ထန်းပင်မှ ရသောဆေးစွမ်းများ
0 comments Monday, March 29, 2010စာရေးသူသည် သီတဂူ သြ၀ါဒါစရိယ ကိန္နရာဆရာတော်ကြီး နာမကျန်းဖြစ်သဖြင့် သီတဂူအာယုဒါနဆေးရုံတော် ၀ိသေသဆောင် အခန်း(၁)၌ သီတင်းသုံစေပြီး မန္တလေးမှ ကုသိုလ်ဖြစ်လာရောက် ကုသပေးကြကုန်သော အထူးဆရာဝန်းများ သီတဂူဆေးရုံတော် ဆရာဝန် ဆရာမများ အားလုံးပြုစုစောင်ရှောက် ကုသပေးကြသည်။ စာရေးသူသည် ဆရာတော်ကြိုက်တတ်သော ဂရိတ်ဖရုဖျော်ရည်ကို နေ့စဉ် ညနေ(၅)နာရီမှာ သွားရောက်ကပ်လေ့ရှိသည်။ တနေ့ ကိန္နရာဆရာတော်ကြီးက ငါ့တပည့် မင်းရေဖျင်းရောဂါအကြောင်း သိသလားတဲ့၊ တပည့်တော် သိသလောက်တော့ ရေဖျင်းဆိုတာ ပိုက်ကြီးပူလာမယ်၊ ကိုယ်တွေ ဖေါလာမယ်ဘုရား ဒါလောက်ပဲသိပါတယ်ဘုရားလို့ လျှောက်ထားလိုက်ပါတယ်။ ဒါနဲ့ ဆရာတော်ကြီးက အေး အဲဒီရောဂါကို ကုသလို့်ရတဲ့ ဆေးကောင်းရှိတယ်တဲ့ အဲဒီဆေးနည်းကို ငါလင်္ကာလေး လုပ်ထားတယ်ကွ၊ ဒီလိုပါ-----
”ပင်ကျရည်တစ်ခွက်၊ မသောက်ရလျှင်၊
နှစ်ရက်လောက်သေချင်၊
ကနက်အောက် ဖြေမရွှင်သည်၊
လေနှင်ရွေ့ အန်ပျို့၊
ငွေ အမြှုပ် ထွက်သည့်အချိန်တွင်၊
သက်ဝိညာဏ် ကင်းလိမ့်မယ်ဗျို့”တဲ့။
ဒီလင်္ကာအရဆိုရင် ထန်းရည်ကို ပုံမှန်သောက်ပေးလျှင် ရေဖျင်းရောဂါ ပျောက်တယ်လို့ ဆရာတော်ကြီးကမိန့်ဆိုသွားတာဖြစ်တယ်။
နောက်တစ်မျိုးက အသဲရောင် အသားဝါပျောက်ဆေး-----
”ထန်းသီးနုနုကို တစ်ထိုင်တည်းဖြင့် ၀အောင်းစားရမယ်။ စားပြီးလျှင် အိပ်ရေး ၀၀အိပ်ပါမယ်တဲ့၊ မကြာမကြာ စားပေးပါ ပျောက်ကင်းကြောင်း အာမခဲပါသည်လို့ ဆရာတော်ကြီး မိန့်ခဲ့ဘူးပါသည်။ ဤဆေးနည်းများသည် ရှာရတာလည်း လွယ်ကူတယ်၊ စားသောက်ရမည့်သူအတွက်လည်း အပန်းမကြီးပါ၊ ဒါကြောင့် ရေဖျင်းရောဂါနှင့် အသဲရောင်အသားဝါရောဂါသည်များအတွက် သတင်းကောင်းပါးလိုက်ပါသည်။ ။
ကိန္နရာဆရာတော်ကြီး ပြောပြသည့်အတိုင်း ကူးယူဖေါ်ပြသည်။ ။
ရှင်သုခ(မင်းလှ)
read more “ထန်းပင်မှ ရသောဆေးစွမ်းများ”

တိုက်တိုက် ဆိုင်ဆိုင်
0 comments Sunday, March 28, 2010
စာရေးသူ ၃၀-၀၆-၀၆ နေ့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ ဒေလီယူနီဗာစီတီမှာ ပညာသင်သွားတဲ့နှစ်မှ စတင်ပြီး သီတဂူဆရာတော်၏ မွေးနေ့အတွက် ဂါရ၀ပြု အမှတ်တရ စာအုပ်လေးတစ်အုပ်အဖြစ် နှစ်နှစ်ဆက်တိုက် ထုတ်ဖြစ်ခဲ့ပါသည်၊ အားလုံးသော ၀ါသနာ ရှင်သူငယ်ချင်းများရယ် ၀ါသနာမပါသော်လည်း စာရေးသူတိုက်တွန်းလို့ မရေးမဖြစ်ရေးကြရတဲ့သူငယ်ချင်းများ ၀ိုင်းဝန်းပြီး ရေးကြပါသည်။၊ ၂၀၀၇-၂၀၀၈ ထုတ်ဝေပြီး စာရေးသူလည်း မြန်မာပြန်ရောက်တော့ အဆက်ပြတ်သွားတာ တစ်နှစ်ကြာသွားတယ်၊ ဒီနှစ် ဗာရာဏသီပြန်ရောက်တော့ မောင်က၀ိရေ ဆရာတော်၏ မွေးနေ့အတွက် စာအုပ်ထုတ်ကြရအောင် မဖြစ်ဖြစ်အောင်ထုတ်မယ်၊ ဒါနဲ့ စာရေးသူ သူငယ်ချင်းများကို စာရေးဘို့ တိုက်တွန်းလိုက်ပါတယ်၊ အားလုံးသော သူငယ်ချင်းတွေကလည်း ရေးပေးကြပါတယ်၊ မွေးနေ့မတိုင်ခင် စာအုပ်ကို မြန်မာပြည်ပို့နိုင်အောင် လုပ်ရမည်လို့ မောင်က၀ိကိုလည်း တောင်းပန်ထားတယ်၊ ကုန်ကျစာရိတ်ကို စာရေးသူလှူမယ်လို့လည်း လျှောက်ထားပါတယ်၊ ဒါပေမဲ့ မောင်က၀ိကလည်း သူ့ရဟန်းမယ်တော်ကြီးကို ကျေးဇူးဆပ်ချင်လို့ဆိုပြီး သူလည်းပါဝင်လှူဒါန်းတယ်လေ။ မောင်က၀ိရေ ဆရာတော်ထံ စာအုပ်ပို့ပြီးပြီလား မေးတော့ တပည့်တော် ဦးသုစရိတနဲ့ ပေးလိုက်တယ်ဘုရားတဲ့၊ မောင်က၀ိရေ ကိုယ့်စီလဲ စာအုပ်ပို့ပါအုံးဆိုတော့ မှန်ပါဘကြီးသစ် ပို့လိုက်မယ်တဲ့၊ အေး ဒီလိုဆိုရင် ကိုယ်လိပ်စာက အခန်း(၂၉)၊ အင်တာနေရှင်နယ် ဟောက်စ် ကွန်ပလက်နော်၊ စာရေးသူက ၁၁-၀၂-၁၀ မှ အခန်းရတယ်လေ၊အရင်တုန်းကတော့ အပြင်မှာ အိမ်ခန်းငှါးနေရတယ်လေ၊ ဒီလိုပါပဲ အိန္ဒိယကို ပညာလာရှာကြတဲ့ ရဟန်းတွေအားလုံး အဆောင်မရခင် အပြင်က ကုလားတွေအိမ်မှာ ငှါးနေရတာက ဓမ္မတာဖြစ်နေပါပြီ။ တိုက်ဆိုင်ချင်တော့ စာရေးသူက သူဌေးလေးရေ ကိုယ်လည်း မင်းတို့လို ဘလော့ရေးချင်တယ်၊ ကိုယ့်ကို ကူညီပါအုံးလို့ပြောတော့ သူဌေးလေးက ညီလင်းဆက်ရေးထားတဲ့ အခြေခံ ဘလော့ရေးနည်းကို မေးလ်ပို့ပေးတယ်လေ၊ သူဌေးလေးဆိုတာကတော့ ပူနေးတက္ကသိုလ်မှာ ဒေါက်တာဘွဲ့အတွက် ကျမ်းပြူစုနေတဲ့ ဦးကဉ်စနပေါ့၊ ကိုယ်က ဘလော့ရေးမယ်လို့ စိတ်ကူးထားတဲ့နေ့မှာ နေ့လည် (၂)နာရီလောက် တံခါးကို တောက်တောက်နဲ့ ခေါက်တယ် ဟေ့ ဘယ်သူလဲ ပို့စ်မင်းပါဆိုတော့ ထကြည့်လိုက်တယ်လေ မောင်က၀ိပို့လိုက်တဲ့ ဆရာတော်၏ မွေးနေ့အထူးထုတ် ”လရောင်ကို နမ်းရှိုက်သူများ” စာအုပ်ဖြစ်နေတယ်လေ၊ ပျော်လိုက်တဲ့ဖြစ်ခြင်းပေါ့၊ ဒီနေ့သည် သီတဂူဆရာတော်၏မွေးနေ့၊ မွေးနေ့အထူးထုတ် စာအုပ်ရောက်တဲ့နေ့၊ စာရေးသူ ဘလော့လေး စရေးမည်လို့ စိတ်ကူးတဲ့နေ့ တိုက်တိုက် ဆိုင်ဆိုင် ဒီဘလော့လေးတော့ ရေးဖြစ်အောင် ရေးမယ်လို့ သန္နိဋ္ဌာန်ချပြီး အစဆုံး စာရေးသူ ဆရာတော်၏ မွေးနေ့အထူးထုတ်စာအုပ်ထဲမှပါတဲ့ ကဗျာလေးနဲ့ တိုက်တိုက် ဆိုင်ဆိုင် စ ရေးဖြစ်ခဲ့ပါတယ်။ (ကဗျာက တင်ပြီးဖြစ်ပါသည်)။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
ရှင်သုခ(မင်းလှ)
သူတို့နှင့်ဆုံမိပုံအကြောင်း
0 commentsတနေ့သ၌ စာရေးသူ အမာမြို့မှ ရန်ကုန်သို့ ပြန်လာရောက်လျှင် နေ့ဆွမ်းစားပြီး အနားယူနေစဉ် ဖုန်းလာသဖြင့် ကောက်ကိုင်လိုက်ရာ ဘုန်းဘုန်း နေကောင်းလား ခင်ဗျားကဘယ်သူလဲ တပည့်တော် ချောင်းဦးမြို့နယ်၊ ကျည်ကုန်းရွာက မငြိမ်းကြည်ပါဘုရား၊ ဘာအကြောင်းမျာရှိပါသလဲ၊ ဘုန်းဘုန်းကို ရဟန်းခံချင်လို့ပါဘုရား။ ဒကာမကြီးတို့မှာ တခြားရဟန်းခံထားတဲ့ ရဟန်းများရှိသလား၊ ရှိရင် အဲဒီကိုယ်တော်ကိုပဲ ပြည့်စုံအောင် ထောက်ပံ့ပါလားလို့ ပြန်ပြောလိုက်တော့ မဟုတ်ဘူး ဘုန်းဘုန်းကိုပဲ ရဟန်းခံချင်လို့ပါ တောင်းပန်သဖြင့် ခွင့်ပြုခဲ့ရပါသည်။ ဒါနဲ့ ဆရာတော်ကိုလျှောက်ပြီး -၀၈-၀၉-၀၈နေ့ သီတဂူမှာပဲ ရဟန်းခံဖြစ်တယ်ဆိုပါတော့။
တနေ့ ကျောင်းသားတစ်ယောက်က ဘကြီးသစ် ဒီမှာ ဧည့်သည်တွေက တွေ့ချင်လို့တဲ့ ဘယ်သူတွေလဲ တပည့်တော်တို့က ကျည်ကုန်းကပါဘုရား မန္တလေးက ဓမ္မကထိက ဦးပညာနန္ဒက လွှတ်လိုက်တာပါဘုရား၊ ဒီမှာ စာတစ်စောင်ရေးပေးလိုက်ပါတယ်ဘုရား၊ နောင်ကြီးရေ ခုလာတဲ့ မိသားစုဟာ တပည့်တော်၏ကျောင်းမှာ ဆောက်လုပ်ရေးတာဝန်ယူနေသော ဒကာ၏ တူမများဖြစ်ပါသည်၊ လိုအပ်တာအားလုံး ကူညီပေးလိုက်ပါဘုရားတဲ့။ အေး ဘာအကြောင်းများရှိသလဲ ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ချင်လို့ပါဘုရား အေး ဘယ်သူလဲ ဘာရောဂါလဲပေါ့၊ အမျိုးသ္မီးရောဂါပါဘုရား၊ အေး ဒါဆိုလဲ ဆေးရုံသွားကြရအောင်လေ၊ သူ့နာမည်က မမျိုးမျိုးဝင်းတဲ့၊ အဲဒီ ကလေးမလေးနဲ့ စောစောက ပြောခဲ့တဲ့ မငြိမ်းကြည်တို့က ညီအစ်မ တစ်ဝမ်းကွဲတော်တယ်လေ၊ သူ့ညီမ ဆေးရုံတက်တယ်ဆိုတော့ လူနာလာမေးတယ်ပေါ့၊ အဲဒီမှာ စာရေးသူနဲ့ တစ်ခါဆုံဘူးတယ် ဆိုပါစို့။ အဲဒီနောက် မမျိုးမျိုးဝင်း ဆေးရုံမဆင်းခင်မှာ သီတဂူမှာ နေ့ဆွမ်းတစ်ခါကပ်ဖူးတယ်လေ၊ အဲဒီတုန်းက စာရေးသူက ဆွမ်းကျောင်းဘုန်းကြီးပေါ့လေ၊ နောက်မကြာမီ မမျိုးမျိုးဝင်း၏ အမရင်း မသိန်သိန်းဝင်း စာရေးသူထံ လာလည်တော့ ပြန်လိုက်ပို့ရင်းက တတိယအကြိမ် သူတို့နဲ့ ဆုံခွင့်ရပြန်တယ်လေ။ ဒါနဲ့ စာရေးသူလည်း ၃၀-၀၆-၀၆-နေ့က ဒေလီကို စာသင်ထွက်တော့ အဆက်အသွယ်ပြတ်သွားပြန်ရော၊ ၁၅-၀၅-၀၈-နေ့မှာ စာမေးပွဲပြီးလို့ ဆရာတော်အား ဘုရားတပည့်တော် ဘာဆက်လုပ်ရပါမည်နည်းဘုရား ဖုန်းဆက်လျှောက်ထားရာ ဆရာတော်က ငါ့တပည့် မင်းပြန်လာခဲ့ ခု မင်းဆရာ ဧရာဝတီ လေဘေး ရေဘေးသင့်တဲ့အရပ် ရှေ့တန်းမှာရောက်နေတယ် မင်းရယ် မောင်သုန္ဒရရယ် မောင်ကုမာရရယ် ပြန်ခဲ့ကြ၊ ပြီးတော့ လိုက်ချင်တဲ့သူတွေလည်း ခေါ်ခဲ့ပေါ့ကွာတဲ့၊ ဆရာတော်၏အမိန့်ကြောင့် စာရေးသူတို့ သူငယ်ချင်း လေးယောက် စာရေးသူ၊ မောင်ကုမာရ၊ မောင်သဇ္ဇန၊ မောင်သီဟ(သဲကုန်း) မြန်မာပြည်ကို -၂၆-၀၅-၀၈နေ့က ပြန်ခဲ့ကြတယ်။ ၂၇-၀၅-၀၈နေ့မှာပဲ ဆရာတော်က မင်းငါနဲ့အေတူ ဗိုလ်ကလေးကို လိုက်ရမယ်တဲ့၊ စာရေးသူလဲ အဲဒီကစပြီး ဗိုလ်ကလေး၊ အမာ၊ ဟိုင်းကြီးကျွန်း၊ ဖျာပုံ၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်းတို့ကို ရန်ကုန်နှင့် အသွားအပြန် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်လျက် မမောနိုင် မပန်းနိုင်ပေါ့။ ဒီလိုနဲ့ ၀ါဆိုဘို့ နီးလာတော့ ဆရာတော်က မင်းစစ်ကိုင်းမှာ ပြန်ပြီး ၀ါဆိုရမယ်တဲ့၊ ဒါကြောင့်စစ်ကိုင်းပြန် ၀ါဆို၊ ၀ါတွင်းလည်းပဲ ဆရာတော်က မောင်သေဋ္ဌိလရေ ဒီနေ့ ရန်ကုန်ဆင်းလာခဲ့ အမာမြို့ကိုသွားရမယ်။ ဒီလိုနဲ့ စာရေးသူ စစ်ကိုင်း+ရန်ကုန်+အမာ ကူးနေရတယ် ဆိုပါတော့။ အဲဒီ အမာက ပြန်လာတဲ့ တနေ့ပေါ့။ ဘုန်းဘုန်းကို ရွာကိုကြွခဲ့ပါအုံးဘုရား ဘယ်ရက်လောက်ကို ရဟန်းခံရရင် ကောင်းမယ်ဆိုတာ အမိန့်ရှိပါဘူရား၊ အဲဒါကြောင့် ဆရာတော်ထံ လျှောက်ထားတော့ ဆရာတော်က ၀၈-၀၉-၀၈ ငါလည်း စစ်ကိုင်းရှိတယ် အဲဒီရက်လှူခိုင်းလိုက်ပေါ့ဟု အမိန့်ရှိ၍ ၄င်းရက်မှာပဲ ရဟန်းခံခဲ့ရပါသည်။ အဲဒီနောက် ဘုန်းဘုန်း တပည့်တော်မြေးတွေ ရှင်ပြုလျှင် ဆရာတော်၏ တရားပွဲနဲ့ အလှူပေးချင်ပါတယ်ဘုရား၊ ဒါဆိုရင် ဘုန်းဘုန်း ဆရာတော်ကို လျှောက်ကြည့်မယ် ဆရာတော် ပေးတဲ့ရက် လှူလိုက်ကြပေါ့ မှန်ပါ့ဘုရား၊ ဒါနဲ့ ဆရာတော်က ၀၇-၀၁-၀၉မှာ ရှင်ပြုအလှူနှင့် တရားပွဲကို ပြုလုပ်ကျင်းပခဲ့ကြပါသည်။ အလှူရေစက် လက်နှင့်မကွာ လှူဒါန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလျက်--------
ရှင်သုခ(မင်းလှ)
သူ့ကြွေးရှိလျှင် ဆပ်ရလိမ့်မယ်
0 comments Friday, March 26, 2010ဒီစကားကို ၁၂၀၂-ခု၊ ကဆုန်လဆန်း(၁၂)ရက်၊ အင်္ဂါနေ့(၁၂-၅-၁၈၄၀)က နန်းကျမိဖုရား အုတ်ကျောင်းအစ်မကြီး “မယ်နု”ကို ဆရာတော်ဦးဗုဒ် မိန့်ကြားခဲ့တဲ့ စကားဖြစ်ပါတယ်။
သာယာဝတီမင်းကို ပုန်ကန်ခြားနားတဲ့ မတ္တရာ အရေးအခင်းမှာ နန်းကျဘုရင် ဘကြီးတော် စစ်ကိုင်းမင်းရဲ့ နန်းကျမိဖုရားခေါင်ကြီး“မယ်နု” အစီအမံများဖြစ်ကြောင်း ထင်းရှားတဲ့အတွက် ထုံးစံအတိုင်း ရေချပြီး အဆုံးစီရင်ဖို့ အမိန့်ချမှတ်ခံရတဲ့အခါ နောက်ဆုံးအခွင့်အရေးတစ်ခုအနေနဲ့ လိုရာဆုကို တောင်းခွင့်ပြုတော့ "undefined" ကျောင်းအမ နန်းမတော်ကြီးက “ဆရာတော်ဦးဗုဒ်ကို နောက်ဆုံးဖူးမျှော်လိုတယ်” ဆိုလို့ အဆုံးစီစဉ်ဖို့ တာဝန်ယူရတဲ့ မြို့ဝန်မင်းက ခွင့်ပြုခဲ့ရတယ်။
ကျောင်းအမက ဆရာတော်ကို ဦးချပြီး အကြောင်းစုံလျှောက်ထားတဲ့အခါ ဆရာတော်က အထက်ပါစကားကို မိန့်ကြားလိုက်တာပါ။ ဆရာတော်ဟာ ဘကြီးတော် စစ်ကိုင်းမင်းက နန်းမတော်မယ်နု မိမိအပေါ် နိုင်စားလွန်းတဲ့အတွက် ကျောင်းအမကြီးကို ဆုံးမပေးဖို့ လျှောက်ထားစဉ်ကလည်း ဒီစကားကိုပဲ မိန့်ကြားခဲ့ပြီး နန်းတွင်းရေးကို ဘာမျှ ၀င်မစွက်ဘဲ ကိုယ့်စာကိုယ်သာကြည့်ပြီး စာကြည့်နေခဲ့တာပါပဲတဲ့။
ဆရာတော်ရဲ့ ဆိုလိုချက်ကတော့ “ပြုသူအသစ်၊ ဖြစ်သူအဟောင်း” ဆိုတဲ့အတိုင်း အဆိုးလောကဓံနဲ့ တွေ့ကြုံဖြစ်ပျက်ရသမျှဟာ ကိုယ်ပြုထားတဲ့ အကုသိုလ်ကံ ကြွေးဟောင်းဖြစ်လို့ မုချပေးဆပ်ရမယ်လို့ ဆိုလိုတာပါပဲ။
ဒီနေရာမှာ ကြွေးဟောင်းဆပ်တာနဲ့ ပတ်သက်လို့ နှစ်မျိုး နှစ်စားရှိတယ်လို့ ဆိုရမယ်ထင်ပါတယ်။ ကိုယ်ပြုခဲ့တဲ့ အကုသိုလ်ကံရှိလို့ ဆိုးကျိုးကို ခံရတာဟာလည်း ကြွေးဟောင်းဆပ်ရခြင်းပဲ ဖြစ်သလို ကိုယ့်အပေါ်မှာ မိဘ ဆရာစတဲ့ ကျေးဇူးရှင်များ ကပြုထားတဲ့ ကျေးဇူးတရားတွေကို ပြန်ပြီးကျေးဇူးတုံ့ပြန်ရတာကိုလည်း ကြွေးဟောင်း ဆပ်တယ်လို့ပဲ ဆိုရပါတယ်။
“သာလိကေဒါရ”ဇာတ်တော်မှာ ဘုရားအလောင်းကျေးမင်းက ကျွန်ုပ်သည် မိအို ဖအိုတို့ကို လုပ်ကျွေးခြင်းဖြင့် ကြွေးသစ်ကိုလည်း ချရပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဒီကြွေးဟောင်းနှစ်မျိုးမှာ အကုသိုလ်ကံဟောင်းအတွက် ဆိုးကျိုးကိုခံစားပြီး ကြွေးဟောင်းဆပ်ရခြင်းဟာ ပေးဆပ်မှုသက်သက်သာ ဖြစ်ပေမယ့် ကျေးဇူးတုံ့ပြုပြီး ကြွေးဟောင်းဆပ်ခြင်းကတော့ ကြွေးဟောင်းကို ကျေစေသလို နောင်အခါမှာ မိမိအတွက် အကျိုးနဲ့အတိုးတို့ကို ရရှိစေနိုင်တဲ့ ကြွေးသစ် (ကုသိုလ်ကံသစ်) ချခြင်းလည်း မည်ပါတယ်။
မှန်ပါတယ်၊ မိအို ဖအိုတို့ ထင်ရှားရှိနေလျက်နဲ့ မိဘတို့ရဲ့ ကျေးဇူးကြွေးဟောင်းကို မပေးဆပ်ဘဲ သားမယားကို လုပ်ကျွေးခြင်းဆိုတဲ့ ကြွေးသစ်ချခါမျှနဲ့တော့ နောင်တစ်ချိန်မှာ မိမိက ပြန်လည်ရရှိစေနိုင်မည့် “ ကြွေးသစ်ချခြင်း”လို့ ပုံသေဧကန် ဆိုနိုင်မယ် မဟုတ်ပါဘူး။
ဘာကြောင့်လည်းဆိုရင်တော့ မိဘဆိုတာ သားသမီးတို့ရဲ့ ရှေ့သွားစံပြ ပုဗ္ဗာစရိယများ ဖြစ်တဲ့အတိုင်း မိမိတို့ကိုယ်တိုင်က မိဘကျေးဇူးကို သိမှတ်ပေးဆပ်တဲ့ စံနမူနာရှိမှသာ သားသမီးများကလည်း အတုလိုက်ကြမှာ ဖြစ်လို့ပါပဲ။ တကယ်လို့သာ မိမိက သားမယားတို့ကိုသာ လုပ်ကျွေးပြီး မိဘအပေါ်မှာ တာဝန်မဲ့ ပစ်ထားမယ်ဆိုရင် မိမိရဲ့ သားမယားအပေါ်မှာ ဘယ်လိုပင် ချစ်ခင်လုပ်ကျွေးထားပေမယ့် ကြွေးသစ်ချခြင်း မမည်နိုင်ဘူးဆိုတာ အဇာတသတ်နဲ့ သူ့ရဲ့သားစဉ်မြေးဆက်များကို ကြည့်ရင် သိနိုင်ပါတယ်။
‘အဇာတသတ်မင်းကြီးဟာ သူ့သားကို အလွန်ပဲချစ်လှပါသတဲ့။ ချစ်ခင်တဲ့အတွက် သားကို လိုလေသေးမရှိ လုပ်ကျွေးပြုစုတာလည်း အမှန်ပါပဲ။ ဒါပေမယ့် ဖခင်ဖြစ်တဲ့ ‘ဗိမ္ဗိသာရမင်းကြီး’ အပေါ်မှာတော့ ကျေးဇူးတုံ့ ကျေးဇူးကြွေးကို မပေးဆပ်ခဲ့ရုံမျှမက ကျေးဇူးကန်း သတ်ဖြတ်ပြီး အလွန်အတိုးကြီးတဲ့ ကြွေးသစ်ကြီးကို ယူခဲ့မိတယ်။ ဒါကြောင့်လည်း သူ့သား ‘ဥဒယမင်းသား’ အရွယ်ရောက်တဲ့အခါမှာ သူကိုပဲ စံနမူနာယူပြီး အဖသတ်မင်းပဲ ဖြစ်ခဲ့တယ်။ သူလည်း သူ့ဖခင်၏ ‘ဗိမ္ဗိသာရ’ လိုပဲ သားရဲ့လက်ချက်နဲ့ အသက်သေခဲ့ရတာပါပဲ။
ဒါကြောင့်ရှေးဆရာတော်ကြီးများက “အဇာတသတ်ဟာ ဖခင် ဗိမ္ဗိသာရမင်းကြီးကို သတ်ဖြတ်သူဖြစ်သလို သူ့ကိုယ်သူ သတ်ဖြတ်သူလည်း ဖြစ်သည်။ အဇာတသတ်ကို သူ့သားက သတ်ဖြတ်တာဟာ သူကိုယ်တိုင်က ဖခင်ကို သတ်ဖြတ်ခဲ့တာကို အတုလိုက်ပြီး ပြုခြင်းသာဖြစ်လို့ အဇာတသတ်သာလျှင် အဇာတသတ်ကိုသတ်တဲ့ မူလတရားခံ အစစ်လို့”လို့ မိန့်ကြားတာကို မှတ်သားရဖူးပါတယ်။ ဒီနေရာမှာ ပစ္စုပ္ပန် သာဓကတစ်ခုအနေနဲ့ ဆရာဖေမြင့်ရဲ့ “ ဘ၀ဒဿနရသ စာစု” ထဲက “စောင်”ဆိုတဲ့ စာကလေးကိုလည်း ဖတ်ကြည့်စေချင်တယ်။ အကြောင်း အရာအကျဉ်းချုပ်ကတော့ ဖခင်လုပ်သူက သူ့အဖေအိုကြီးကို သက်ကြီးဂေဟာပို့ဖို့ လုပ်တယ်။ ပို့မည့်နေ့မှာ စောင်အကောင်းစား နှစ်ယောက်အိပ်တစ်ထည်ကိုလည်း ပေးလိုက်ဖို့ စီစဉ်ထားတယ်။ သူ့သားလေးကတော့ အဘိုးဖြစ်သူကို ဂေဟာပို့မယ်ဆိုတာ မကျေနပ်ဘူး။ ဒါပေမယ့် ဖခင်ရဲ့ နောက်ယူတဲ့ မိန်းမဆန္ဒအရ ပို့ရမှာ။ အဘိုးကို ဂေဟာပို့ခါနီးရောက်တော့ ဖခင်ရဲ့ နောက်မိန်းမက ဒီလောက်ကောင်းတဲ့ နှစ်ယောက်အိပ်စောင်ကြီးကို ပေးဖို့မလိုဘူးဆိုပြီး အဘိုးကွယ်ရာမှာ ယောင်္ကျားကို ကန့်ကွက်တယ်။ ဒါနဲ့ သားငယ်က ဖခင်ကို ဒီစောင်က ကြီးလွန်းတယ်ဆိုရင် တစ်ယောက်အိပ်ဖြစ်အောင် စောင်ကို ထက်ဝက်ခွဲလိုက်ပေါ့။ ပြီးတော့ တစ်ဝက်ကို အဘိုးနဲ့ ထည်ပေးလိုက်ပြီး ကျန်တစ်ဝက်ကိုတော့ သူ့ကို ပေးထားပါလို့တောင်းတယ်။ ဘာလုပ်ဖို့လဲဆိုတော့ “ အဖေ အသက်ကြီးလို့ အခုလို ပို့တဲ့အခါမှာ ပေးဖို့ပါ”လို့ ပြန်ပြောတဲ့ မြေးအဘိုး သားအဖ သုံးယောက်တို့အကြောင်းပါ။
ကြွေးဟောင်းနှစ်မျိုးလုံးဟာ ယူထားပြီးရင် မလွဲမသွေ ပြန်ဆပ်ရတာကတော့ သေချာပါတယ်။ ကျေးဇူကြွေးကို ပြန်ဆပ်ရတာက သိတတ်တဲ့ သားကောင်း သမီးကောင်းတို့ရဲ့ နိယာမအစဉ်အလာကောင်းတစ်ရပ် ဖြစ်သလို ကျေးဇူးကန်းမိတဲ့ ကြွေးဟောင်းကို ပေးဆပ်ရတာကလည်း ဓမ္မရဲ့ နိယာမ အစဉ်အလာအမှန်တစ်ရပ် ဖြစ်ပါတယ်။
ဘုရားအစရှိတဲ့ အရိယာ အရှင်မြတ်ကြီးများ ကြွေးဆပ်ကြပုံကိုလည်း အတုယူတန်ယူ၊ သံဝေဂပွားတန်ပွားကြဖို့အတွက် လေ့လာမှတ်သားသင့်ပါတယ်။ မိဘတို့ရဲ့ ကျေးဇူးတုံ့ကို ပေးဆပ်ပူဇော်ပြီး ကြွေးဆပ်ခြင်းနှင့် ပတ်သက်လို့တော့ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် မယ်တော် ဖြစ်ခဲ့ဖူးတဲ့ နတ်သားကို ကျေးဇူးကြွေးဆပ်ဖို့(၇)၀ါမြောက်မှာ တာဝတိံသာနတ်ပြည်အထိ ကြွရောက်ပြီ မယ်တော်ဟောင်း နတ်သားအမှုးပြုတဲ့ နတ်ဗြဟ္မာအပေါင်းကို ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားကာ ကျေးဇူးဆပ်ခဲ့ပုံကို လူတိုင်း သိဖူးကြားကြမှာပါ။ သတိထား အသိပွားရမှာကတော့ သဗ္ဗညူဘုရားရှင်ဖြစ်ပြီးလို့ သံသရာခရီးဆုံးနေပြီ။ မိမိကိုယ်တော်တိုင်အတွက် ဆင်းရဲချမ်းသာဆိုတဲ့ လောကကျိုးများလည်း မလိုအပ်၊ လောကုတ္တရာကျိုးအရလည်း အထွတ်ထိပ်ရောက်နေပြီ ဖြစ်ပေမယ့် မိဘရဲ့ကျေးဇူး ကြွေးဟောင်းကိုတော့ အတင်မခံဘဲ အကျေပေးဆပ်ခဲ့ပုံ ဆင်ခြင်မိကြဖို့ပါ။
ဒါကြောင့်လည်း ရှေးဆရာမြတ်တို့က သီတင်းကျွက်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ အဖြစ်သာမက မိဘကျေးဇူးသိတတ်တဲ့ “ သားကောင်းရတနာများနေ့”လို့လည်း ခေါ်ဆို ထိုက်ကြောင်း မိန့်ကြားကြပါတယ်။ အလားတူပဲ လက်ယာရံ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးလည်း နောက်ဆုံး ပရိနိဗ္ဗာန်ပြုခါနီးမှာတောင် အမိရဲ့ကျေးဇူး ကြွေးဟောင်းကို တရားဟောပြီးကျေအောင် အမိရဲ့ကျေးဇူးဆပ်ခဲ့ဘူးပါတယ်။
မြတ်စွာဘုရားရှင်နဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်တို့ရဲ့ ကြွေးဆပ်ပုံကတော့ အတုယူစရာ မိဘတို့ရဲ့ ကျေးဇူးဟောင်း ကြွေးပေးဆပ်ခြင်းဖြစ်ပါတယ်။ သံဝေဂယူဖို့ ကောင်းလှတဲ့ မိဘအပေါ် ပြစ်မှားမိတဲ့ ဆိုးကြွေးပေးဆပ်ရပုံနဲ့ ပတ်သက်လို့တော့ လက်ဝဲရံ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီး ပရိနိဗ္ဗာန်ပြုခါနီးမှာ ပေးဆပ်ခဲ့ရတဲ့ ကြွေးပါပဲ။
အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီးက တန်ခိုးဣဒ္ဓိပါဒ်အရာမှာ အထွတ်အထိပ်ရောက်အောင် ကြီးမားတော်မူတဲ့အတွက် အထက်နတ်ပြည်လောကနဲ့ အောက်ဥဿာဒငရဲပြည်လောကများအထိ ဒေသစာရီ ကြွတော်မူပြီး အဲဒီ အထက်အောက်ဒေသတွေမှာ တွေ့ရတဲ့ နတ်သားတို့ ငရဲသားတို့ရဲ့ အတိက်ကံများကိုလည်း တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ လူ့ပြည်ကို ပြန်ရောက်တဲ့အခါမှာ ရတနာသုံးပါး ဦးထိပ်ထားပြီး ကုသိုလ်ကောင်းမှု ပြုကြတဲ့ မြတ်စွာဘုရားရှင်ရဲ့ တပည့်သားတွေထဲက “ဘယ်သူ ဘယ်သူတွေဖြင့် ကောင်းမှုကြောင့် နတ်ပြည်လောကမှာ စည်းစိမ်ချမ်းသာတွေ ဘယ်လိုခံစား နေကြရတယ်” ဆိုတာကို ကိုယ်တွေ့မျက်မြင် တွေ့ဆုံမေးမြန်းခဲ့တဲ့အတိုင်း ပြန်ပြီး ဟောပြသလို အောက်ဥဿာဒငရဲမှာ တွေ့ကြုံရတဲ့ တိတ္ထိတို့ရဲ့ တပည့်တွေထဲက“ဘယ်သူ ဘယ်ဝါဖြင့် ဘယ်ငရဲမှာ ခံစားနေရတယ်” ဆိုတာကိုလည်း ကိုယ်တွေ့အဖြစ် ဟောပြပါတယ်။
အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကြီး ကိုယ်တော်တိုင် ကိုယ်တွေ့မျက်မြင် ဟောပြောချက်များကို ကြားနာကြရတဲ့အတွက် လူအပေါင်းတို့ဟာ တိတ္ထိတို့ကို ရှောင်ခွာပြီး ရတနာသုံးပါးကို ဆည်းကပ်ကြသူတွေ ပိုများလာတယ်။ ဒါကို တိတ္ထိတို့က ရန်ငြိုးဖွဲ့ပြီး “အရှင်မဟာမေဂ္ဂလာန်ကို သတ်ဖြတ်ဖို့ “သမဏဂုတ္တ” ဆိုတဲ့ ဓားပြဗိုလ်ကို ငွေအသပြာတစ်ထောင်ပေးပြီး လုပ်ကြံခိုင်းတယ်။ အရှင်မြတ်ကြီးဟာ ပင်ကိုအားဖြင့် ပရိနိဗ္ဗာန်ပြုဖို့ (၇)ရက်လောက်ပဲလိုတော့တဲ့ အချိန်ဖြစ်ပါတယ်။
“သမဏဂုတ္တ”ဆိုတဲ့ လူဆိုးဓားပြဗိုလ်ဟာ အခြံအရံ သူခိုးဓားပြများနဲ့အတူ မထေရ်မြတ်ကြီး သီတင်းသုံးနေတဲ့ ကာဠသိလာကျောက်ဖျာ ရှိရာအရပ်ကို သွားရောက် ၀ိုင်းဝန်းကြပေမယ့် မထေရ်မြတ်ကြီးက တန်ခိုးအဘိညာဉ်နဲ့ ကောင်းကင်ကို ပျံတက်ပြီး တိမ်းရှောင်နိုင်တယ်။ ဒီလိုနည်းနဲ့ (၆)ရက်အထိ တိမ်းရှောင်နိုင်ခဲ့ပေမယ့်(၇)ရက်မြောက်မှာတော့ မထေရ်မြတ်ရဲ့ ရှေးက ပြုမှားခဲ့တဲ့ အကုသိုလ်ကံက အကျိုးပေးခွင့် ကြုံလာတယ်။ မထေရ်မြတ် ပြုမှားမိတဲ့ အကုသိုလ်ကံကတော့ ရှေးနုစဉ်ကာလ ဘ၀တစ်ခုမှာ မယားရဲ့ ဂုံးချောစကားကို နားထောင်ပြီး မျက်မမြင် မိဘနှစ်ပါးကို တောထဲအထိ လှည်းနဲ့ခေါ်ဆောင်ပြီး လူဆိုးဓားပြများ ထကြွသောင်းကျန်း ဟန်ဆောင်ကာ ရိုက်နှက်သတ်ဖြတ်ဖို့ ကြိုးစားခဲ့မိတာပါပဲ။
လူဆိုးများဟန်ဆောင်ပြီး ရိုက်နှက်တဲ့အခါ မျက်မမြင် မိဘနှစ်ပါးက တကယ့် ခိုးသားဓားပြတွေ ထင်မှတ်ပြီး သားကို လွတ်အောင်ရှောင်ပြေးဖို့ ပြောဆို ငိုကြွေးရင်း သတိပေးကြတယ်။
မထေရ်မြတ်အလောင်း သတို့သားက မိဘတို့ရဲ့ မေတ္တာတရားကို အံ့သြလောက်အောင် သိလိုက်ရတဲ့အခါ နောင်တရပြီး ခိုးသားဓားပြတွေ ထွက်ပြေးကြတဲ့ အခြင်းအရာမျိုး ပြုပြီးတော့မှ မိဘများကို သက်သာရာ ရစေပြီး အိမ်ကိုပြန်ခေါ်လာခဲ့ကာ လုပ်ကျွေး ပြုစုပါတယ်။
ဒီနေရာမှာ တချို့က “ ရှင်မောဂ္ဂလာန်အလောင်း သတို့သားဟာ မျက်မမြင် မိခင်ကြီးကို ရိုက်သတ်ခဲ့တယ်”လို့ အစဉ်အလာ အမှတ်မှား အပြောမှားကြတာရှိတယ်။ အမှန်က အသေတော့ မသတ်မိပါဘူး။ သတ်ဖို့ ရည်ရွယ်ပြီး ရိုက်ပုတ်ရုံ ရိုက်ပုတ်ခဲ့တာပါ။ မိခင်ကိုသာ မဟုတ်ဘူး၊ မိဘနှစ်ပါးလုံးကို ပြစ်မှားမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အကုသိုလ်ကံ အကျိုးပေးခွင့် ကြုံလာတဲ့အတွက် မြေလျှိုးမိုးပျံပြီး သိကြားမင်းရဲ့ ဝေဇယန္တာပြာဿဒ်ကိုပင် ဆတ်ဆတ်ခါ တုန်လှုပ်အောင် စွမ်းဆောင်နိုင်တဲ့ မထေရ်မြတ်ရဲ့ တန်ခိုးဣဒ္ဓိပါဒ်ဟာ အားနွဲ့တဲ့ အဖြစ်ရောက်ခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံး ပရိနိဗ္ဗာန်ပြုမည့်နေ့မှာတော့ တန်ခိုးနဲ့ တိမ်းရှောင်နိုင်စွမ်းမရှိတော့တာပါ။ ကြွေးဟောင်းကို ပေးဆပ်ဖို့ မငြင်းဆန်လိုတဲ့အတွက် တန်ခိုးအဘိညာဉ်ဝင်စားဖို့ကို မလုပ်တော့ပဲ ဘုရား ရဟန္တာပင် ဖြစ်သော်လည်း အကုသိုလ်ကံကြွေဟောင်း၏ လောကီလူသားများ အတုယူ သံဝေဂယူစရာ အပြစ်ရှိက ခံရစမြဲပါလို့ ပြလိုတာကြောင့် ဖြစ်ပါတယ်။
မထေရ်မြတ်ရဲ့ အတိက်ကံဟာ မိဘများကို တကယ် အသေသတ်ခဲ့တာမဟုတ်ဘဲ သတ်ဖို့ ကြိုးစားရိုက်ပုတ်ခဲ့ခြင်းသာ ဖြစ်တဲ့အတွက် ခိုးသားများ ရိုက်ပုတ်သတ်ဖြတ်ပေမယ့် ပလာလပီဌိက ကမ္ဗကရဏလို့ခေါ်တဲ့ အရိုးတွေကို ကြေမွအောင် ရိုက်ထုပြီး တစ်ကိုယ်လုံးကို ကောက်ရိုးကရွက်လို ခွေလို့ရအောင် ပြုလုပ် သတ်ဖြတ်ကြတာပါပဲ။ ဒါပေမယ့် မထေရ်မြတ်ရဲ့ ကံဟောင်းက မိဘကို အသေသတ်ခဲ့တာ မဟုတ်လို့ လူဆိုးများ လက်ချက်နဲ့ အသက်ဆုံးသည်အထိ မဖြစ်ခဲ့ပါဘူး။ အဘိညဉ်ပတ်တီးနဲ့ ခန္ဓာကိုယ်ကို ခိုင်မတ်အောင် ရစ်နှောင်ဖွဲ့စည်းပြီး ကောင်းကင်ခရီးနဲ့ မြတ်စွာဘုရားရှိရာကို ကြွရောက်ကန်တော့ပြီးမှ ကာဠသိလာကျောက်ဖျာရှိရာ တောအုပ်ကို ပြန်ကြွပြီး ပရိနိဗ္ဗာန်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်များကို ကြည့်လိုက်ရင် “ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်”ဆိုတဲ့ စကားဟာ အလွန်လေးနက် မှန်ကန်တဲ့ စကားဖြစ်သလို ကောင်းဆိုးနှစ်တန် လောကဓံအတွက်လည်း စွယ်စုံရ ကုသ ကာကွယ်ဆေးကြီးတစ်လက်လို့ ထင်မိပါတယ်။ ကြွေးသစ်မတင်အောင် ကာကွယ်ဖို့ အဆိုးအကောင်း ကြွေးဟောင်းနှစ်မျိုးထဲက အကောင်းကြွေးဟောင်းများဖြစ်တဲ့ မိဘဆရာတို့ရဲ့ ကျေးဇူးကြွေးကို ကျေပွန်အောင်ပေးဆပ်ကြဖို့နဲ့ ကြွေးဟောင်းဆိုးကို ပေးဆပ်တဲ့အနေနဲ့ လောကဓံအဆိုးကို ခံရတဲ့အခါမှာလည်း “ ဒါဟာ ငါပေးရမယ့် ကြွေးဟောင်းတွေကို ကျေအောင်ပေးဆပ်နေရတာပဲ”ဆိုတာ သဘောပေါက်ပြီး သည်းခံနိုင်ကြဖို့ပါ။ “ပြုသူအသစ် ဖြစ်သူအဟောင်း”ဆိုတဲ့ ရှေးလူကြီး သူမတို့ရဲ့ စကားဟာလည်း ဒီသဘောကိုပဲ ရည်ရွယ်တာ ဖြစ်မှာပါပဲ။ ဒီနေရာမှာ “ လယ်တီဆရာတော်ကြီး”မိန့်ကြားခဲ့တဲ့ “ ကိုယ့်ပစ္စည်း လူခိုးခံရတာဟာ ကိုယ်ကလည်း တစ်ချိန်ချိန်မှာ သူများပစ္စည်း ခိုးခဲ့လို့ပေါ့ကွ” ဆိုတဲ့ စကားကိုလည်း နှလုံးမူသင့်မယ် ထင်ပါတယ်။
လူ့ဘ၀ကို ရရှိခြင်း၊ သာသနာတောနဲ့ ကြုံတွေ့ခြင်းဆိုတဲ့ ရတောင့်ရခဲ အခြေခံ ဒုလဘတရား နှစ်ပါးကို ရရှိကြတဲ့အခိုက်မှာ မိမိတို့ဘက်က ဖြည့်စွက်တည်ဆောက် ပေးရမည့် သဒ္ဓါ စတဲ့ ဣနြေ္ဒများနဲ့ ပြည့်စုံခြင်း၊ ဒုက္ခခပ်သိမ်းမှလွတ်အောင် ရုန်းထွက်လိုခြင်း၊ သူတော်ကောင်းတရားကို နာယူမှတ်သားခြင်းဆိုတဲ့ ဒုလဘသုံးခုကို မပျက်မကွက် ဖြည့်စွက်ပြီး ဒုလဘငါးခုလုံး ပြည့်စုံတဲ့ အဆင့်မြင့်လူသားများဖြစ်ကြဖို့အတွက် ဒီဒုလဘတရားဆိုတဲ့ အခွင့်ထူးတွေကို ပျက်စီးစေတတ်တဲ့ အဆိုးအကောင်း ကြွေးဟောင်းများ ကင်းရှင်းပြီး အဆိုးကြွေးသစ်များ မတင်အောင် ကြိုးစားကြပါစို့။
မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ ဆရာ့ကျေးဇူးဆိုတဲ့ ကြွေးဟောင်းကို မပေးဆပ်ရုံမျှ မကဘဲ ဘာမဟုတ်တဲ့ ပစ္စည်းလေးပါးနဲ့ ဒကာ ဒကာမတို့ကို အကြောင်းပြုပြီး ဆရာသမားအပေါ်မှာ အလွန်ဝန်လေးတဲ့ ကြွေးသစ်တွေ တိုးသည်ထက်တိုးအောင် လုပ်ဆောင်နေကြတဲ့ တပည့်မျိုးတွေကို အံ့သြတုန်လှုပ်စရာကောင်းလောက်အောင် မျက်မြင်တွေ့ကြုံနေရလို့ အခုလိုသတိပေးလိုက်ရတာပါ။
ကြွေးဟောင်းလည်းကျေ၊ ပေးဆပ်စရာ ကြွေးသစ်ကင်းပြီး သာသနာတွင်း ကုသိုလ်ထူးများကို ဆည်းပူးရယူနိုင်ကြပါစေ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
read more “သူ့ကြွေးရှိလျှင် ဆပ်ရလိမ့်မယ်”

လေဖြတ်ဝေဒနာ ကာကွယ်ပါ
0 comments Wednesday, March 24, 2010ကျန်းမာရေး ပညာရှင်များ စာရင်းပြုထားတဲ့ အမျိုးသားများ လေဖြတ်နိုင်တဲ့ အချက်များကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။...........
လူပျိုကြီး တစ်ကိုယ်တည်း ဖြစ်ခြင်း
အမျိုးသားပေါင်း တစ်သောင်းကျော်ကို နှစ်ရှည်လများ လေ့လာချက်များအရ လူလတ်ပိုင်းအရွယ် လက်ထပ်လိုက်ကြသူများဟာ လူပျိုကြီးများထက် နောက်ထပ် ၃၄ နှစ်အတွင်း လေဖြတ်ခြင်းကြောင့်သေနိုင်စွမ်း ၆၄% တိတိ လျော့နည်းပါသတဲ့။
ဒါပေမယ့် အိမ်ထောင်ပြုခြင်းဟာ တကယ်ကို ဘ၀ရဲ့ ပျော်ရွှင်မှု တစ်ခု ဆိုတဲ့ဘက်ကို အလေးသာသင့်ပါတယ်။ဘာလို့လဲဆိုတော့ အိမ်ထောင်ရေးမှာမပျော်တဲ့ သူတွေက လူပျိုကြီးတွေလိုပဲ လေဖြတ်နိုင်တဲ့ အခွင့်အလမ်း တူတူပါပဲတဲ့။
အ၀လွန်ခြင်း
ကိုယ်အလေးချိန်ဟာ လေဖြတ်ခြင်းရဲ့ အခွင့်အလမ်းပါပဲ။ ကိုယ်အလေးချိန်များလေလေ နီးစပ်လေလေပါပဲ။ ဒီနေရာမှာ တိတိကျကျ ပြောဖို့ကတော့ BMI နဲ့ပဲ ဆုံးဖြတ်ပါတယ်။ ဒီအကြောင်းကို http://www.mutdfan.com/viewarticles.php?id=142 မှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းဟာ သေချာပေါက်လေဖြတ်အောင် သွေးကြောတွေကို ပျက်စီးစေပါတယ်။ သောက်နေတာ ကြာပြီ ဖြစ်ပေယ့် ဖြတ်လိုက်တာနဲ့ အန္တရာယ်တွေကနေ သက်သာသွားပါတယ်တဲ့။
အမေရိကန်တောင်ပိုင်းသား ဖြစ်ခြင်း
ကယ်လီဖိုးနီးယား တောင်ပိုင်း၊ မြောက်ပိုင်း၊ ဂျော်ဂျီယာ၊ မစ်စစ္စပီ၊ အယ်လ်ဘားမား စတဲ့ ပြည်နယ်တွေကို ဆက်ပြီး လေဖြတ်ခြင်း ခါးပတ်နယ်မြေများ လို့ ခေါ်ပါတယ်။ ဒီနေရာတွေမှာ မွေးဖွားခဲ့ပြီး ကလေးဘ၀ကိုပဲ ဒီနေရာတွေမှာ ကုန်ဆုံးစေခဲ့တယ် ဆိုရင် သေချာပေါက် ကြီးလာရင် လေဖြတ်နိုင်တယ်လို့ သုတေသီများက ပြောပါတယ်။ (ကျိန်စာသင့်နေတာလား မသိဘူးနော်)
ဘယ်လိုပဲ ဖြစ်ဖြစ်ဖြစ် မက်ဖန်ပရိသတ်များ ဗဟုသုတ ရဖွယ်၊ ဆင်ခြင်ဖွယ် တင်ပြပေးလိုက်ပါတယ်။
သီဟသစ် (ဆေး-၂)
read more “လေဖြတ်ဝေဒနာ ကာကွယ်ပါ”

" Itinerary of Sitagu Sayadaw "
0 comments Tuesday, March 23, 2010DATE PROGRAMS Night Halt at Accommodation Remarks
1st April, Thu Arrive at Bombay
by TG 317, Arr: 21:55 Terminal 2C, Chatrapati Shivaji International Airport, Bombay The Emerald Hotel and Executive Apartments
Juhu Tara Road, JUhu, mumbai-400049
Tel.. 022 67144000
email. info@theemerald.com
2nd April, Fri Visiting Global Vipassana Meditation Centre, Sightseeing at Bombay, By car (transport mode) Bombay
3rd April, Sat Ratnagiri, By train (transport mode)
To Ratnagiri: 0103-Modovi Express, boarding at Mumbai CST, Dep: 06:55- Arr: 13:30.
Return: 2050-Jan Shatabadi Express, Boarding at Ratnagiri station, Dep: 17:50- Arr: 23:20 Bombay
4th April, Sun Leaving for Igatpuri, By car (transport mode) Igatpuri
5th April, Mon Leaving for Ellora Cave near Aurangabad
(185 Kilometer between Igatpuri and Aurangabad)
Sightseeing at Ellora Aurangabad Taj Residency
8-N-12, CIDCO,
Dr. Rafiq Zakaria Marg, Rauza Bagh,
Aurangabad - 431 003
Maharashtra, INDIA
Tel: +91 240 661 3737
Fax: +91 240 661 3939
Mb: 09225302190
6th April, Tue Visiting Ajanta caves
Open: 9.00 A.M. to 17.30 P.M. (IST)
Ajanta Caves remain closed on Monday and
Ellora Caves remain closed on Tuesday.
Both caves remain open on all national holidays. Aurangabad 9 members is leaving for Hyderabad by train: Dep: 20:45 – Arr: 09:20
(7205, MMR CCT EXP)
------------------------------
5 Members will fly to Hyderabad next morning.
7th April, Wed Leaving for Hyderabad,
Jet Airways Konnect 9W 2015
Dep: 08:35 - Arr: 13:50 (via Mumbai)
(via Mumbai- Jet Airway 9W 459) Hyderabad Hyderabad Marriott Hotel
Opposite Hussain Sagar Lake Tank
Secunderabad, 500080
040 27522999
8th April, Thu Hyderabad University
Leaving for Nagajunakonda in the evening, 3 hours drive by car. Nagajunakonda AP Tourism Hotel near Nagajunasagar
9th April, Fri Sightseeing at Nagajunakonda Museum,
Opening Hours : 9.00 am to 4.00 pm,
Leaving for Vijayawada after sightseeing.
3 hours drive by car Vijayawada Hotel D V Manor
40-1-47, M. G. Road, Venkateswarapuram
Vijayawada, Andhra Pradesh 520010 Museum Manager: Suriya Narayana, Ph: 09705188311/
Amaravati, Sai Bar Bar, Ph: 9885301799
10th April, Sat Visiting Amaravati Museum,
Opening: 10:30am to 5pm.
To Bhubaneswar by Train: 8646-East Coast Express, Boarding at Vijayawada, Dep: 16:50 – Arr: 07:45 (next morning) Hyderabad Hyderabad Marriott Hotel
Opposite Hussain Sagar Lake Tank
Secunderabad, 500080
040 27522999 9 members is leaving for Bhubaneswar by train :
------------------------------
5 Members will go back Hyderabad and fly to Bubaneswar next morning.
11th April, Sun Hyderabad to Bhubaneswar by flight
IndiGo 6E 260, Dep: 08:15 - Arr: 09:40
Visiting Ratnagiri Museum by Car
110 KM from Bhubaneswar Bhubaneswar Hotel Swosti Premium
(formerly Swosti Plaza )
P-1, Jaydev Vihar, Bhubaneswar - 751013 Orissa,
12th April, Mon In the morning, visiting White Stupa (Asokan Edict)
Bhubaneswar to Bhopal,
Air India IC 878 Dep: 14:40 - Arr: 19:10 (via Delhi)
Sanchi Gateway Retreat Hotel,
MP tourism Hotel, at Sanchi, Madya Pradesh All members will be picked up at the Bhopal Airport and Proceed to Sanchi by car
13th April, Tue Visit Sanchi Stupa and Vidisha City Sanchi
14th April, Wed Leaving for Khajuraho in the morning,
Sightseeing in the evening
(300 km between Sanchi and Khajuraho) Khajuraho Hotel Clarks Khajuraho
Distt Chhatarpur, Udaipur, 47160607686 274421
15th April, Thu Leaving for Kosambi, Indira Gandhi’s House and so on
(290 km between Khajuraho and Allahabad) Allahabad Kanha Shyam Hotel
Rajeev Shandilya, 9918201932
22 1 Strachey Road, Jaipur (Allahabad), 202001 -0532 2560123
16th April, Fri Sightseeing at Kosambi, Proceed to Varanasi
(65 km between Allahabad and Kosambi)
(100 km between Allahabad and Varanasi) Varanasi Hotel Clarks Varanasi
The Mall, Cantt.Varanasi - 221 002 India.
Tel. : +91-542-2501011-20,
E-Mail:
clarkvns@satyam.net.in
17th April, Sat Sightseeing at Varanasi Varanasi
18th April, Sun Varanasi to Gaya
(275 km between Varanasi and Gaya, 5 hours drive by car) Gaya Hotel Nikol
19th April, Mon Gaya Gaya
20th April, Tue Gaya Gaya
21st April, Wed Gaya to Rajagaha
(90 km, one and half hour drive by car)
(100 km btn Nalanda and Patna, 3 hours drive by car) Patna Hotel Patliputra Ashok
Beerchand Patel Path
Patna, Bihar 800001
0612 2505270
22nd April, Thu Vaishali and Kesariya
(65 km btn Patna and Vaishali)
(65 km btn Vaishali and Kesariya) Patna 10 members is leaving for Delhi by train:
Dep: 21:50 – Arr: 10:10 (next day)
------------------------------
5 Members will fly to Delhi by flight next morning.
23rd April, Fri Patna to Delhi by flight
Air India IC, IC 410.
Dep: 09:00- Arr: 10:30 Delhi Hotel Ashok
24th April, Sat Delhi –Jaipur- Delhi by Train and Flight
To Jaipur: All members will go to Jaipur by Train: 2015-Ajmer Shatabadi Express, boarding at New Delhi Station
Dep: 06:15 Arr: 10:45.
Return: Dep: 17:50: Arr: 23:20
Sayadaw and other 4 members will go back Delhi by flight: Jet Airway 9W 3326
Dep: 18:30 – Arr 19:30 Delhi Hotel Ashok The Train is very good and fast in India.
25th April, Sun Delhi to Leh
Kingfisher Red, IT 3341, Dep: 06:10 - Arr: 07:40 Leh
(low temp = cold weather)
26th April, Mon Leh Leh
27th April, Tue Leh to Delhi
Delhi sightseeing after lunch
Kingfisher Red IT 3342, Dep: 08:10 - Arr: 09:25 Delhi Hotel Ashok
28th April, Wed Mathura and Taj Mahal in Agra
Museum is closed on Mondays and opening hours: 10 to 16
Taj Mahal remains open at 6:00 am to 7:30 pm (Friday closed)
(150 km btn Mathura and Delhi)
(51 km btn Mathura and Agra) Agra Hotel Clarks Shiraz
54, Taj Road,
Agra 282 001. India.
Tel. : (+91-562) 2226121
29th April, Thu Agra to Sankassa
(160 km btn Agra and Sankassa)
(280 km btn Sankassa and Savatthi) Sravasti (Savatthi) Hotel Nikol
30th April, Fri Sightseeing at Savatthi Savatthi Hotel Nikol
1st May, Sat Savatthi to Kushinagar
(280 km btn Savatthi and Kushinagar) Kushinagar Hotel Ashok
2nd May, Sun Kushinagar to Lumbini
(180 km btn Kushinagar and Lumbini, 5 hours drive by car) Lumbini Lumbini Garden
New Crystal Pvt. Ltd, Buddha Gagar, Hahilwar. Lumini, Nepal. Ph: +977 71 580145/ 622155
3rd May, Mon Lumbini
Sightseeing at Kapilavatthu and Nigrodharama (kudam) and Mahamaya temple Lumbini
Lumbini Garden
4th May, Tue Lumbini
Sightseeing at Devadaha and Ramgaram Lumbini
Lumbini Garden
5th May, Wed Leaving for Khathmandu by flight in the morning Khathmandu
6th May, Thu Khathmandu Khathmandu
7th May, Fri Khathmandu Khathmandu
8th May, Sat Khathmandu Khathmndu to Bangkok
read more “" Itinerary of Sitagu Sayadaw "”

အကောင်းမြင်ခြင်း၏ ရလာဘ်
0 comments Sunday, March 21, 2010အကောင်းမြင်ခြင်းသည် အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်ပြီး သတ္တိနှင့်စစ်မှန်သော တိုးတက်ဖြစ်ထွန်းမှု၏ အခြေခံအုတ်မြစ်လည်း ဖြစ်သည်။
ကျွန်တော်တို့ခန္စာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ထဲမှာ ၀င်လာတဲ့ရောဂါပိုး တစ်စုံတစ်ရာကို ဆဲလ်များဖြင့် ပြန်တိုက်သော ခုခံအားစနစ် cell-mediated immunity (CMI) ဆိုတာ ရှိပါတယ်။ ဒါဟာအရေးကြီးတဲ့ ခံစစ်လမ်းကြောင်းလို့ ဆိုနိုင်ပါတယ်။ ဒီလမ်းကြောင်း မကောင်းတဲ့ သူတွေမှာ ဖျားလွယ်၊ နှာစေးလွယ်၊ ချောင်းဆိုးလွယ်၊ အနာပေါက်လွယ်တာ တွေ့ကြရမှာပါ။ (ကိုယ်ခံအားကို တက်စေတဲ့ အစားအသောက်တွေ နေနည်းထိုင်နည်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီသတင်းမှာ အဓိက တင်ပြချင်တာကတော့ လောလောလတ်လတ် ၂၀ ရက်နေ့ကမှ တင်ပြခဲ့တဲ့ သုတေသန စာတမ်းတစ်စောင်ရဲ့ ရလဒ်ဖြစ်ပါတယ်)
တက္ကသိုလ်ကျောင်းသား လူငယ် ၁၂၅ ယောက်ကို စဉ်ဆက်မပြတ် လေ့လာ သုတေသန ပြုချက်များအရ အကောင်းမြင်စိတ် ရှိခြင်းဟာ ဆဲလ်များဖြင့် ပြန်တိုက်သော ခုခံအားစနစ်ကို ကောင်းစေပြီး ကူးစက်ရောဂါများကို ပိုမိုခံနိုင်ရည် ရှိလာခြင်းနဲ့ ဆက်စပ်ကြောင်း တွေ့ရှိ အတည်ပြုနိုင်ခဲ့ပါတယ်။ (ရှေးလူကြီးတွေ ပြောတဲ့ အကောင်းမြင်ရင် မပူပန်တတ်ရင် အသက်ရှည်တယ်ဆိုတာ ဒါဖြစ်မယ်။ အကောင်းမြင်စိတ် မထားခြင်းဟာ ကင်ဆာဆဲလ်တွေကို ပိုမို ပျံ့ပွားစေတယ်လို့ တွေ့ထားတဲ့ သုတေသန ရလဒ်တစ်ခုလဲ ရှိပါသေးတယ်)
လေ့လာပုံကတော့ ကျောင်းသားတွေရဲ့ ဆဲလ်များဖြင့် ပြန်တိုက်သော ခုခံအားစနစ် cell-mediated immunity (CMI)ကို အရေပြားကနေ စမ်းသပ်မှု (skin test) မှန်မှန် လုပ်ပေးပြီး တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် တိုင်းတာ မှတ်တမ်းယူထားပါတယ်။ ပြီးတော့ သူတို့ကို "ကျွန်တော်/ကျွန်မဟာ အတန်းဖော် သူငယ်ချင်း အများစုလောက် နောင်တစ်ချိန်ကျရင် အောင်မြင်မယ် မထင်ပါဘူး" ဆိုတဲ့ စကားနဲ့ "ကျွန်တော် ကျရှုံးမယ်ဆိုတာ လုံးဝမဖြစ်နိုင်လောက်ပါဘူး" ဆိုတဲ့ စကား၂ ရပ်အပေါ် ဘယ်လောက်အတိုင်းအတာအထိ ရင်ထဲက သဘောတူသလဲ လို့ ရာခိုင်နှုန်းခွဲတဲ့ မေးခွန်းတွေကို အချိန်နဲ့အမျှ ထပ်ခါထပ်ခါ ဖြေဆိုခိုင်းပါတယ်။ နှစ်ဆုံးတော့ ရလဒ်တွေ စုပေါင်းပြီး တစ်ဦးချင်းစီရဲ့ တစ်လချင်းစီမှာ ရှိတဲ့ စိတ်ထား (အကောင်းမြင်ဖက်လား အဆိုးမြင်ဖက်လား ဆိုတာ) ကို ခွဲခြား ယူပြီး ခုနက ဆေးစစ်ချက်တွေနဲ့ ပြန်ထပ်ကြည့်ပါတယ်။
ဒီအခါမှာ တွေ့ရတာကတော့ အကောင်းမြင်စိတ်က CMI အပေါ် တိုက်ရိုက်လွှမ်းမိုး ဆက်စပ်နေတာ အသေအချာတွေ့ရှိရပါတယ်။
ဒီရလဒ်များအရ လူတစ်ဦးစီဟာ အကောင်းမြင်စိတ်၊ အပြုသဘော ဆောင်တဲ့ စိတ် ရှိနေတဲ့ ကာလတွေမှာ ကိုယ်ခံအား ပိုကောင်းနေပြီး အကောင်းမြင်စိတ် ကိုယ့်ကိုယ်ကို ယုံကြည်စိတ် နည်းသွားတဲ့ ကာလတွေမှာ ကိုယ်ခံအားလည်း ကျသွားတာ သေချာကြောင်း အတည်ပြု သိရှိရပါတယ်။
သီဟသစ် ဆေး(၂)
read more “အကောင်းမြင်ခြင်း၏ ရလာဘ်”

Subscribe to:
Comments (Atom)