အိန္ဒိယ နီပေါလ်ခရီးစဉ်

သီတဂူဘုရားဖူးအဖွဲ့သည် နယူးဒေလီမှ လေဟ်သို့ လေယာဉ်ဖြင့် ခရီးဆက်ခဲ့ကြပါသည်။ လေဟ်တွင် မြန်မာနိုင်ငံတော်၏ ကျက်သရေဆောင် ပုဂံရွေဆည်းခုံဘုရားပုံတူ ဘုရားတစ်ဆူတည်ထားကိုးကွယ်ဘို့ရန်အတွက် ရွှေပန်းနက်တင်အခန်းအနားကို ပြုလုပ်ကျင်းပခဲ့ကြပါသည်။ လာမည့် ဂျွန်လတွင် စတင်မှာဖြစ်ပြီး အမြင့်ပေမှာ (၂၇)ပေမြင့်မည်ဖြစ်ကြောင်း ဆရာတော်က အမိန့်ရှိခဲ့ပါသည်။ ထိုလာဒတ်မြို့၌ ရှေးနှစ်ပေါင်း(၁၀၀)ကျော်က တည်ဆောင်ခဲ့သော မဟာယာနကျောင်းတော်ကြီးကို လေ့လာခဲ့ကြပါသည်။ ၂၇-၀၄-၁၀နေ့မှာ လေဟ်မှ နယူးဒေလီသို့ လေယာဉ်ဖြင့် ပြန်ခဲ့ပြီး၊ ၂၈-၀၄-၁၀နေ့တွင် အာဂရာသို့၌ရှိသော တပ်ခ်မဟာ၊ ရဒ်ဖို့တို့ကို လေ့လာခဲ့ပါသည်။ ၂၉-၀၄-၁၀နေ့တွင် မြတ်စွာဘုရား တုသိတာနတ်ပြည်မှ လူ့ပြည်သို့ဆင်းသက်ရာ သင်္ကဿသို့ သွားရောက်ဖူးမျှော်ခဲ့ပြီး၊ မြတ်စွာဘုရား (၂၅)၀ါလုံးလုံး သီတင်းသုံးတော်မူခဲ့သော သာဝတ္ထိသို့ ရောက်ခဲ့ကြပါသည်။ ၃၀-၀၄-၁၀နေ့နံက်မှာ ဇေတ၀န်ကျောင်းတော်ဟောင်းနေရာ၊ နန်းတော်ဟောင်းနေရာ၊ တိတ္ထိတို့ကို တန်ခိုးပြရာ သရက်ဖြူကုန်းစေတီတို့ကို ကြည့်ညိုကြရပါသည်။ ၄င်းနေ့ နေ့ဆွမ်းဘုဉ်းပေးပြီးနောက် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာ ကုသိနဂရသို့ ခရီးဆက်ကြပါသည်။ ၁-၀၅-၁၀နေ့တွင် ၄င်းမြို့၌ ဘုရားဖူးကြရာ ဆရာတော်က မြတ်စွာဘုရား ပင်ပန်းကြီးစွာဖြင့် ကုသိနဂရသို့ ကြွခဲ့ရပုံမှအစ နောက်ဆုံး ပရိနိဗ္ဗာန်စံတော်မူသည့်အထိ တရားဟောခဲ့သည်များကို အကျယ်တ၀င့်ဟောပြပေးပါသည်။

ရှင်သုခ(မင်းလှ)

0 comments:

Post a Comment