အိန္ဒိယ နီပေါလ်ခရီးစဉ်မှတ်တမ်း

၁-၀၅-၁၀နေ့ နေ့ဆွမ်းဘုဉ်းပေးပြီးနောက် နီပေါလ်နိုင်ငံ၊ လုမ္ဗိနီသို့ ခရီးဆက်ခဲ့ကြပါသည်။ ၂-၀၅-၁၀ျန့တွင် ၄င်းမြို့၌ မြတ်စွားဘုရားအလောင်း မွေးဖွားနေရာသို့ သွားရောက်ပြီး၊ အသောကကျောက်တိုင်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန့်၏ ဇရပ်ကျောင်းတို့ကို လေလာပြီးနောက် ဆရာတော်က အသောကကျောက်အနီးမှာ တရားဟောပါသည်။ ၃-၀၅-၁၀နေ့တွင် ကပ္ပိလ၀တ္ထုမြို့၊ နန်းတော်ဟောင်းနေရာ၊ ဘုရင်သုဒ္ဓေါဓနမင်းကြီးနှင့် မိဖုရားကြီး ဂေါတမီတို့၏ ဓာတုစေတီတော်များ၊ နိဂြောဓာရုံကျောင်းနေရာတို့ကို လေ့လာကြည်ညိုခဲ့ကြရပါသည်။ ၄-၀၅-၁၀နေ့တွင် ခတ္တမန္ဒူသို့ လေကြောင်းခရီးဖြင့် ခရီးဆက်ခဲ့ကြပါသည်။ ၅-၀၅-၁၀နေ့ ၄င်းမြို့၌ နိုင်ငံရေး မတည်ငြိမ်သဖြင့် ခြေလျင်ခရီးဖြင့် သယမ္ဘူစေတိတော်၊ ချစ်သမီးကျောင်းတို့ကို လေ့လာကြည်ညိုခဲ့ရပါသည်။ စာရေးသူကို ဆရာတော်က မင်းကတော့ ငါနဲ့ကျန်ခဲ့ပြီး အဂျန္တာလှိုဏ်ဂူတန်းကြီးများအကြောင်းကို ရေးရမည်ဟု အမိန့်ရှိသောကြောင့် ဘုရားဖူးမလိုက်ဘဲ ကျန်ခဲ့ရပါသည်။ နံက် (၈း၃၀)မှ စတင်ရေးသားပြီး (၁၁း၃၀)တွင် နေံဆွမ်းဘုဉ်းပေးကြပါည်။ ဆရာတော်က ငါတပည့် ငါခဏနားဦးမည်ကွာ နေ့လည် (၂း၀၀)မှ ပြန်ရေးကြပေါ့ဟု အမိန့်ရှိပြီး အနားယူပါသည်။ နေ့လည် (၂း၃၀)မှ စတင်ရေးဖြစ်ပါသည်။ ည(၁၀း၃၀)မှာတော့ အဂျန္တာလှိုဏ်ဂူတန်းကြီးများအကြောင်း ရေးသားခြင်းကိစ္စ နိဒါန်းမှအစ နိဂုမ်းတိုင်အောင် ပြီးမြောက်ပါတော့သည်။ ၆-၀၅-၁၀နေ့ နံက်မှာတော့ ဆရာတော်နှင့်သီတဂူဘုရားဖူးအဖွဲ့သည် လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ခရီးနှင်ပြီး စာရေးသူနှင့် ဦးကုမာရ(ဒေလီ)တို့နှစ်ပါးကလည်း လေကြောင်းခရီးဖြင့်ပင် နယူးဒေလီသို့ ပြန်ခဲ့ကြရပါတော့သတည်း။ ။ ။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။ ။
ရှင်သုခ(မင်းလှ)

0 comments:

Post a Comment