မျက်စိအားကောင်းစေရန်

0 comments Wednesday, February 13, 2013
မျက်စိ အားကောင်းစေရန် အောက်ပါ အချက်များကို လိုက်နာ သင့်ပါတယ်။ (၁) ငါးများများ စားပေးပါ။ ငါးများမှာ မျက်ခုံးထဲက မျက်ရည် ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့ omega-3 fatty acid များစွာ ပါဝင်တယ်။ ငါးမကြိုက်သူများ ငါကြီးဆီ ဆေးလုံးများကို အသုံးပြု နိုင်ပါတယ်။ (၂)ရေကူးမယ် ဆိုရင် ရေငုပ်မျက်မှန်တပ်ပြီးကူးရင် ပိုကောင်းတယ်။ ရေထဲက ကလိုရင်း ဓါတ်တွေကို အကာအကွယ် ပေးတယ် ။ဆောက်လုပ်ရေးတို.၊ စက်ပြင်ဆရာတို.ဆိုရင်လည်း အကာအကွယ် မျက်မှန် တပ်ဆင် သင့်ပါတယ်။ မတော်တဆ ထိခိုက်မှုတွေ ဖြစ်တပ်ပြီး cornea လို. ခေါ်တဲ့ မျက်ကြည်လွှာကို ထိခိုက် စေနိုင်ပါတယ်။ (၃) ကားမောင်းစဉ် လေအေးပေးစက် ဒလက်ပြား တွေကို မျက်နှာ တည့်တည့် မချိန်ထားဘဲ ခြေထောက်လောက် အထိကို ချိန်ထားပါ။ မျက်နှာ တည့်တည့် ထားရင် လေအေးပေးစက်က ထွက်လာတဲ့ လေဟာ မျက်လုံးထဲက မျက်ရည်တွေကို ရေမြုပ်လို စုပ်ယူ တက်တယ်။ ဒါကြောင့် ခြေထောက်လောက်ကို စိုက်ထားပါ။ မျက်ရည် ခမ်းခြောက်တာ များသွားရင် မျက်ကြည်လွှာ ပျက်စီး တက်ရုံမက ကြာရင် မျက်စိပါ ကွယ်သွား နိုင်ပါတယ်။ (၄)ဟင်းချက်ရင် အခြား ကြက်သွန်တွေထက် ကြက်သွန်နီကို ပိုသုံးပေးပါ။ ကြက်သွန်နီမှာ မျက်စိတိမ် ကွယ်ခြင်းမှ ကာကွယ်ပေးတဲ့ ဓါတ်တစ်မျိုး ပါဝင်လို.ပါ။ (၅)အိမ်အပြင် နေကူထဲ သွားရင် နေကာ မျက်မှန် တပ်ပေးပါ။ စူရှတဲ့ နေရောင်ခြည်ကို ကာကွယ် ပေးရုံမက လေတိုက် ခတ်ခြင်းကြောင့် ဖြစ်ပေါ် လာတတ်တဲ့ မျက်ရည် ခမ်းခြောက် ခြင်းကိုလည်း ကာကွယ် ပေးပါတယ်။ (၆) ညစာစားတဲ့ အခါ စိမ်းစာဥ စားပေး သင့်တယ်။ ညမြင်ကွင်း ပိုကောင်းစေတဲ့ vitamin a ပါဝင်တယ်။ (၇)ညအိပ်ရာ မဝင်ခင် မျက်စိ တစ်ဝိုက်နားက မိတ်ကပ်တွေ ဖယ်ရှားပေးပါ။ မိတ်ကပ် အပိုင်းအစ ကလေးတွေဟာ မျက်ကြည်လွှာကို ခြစ်သွားနိုင်တယ်။ (၈)သန့်ရှင်းတဲ့ မျက်နှာသုတ်ပုဝါကို သုံးပါ။ အခြားသူတွေသုံးတဲ့ မျက်နှာသုတ်ပုဝါကို မသုံးပါနဲ.။conjunctivitus လို့ခေါ်တဲ့ ကူးစက်မြန် မျက်စိရောဂါ ဖြစ်စေပါတယ်။ (၉)စာဖတ်စာကျက်တဲ့ ကျောင်းသူ ကျောင်းသားတွေဆိုရင် မိနစ်သုံးဆယ်ပြည့်တိုင်း စာအုပ်ကို ခဏချပြီး ခပ်လှမ်းလှမ်းကို စက္ကန့်သုံးဆယ် လောက်ကြည့် သင့်တယ်။ (နာရီသံပတ် ပေးပြီး နှိုးဆော်ပါ) (၁၀)တစ်လတစ်ခါ သွေးပေါင်ချိန် တိုင်းသင့်တယ်။ သွေးပေါင်ချိန် မြင့်ရင် မျန်စိထဲက သွေးကြောတွေကို ဒုက္ခပေးနိုင်တယ်။ ၁၁) စပယ်နဲ.ပါတဲ့ ရေမွှေးကို သုံးပေးရင် မျက်စိ အားကောင်းတယ်။ စပယ်ပန်း ရနံ့ဟာ ဦးနှောက် ရှေ.ပိုင်းက beta လှိုင်းတွေကို ဖြစ်ပေါ်စေပြီး နိုးကြား ထက်မြက်မှုနဲ့ မျက်စိ အားကောင်းခြင်း တို့ကို ဖြစ်စေတယ်။ (၁၂)ဇီးရောင် နေကာ မျက်မှန်ထက် မီးခိုးရောင် နေကာ မျက်မှန်ကို သုံးပါ။ အရောင် သွေဖယ်မှု နည်းတယ်။ ယာဉ်မောင်းတဲ့အခါ ပိုအရေး ကြီးတယ်။ (၁၃)အငန်လျှော့ စားသင့်တယ်။ အငန်ဓါတ်များရင် မျက်စိမှာ တိမ်ဖြစ်ဖို့ အခြေအနေ ပိုပေးတတ်တယ်။ ဆားလျှော့စားပါ။ ရှင်သုခ (မင်းလှ) မြ၀မှ ကူးယူဖေါ်ပြပါသည်။
read more “မျက်စိအားကောင်းစေရန် ”

အသည်းရောဂါအတွက် သခွပ်ပင်၏အစွမ်းများ

0 comments Sunday, February 10, 2013
အသည်းရောဂါခံစားနေရသော လူသားများအတွက် ကျန်းမာခြင်းသည်လာဘ်တစ်ပါးအဖြစ် ဝမ်းမြောက်စေသည့် သခွတ်ပြုတ်ဆေးရည် ( အသည်းရောဂါအတွက် ဆေးသိရှိစေရန် ထပ်မံတင်ပေးပါသည် ) ဘီပိုး စီပိုး အသည်းသမားများ သခွတ်ပြုတ်ရည်ကိုသောက် ရောဂါပျောက်၏။ ( အသည်းရောဂါဖြစ်နေသော မိသားစုဝင်များအား စိတ်ချမ်းသာမှု့  ဖြစ်စေပြီး လူ့သက်တမ်းစေ့နေနိုင်သောကြောင့် Mg Mandalay မှ လေးနက်စွာ မျှဝေပါသည် ။ ) အခုဖော်ပြသော သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာ သိသိသာသာ ပျောက်ကင်းသွားသလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင်အံ့အားသင့်လို့  သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင် သာဖြစ်ပါသည် ။ ဆရာကြီးစီမှာ အသည်းအတွက် သောကများစွာ ငွေမြောက်များစွာ ကုန်ကျနေပြီးမှ ရရှိလာသော အစွမ်းထက်ဆေးနည်းလည်း ဖြစ်ပါသည် ထို စီပိုးလူနာ၏ ကိုယ်တွေ့ ဆေးဖြစ်သောကြောင့် လူနာကိုယ်တိုင်းမှ ဌင်းကဲ့သို့  ပိုက်ဆံ ရာပေါင်းများစွာ ကုန်ကျခြင်းလည်း မရှိစေဘဲ တကယ်လည်း သောက် တကယ် စီပိုးပျောက်ခဲ့ရလို့  သူကိုယ်တိုင်လည်း ဆေးကုသိုလ် ပြု့ နေပါသေးသည် ။ လုပ်ဆောင်သောက်သုံးရန်မှာ …. သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကို ယူပါ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ ( လက်ဖက်ခြောက်လို့ လည်း သောက်သုံးလို့ ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီး အခေါက်ကို သုံးစွဲ ရပါမည် ။ ဆေးရည်ကျိုနည်း …. ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။ အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။ အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။ အရွက်ခြောက်နဲ့  အပွင့် ခြောက်အနည်းငယ်ကိုလည်း လက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ်သောက်သုံးနိုင်ပါသေးသည် ၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊ သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။ ရောဂါဟူသမျှ တခဏမျှ မဖြစ်ကြပါစေနှင့်။ ဖေ့စ်ဘုတ်မှ ကူးယူဖေါ်ပြပါသည်။
read more “အသည်းရောဂါအတွက် သခွပ်ပင်၏အစွမ်းများ”
အေးချမ်းမွန်မှ တုနှိုင်းမဲ့ မိဘကို ချစ်မြတ်နိုးသူများ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည် https://www.facebook.com/excellencemedia
read more “ ”

အမေ့နေ့ အဆက်

0 comments Friday, January 25, 2013
အလွန်တရာမှ လေးနက်သော မေတ္တာဓာတ်တို့ဖြင့် သားသမီးများကို ဖြစ်စေတတ်သော်ကြောင့် မိဘများကို "ဇနေတ္တိ" ခေါ်ပါတယ်။ လင်္ကာလေးက "၀မ်းနှိုက်ဝယ်ကြင်၊ ဖွားသန့်စင်၊ ခေါ်တွင် ဇနေတ္တိ" ကြင်ကြင်နာနာ ကရုဏာဖြင့် ဖွားမြင်အောင် ဆောက်ရွက်တတ်သောကြောင့်လည်း ဇနေတ္တိ မည်ပါတယ်။ ဖွားမြင်ပြီးပြန်တော့လည်း အလိုမကျဖြစ်၍ ငိုကြွေးနေသော သားငယ် သမီးငယ်တို့ကို ရင်သွေးဆိုတဲ့ နို့ချိုတိုက်ကျွေးခြင်းဖြင့်လည်းကောင်း၊ ထွေးပိုက်ချော့မြူ၍လည်းကောင်း၊ နမ်းရှုတ်ဗူးဗူးမှုတ်ပေးခြင်းဖြင့်လည်းကောင်း၊ သီချင်းဆိုပြ၍လည်းကောင်း၊ အစား အစာဖြင့်လည်းကောင်း၊ ကစားစရာဖြင့်လည်းကောင်း နှစ်သိမ့်စေတတ်သောကြောင့် "တောသေန္တိ"မည်ပါတယ်။ လင်္ကာလေးက "ရင်သွေးဖြင့်ပင်၊ နှစ်သိမ့်ကြင်၊ ခေါ်တွင် တောသေန္တိ" သား သမီးတွေကို မြတ်နိုးသည်ကိုပြု၍ စောင့်ရှောက်တတ်သောကြောင့်လည်းကောင်း၊ မိမိနှင့် ကျင့်ရသောကြောင့်လည်းကောင်း၊ ဘေးရန်ကင်းအောင် မွေးမြူရသောကြောင့်လည်းကောင်း ပေါသေန္တိ မည့ပါတယ်။ လင်္ကာလေးက "ကြီးပွားစေချင်၊ မြတ်နိုင်းကြင်၊ ခေါ်တွင် ပေါသေန္တိ" မှက်၊ ခြင်၊ ယင်၊ နေပူ၊ လေပူ၊ မြွေ၊ ကင်း၊ သန်းတို့မှ ကင်းဝေးစေခြင်းအကျိုးငှါ မြတ်နိုးကြင်နာစွာ မွေးမြူတတ်သောကြောင့်လည်း ပေါသေန္တိ မည်ပါတယ်။ သား သမီးများအတွက် မစားရက်၊ မသောက်ရက်၊ မသုံးရက်ဘဲ ပစ္စည်းဥစ္စာတွေကို စုဆောင်း၍ မေတ္တာဖြင့် လုံလုံခြုံခြုံ ထိန်းသိမ်းစောင့်ရှောက်တတ်သောကြောင့် ဂေါပေန္တိ မည်ပါတယ်။ လင်္ကာလေးက "အမွေနှစ်လျှင်၊ လုံစေချင်၊ ခေါ်တွင် ဂေါပေန္တိ" "မိဘနှစ်ပါး၊ လုပ်ကျွေးငြား၊ မှတ်သားမင်္ဂလာ" ဆိုတဲ့အတိုင်း မင်္ဂလာတော်နှင့်အညီ မိဘနှစ်ပါးကို လုပ်ကျွေးကြရပါမည်။ ဤကဲ့သို့ ဂုဏ်အင်္ဂါငါးပါးဖြင့် ပြည့်စုံသော မိဘများအား အသိဥာဏ်ရှိသော လူမျိုးတိုင်း ဘာသာအသီးသီးမှ သား သမီးများသည် လုပ်ကျွေးပြုစုထိုက်ပေးသည်။ လုပ်ကျွေးပြုစုနိုင်ကြပါစေလို့ တိုက်တွန်းလျက်........ ရှင်သုခ (မင်းလှ) ၂၆-၀၁-၁၃
read more “အမေ့နေ့ အဆက်”

ပြာသိုလ်လပြည့် အမေ့နေ့

0 comments
လောကမှာ လူသားတိုင်းသည် မိဘများကို ပြုစုလုပ်ကျွေးကြရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သားသမီးဆိုတာ မိဘမရှိရင် ဖြစ်မလာနိုင်ပေ၊ သစ်ပင်သည် ရေမြေကင်းလျက် အသက်မရှင်နိုင် မဖြစ်နိုင်သလို သက်ရှိဖြစ်တဲ့ လူ၊ တိရစ္ဆာန်များလည်း မိဘကင်း၍ မဖြစ်နိုင်ဘူးဆို ငြင်းစရာမရှိပေ။ သို့အတွက်ကြောင့် အဲဒီလောက်ကျေးဇူးများသော မိဘများကို လုပ်ကျွေးထိုက်ပေသည် မပျက်မကွက် လုပ်ကျွေးကြရမည်သာ ဖြစ်သည်။ ထို့ကြောင့် ၂၆-၀၁-၁၃ စနေနေ့မှာ ကျရောက်မည့် အမေ့နေ့အတွက် "မာတာပိတု ဥပဋ္ဌာနမင်္ဂလာကို တင်ပြလိုက်ပါသည်။ ဘာသာတရားတိုင်းက ဆုံးမတဲ့ အဆုံးအမအတိုင်း လူသားတိုင်း လူသားတိုင်း မိဘကို လုပ်ပေကျွးရမယ်၊ အကျိုးရှိ အကျိုးမရှိကို သိတတ်သောကြောင့် လူ၊ တိရစ္ဆာန်များကြတော့ သုံးခုပဲသိတယ် အိပ်မယ်၊ စားမယ်၊ ကာမဂုဏ်ခံစားမယ်ဆိုတာပဲ သိတယ်။ အဲဒီတော့ အသိဥာဏ်ရှိတဲ့ လူသားတွေက မိဘကို လုပ်ကျွေးကြတယ်၊ မိဘကို မလုပ်ကျွေးဘူးဆိုတဲ့ သားသမီးကြတော့ တိရစ္တာန်နဲ့ တူသွားပြီ၊ မိမိသည် လူလား၊ တိရစ္ဆာန်လားဆိုတာ ကွဲကွဲပြားပြား သိတတ်ရမယ်၊ အဲဒီတော့ လင်္ကာလေးက "မိဘနှစ်ပါး၊ လုပ်ကျွေးငြား၊ မှတ်သားမင်္ဂလာ" မိရင်း ဘရင်းကို လုပ်ကျွေးကြခြင်းသည် ကောင်းမြတ်သော မင်္ဂလာမည်ပါသည်။ အဘယ့်ကြောင့် မိဘတွေကို လုပ်ကျွေးထိုက်သလဲဆိုတော့ "သားသမီးဆိုတဲ့ အသီးအပွင့်တွေကို လိုလားကြတဲ့ မိဘနှစ်ပါတို့သည် နတ်တွေကိုလည်း ရှိခိုးကြတယ်"၊ ဘုရားမပွင့်မှီအခါက သုဇာတာသူဌေးသမီးသည် ညောင်ပင်အား သားဆုတောင်းပြီး ပူဇော်ရှိခိုးခဲ့ဘူးသည်။ တနေ့မှာ မြတ်စွာဘုရားနှင့်တွေ့ပြီး ဆွမ်းကပ်၊ မြတ်စွာဘုရားလောင်းလည်း အဲဒီဃနာနို့ဆွမ်းကို ဘုဉ်းပေးပြီး ဗောဓိပင်အောက်မှာ တရားကျင့်၍ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။ ဗေဒင် နက္ခတ်တွေလည်း မေးကြရတယ်၊ ငါ့ရဲ့ ၀မ်းကြာတိုက်မှာ ကိုယ်ဝန်တည်လာတဲ့ သား သမီးလေးသည် ဘယ်လိုသားသမီးများလည်း နက္ခတ်မေးကြတယ်။ အဇာတသတ္တု ကိုယ်ဝန်ယူတုန်းက ညအချိန်မှာ လက်နက်တွေ အရောင်တ၀င်းဝင်းလက်တယ်ဆိုတဲ့ ဟောကြားတော့ ဒီကလေးသည် လက်နက်အားကိုးပြီး မိဘကို နှိပ်စက်လိမ့်မယ်၊ ဇောတိကသူဌေး ကိုယ်ဝန်တည်တော့ ရွှေငွေကျောက်သံ ပတ္တမြားတွေ ၀င်းဝင်းလက်တော့ ချမ်းသာကြွယ်ဝခဲ့တယ်၊ အဲဒီကဲ့သို့ ငါ့သား ငါ့သမီးလေးတွေကို ချမ်းသာစေတယ် နက္ခတ်ကောင်းနဲ့ မွေးစေခြင်တယ်ဆိုတဲ့ မေတ္တာစိတ်တွေကို လုပ်ကျွေးခြင်းငှါ ထိုက်ပါပေသည်။ သို့အတွက်ကြောင့် ပါဌိတော်မှာ အမိကို "သုဟဒ, သုဟဒယ" အလွန်ကောင်းသော စိတ်နှလုံးကောင်းရှိသူလို့ အဓိပ္ပါယ်ရပါတယ်၊ မိဘများသည် အခြားသူတွေ အပေါ်မှာ ကောင်းခြင်ကောင်း မကောင်းခြင်နေ၊ မိမိရဲ့ သားသမီးများအပေါ်မှာတော့ သားဆိုးသမီးဆိုးဖြစ်ပါစေ အလွန်ကောင်းမွန်တဲ့ စိတ်နှလုံးရှိပါတယ်။ ကိုယ်ဝန်ကို ကိုးလလွယ် ဆယ်လကြားမှာ မဖွားခင် ငါ့သား ငါ့သမီးတွေ ကျန်းကျန်းမာမာ ဖွားမြင့်စေခြင်းငှါ မိမိအဆင်းရဲခံပြီးတော့ စားချင်တာ မစားရ၊ ထိုင်ချင်သိလို မထိုင်ရဘဲ အလွန်ကောင်းမြတ်တဲ့ ကရုဏာ မေတ္တာဓာတ်တွေဟာ အမြဲတန်းဖြစ်နေတယ်။
read more “ပြာသိုလ်လပြည့် အမေ့နေ့”

“ ပညာဆိုသည်မှာ ”

0 comments
“ ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ သိသမျှကို ပညာဟုမဆိုပေ။ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြော နက်နဲလှပေသည်။ ကမ္ဘာရှိစာအုပ်အားလုံး ပင်လျှင် ပညာအားလုံးကို ဖော်ပြခြင်းငှာ မတတ်နိုင်ပေ။ ပညာအားလုံးကို လောက ပြင်ကျယ်တည်းဟူသော အကြီးဆုံးကျောင်း ၌သာ တွေ့ရှိနိုင်လေသည်။ ထို လောကပြင်ကျယ်တည်းဟူသော အကြီးဆုံးကျောင်း၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲသို့ရောက်သည့် အချိန်အထိ ပညာသင်သားများဖြစ်ကြလေသည်။ ” ( သခင်အောင်ဆန်း )
read more ““ ပညာဆိုသည်မှာ ””

နှလုံးကျန်းမာရေး (သတိပြုဖွယ်)

0 comments
ဒီဆောင်းပါးလေးဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့ပက်သက်တဲ့ ဆောင်းပါးလေးပါ။ ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့သတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက်ရပ်တန့်စေတဲ့ ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။ တရုတ်လူမျိုးနဲ့ ဂျပန်လူမျိုးတွေဟာ ထမင်းစား နေစဉ်မှာ ရေနွေး သောက်သုံးတဲ့ အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာတော့ သူတို့ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့ အလေ့အထကို ကျွန်တော်တို့တွေပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။ ခုဆောင်းပါးလေးကတော့ ထမင်းစားပြီးတော့ ရေခဲရေ သောက်သုံးသူတွေအတွက်တော့ သက်ရောက်မှု့  ရှိပါတယ်။ (ကျွန်တော်ပေါ့ဗျာ။) တကယ်တော့ ထမင်းစားပြီးတော့ ရေခဲရေ ဒါမှမဟုတ် အအေးတခုခု သောက်သုံးလိုက်ခြင်းဟာ အတော်လေး အရသာ ရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေက နေပြီးတော့ မကြာခင်ကမှ စားသုံးထားတဲ့ အစာတွေကို ဆီခဲတွေလို အစိုင်အခဲ အဖြစ်သို့ရောက်စေ ပါတယ်။ ပြီးတော့ အဖတ်တွေကလဲ အက်စစ်အဖြစ် တုန့်ပြန်ပြီးတော့ အဲတာတွေကို ဖြိုခွဲပြီးတော့ အူနံရံတွေက နေပြီး အခဲ အစာတွေထက် ပိုမိုလျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲတာတွေဟာ အူထဲမှာသွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာတွေဟာ အဆီခဲအဖြစ် ပြောင်းလဲသွားပြီးတော့ ကင်ဆာရောဂါကို ဖြစ်စေဖို့ဦးတည်နိုင်ပါတယ်။ အကောင်းဆုံးကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ်ပူပူလေးဖြစ်ဖြစ် ရေနွေးကြမ်းဖြစ်ဖြစ် သောက်သုံးသင့်ပါတယ်။ (အရေးကြီးတဲ့နှလုံးခုန် ရုတ်တရက်ရပ်တာမျိုး- သင်သိသင့်တာကတော့ နှလုံးခုန် ရုတ်တရက်ရပ်တန့်တဲ့ လက္ခာတွေ အားလုံးမှာ ဘယ်ဖက်လက်မောင်း ကိုက်ခြင်းမျိုး မဟုတ်ပါ။ မေးရိုးတလျှောက် နာကျင်လာခြင်းဟာလဲ သတိထားသင့်ပါတယ်။) (နှလုံးခုန် ရုတ်တရက်ရပ်တန့်စဉ်အတွင်းမှာတော့ သင်ဟာဘယ်တော့မှ ပထမ ရင်ဘတ်နာခြင်းကိုခံစားရမှာ မဟုတ်ပါဘူး။ ဖျားနာခြင်းနဲ့ ချွေးထွက်လွန်ခြင်းတွေဟာလည်း အများဆုံးလက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော နှလုံးခုန်ရုတ်တရက် ရပ်တန့်ကြတဲ့သူတွေဟာ အိပ်ပျော်နေယင်းကနေပြီး ပြန်လည်နိုးထလာခြင်း မရှိတော့ပါဘူး။ မေးရိုးနာကျင်မှု့က သင့်ကို နိုးထအောင် လုပ်နိုင်ပါတယ်။ ကျွန်တော်တို့တစ်တွေ ဂရုပြုပြီးတော့ သတိထားရမှာပါ။ အဲတာတွေက ကျွန်တော်တို့ ဆက်လက် အသက်ရှင်ရပ်တည်ဖို့ အခွင့်အရေးကောင်း ဖြစ်ပါတယ်။ (နှလုံးရောဂါ အထူးကုတစ်ယောက်က ပြောတာက ဒီစာကိုဖတ်မိသူ တစ်ယောက်ကနေပြီးတော့ နောက်ထပ် (၁၀)ယောက် ကို ဆက်ပေးပို့မယ်ဆိုယင် သင်နဲ့ကျွန်ုပ်တို့ဟာ အနည်းဆုံးအသက်တစ်ချောင်းကို ကယ်ဆယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေး ကိုဖတ်ပါ။ ပြီးတော့ မိတ်ဆွေတစ်ယောက်ဆီကို ပို့ပေးလိုက်ပါ။ ဒီလုပ်လုပ်ခြင်းဟာ အသက်တစ်ချောင်းကို ကယ်ဆယ်ခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေကောင်းအဖြစ်နဲ့ သင့်သူငယ်ချင်းများ၊ မိတ်ဆွေများကို ဒီဆောင်းပါးလေးနဲ့ အတူ ဂရုတစိုက်ရှိဖို့ပးပို့ဖစ်အောင် ပို့ပေးလိုက်ပါဗျာ။ (ကျေးဇူးတင်ပါတယ်)။ လမင်းမောင်မှ တဆင့် ကူးယူဖေါ်ပြပေးလိုက်ပါတယ်။ ။
read more “နှလုံးကျန်းမာရေး (သတိပြုဖွယ်)”