ဗာရာဏသီခရီး




သီတဂူဘုရားဖူးဖွဲ့သည် ဗာရာဏသီမြို့သို့ ၁၅-၀၄-၁၀နေ့ည ၁၁း၁၅မိနစ်အချိန်တွင် ရောက်ရှိလာကြပါသည်။ ၄င်းမြို့မှ တပည့်သုံးပါးက ဟော်တယ်ကလပ်မှ ကြိုဆိုဂါရ၀ပြုကြပါသည်။ ဆရာတော်က ငါ့တပည့်တွေ ဆောင့်နေတာ အတော်ကြာသွားတယ်ထင်တယ်၊ တို့ကားဆရာတွေက လမ်းမှားမောင်းနေလို့ ကြာသွားကြောင်း ရှင်းပြပါသည်။ ၁၆-၀၄-၁၀ နေ့နံက်တွင် ဆရာတော်က မင်းဦးဆောင်ပြီး မြတ်စွာဘုရား ဓမ္မစကြာတရာတော် ဟောတော်မူခဲ့သော စေတီဟောင်းနေရာတွင် ဓမ္မစကြာတရားတော်ဖြင့် ရွတ်ဆိုပူဇော်ရန်နှင့် ဓမ္မေခစေတီတော်၌ အနတ္တလက္ခဏသုတ်တော်တို့ဖြင့် ရွတ်ဆိုပူဇော်ရန် မှာကြားတော်မူပြီး ကင်မရာမင်းနှစ်ယောက်ဖြင့် မိဂဒါဝုန်တောကျောင်းဝိုင်းအတွင်းဝယ် ဆရာတော်၏စိတ်ကြိုက် ရိုက်ပုံနည်းစနစ်များကို စီစဉ်ညွန်ကြားနေပါသည်။ သို့အတွက်ကြောင့် စာရေးသူနှင့် သီတဂူဘုရားဖူးအဖွဲ့သည် ဓမ္မစကြာသုတ်၊ အနတ္တလက္ခဏသုတ်တို့ဖြင့် ပူဇော်ကန်တော့ကြပြီး နေ့လညဆွမ်းကို ဆေးဝင်္ကဘာကျောင်း၌ ဘုဉ်းပေးသုံးဆောင်ကြရပါသည်။ ဆရာတော်၏ ကုသိုလ်ဖြစ်ပါသည်။

0 comments:

Post a Comment