အမေ့နေ့ အဆက်

အလွန်တရာမှ လေးနက်သော မေတ္တာဓာတ်တို့ဖြင့် သားသမီးများကို ဖြစ်စေတတ်သော်ကြောင့် မိဘများကို "ဇနေတ္တိ" ခေါ်ပါတယ်။ လင်္ကာလေးက "၀မ်းနှိုက်ဝယ်ကြင်၊ ဖွားသန့်စင်၊ ခေါ်တွင် ဇနေတ္တိ" ကြင်ကြင်နာနာ ကရုဏာဖြင့် ဖွားမြင်အောင် ဆောက်ရွက်တတ်သောကြောင့်လည်း ဇနေတ္တိ မည်ပါတယ်။ ဖွားမြင်ပြီးပြန်တော့လည်း အလိုမကျဖြစ်၍ ငိုကြွေးနေသော သားငယ် သမီးငယ်တို့ကို ရင်သွေးဆိုတဲ့ နို့ချိုတိုက်ကျွေးခြင်းဖြင့်လည်းကောင်း၊ ထွေးပိုက်ချော့မြူ၍လည်းကောင်း၊ နမ်းရှုတ်ဗူးဗူးမှုတ်ပေးခြင်းဖြင့်လည်းကောင်း၊ သီချင်းဆိုပြ၍လည်းကောင်း၊ အစား အစာဖြင့်လည်းကောင်း၊ ကစားစရာဖြင့်လည်းကောင်း နှစ်သိမ့်စေတတ်သောကြောင့် "တောသေန္တိ"မည်ပါတယ်။ လင်္ကာလေးက "ရင်သွေးဖြင့်ပင်၊ နှစ်သိမ့်ကြင်၊ ခေါ်တွင် တောသေန္တိ" သား သမီးတွေကို မြတ်နိုးသည်ကိုပြု၍ စောင့်ရှောက်တတ်သောကြောင့်လည်းကောင်း၊ မိမိနှင့် ကျင့်ရသောကြောင့်လည်းကောင်း၊ ဘေးရန်ကင်းအောင် မွေးမြူရသောကြောင့်လည်းကောင်း ပေါသေန္တိ မည့ပါတယ်။ လင်္ကာလေးက "ကြီးပွားစေချင်၊ မြတ်နိုင်းကြင်၊ ခေါ်တွင် ပေါသေန္တိ" မှက်၊ ခြင်၊ ယင်၊ နေပူ၊ လေပူ၊ မြွေ၊ ကင်း၊ သန်းတို့မှ ကင်းဝေးစေခြင်းအကျိုးငှါ မြတ်နိုးကြင်နာစွာ မွေးမြူတတ်သောကြောင့်လည်း ပေါသေန္တိ မည်ပါတယ်။ သား သမီးများအတွက် မစားရက်၊ မသောက်ရက်၊ မသုံးရက်ဘဲ ပစ္စည်းဥစ္စာတွေကို စုဆောင်း၍ မေတ္တာဖြင့် လုံလုံခြုံခြုံ ထိန်းသိမ်းစောင့်ရှောက်တတ်သောကြောင့် ဂေါပေန္တိ မည်ပါတယ်။ လင်္ကာလေးက "အမွေနှစ်လျှင်၊ လုံစေချင်၊ ခေါ်တွင် ဂေါပေန္တိ" "မိဘနှစ်ပါး၊ လုပ်ကျွေးငြား၊ မှတ်သားမင်္ဂလာ" ဆိုတဲ့အတိုင်း မင်္ဂလာတော်နှင့်အညီ မိဘနှစ်ပါးကို လုပ်ကျွေးကြရပါမည်။ ဤကဲ့သို့ ဂုဏ်အင်္ဂါငါးပါးဖြင့် ပြည့်စုံသော မိဘများအား အသိဥာဏ်ရှိသော လူမျိုးတိုင်း ဘာသာအသီးသီးမှ သား သမီးများသည် လုပ်ကျွေးပြုစုထိုက်ပေးသည်။ လုပ်ကျွေးပြုစုနိုင်ကြပါစေလို့ တိုက်တွန်းလျက်........ ရှင်သုခ (မင်းလှ) ၂၆-၀၁-၁၃

0 comments:

Post a Comment