုနိုင်ကြပါစေလို့ တိုက်တွန်းလျက်........
ရှင်သုခ (မင်းလှ)
၂၆-၀၁-၁၃
read more “အမေ့နေ့ အဆက်”
ပြာသိုလ်လပြည့် အမေ့နေ့
0 comments
လောကမှာ လူသားတိုင်းသည် မိဘများကို ပြုစုလုပ်ကျွေးကြရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သားသမီးဆိုတာ မိဘမရှိရင် ဖြစ်မလာနိုင်ပေ၊ သစ်ပင်သည် ရေမြေကင်းလျက် အသက်မရှင်နိုင် မဖြစ်နိုင်သလို သက်ရှိဖြစ်တဲ့ လူ၊ တိရစ္ဆာန်များလည်း မိဘကင်း၍ မဖြစ်နိုင်ဘူးဆို ငြင်းစရာမရှိပေ။ သို့အတွက်ကြောင့် အဲဒီလောက်ကျေးဇူးများသော မိဘများကို လုပ်ကျွေးထိုက်ပေသည် မပျက်မကွက် လုပ်ကျွေးကြရမည်သာ ဖြစ်သည်။ ထို့ကြောင့် ၂၆-၀၁-၁၃ စနေနေ့မှာ ကျရောက်မည့် အမေ့နေ့အတွက် "မာတာပိတု ဥပဋ္ဌာနမင်္ဂလာကို တင်ပြလိုက်ပါသည်။ ဘာသာတရားတိုင်းက ဆုံးမတဲ့ အဆုံးအမအတိုင်း လူသားတိုင်း လူသားတိုင်း မိဘကို လုပ်ပေကျွးရမယ်၊ အကျိုးရှိ အကျိုးမရှိကို သိတတ်သောကြောင့် လူ၊ တိရစ္ဆာန်များကြတော့ သုံးခုပဲသိတယ် အိပ်မယ်၊ စားမယ်၊ ကာမဂုဏ်ခံစားမယ်ဆိုတာပဲ သိတယ်။ အဲဒီတော့ အသိဥာဏ်ရှိတဲ့ လူသားတွေက မိဘကို လုပ်ကျွေးကြတယ်၊ မိဘကို မလုပ်ကျွေးဘူးဆိုတဲ့ သားသမီးကြတော့ တိရစ္တာန်နဲ့ တူသွားပြီ၊ မိမိသည် လူလား၊ တိရစ္ဆာန်လားဆိုတာ ကွဲကွဲပြားပြား သိတတ်ရမယ်၊ အဲဒီတော့ လင်္ကာလေးက "မိဘနှစ်ပါး၊ လုပ်ကျွေးငြား၊ မှတ်သားမင်္ဂလာ" မိရင်း ဘရင်းကို လုပ်ကျွေးကြခြင်းသည် ကောင်းမြတ်သော မင်္ဂလာမည်ပါသည်။ အဘယ့်ကြောင့် မိဘတွေကို လုပ်ကျွေးထိုက်သလဲဆိုတော့ "သားသမီးဆိုတဲ့ အသီးအပွင့်တွေကို လိုလားကြတဲ့ မိဘနှစ်ပါတို့သည် နတ်တွေကိုလည်း ရှိခိုးကြတယ်"၊ ဘုရားမပွင့်မှီအခါက သုဇာတာသူဌေးသမီးသည် ညောင်ပင်အား သားဆုတောင်းပြီး ပူဇော်ရှိခိုးခဲ့ဘူးသည်။ တနေ့မှာ မြတ်စွာဘုရားနှင့်တွေ့ပြီး ဆွမ်းကပ်၊ မြတ်စွာဘုရားလောင်းလည်း အဲဒီဃနာနို့ဆွမ်းကို ဘုဉ်းပေးပြီး ဗောဓိပင်အောက်မှာ တရားကျင့်၍ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။ ဗေဒင် နက္ခတ်တွေလည်း မေးကြရတယ်၊ ငါ့ရဲ့ ၀မ်းကြာတိုက်မှာ ကိုယ်ဝန်တည်လာတဲ့ သား သမီးလေးသည် ဘယ်လိုသားသမီးများလည်း နက္ခတ်မေးကြတယ်။ အဇာတသတ္တု ကိုယ်ဝန်ယူတုန်းက ညအချိန်မှာ လက်နက်တွေ အရောင်တ၀င်းဝင်းလက်တယ်ဆိုတဲ့ ဟောကြားတော့ ဒီကလေးသည် လက်နက်အားကိုးပြီး မိဘကို နှိပ်စက်လိမ့်မယ်၊ ဇောတိကသူဌေး ကိုယ်ဝန်တည်တော့ ရွှေငွေကျောက်သံ ပတ္တမြားတွေ ၀င်းဝင်းလက်တော့ ချမ်းသာကြွယ်ဝခဲ့တယ်၊ အဲဒီကဲ့သို့ ငါ့သား ငါ့သမီးလေးတွေကို ချမ်းသာစေတယ် နက္ခတ်ကောင်းနဲ့ မွေးစေခြင်တယ်ဆိုတဲ့ မေတ္တာစိတ်တွေကို လုပ်ကျွေးခြင်းငှါ ထိုက်ပါပေသည်။ သို့အတွက်ကြောင့် ပါဌိတော်မှာ အမိကို "သုဟဒ, သုဟဒယ" အလွန်ကောင်းသော စိတ်နှလုံးကောင်းရှိသူလို့ အဓိပ္ပါယ်ရပါတယ်၊ မိဘများသည် အခြားသူတွေ အပေါ်မှာ ကောင်းခြင်ကောင်း မကောင်းခြင်နေ၊ မိမိရဲ့ သားသမီးများအပေါ်မှာတော့ သားဆိုးသမီးဆိုးဖြစ်ပါစေ အလွန်ကောင်းမွန်တဲ့ စိတ်နှလုံးရှိပါတယ်။ ကိုယ်ဝန်ကို ကိုးလလွယ် ဆယ်လကြားမှာ မဖွားခင် ငါ့သား ငါ့သမီးတွေ ကျန်းကျန်းမာမာ ဖွားမြင့်စေခြင်းငှါ မိမိအဆင်းရဲခံပြီးတော့ စားချင်တာ မစားရ၊ ထိုင်ချင်သိလို မထိုင်ရဘဲ အလွန်ကောင်းမြတ်တဲ့ ကရုဏာ မေတ္တာဓာတ်တွေဟာ အမြဲတန်းဖြစ်နေတယ်။
read more “ပြာသိုလ်လပြည့် အမေ့နေ့”
“ ပညာဆိုသည်မှာ ”
0 comments
“ ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍
သိသမျှကို ပညာဟုမဆိုပေ။ ပညာသည်
အတိုင်းအဆမထင် အလွန်ကျယ်ပြော
နက်နဲလှပေသည်။ ကမ္ဘာရှိစာအုပ်အားလုံး
ပင်လျှင် ပညာအားလုံးကို ဖော်ပြခြင်းငှာ
မတတ်နိုင်ပေ။ ပညာအားလုံးကို လောက
ပြင်ကျယ်တည်းဟူသော အကြီးဆုံးကျောင်း
၌သာ တွေ့ရှိနိုင်လေသည်။
ထို လောကပြင်ကျယ်တည်းဟူသော
အကြီးဆုံးကျောင်း၌ ကျွန်ုပ်တို့သည်
ပုခက်တွင်းမှသည် မြေကြီးထဲသို့ရောက်သည့်
အချိန်အထိ ပညာသင်သားများဖြစ်ကြလေသည်။ ”
( သခင်အောင်ဆန်း )
read more ““ ပညာဆိုသည်မှာ ””
နှလုံးကျန်းမာရေး (သတိပြုဖွယ်)
0 comments
ဒီဆောင်းပါးလေးဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့ပက်သက်တဲ့ ဆောင်းပါးလေးပါ။
ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့သတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက်ရပ်တန့်စေတဲ့ ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။
တရုတ်လူမျိုးနဲ့ ဂျပန်လူမျိုးတွေဟာ ထမင်းစား နေစဉ်မှာ ရေနွေး သောက်သုံးတဲ့ အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာတော့ သူတို့ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့ အလေ့အထကို ကျွန်တော်တို့တွေပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။
ခုဆောင်းပါးလေးကတော့ ထမင်းစားပြီးတော့ ရေခဲရေ သောက်သုံးသူတွေအတွက်တော့ သက်ရောက်မှု့  ရှိပါတယ်။ (ကျွန်တော်ပေါ့ဗျာ။) တကယ်တော့ ထမင်းစားပြီးတော့ ရေခဲရေ ဒါမှမဟုတ် အအေးတခုခု သောက်သုံးလိုက်ခြင်းဟာ အတော်လေး အရသာ ရှိပါတယ်။
ဒါပေမယ့်လည်း ရေခဲရေက နေပြီးတော့ မကြာခင်ကမှ စားသုံးထားတဲ့ အစာတွေကို ဆီခဲတွေလို အစိုင်အခဲ အဖြစ်သို့ရောက်စေ ပါတယ်။ ပြီးတော့ အဖတ်တွေကလဲ အက်စစ်အဖြစ် တုန့်ပြန်ပြီးတော့ အဲတာတွေကို ဖြိုခွဲပြီးတော့ အူနံရံတွေက နေပြီး အခဲ အစာတွေထက် ပိုမိုလျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲတာတွေဟာ အူထဲမှာသွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာတွေဟာ အဆီခဲအဖြစ် ပြောင်းလဲသွားပြီးတော့ ကင်ဆာရောဂါကို ဖြစ်စေဖို့ဦးတည်နိုင်ပါတယ်။ အကောင်းဆုံးကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ်ပူပူလေးဖြစ်ဖြစ် ရေနွေးကြမ်းဖြစ်ဖြစ် သောက်သုံးသင့်ပါတယ်။
(အရေးကြီးတဲ့နှလုံးခုန် ရုတ်တရက်ရပ်တာမျိုး- သင်သိသင့်တာကတော့ နှလုံးခုန် ရုတ်တရက်ရပ်တန့်တဲ့ လက္ခာတွေ အားလုံးမှာ ဘယ်ဖက်လက်မောင်း ကိုက်ခြင်းမျိုး မဟုတ်ပါ။ မေးရိုးတလျှောက် နာကျင်လာခြင်းဟာလဲ သတိထားသင့်ပါတယ်။)
(နှလုံးခုန် ရုတ်တရက်ရပ်တန့်စဉ်အတွင်းမှာတော့ သင်ဟာဘယ်တော့မှ ပထမ ရင်ဘတ်နာခြင်းကိုခံစားရမှာ မဟုတ်ပါဘူး။ ဖျားနာခြင်းနဲ့ ချွေးထွက်လွန်ခြင်းတွေဟာလည်း အများဆုံးလက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော နှလုံးခုန်ရုတ်တရက် ရပ်တန့်ကြတဲ့သူတွေဟာ အိပ်ပျော်နေယင်းကနေပြီး ပြန်လည်နိုးထလာခြင်း မရှိတော့ပါဘူး။ မေးရိုးနာကျင်မှု့က သင့်ကို နိုးထအောင် လုပ်နိုင်ပါတယ်။ ကျွန်တော်တို့တစ်တွေ ဂရုပြုပြီးတော့ သတိထားရမှာပါ။ အဲတာတွေက ကျွန်တော်တို့ ဆက်လက် အသက်ရှင်ရပ်တည်ဖို့ အခွင့်အရေးကောင်း ဖြစ်ပါတယ်။
(နှလုံးရောဂါ အထူးကုတစ်ယောက်က ပြောတာက ဒီစာကိုဖတ်မိသူ တစ်ယောက်ကနေပြီးတော့ နောက်ထပ် (၁၀)ယောက် ကို ဆက်ပေးပို့မယ်ဆိုယင် သင်နဲ့ကျွန်ုပ်တို့ဟာ အနည်းဆုံးအသက်တစ်ချောင်းကို ကယ်ဆယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေး ကိုဖတ်ပါ။ ပြီးတော့ မိတ်ဆွေတစ်ယောက်ဆီကို ပို့ပေးလိုက်ပါ။ ဒီလုပ်လုပ်ခြင်းဟာ အသက်တစ်ချောင်းကို ကယ်ဆယ်ခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေကောင်းအဖြစ်နဲ့ သင့်သူငယ်ချင်းများ၊ မိတ်ဆွေများကို ဒီဆောင်းပါးလေးနဲ့ အတူ ဂရုတစိုက်ရှိဖို့ပးပို့ဖစ်အောင် ပို့ပေးလိုက်ပါဗျာ။ (ကျေးဇူးတင်ပါတယ်)။
လမင်းမောင်မှ တဆင့် ကူးယူဖေါ်ပြပေးလိုက်ပါတယ်။ ။
read more “နှလုံးကျန်းမာရေး (သတိပြုဖွယ်)”
နေ့စဉ် ၀မ်းမှန်မှန်သွားစေရန် သဘာဝ နည်းလမ်း (၈)သွယ်
0 comments Wednesday, January 23, 2013
နည်းလမ်း(၁)။ ။တနေ့လုံး ရေသောက်တဲ့ပမာဏက ရေဖန်ခွက် ၈ခွက်မှ-၁၀ဖန်ခွက်နီးပါးရှိပါစေ။ ဒီလောက်ပမာဏကို ရေသောက်ပေးမှသာ အူလမ်းကြောင်းက အလုပ်ကောင်းကောင်း လုပ်နိုင်မှာဖြစ်ပါတယ်။ ညဘက်မှာရေတစ်ဘူးကိုအိပ်ရာဘေးထား
အိပ်ပြီး နံနက်အိပ်ရာကနိုးတာနဲ့ သောက်ပေးပါ။
နည်းလမ်း၂။ ။အိပ်ရာမ၀င်ခင်နွားနို့တစ်ဖန်ခွက်ထဲ ထောပတ်လက်ဖက်စားဇွန်းတစ်ဇွန်းခန့် ထည့်ပြီးသောက်ပေးပါ။ဝမ်းချုပ် တာကိုသက်သာစေပါတယ်။
နည်းလမ်း၃။ ။နံနက်စောစောရေနွေးကြမ်း ဖန်ခွက်၂ခွက်မှ -၃ ဖန်ခွက်လောက်သောက်ပြီး လမ်းလျှောက်ပေးပါ။ ဒါဆိုရင်အူလှုပ်ရှားမှုကောင်းကာ ဝမ်းသွားစေပါတယ်။
နည်းလမ်း (၄)။ ။သင်စားတဲ့အစာ(နံနက်စာ၊နေ့လည်စာနဲ့ညစာ)ထဲမှာလတ်လတ်ဆတ်ဆတ်သစ်သီးတွေနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေပါဝင်ပါစေ။ သင်္ဘောသီး၊ခရမ်းချဉ်သီးတွေက ဝမ်းချုပ်တာကိုသက်သာစေပါတယ်။
နည်းလမ်း(၅)။ ။ပန်းသီးကလည်းဝမ်းချုပ်နေရင်စားသင့်တဲ့အသီးပါ။နံနက်ခင်းတိုင်းပန်းသီး၂လုံး စားပေးပါ။ ပန်းသီးစိတ်ကို သေချာကြိတ်ဝါးပြီးစားပေးရင်ဝမ်းမှန်မှန်သွားစေပါတယ်။
နည်းလမ်း(၆)။ ။ဝမ်းချုပ်နေသူတွေအတွက်အလွယ်ကူဆုံးအိမ်တွင်းကုထုံးကတော့ သံပရာရည်၊ရှောက်ရည် တစ်ဖန်ခွက်ထဲကို ဆားအနည်းငယ်ထည့်ပြီး သောက်တာပဲဖြစ်ပါတယ်။
နည်းလမ်း(၇)။ ။သင်္ဘောသီး၊ မာလကာသီးတွေကလည်း ဝမ်းချုပ်တာကိုကုသပေးနိုင်ပါတယ်။ နံနက်ခင်း ဘာအစာမှ မရှိတုန်းသင်္ဘောသီးပုံမှန်စားပေးတာက ဝမ်းချုပ်တာကိုကင်းဝေးစေပါတယ်။
နည်းလမ်း(၈)။ ။နံနက်စောစောမှာရေနွေးပူပူထဲသံပရာညှစ်ထည့်ပြီးသောက်ပေးရင် ဝမ်းချုပ်တာကို ကင်းစေကာ စိတ်ရောကိုယ်ပါ လန်းဆန်းနေပါလိမ့်မယ်။
Myawady News
သတင်းစုဗူး (ဒေါက်စံ ဖေ့စ်ဘုတ်မှ တဆင့်ကူးယူဖေါ်ပြပါသည်)။
read more “နေ့စဉ် ၀မ်းမှန်မှန်သွားစေရန် သဘာဝ နည်းလမ်း (၈)သွယ်”
နားနှင့် ပက်သက်ပြီး ရှောင်ကျဉ်သင့်သော အချက်များ
0 comments Monday, January 21, 2013
ဤစာကို သေချာစွာ မပျက်မကွက် ဖတ်သင့်ပါတယ် ။ ကျနော် အပါအ၀င် လူ 90% လောက်က နားနဲ့ ပက်သက်ပြီး ဗဟုသုတ နဲကြပါတယ်လေ၊ နားတွေမှာ သူဘာသာသန့်စင်စေခြင်းနဲ့ သူဘာသာ ကာကွယ်နိုင်ခြင်းဆိုတဲ့ သဘာဝသတ္တိရှိပြီးသားပါ။ ဒါ့ကြောင့် နားတွေကို မမှန်ကန်တဲ့ နည်းတွေနဲ့ သန့်စင်ဆေးကြောမှု ပြုလုပ်တဲ့အခါ နားမှာ ထိခိုက်ဒဏ်ရာရခြင်းနဲ့ နားတွင်း
ကူးစက်ပိုးဝင်ခြင်းဆိုတဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
( ၁ ) နားဖာချေးကို မကလော်ပါနဲ့
နားဖားချေးတွေဟာ နားရဲ့သူ့ဘာသာ သန့်စင်စေတဲ့ လုပ်ငန်းစဉ်ကို ကောင်းကောင်း
အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ နားဖာချေးတွေဟာ ဆိုးဆိုးဝါးဝါးပိတ်ဆို့ မနေရင် ကလော်ပြီး မဖယ်ရှားသင့်ပါဘူး။ အပြင်နားစည်အရေပြားရှိ ဂလင်းကနေ ထုတ်ပေးလေ့ရှိတဲ့ နာဖာချေးတွေဟာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နေပါတယ်။ နားစည်ရဲ့ အရေပြားကို ကာကွယ်ဖုံးအုပ်ပေးခြင်း၊ ရေကို တွန်းထုတ်ခြင်းနဲ့ နားတွင်းပိုးဝင်တာနဲ့ ထိခိုက်ဒဏ်ရာ မဖြစ်အောင် ကာကွယ်ပေးခြင်းစတဲ့ လုပ်ငန်းတွေအပြင် နားအတွင်း အရေပြားခြောက်သွေ့ ယားယံခြင်းမဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။ ဒါ့ပြင် နားဖာချေးဟာ အပြင်ကနေဝင်လာတဲ့ ဖုန် နဲ့ ပိုးမွှားတွေကို နားစည်ထဲမရောက်အောင် သယ်ယူထားပေးပါတယ်။ အများအားဖြင့် နားဖာချေးဟာ သူ့အလိုလို ထွက်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာတော့ အလိုလို ထွက်မသွားတဲ့အတွက် နားဖာချေးကို ကလော်ပြီး ဖယ်ထုတ်ရတတ်ပါတယ်။
(၂ ) နားစည်ထဲ ဘာမှ မထည့်ပါနဲ့
နားအတွင်းထဲကို ဝါဂွမ်းစ၊ လက်ချောင်း၊ ကလစ်လို ချွန်ထက်တဲ့ အရာတွေ မထည့်ပါနဲ့။ နားအတွင်းထဲ ပြင်ပပစ္စည်းထည့်တာဟာ နားစည်ရဲ့ နူးညံ့တဲ့ အရေပြားကို ထိခိုက်ပျက်စီးစေသလို အခန့်မသင့်ရင်
နားစည်ကို ပေါက်ပြဲစေပါတယ်။ လူအများစုဟာ နားဖာချေးထွက်သွားအောင် နားထဲကို ပြင်ပပစ္စည်းထည့်ပြီး ကလော်ထုတ်တတ်ကြပါတယ်။ နားဖာချေး သိပ်မရှိဘဲ ပြင်ပပစ္စည်းဟာ နားစည်အထိရောက်သွားရင် နားကို မသက်မသာ ဖြစ်စေကာ ယာယီနားမကြားတော့တာမျိုး ဖြစ်သွားတတ်ပါတယ်။ နားစည် အရေပြားခြစ်မိခြင်းနဲ့
နှာချေးဟာ နားစည်အတွင်းထဲအထိ ရောက်ရှိသွားခြင်းတွေကြောင့် နားတွင်းကူးစက်ပိုးဝင်တဲ့ အန္တရာယ်လဲ များပါတယ်။
(၃ ) နားအတွင်းထဲ မဆေးကြောပါနဲ့
နားရဲ့ အပြင်ဘက်ပိုင်း ညစ်ပတ်နေရင် ဆပ်ပြာနဲ့ ရေစိုစွတ်နေတဲ့ နူးညံ့တဲ့ အဝတ်စသုံးပြီး ဆေးကြောပေးပါ။ ဒါပေမဲ့ နားအတွင်းထဲကိုတော့ အဝတ်စ၊ လက်ချောင်းနဲ့ တခြားဘာမှ ထည့်ပြီး မဆေးကြောပါနဲ့။ ကလေးရဲ့ နားကို ဆေးကြော သန့်စင်ပေးချင်ရင်လည်း ဝါဂွမ်းစကို ဆပ်ပြာမပါတဲ့ ရေထဲထည့်ပြီး ဆေးကြောပေးလို့ ရပါတယ်။ ဒါပေမဲ့ နားကို ခြောက်သွေ့အောင် ပြန်ပြုလုပ်ဖို့ အရေးကြီးပါတယ်။ ရေကူးတဲ့သူတွေမှာ နားခြောက်သွေ့အောင် အထူးဂရုစိုက်ဖို့ လိုပါတယ်။ တကယ်လို့
နားတွင်းပိုးဝင်ပြီး နာကျင်နေရင်တော့ ဆရာဝန်နဲ့ပြပါ။
( ၄ ) နားထဲက ပြင်ပပစ္စည်းကို အတင်းမဖယ်ရှားပါနဲ့
လူကြီးတွေကော ကလေးတွေမှာပါ နားထဲ ပြင်ပပစ္စည်းဝင်နိုင်ပါတယ်။ လူကြီးတွေမှာတော့ နားကပ်ကျွတ်ပြီး မတော်တဆ နားထဲ ဝင်သွားတာဖြစ်တတ်ပြီး ကလေးတွေကတော့ စနောက်ချင်စိတ်၊ စပ်စုလိုစိတ်နဲ့ အခြားကလေးရဲ့နားထဲဒါမှမဟုတ် ကိုယ့်နားထဲ ပြင်ပပစ္စည်းထည့်တတ်ကြပါတယ်။ ပဲစေ့လို၊ ခဲဖျက်လို ပစ္စည်းတွေဆိုရင် သူ့အလိုလို ပြန်ထွက်သွားဖို့မလွယ်ပါဘူး။ အင်းဆက်ပိုးမွှားတွေလည်း နားထဲရောက်ပြီး ပိတ်မိနေတာမျိုး ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ဘာသာ ပြင်ပပစ္စည်းကို ဖယ်ရှားဖို့ မကြိုးစားပါနဲ့။ ဆရာဝန်ထံ ချက်ချင်းသွားပါ။ ဆရာဝန်က နားထဲက ပြင်ပပစ္စည်းကို အထူးကိရိယာနဲ့ ဖယ်ရှားပေးမယ့် အပြင် နားထဲမှာ ထိခိုက်ဒဏ်ရာရှိ၊ မရှိ ဆန်းစစ်ကြည့်ရှုတာ လိုအပ်သလို ကုသပေးပါလိမ့်မယ်။
( ၅ ) နားထဲ နားဖာချေးပိတ်ဆို့နေခြင်း
နားထဲ နားဖာချေး အလွန်အမင်း ပိတ်ဆို့နေပြီး ဖယ်ရှားဖို့လိုတဲ့ အခြေအနေတွေရှိပါတယ်။
ဖယ်ရှားဖို့ လိုတဲ့ လက္ခဏာရပ်တွေကတော့ နားအကြားအာရုံ ဆုံးရှုံးခြင်း၊ နားကိုက်ခြင်း၊ နားအူခြင်း၊ နားထဲပြည့်နေသလို ခံစားရခြင်း စတာတွေပါပဲ ဖြစ်ပါတယ်။ အဲဒီအခါ မိမိဘာသာ နားထဲက နားဖာချေး ထုတ်တာမျိုး မလုပ်ဘဲ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ ပြသလိုက်ပါ။ ။
မှတ်ချက် ။ ။အနာဂတ်ကြယ်ပွင့်လေးများ မှ တဆင့် ကူးယူဖော်ပြထားတာပါ..မသိသေးသူများအတွက် ဗဟုသုတ ရပါစေခြင်း အလိုငှါ ကူးယူတင်ပြလိုက်ပါသည်။ ။
မှတ်ချက် ။ ။အနာဂတ်ကြယ်ပွင့်လေးများ မှ တဆင့် ကူးယူဖော်ပြထားတာပါ..မသိသေးသူများအတွက် ဗဟုသုတ ရပါစေခြင်း အလိုငှါ ကူးယူတင်ပြလိုက်ပါသည်။...
read more “နားနှင့် ပက်သက်ပြီး ရှောင်ကျဉ်သင့်သော အချက်များ”
Subscribe to:
Comments (Atom)


