မွေးနေ့မင်္ဂလာ မြတ်ဆုမွန်လွှာ
0 comments Friday, March 18, 2011
၁၃၇၂-ခု၊ တပေါင်းလပြည့် (၁၉-၀၃-၁၁)နေ့သည် အနန္တဂိုဏ်းဝင် ကျေးဇူးတော်ရှင် သီတဂူဆရာတော်၏ (၇၄)ပြည့် မွေးနေ့ဖြစ်ပါသည်။ ထိုသို့ကျရောက်ရာ ရက်မြတ်မဟာတွင် ကျန်းမာချမ်းသာပြီး နောင်နှစ်ပေါင်း(၁၀၀)ကျော်တိုင်အောင် မိမိအကျိုး၊ တိုင်းပြည်အကျိုး၊ သာသာနာ့အကျိုးများကို ဆောင်ရွက်သယ်ပိုးနိုင်ရန် ရည်စိတ်သန်လျက် ဗာရာဏသီတက္ကသို့တွင် ပညာရည်နို့ သောက်စို့၍နေကြကုန်သော မြန်မာပြည်ဖွား စာသင်သားသံဃာတော် အပါး(၂၀)ကျော်တို့အား နေ့ဆွမ်း၊ သစ်သီးဆွမ်းတို့ဖြင့် ဆက်ကပ်လုပ်ကျွေးပြုစုပြီးလျှင် ဆရာတော်အား ဦးထိပ်ထားလျက် မွေးနေ့မင်္ဂလာ မြတ်ဆုမွန်လွှာ ပြုလိုက်ရပါသည် ကောင်းထွေသာဓုခေါ်ဆိုနိုင်ကြပါစေကုန်သတည်း။
္ကဤကုသလ မြတ်ဘာဂကို မိဘဆရာ ညာတကာနှင့် ကိုယ်မှာစောင့်ကြပ် ကိုယ်စောင့်နတ်က အလပ်စေရ ပေးဝေးငှသည် အမျှထပ်တူ ရကြပါစေကုန်သတည်း။
သာဓု၊ သာဓု၊ သာဓု။
ရှင်သုခ(မင်းလှ)
ဦးထိပ်ပန်ဆင် သီတဂူထေရ်အရှင်
0 comments Wednesday, March 16, 2011ကမ္ဘာ့သာသနာပြု အကျော်အမော် သီတဂူဆရာတော်ကြီးသည် ယခုနှစ် တပေါင်းလပြည့်နေ့တွင် သက်တော်(၇၄) နှစ်ပြည့်သည်၊ မွေးနေ့ပွဲကို တပည့်တွေအားလုံးက စာပေတွေနဲ့ သူတို့နည်း သူတို့ဟန်တွေနဲ့ ပူဇော်ကြသည်၊ ဆရာတော်ကြီးရဲ့တပည့်အရင်း ကျွန်မကလဲ တတ်သလောက်မှတ်သလောက်လေးနဲ့ ဆရာတော်ကြီးကို ပူဇော်ကန်တော့ လိုက်ပါသည်။ ငယ်စဉ် ကလေးဘ၀ တုန်းက အသံကြည်လင်ပြတ်သားပြီး တရားဟော အလွန့်အလွန်ကောင်းသော ဦးဇင်းတစ်ပါးရဲ့ တရားခွေကို အဖေနဲ့အမေတို့သည် ကြားနာလိုက် ရသည်ဆိုလျှင်ဘဲ အသံရှင် ဦးဇင်းဆိုသည်ကို လိုက်လံရှာဖွေ ကိုးကွယ်ခဲ့ကြ ရတယ်လေ။ ကွှန်မရဲ့ အဖေနဲ့အမေ တို့က တရားခွေမှ အသံကိုသာကြားကြရပြီး အသံရှင်ကို အပြင်မှာ မမြင်ဘူးသောကြောင့် အသံရှင်ကိုလိုက်လံ စုံစမ်းမေးမြန်းသော အခါ ဘယ်သူမှ မသိကြဘဲ နောင် (၆) လခန့်ကြာသော အခါ တရားအသံရှင်ရှိသည် ဆိုသော ကင်းဘဲလ်လမ်း (ငါးထပ်ကြီး သုရားလမ်း) ရှိ ထူးကြီးဆရာတော်ကျောင်းတွင် အသံရှင်ကိုယ်တော် ခေတ္တ သီတင်းသုံးနေ သည်ဆိုသောကြောင့် အသံရှင်ကိုယ်တော်ကို တွေ့ချင် ဖူးမျှော်ချင်သောကြောင့်ုလိုက်လံရှာဖွေကြရတယ်လေ၊ ကျောင်းကိုတွေ့တော့ မိသားစုတွေ အရမ်းဝမ်းသာသွားကြပြီး ကျောင်းအတွင်းသို့ ၀င်သွားကာ အသံရှင်ဦးဇင်းကို ဖူးမျှော်ကန်တော့မယ်ဆိုပြီး ၀င်သွားရော အသံရှင်ဦးဇင်းလေးက ငါးထပ်ကြီးဘုရားကို ဘရားဖူးရန်ကြွသွား လို့ အချိန်ကြာအောင်စောင့်ရမယ် ဆိုပြီး လူတစ်ယောက်က ပြောပါတယ်၊ ကျွန်မတို့ မိသားစု ကလဲ အချိန်ဘယ်လောက်စောင့်ရ စောင့်ရ အသံရှင် ဦးဇင်းကို မဖူးမရ ခြင်းမပြန်ဘူးဆိုတဲ့ ဇွဲလေးနဲ့ စောင့်နေကြတယ်လေ၊ တစ်နာရီကျော်ကျော်ကြာ တော့ အရပ်ရှည်ရှည် အသားခပ်လတ်လတ် နဲ့ မျက်နှာကြည်လင်လင် ဥပဓိရုပ်ကောင်းကောင်း အသံရှင်ဦးဇင်းကို ဖူးတွေ့ရတယ်ဆိုရင်ဘဲ ရင်ထဲမှာ ပီတိတွေဖြစ်ကာ မိသားစု သုံးယောက်လုံး အရမ်းပျော်သွားကာ ဦးဇင်းလေးရဲ့ ဘွဲ့ကိုမေးကြည့်လိုက်တော့ သဲကုန်း သပိတ်အိုင် ဆရာတော် ဦးဥာဏိဿရ ဆိုတဲ့ နောင်တစ်ချိန် ကမ္ဘာ့ သာသနာပြု ဆရာတော်ကြီး ဒေါက်တာ အရှင်ဥာဏိဿရ ဆိုတဲ့ ကိုယ်တော်ဖြစ်ပါတယ်။
ကျွန်မတို့ မိသားစု ကအဲဒီ့အချိန်လောက် ကထဲက သဲကုန်း သပိတ်အိုင် ဆရာတော်ရဲ့ ဟြော့ပီး ထွက်သမျှ တရားခွေတွေကို ၀ယ်ယူကာ တရားဓမ္မဒါန ပြုလုပ် ကုသိုလ် ယူခဲ့ပါသည်။ဆရာတော့် တရားပွဲများကိုလဲ လိုက်လံနာယူကြပါသည်၊ ရပ်ကွက် တရားပွဲများကိုလည်း ကျွန်မ အဖေတို့မှ ဦးဆောင်ကျင်းပတိုင်း ဆရာတော့်ကို မိသားစုမှ ဓမ္မကုသိုလ်အမြဲ ယူခဲ့ကြပါသည်၊ ဆရာတော်နဲ့ ကျွန်မတို့ မိသားစုတွေက ဆရာဒကာအရင်းတွေဖြစ်လာကြပါတယ်၊
ဆရာတော်က မလွန်ဆန်လှူအသင်း အတွက် နေ့မအားညမနား ဆန်လှူတရားပွဲတွေ တရားဟောရင်း စစ်ကိုင်းတောင်ရိုး သဒ္ဒမ္မသီတဂူချောင်မှာ သီတင်းသုံးနေကာ မိုးရေကိုသာ အားထားသုံးနေကြရတဲ့ အညာနွေ ပူပူမှာရေ အခက်အခဲနဲ့ ရင်ဆိုင်နေကြတဲ့ တောင်တန်းပျော် သူတော်စင်တွေအတွက် ရေအခက်အခဲလေးကို ဖြေရှင်းနိုင်ရန် တောင်စစ်ကိုင်း ချောင်တိုင်းဝေမယ် ဆိုတဲ့ သံဓိဌာန်နဲ့ သီတဂူ ရေအလှူစီမံကိန်းကြီးကို စတင်ကာ အကောင်အထည်ဖေါ် ပြီး ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ညှိနှိုင်း တိုင်ပင်ပြီး ဧရာဝတီမြစ်ကြီးမှ မြစ်ရေများကို ရေစုတ်စက်ကြီးများနှင့် တင်ကာ တောင်ရိုးတွေပေါ်တွင် တည်ဆောက်ထားသော ရေလှောင်ကန်ကြီးများသို့ ပို့ပြီး ထိုမှတဆင့် သူတော်စင်များနေထိုင်ရာ ချောင်များသို့ ရေကို လိုသလောက် အသုံးပြု နိုင်အောင် ရေကုသိုလ်ပြုနိုင်ခဲ့ကြ ပါသည်၊ ထိုကဲ့သို့ စိမံကိန်းကြီး များလည်ပတ်နိုင်အောင် ဆရာတော်သည် နိုင်ငံတ၀န်း နေ့ညမနားဘဲ တရားတွေလိုက်လံဟော ကာအလှူခံရတယ်လေ၊ ကျွန်မ သိသလောက်ဆိုရင်ဘဲ တစ်နေ့လျှင် သုံးပွဲ လေးပွဲလောက်ဟော ရတယ်လေ၊မြန်မာပြည်အနှံ့ ကား။ရထား၊လေယာဉ်၊လှေ၊ သင်္ဘောတွေကိုစီးကာတစ်မျိုး၊ခြေလျင်လျှောက်ကာ တစ်ဖုံနဲ့ မမောနိုင်မပန်းနိုင် သာသနာပြု လုပ်ဆောင်နေတယ်ဟာ တကယ့်ကို ကြည်ညိုလေးစားရပါတယ်၊ ပြည်ပနိုင်ငံများသို့ လဲသာသနာပြု လုပ်ဆောင်ရန် အတွက်လဲ ကြွရောက်ကာ သာသနာ့တာဝန်တွေကို ထမ်းဆောင်နေတယ်လေ၊အခု ဆိုရင် တောင်စစ်ကိုင်းတခွင်မှာ မိုးနည်းရေရှား ခြောက်သွေ့မနေတော့ဘဲ စိမ်းလန်းစိုပြေ နေတာတွေဟာ ကျေးဇူးရှင် သီတဂူ ဆရာတော်ကြီးရဲ့ မလျော့သော ဇွဲ၊ လုံလ ၊၀ိရိယတို့ကြောင့် ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူးရှင်၊
နောက်စီမံကိန်းတစ်ခုကိုလဲ စတင်လိုက်ပါတယ်၊ဒါကတော့ မြတ်စွာဘုရားဟောကြားတော်မူသလို နာမကျန်းဖြစ်နေသူတွေကို ဂရုတစိုက်စောင့်ရှောက်ပါဆိုတဲ့ ဟောကြားချက်အတိုင်း သီတဂူ အာယုဒါန ဆေးရုံတော် စီမံကိန်းကြီးကို အကောင်အထည်ဖေါ်ကာ သာသနာ့နွယ်ဝင် ရဟန်း၊သာမဏေ၊ သီလရှင်များကို အခမဲ့ ကျန်းမာရေး ဆေးကုသပေးကာ ကျန်းမာရေးစောင့်ရှောက်နိုင်ခဲ့လေသည်၊ ယ္ခူအခါတွင် မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ် အသီးသီးတွင် သီတဂူစက္ခူဒါနှင့် အာရောဂျဒါန ဆေးရုံပေါင်းများစွာကို ဖွင့်လှစ်နိုင်ခဲ့ပြီး မျက်စိဝေဒနာရှင် ထောင်ပေါင်းများစွာကိုလဲ မျက်စိအလင်းရအောင် ပြည်တွင်းပြည်ပမှ ဆရာဝန်ကြီးများ နဲ့ ကုသပေးနိုင်ခဲ့ကြပါသည်၊ သီတဂူ အာယုဒါနဆေးရုံ မှနွေးထွေးစွာ ပြုစု ကုသပေးမှု့ကြောင့် တောင်ရိုးတခွင် သာသနာ့တာဝန်တွေကို ထမ်းဆောင်နေကြသော သူတော်စင်တို့ ကျန်းမာစွာ သာသနာပြု လုပ်ငန်းများကိုလုပ်ဆောင်နိုင်ခဲ့ ကြပါသည်၊
ထို့အပြင် ဆရာတော်သည်ပြည်ပ သာသနာပြု လုပ်ငန်းအနေဖြင့် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် သီတဂူ ဓမ္မ၀ိဟာရ ကျောင်းကိုတည်ထောင်ပြီး ပြည်ပနိုင်ငံများတွင် ဗုဒ္ဓ့သာသနာ ထွန်းကားစေရန် ရည်သန်ချက်နှင့် ပြည်ပသာသနာပြု လုပ်ငန်းကိုလည်း စတင်တည်ထောင်နေပြီး အခုအခါ အဲဒီ့ကျောင်းတွင် ရွှေစည်းခုံစေတီပုံတူ ကိုတည်ထား ကိုးကွယ်နိုင်ရန် စီမံကိန်း ကိုစပြီးအကောင်အထည်ဖေါ် နေပါသည်။
ဆရာတော်သည် ဗုဒ္ဓသာသနာတော်ကို ကမ္ဘာသို့ ပြန့်စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် သီတဂူ ကမ္ဘာ့ဗူဒ္ဓ တက္ကသိုလ်ကြီးကို စစ်ကိုင်း၊ရန်ကုန်၊ မန္တလေးတို့တွင် နိုင်ငံတကာ တက္ကသိုလ် အင်္ဂါရပ်များနှင့် ညီညွှတ်စွာ တည်ဆောက်ထားသည်။ ဘီအေ၊အမ်အေ အောင် ရဟန်း၊သီလရှင် များစွာကိုလဲ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ဒေါက်တာ ပညာရပ်တွေကို သင်ယူရန် တပည့်ရဟန်းများကို ပြည်ပနိုင်ငံတွင် စေလွတ် ထားခဲ့ပါသည်၊ပြည်ပ နိုင်ငံများက သာသနာပြုရဟန်းများကို လက်ခံပြီး ဗုဒ္ဓစာပေများကို ဆရာတော် ကိုယ်တိုင် အားလပ်ချိန်များတွင် ပြည်တွင်း/ပ တပည့်ရဟန်းများကို မမောနိုင်မပန်းနိုင် ပို့ချပေးပါသည်။ ရခဲတဲ့ လူ့ဘ၀မှာ အချိန်ကိုတန်ဘိုးရှိရှိ အသုံးချတဲ့ ဆရာတော်ရဲ့ ပင်ကိုအလေ့ကျင့်လေး တစ်ခုဖြစ်ပါသည်၊
လူ့လောကကြီးတွင် ချမ်းသာခြင်း အစစ်ကို လူတိုင်း လိုချင်ပြီး ရှာဖွေကြပါသည်၊ ချမ်းသာခြင်းအစစ်ကတော့ ၀ိပဿနာ ကမ္မဌာန်း အားထုတ်ခြင်းပါဘဲ၊ ဒီလို ချမ်းသာမှု့တွေ ကိုပေးနိုင်တဲ့ ၀ိပဿနာ တရားအားထုတ်လိုတဲ့ သူတွေအတွက် အပြည်ပြည်ဆိုင်ရာ သီတဂူ ၀ိပဿနာ ကမ္မဌာန်း ဌာနကြီးကို ဖွင့်လှစ်နိုင်ရန် စီမံကိန်းကြီး ရေးဆွဲကာ စတင်အကောင်အထည်ဖေါ်နေပါသည်၊ တချိန်တည်း တစ်ပြိုင်တည်း ယောဂီ (၃၀၀) တရားအားထုတ်နိုင်သော တရားဓမ္မာရုံကြီး ကိုလည်း တည်ဆောက်နေပါသည်၊ဆရာတော်ရဲ့ ဥာဏ်အမျှော်အမြင်ကြီးမား စွာလုပ်ဆောင်သော သာသနာပြု လုပ်ငန်းတစ်ခုဖြစ်ပါသည်၊
၂၀၀၈နှစ် မေလတွင် အောက်မြန်မာပြည်ဘက် ဧရာဝတီတိုင်းတွင် အများဆုံးတိုက်ခတ် သွားသော နာဂတ်စ် မုန်တိုင်းတိုက်ခတ် မှု့ကြောင့် လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရတာကို ဆရာတော်ဦးဆောင်မှု့နှင့် သီတဂူ သာသနာပြု အဖွဲ့ဝင်တွေက ဒုက္ခရောက်နေကြသော သန်းပေါင်းများစွာ သောလူတို့ကို ကယ်တင်စောင့်ရှောက်နိုင် ခဲ့ကြလေသည်၊ ဆရာတော်ရဲ့ဦးဆောင်မှု့နှင့် ပြည်တွင်းပြည်ပ တပည့် ဒကာ/ဒကာမများရဲ့ လှူဒါန်းမှု့တွေက ၈ဘီလျံကျော်အောင် လှူဒါန်းနိုင်တဲ့ သာဓကတွေနဲ့ ဆရာတော်က ဒုက္ခရောက်နေတဲ့ နေရာဒေသတွေဆီကို လှေငယ်၊သင်္ဘော၊ ထော်လာဂျီတွေနဲ့ ဟိုးပင်လယ်လမ်း ဘက်တွေဆီအထိ ကိုယ်တိုင်သွားရောက်ကာ လူမှူ့ရေး လုပ်ငန်းတွေကို အင်တိုက် အားတိုက် မိမိအသက်အရွယ် ကိုပဓာန မထားဘဲ လုပ်ဆောင်နေတဲ့ သာဓကတွေကိုလဲ ကျွန်မက မျက်မြင် လိုက်ပါပြီး တွေ့လိုက်ရတော့ ကျွန်မ အတွေးထဲ အတွေးတစ်ခုဝင်လာတယ်လေ။ ဘာလဲဆိုတော့ ဆရာတော်က မြို့ကြီးတွေ ပြည်ပနိုင်ငံတွေမှာ အကောင်းဆုံးနောက်ဆုံးပေါ် ပါဂျဲဒိုး၊ လင့်ခရိုဇာကားကြီးတွေစီးပြီး ဇိမ်နဲ့ နေနိုင်ရဲ့သားနဲ့ အခုလိုဒုက္ခရောက်နေတဲ့ နေရာတွေဆီကို ကိုယ်တိုင်သွားရောက်ကာ မေတ္တာ ကရုဏာတွေကို ပေးစွမ်းနေတာတွေကို တွေးမိလေ ပိုပြီးပိုပြီး တိုးကာတိုးကာကြည်ညိုရလေပါဘဲရှင်၊
ဆရာတော်ရဲ့ ရည်ရွယ်ချက်တွေက ကတော့ နဗ္ဗိာန်ရောက်ဖို့ထက် ဒုက္ခရောက်နေသူကို ကယ်တင်စောင့်ရှောက်ခြင်း ဆိုတဲ့ မေတ္တာ၊ကရုဏာ စိတ်တွေနဲ့ သာသနာပြု လုပ်ငန်းတွေကို အသက်ရှင်နေသ၍ လုပ်ဆောင်မယ်ဆိုတဲ့ မိန့်ကြားချက်တွေကို ကျွန်မကလဲ ကိုယ့်ဆရာတော်ရဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေတဲ့ စီမံကိန်း လုပ်ငန်းတွေမှာ တတတ်တအား ပါဝင်ပြီး ကုသိုလ်ယူနိုင်ရပါ လို၏လို့ အမြဲ ဆုတောင်းနေရပါသည်၊
ဒါကြောင့် သီတဂူဆရာတော်လို့ နံမည်မကျော်ကြားခင် ကထဲက ကြည်ညိုလေးစားကိုးကွယ်ခဲ့ရသော ရခဲသော လူ့ ဘ၀တွင် တန်ဘိုးရှိရှိ နေထိုင်တတ်အောင် နှင့် ဘ၀လွတ်မြောက်ကြောင်းတရား တွေကို အမြဲ ဟောပြော ဆုံးမပေးနေတော် မူသော ယခုနှစ် တပေါင်းလပြည့် နေ့တွင်ကျရောက်မည့် ကျေးဇူးရှင် သီတဂူဆရာတော်ကြီးရဲ့ သက်တော်(၇၄) နှစ်ပြည့် မွေးနေ့ရက် မြတ်တွင် ကျေးဇူးရှင်ဆရာတော် အသက်ရာကျော်ရှည်ပြီး ပြည်တွင်းပြည်ပ သာသနာ့ပြု လုပ်ငန်းတွေကို ဆထက်တပိုး ထမ်းဆောင်နိုင်တဲ့ သက်တော်ရှည် သီတဂူဆရာတော်ကြီး ဖြစ်ပါစေလို့ အကြိမ်ကြိမ် ဆုတောင်းနေမိပါသည်။
သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
ပန်းစပယ်(လှဆန်းယဉ်)
read more “ဦးထိပ်ပန်ဆင် သီတဂူထေရ်အရှင်”

အစွပ်စွဲမလွတ်နိုင်
0 comments Saturday, January 22, 2011ဇာတ်မင်းသားကြီး ဦးဘိုးစိန်သီဆိုသွားတဲ့ သီချင်းတစ်ပုဒ်ရှိတယ်၊ အဲဒီသီချင်းက ဘာလဲဆိုတော့-----
ကောသမ္ဗီပြည်၊ ဘုရားရှင်ကြွစဉ်က၊
ရှင်အာနန္ဒာလျှောက်လိုက်ပါတဲ့၊
ဒေသနက္ကမအကျယ်၊
မာဂန္ဓီအယုတ္တမာ၊
သူ့အသွင်အပြင်၊
ဘုရားက မကြိုက်တာကြောင့်၊
သာမာဝတီက လုပ်တာတွေကိုကွယ်၊
ဂရုတမင် များစွာစိုက်တယ်လို့၊
သူ့လင်ကို သွားကာတိုက်တိုက်ပြီးတော့၊
ဘုရားမကိုဋ်၊ ကိုယ်တော်မြတ်ကြီးကိုကွယ်၊
ဆဲဆိုရေရွတ်တယ်။ ။
အဲဒီသီချင်းထဲကလို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ပင် ကဲ့ရဲ့စွပ်စွဲခြင်းမှ မလွတ်နိုင်ဖြစ်ခဲ့သေးတာပဲ ယခုခေတ် သံဃာတော်တွေ ကဲ့ရဲ့စွပ်စွဲခံရတာ ဘာမျှ ထူးစမ်းမည်မထင်ပါ။ အဓိကကျတာတော့ ကဲ့ရဲ့စွပ်စွဲခြင်းမှ လွတ်အောင်မိမိကိုယ်ကို အထင်အမြင်မသေးနိုင်အောင် နေတတ်ဘို့တော့ လိုပေလိမ့်မယ်။ မေတ္တာသုတ်ထဲမှာ ပါတဲ့အတိုင်း (န စ ခုဒ္ဒမာစရေ ကိဉ္စ) သေးငယ်သော အပြစ်လေးပင်ဖြစ်ပါသော်လည်း မပြုမိ၊ မပြောမိ၊ မကြံမိအောင် မိမိရဲ့ ကိုယ် နုတ် စိတ်ကို ထိန်းသိမ်းစောင်ရှောက်သွားမယ်ဆိုလျှင် မည်သူကမှ မိမိကို ကဲ့ရဲ့လို့ မရနိုင်ဘူးဆိုတာ သတိချပ်ပြီး ရှောင်ကြဉ်ကြပါစို့၊ ရှောင်ကြဉ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ သာဓကအားဖြင့် တင်ပြရမည်ဆိုလျှင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးပင် ဖြစ်ပါသော်လည်း စိတ်ကွယ်ရာအရပ်ဖြစ်၍ မင်းသားဘ၀က ဇနီးမယားဖြစ်ခဲ့သော မင်းသမီးယသော်ဓရာထံ ကြွတော်မူသောအခါ ဖခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို သပိတ်ပိုက်စေလျက် ခေါ်သွားခဲ့သည်ဆိုတာ ပါဠိတော်မှာ အထင်အရှားရှိခဲ့ပါတယ်။ အဲဒါကြောင့် မည်သူမဆို မည်သည့်အကြောင်းကြောင့်မှ အားလုံးသတ္တ၀ါတွေ စွပ်စွဲကဲ့ရဲ့ခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေလို့ သမာဆန္ဒပြုလျက်-------
ရှင်သုခ(မင်းလှ)
read more “အစွပ်စွဲမလွတ်နိုင်”

ပြာသိုလ်လပြည့် အမေ့နေ့
0 comments Tuesday, January 18, 2011၁၃၇၂-ခုနှစ်၊ ပြာသိုလ်လပြည့်နေ့သည် စာရေးဆရာ ဒါရိုက်တာကြီးဦးသုခက စာပေဟောပြောပွဲတွေကျင်းပ၊ နီးစပ်ရာဆရာတော်များအား လျှောက်ထားပြီး အမေ့နေ့ဖြစ်မြောက်အောင် ဆောင်ရွက်ကျိုးကုတ်အားထုတ်ခဲ့သောကြောင့် စာရေးသူတို့ မြန်မာပြည့်တွင် အမေ့နေ့ရယ်လို့ ပေါ်ပေါက်လာခဲ့ရပါသည်။ မိဘကို ချစ်ခင်မြတ်နိုးတတ်ကြကုန်သော သားသမီးတိုင်း ထိုနေ့ကို မေ့ကြလိမ့်မည် မဟုတ်ပါ၊ အမြဲအမှတ်ရနေလိမ့်မည်ဟု ယုံကြည့်ပါသည်။ တိုက်ဆိုင်ချင်တော့ စာရေးသူ၏မွေးနေ့နှင့် အမေ့နေ့ တထပ်တည်းလာကြနေခြင်းပင်ဖြစ်သည်။ သို့အတွက်ကြောင့် စာရေးသူသည် အမေ့နေ့ကို အမှတ်ရသောအားဖြင့်လည်းကောင်း၊ မွေးကျေးဇူးကို ဆပ်သောအားဖြင့်လည်းကောင်း သားသမီးများကို အသက်ကိုပင် ပဓာနမထားပဲ မွေးပေးနိုင်ကြကုန်သော မိခင်များ၏ ဂုဏ်ကိုအာရုံပြုလျက် ဗာရာဏသီမြို့တွင် ပညာရည်နို့သောက်စို့နေကြကုန်သော မြန်မာပြည်ဖွား သံဃာတော်များနှင့် ဗီယက်နမ်နိုင်ငံမှ သံဃာတော်များအား နေ့ဆွမ်းဖြင့် ဆက်ကပ်လှူဒါန်းပါမည့်အကြောင်း စာဖတ်သူပရိသတ်အား တင်ပြလိုက်ပါသည်။ ဤကုသိုလ်ကောင်းမှု၏ အဖို့အစုကို မယ်တော်ကြီးကို အစထားလျက် ဘုံ(၃၁)ဖြစ်ဖြစ်များစွာ သတ္တ၀ါမှန်သမျှ အနန္တတို့အား အမျှကုသိုလ်ပေးဝေလိုသည် ကောင်းတွေသာဓု သာဓုခေါ်နိုင်ကြပါစေကုန်သတည်း။ သာဓုခေါ်ဆိုနိုင်ကြကုန်သည်ဖြစ်ပါလျက် လူ နတ်နှစ်တန် ချမ်းသာသာခကို ခံစားနိုင်ကြကုန်သည်ဖြစ်ပါစေသော်။
ရှင်သုခ(မင်းလှ)
ပထမအကြိမ်၊ အသံမစဲ စုပေါင်းမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ မှတ်တမ်း (၂)
0 comments Friday, December 31, 2010အသံမစဲ မဟာပဋ္ဌာန်းပွဲတော်သည် ဆက်လက်၍ ပဋ္ဌာနဘာဏက (ပဋ္ဌာန်းရွတ်ဖတ်သူ) သံဃာတော်များ၊ ဒါယကာ+ဒါယိကာမများတို့၏ အဓိပတိတပ်ကာ အားထုတ်ကြသည့် စွမ်းအားတို့ကြောင့် အားရစရာ ကောင်းလောက် အောင်ပင် ကြည်နူးစရာဖြစ်လာခဲ့သည်။ ဒုတိယနေ့မှသည် တတိယနေ့ထိ ရွတ်ဖတ်ကြသည့် လူပုဂ္ဂိုလ်များသည် စိတ်ဝင်စားလာကြ ရွတ်ဖတ်လိုကြသည့် သဒ္ဓါတရားများ တိုးပွားလာကြသည်ကို တွေ့ရှိ ရသည်။ မိမိတို့ အားလပ်သည့် အချိန်ကို ထိထိမိမိ အရယူကြကာ ခန္ဓာသဘော စိတ်မစောပဲ နွမ်းနယ်မှုကိုပယ် ပီတိတွေရင်မှာ တွယ်၍ အားပါးတရ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်နေကြသည်မှာလည်း ပထမအကြိမ် ပြုလုပ်သည့် အသံမစဲ မဟာပဋ္ဌာန်းဒေသနာတော်ကြီး ရွတ်ဖတ်ပူဇော်ပွဲကြီး၏ အောင်မြင်မှု တစ်ခုဖြစ်လေသည်။
ထူးခြားလာသည်မှာ တတိယနေ့တွင် ပေါ့တလန်ဆရာတော် အရှင်သိရိန္ဒက မောင်ရင်လေး အွန်လိုင်းကနေ အများသူငှာ ကြည်ညိုသဒ္ဓါပွားစေဖို့ ရုပ်သံလွှင့်ဖို့သင့်တယ်ဟု မိန့်တော်မူလာပါသည်။ မိမိလည်း ဆရာတော် အရှင်မြတ်၏ ကူညီထောက်ပံ့မှုကို အမြဲတစေ မျှော်လင့်သူမို့ ကောင်းလေစွ ဆရာတော် ကူညီပေးပါဟု တောင်း ဆိုလေသဖြင့် ပေါ့တလန် ဆရာတော် အရှင်သိရိန္ဒမှ ကိုယ်တော်တိုင် အဝေးရောက် လမ်းညွှန်၍ မဟာပဋ္ဌာန်း ပွဲတော်ကြီး ပိုမိုအောင်မြင် ထူးခြားစေဖို့ ပဋ္ဌာန်းတရားအသံများကို အထက်ဗဟိုဠ် ကောင်ကင်သို့ ပို့ဆောင်တော်မူခဲ့၊ ကမ္ဘာတ၀ှမ်းသို့ ဖြန့်ကျင်းတော်မူခဲ့လေသောကြာင့် ပေါ့တလန်ဆရာတော်၏ မေတ္တာ မိုးတွေ ရွာသွန်းလို့ မေပယ်စနိုးတွေ အဝေးသို့ ရှောင်ကွင်းခဲ့ရပါသည်။
ဆရာတော်နည်းအတူ Live Dhamma. Com မှမမေဟန်သွင်ကလည်း ပဋ္ဌာန်းဒေသနာတော်များ စကြာဝဠာ တစ်ခွင်မှသည် တုသိတာ ဘုံဗိမာန်နန်းဆီက သန္တုသိတ နာမမည်တွင် မယ်တော်ဖြစ်ဖူး သောတာပန်နတ်သား ကိုယ်တော်ဖျားဆီသို့ ပဋ္ဌာန်းမြတ် အဘိဓမ္မာ အနောက်ကမ္ဘာတခြမ်းမှာ ပဲ့တင်သံလွှမ်း နေပါလားလို့ လေလှိုင်းမှ ပို့သ၊ သတင်းစကား ပါးလေခဲ့သောကြောင့် ကောင်းကင်မှာ ကြည်လင်၊ စနိုးတွေ မိုးရေစက်အသွင် ပြောင်းခဲ့ရပါ သည်။
အရှင်မြတ် မထေရ်သခင်နှင့် ဒကာမ မမေဟန်သွင်တို့ ကူညီမ,စ စေတနာတွေ ဝေငှလေသောကြောင့် အဘိဓမ္မာ မြတ်ပဋ္ဌာန်း တကယ်ပင် တခေတ်ဆန်း၍ မွန် ဗမာသံတို့ဖြင့် ကောင်းကင်မှာ လွှမ်းခဲ့ရပါပြီ။
“ပြုံးလို့ရယ် ပျော်ရွှင် နွမ်းတယ်ဆို သူသိဘူး၊ ပုဂံသံ ဆူညံထွက်အောင်၊ တိုးဝှေ့ လှူဦး” လှူဖို့ဆို လက်မနှေးကြသည့် သဒ္ဓါသွေး ရဲရဲနီသော ဒကာ+ဒကာမများတို့၏ ဆွမ်းအဟာရဒါနကလည်း အံ့သြဘွယ်ပင်။ လိုလိုသေးမရှိ၊ ထားစရာ တကယ်ပင် နေရာမရှိ၊ သူသူငါ မပါ မရှိရလေအောင် ပြင်လိုက်သည့် ဆွမ်းပွဲ၊ Table ပင် ကျိုးကျခါနီးမို့ ဆွမ်းဒါယကာ+ဆွမ်းဒါယကာမများကို မိမိက အပေါ်က ကဗျာမပီ စာမညီသော စားသား ပိုဒ်ဖြင့် ဂုဏ်ပြုလိုက်ပါသည်။
အံ့မခန်းအောင် လှူဒါန်း ထောက်ပံ့ကျသော အလှူရှင်များက များလွန်း လှသဖြင့် နာမည်ဖေါ် မသီကျူးတော့ပါဘူး။ မဟာပဋ္ဌာန်းဒေသနာတော်ကြီး ကျင်းပသည့် ရက်အတွင်း အရုဏ် မနက် ညပါမကျန် ဆွမ်းကွမ်း အာဟာရ အဖျော် သစ်သီးတို့ဖြင့် လှူကြသည့် အလှူရှင်များကို မိမိက သုခီ ဟောတု၊ ဒုက္ခာ မုစ္စတု လို့ မေတ္တာပို့လိုက်ပါသည်။
ညစဉ်ညတိုင်း အိပ်ရေးမမက် သဒ္ဓါထက်ထက်ဖြင့် မရပ်မနား ရွတ်ဖတ်ပေးကြသည့် ဆရာတော် သံဃာတော် များနှင့် ပဋ္ဌာန်းဒေသနာတော်ကို ကြည်ညို၊ သဒ္ဓါစိတ်တွေ ပိုလွန်းကြသည့် သူတော်စဉ် အမျိုးကောင်းသား +အမျိုးကောင်းသမီးတို့က မအားမလပ် အလုပ်တဖက်ဖြင့် နွမ်းနယ်မှုကို ပဓာနမထား ကုသိုလ်ရယူလို အားဖြင့် ပထမအကြိမ် မဟာပဋ္ဌာန်း စုပေါင်းရွတ်ဖတ်ပွဲကြီးကို အသံမစဲစေခဲ့ကြသည်မှာ ယနေ့ဆို ခြောက်ရက် မြောက်ရှိပါပြီ။ အော် တကယ်ပင် မိမိစိတ်အစဉ်မှာ အစ္ဆရိယံ ၀တ- လက်ဖြင့် ခတ်တီး အံချီး စရာကောင်းပါပေစွ၊ အဗ္ဘုတံ ၀တ- ရှေးက မဖြစ်စဖူး တကယ်ပင် ထူးခြားပါပေစွ။
မြင့်မြတ်ကြီးကျယ် သိမ်မွေးနုညံ့ အံ့မခန်းလှသည့် အဘိဓမ္မာ မြတ်ပဋ္ဌာန်းဒေသနာတော်ကြီးကို မိမိနှုတ်ဖျား ကာယအားဖြင့် ရွတ်ဖို့ ပျော်ရွှင် စိတ်အစဉ်သည် တကယ်ပင် အဖိုးတန်လှပါပေစွ။
သဟဿမပိ စေ ၀ါစာ၊ အနတ္ထပဒ သံဟိတာ၊
ဧကံ အတ္ထပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။ (ဓမ္မပဒ-သဟဿဝဂ်)
အကျိုးကျေးဇူး မဖြစ်စေသော စကားလုံးပေါင်း တထောင်သည် ကြားနားရသော သူကို ငြိမ်းအေးမှုကို မပေးနိုင်၊ အကျိုးစီးပွား ဖြစ်စေသော မြတ်ဗုဒ္ဓ၏ ပါဠိစကားတလုံး (ဓမ္မတခွန်း)သည် ကြားနာရသောသူကို ကိလေသာ ခပ်သိမ်း ကင်းငြိမ်းသဖြင့် ချမ်းသာစေနိုင်၏။
နေ့စဉ် စီးပွားရေး သားရေး မယားရေး သမီးရေးစသည်တို့ဖြင့် ကိလေသာအညစ် ထွေးထပ်ရစ်သဖြင့် သူ့အတင်း သူ့အဖျင်း စကားလုံးစုံ နှုတ်တွင် ထပ်ထပ်၊ ဖုန်းဆက်တဖုံ အချိန်ကုန်ပြောနေခြင်းထက် ယနေ့ သီတဂူဓမ္မ၀ိဟာ ရကျောင်း၊ ကျင်းပပြုလုပ် အဘိဓမ္မာ မဟာပဋ္ဌာန်းကို တပိုဒ် တပါဒ တရက် တနာရီ ရွတ်ဖတ်လိုက်ရခြင်းက ပိုလို့ပင် အကျိုးကျေးဇူ များလှသဖြင့် အော် တကယ်ပင် မီနီဆိုးတား ဒါယကာ+ဒါယိကာမတို့အတွက် အခွင့်ထူးကြီးကို ရရှိပါပေစွ။
ယော စ ၀ဿသတံ ဇီဝေ၊ ကုသီတော ဟီန၀ီရိယော၊
ဧကာဟံ ဇီဝိတံ သေယျော၊ ၀ီရိယ’ မာရဘတော ဒဠှံ။ (ဓမ္မပဒ-သဟဿဝဂ်)
ကာမဂုဏ်ပျော်ပါး နေ့စဉ်အားဖြင့် ဘာဝနာအလုပ် ကြိုးမကုတ်ပဲ ပျင်းရိ၍နေ အသက်တရာရှည်သော သူထက် တရက် တမနက် တနာရီမျှ ဘာဝနာအလုပ် ကြိုကုတ်ရှာဖွေ အားထုတ်၍ နေသောသူ၏ အသက်ရှင်ခြင်းသည် တန်ဖိုးကြီးမား အလွန်ပင် ထူးခြားလေ၏။
နေ့စဉ် ကာမအာရုံ ကာမဂုဏ်ဖြင့် အာရုံခြောက်ပါး မလပ်အားပဲ တရွေ့ရွေ့သွား အသက်ကြီး၍ လာကြသော မိမိတို့အားလုံးအတွက် တရက် တမနက် တနံနက်မျှ အသံမစဲ မဟာပဋ္ဌာန်းပွဲကို ၀မ်းသာ အားရ တက်ကြွ ပျော်ရွှင် ကိုယ်တိုင် ပါဝင် ရွတ်ဖတ်လိုက်ရခြင်း၊ ကိုယ်တိုင် ပါဝင် လှူဒါန်းလိုက်ရခြင်းသည် ပိုလို့ပင် အကျိုး ကျေးဇူ များလှသဖြင့် အော် တကယ်ပင် မီနီဆိုးတား ဒါယကာ+ဒါယိကာမတို့အတွက် အခွင့်ထူးကြီးကို ရရှိပါပေစွ။
ထို့ကြောင့် သီတဂူကျောင်း ဒါယကာ+ဒါယကာမအပေါင်းတို့သည် ကြုံလာသည့် အခိုက် သာသနာတော်ကို ဦးဖြင့် တိုက်၍ ကိုယ်ပိုင်သိ ဒါန၊ ကိုယ်ပိုင်သိ သီလ၊ ကိုယ်ပိုင်သိ ပညာ ရရှိဖို့ အရေး သီတဂူဓမ္မ၀ိဟာရကျောင်း တွင် ကျင်းပ အဘိဓမ္မာ မြတ်ပဋ္ဌာန်းကို တရက် တမနက် ရွတ်ဖတ်ဖြစ်အောင် ရွတ်ဖတ်လိုက်ကြပါဟု မေတ္တာဖြင့် အာသီသပြု တိုက်တွန်းလိုက်ရပါသည်။
ယုံကြည် ပျော်ရွှင် စိတ်အစဉ်ဖြင့်
အရှင်နာယက (မနက်ဖြန်)
read more “ပထမအကြိမ်၊ အသံမစဲ စုပေါင်းမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ မှတ်တမ်း (၂)”

ပထမအကြိမ်၊ အသံမစဲ စုပေါင်းမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ မှတ်တမ်း
0 commentsမီနီဆိုးတားပြည်နယ်၊ မေပယ်ဝုမြို့
သီတဂူဓမ္မ၀ိဟာရကျောင်းတိုက်၌ ကျင်းပပြုလုပ်သော
ပထမအကြိမ်၊ အသံမစဲ စုပေါင်းမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ မှတ်တမ်း
ပဋ္ဌာန်းပွဲကျင်းပဖြစ်ဖို့ အခြေပြုခဲ့သော အကြောင်းတရားသည် ပေါ့တလန်မြို့ သီရိမင်္ဂလာကျောင်း ဆရာတော် အရှင်သီရိန္ဒ၏ မေတ္တာအရိပ်အောက် ခိုဝင်ရောက်မိစဉ် ဖြစ်ပေါ်လာခဲ့သည်။ အရှင်သီရိန္ဒ၏ သာသနာပြု မှတ်တမ်း စာစောင်ထုတ်ဝေဖို့ မိမိပါဝင်ကုသိုလ် လုပ်အားပေးသောအခါ မှတ်တမ်းဓာတ်ပုံများတွေ့ရှိရသည်။ ထိုဓာတ်ပုံများအထဲမှ ၂၄နာရီပဋ္ဌာန်းပွဲ ကျင်းပသည့် ပုံရိပ်များသည် မိမိအတွက် စိတ်ဝင်စားစရာ အတွေး သစ်များ ဖြစ်လာဖို့ အခြေပြုခဲ့သည်။ ထိုအချိန်ကစ၍ မိမိသီတင်းသုံးနေစဉ်အခိုက် ကျောင်းကိုအမှီပြုကာ ကုသိုလ်ယူနေကြ သည့် ဒကာ+ဒကာမတို့အား ပဋ္ဌာန်းပါဠိတော် ရွတ်ဖတ်ပူဇော်စေခြင်းဖြင့် ဓမ္မပူဇာ သာသနာ့ပူဇာပြုလုပ်ရရင် ကောင်းလေစွဟု အတွေးဖြစ်ခဲ့သည်။ ထို့ကြောင့် ပေါ့တလန်က အပြန် ကျောင်းအတွင်းရေးမှူး ကျောင်းဥက္ကဋ္ဌ ကြီးတို့အား မိမိဆန္ဒ မိမိအစီအစဉ်ကို ပြောပြသည့်အခါ လှိုက်လဲ ၀မ်းသာအားရ ပြုလုပ်သင့်ကြောင်း အားပေးသဖြင့် အသံမစဲ စုပေါင်းမဟာပဋ္ဌာန်းပွဲကြီးကို စီစဉ်ဖြစ်ခဲ့သည်။
စီစဉ်ခဲ့စဉ်က ၂၄နာရီပဋ္ဌာန်းအဖြစ် စိတ်ကူးခဲ့သော်လည်း ခရစ်စမတ်နှင့် နှစ်သစ်ကူးအားလပ်တို့ ပေါင်းစုံ၍ အချိန်ကောင်း ရက်ကောင်းများ တစုတဝေးတည်း ပေါင်းစုံနေသည့် ရက်ရာဇာ နေ့ဇာ ညရာဇာတို့ ဖြစ်နေသော ကြောင့် ပထမအကြိမ် အသံမစဲ စုပေါင်းမဟာပဋ္ဌာန်းပွဲကို (၇)တိုင်တိုင် ကျင်းပဖို့ အစီအစဉ်စွဲဖြစ်ခဲ့လေသည်။ မိမိကိုယ်တိုင် ဖိတ်စာများ စီမံရေးကုံးကာ ဒကာကြီး ဦးအောင်ကိုးနှင့် ဒကာကြီးအောင်သန်းတို့မှ မိတ္တူကိုး စာတိုက်ပို့ခြင်းလုပ်ငန်းများ စတင်လေတော့သည်။
ရက်ရှည်ပဋ္ဌာန်းအတွက် မီနီဆိုးတားရှိ သံဃာတော်ငါးပါးနှင့် ဒကာ+ဒကာမများတို့၏ သဒ္ဓါ၊စေတနာတို့ကို ယုံကြည်အားကိုး၍ တွေဝေခြင်း မရှိ ရဲရဲကြီး ပျော်ပျော်ကြီး အားထုတ်မိခဲ့သည်။ အသံမစဲမဟာပဋ္ဌာန်းပွဲတော် ကြီးအတွက် ပြင်ဆင်မှုများကို မိမိကိုယ်တိုင် အပင်ပန်းခံ၍ ကိုအောင်ဆန်းဦး၊ သားသား၊ ကိုစိုးမင်း၊ကိုချစ်ဝင်း၊ ကိုညီတို့မှ အားတက်သရောပါဝင်ကူညီသဖြင့် အခက်ခဲမရှိ ပြီးစီခဲ့လေသည်။
လိုအပ်သည့် ပဋ္ဌာန်းရေအိုး (၂၄)လုံးအတွက်ကိုလည်း ဒေါ်ခင်စန်းမြင့်နှင့် သား-ကိုပီတာ+သမီး-မခင်အောင် အောင်ဝင်း မိသားစုတို့မှ သဒ္ဓါပေါက်ကာ ပဋ္ဌာန်းပွဲအတွက်လှူဒါန်းကြသည်။ ထို့နောက် မိမိ၏ လိုအပ်ချက်များ၊ ကျောင်းအတွက်လိုအပ်ချက်များကို မိသားစုအလား ဖြည့်ဆည်းပေးကြသည့် ဒေါ်တင်တင်လှ၊ဒေါ်မြင့်မြင့်သူတို့ ၏ ကြီးမားသည့် စေတနာ သဒ္ဓါတို့ကြောင့် ပြင်ဆင်မှုသည်လည်း အလုံးစုံ စင်းလုံးချောခဲ့လေသည်။
ပဋ္ဌာန်းပွဲရက်အတွင်းသို့ဆိုက်ရောက်သောအခါ ပဋ္ဌာန်းဒေသနာတော်များကို ပင်တိုင်းရွတ်ဆိုဖို့အတွက် ကြွရောက်ချီးမြှင့်သည့် ကရင်ဗုဒ္ဓဘာသာကျောင်းမှ ဆရာတော် အရှင်ယသ၊အရှင်သုန္ဒရ၊အရှင်သြဘာသ၊အရှင် ပဏ္ဍိတတို့ကလည်း အားတတ်သရော ပါဝင်ကူညီပေးသဖြင့်လည်း အတိုင်းမသိပျော်ရွှင်မိခဲ့သည်။
ပဋ္ဌာန်းပွဲမကျင်းပမှီ တရက်အလို မယ်ဝေါကီးမြို့မှ အရှင်နန္ဒ၀ံသသည်လည်း မပင့်မဖိတ် မသိရှိပဲ ဆိုက်ဆိုက် မြိုက်မြိုက် ကြွရောက်တော်မူသဖြင့်လည်း နတ်ဗြဟ္မာများက ပင့်ဖိတ်လေရောသလားဟု တွေးဆင့်ကာ သံဃာများပေါင်းစုံလေသဖြင့်လည်း အပျော်ကြီး ပျော်မိခဲ့သည်။ သံဃာတော်တို့ များများကြွရောက်လေလေ ကျောင်းတော်ကြီးနှင့် ဒကာ+ဒကာမ တို့၏ သဒ္ဓါ စေတနာတို့သည်လည်း ပို၍ပို၍ ကြီးမားလေလေ တိုးပွားလေလေဖြစ်ပေသည်။
ပဋ္ဌာန်းပွဲ ပထမနေ့တွင် စိတ်ကြံစည်သည့်အတိုင်း အခက်ခဲမရှိ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီး ဖွင့်လှစ်နိုင်ခဲ့သည်။ အရှင်န္ဒ၀ံသမှ ပဋ္ဌာန်းဒေသနာတော်ကြီး၏ အဖွင့်ဂါထာတော်ကြီးဖြင့် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဒကာကြီး ဦးအောင်ကိုးမှ ပဋ္ဌာန်းပွဲကျင်းရခြင်းအကြောင်းကိုရှင်းလင်းပြကာ ဥက္ကဋ္ဌကြီး ဦးအောင်သန်းမှ ပဋ္ဌာန်းဒေသနာ တော်နာယူဖို့ နတ်ဗြဟ္မာတို့ကို ပင့်ဖိတ်၍ ဆရာတော် အရှင်ယသမှ ပဋ္ဌာန်းပစ္စယနိဒ္ဒေသနှင့်ပစ္စယုဒ္ဒေသတို့ကို စတင်ရွတ်ဖတ်ပူဇော်ပေးခြင်းဖြင့် ပထမအကြိမ် (၇) တိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်းဒေသနာတော်ကြီးသည် အသက်ဝင်စတင်၍ သီတဂူဓမ္မ၀ိဟာရကျောင်းအတွင်းနှင့် သီတဂူဒကာ+သီတဂူဒကာမများတို့ စိတ်နှလုံး သန္တာန်ဝယ် မရပ်မနား ဓမ္မအသံများ စီးဆင်းနေခဲ့သည်မှာ သုံးရက်မြှောက်ပင် ရှိခဲ့လေတော့သည်။
ပဋ္ဌာန်းမြတ်ဒေသနာ တရားသံများ အသံချိုမြ အေးမြကြည်လင် စီးဆင်းနိုင်စေဖို့ အသံပိုင်းဆိုင်ရာ စက်ပစ္စည်များကို နိုင်စံမြင့်+မသန်းသန်းဝင်း (မွန်မိသားစု)မှ အပင်ပန်းခံ လိုအပ်သည်များ ဖြည့်ဆည်း၍ ကိုကိုထွေး+မညိုညိုစိုး၊သမီးလေး-စန္ဒီစိုးထွေးတို့နှင့် ကိုအောင်မြင့်ထွန်း+မမြတ်သန္တာထွန်း သမီးလေး-လင်းကလျာထွန်းတို့ကလည်း သဒ္ဓါဖွေးဖြူ အသံထွက်ဖို့အရေး အားပေးထောက်ပံ့လှူဒါန်းကြပါသည်။
ပဋ္ဌာန်းဒေသနာတော် အသံမစဲ ရွတ်ဖတ်ဖို့အရေး သဒ္ဓါလှိုင်းတို့ ဖွေးဖွေးလွှလွှ လှိုင်းထနေကြသော သံဃာတော်အရှင်မြတ်ငါးပါးနှင့် ဒကာ+ဒကာမတို့၏ တက်ကြွ ကြည်လင် စိတ်အစဉ်သည် ပဋ္ဌာန်းပွဲအတွက် စီစဉ်ရသော မိမိ၏ နှလုံးသားကို ပင်ပန်းမှုများ မေ့ပျောက် အော် နောက်နှစ်ဆိုရင် ဒီထက်မက ပို၍ပင် စည်ပင် အောင်ကျင်းပမည်ဟု အနာဂတ်ပဋ္ဌာန်းပွဲကိုပင် စိတ်ကူးနှင့် စီစဉ်နေမိတော့သည်။
နေ့ညမအား အသံမစဲအောင် ရွတ်ဖတ်ပူဇော်ကြသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များစာရင်းကို ချရေးကြည့် မိသည်။ သံဃာတော်များ စာရင်း
(၁) အရှင်ယသ (၂) အရှင်သုန္ဒရ (၃) အရှင်နန္ဒ၀ံသ (၄) အရှင်သြဘာသ (၅) အရှင်ပဏ္ဍိတ (၅) အရှင်နာယက
လူပုဂ္ဂိုလ်များ စာရင်း
(၁) ဦးဟန်ဇော် (၂) ဦးအောင်သန်း+ဒေါ်တင်တင်လှ (၃) ဦးအောင်ကိုး+ဒေါ်မြင့်မြင့်သူ (၄) ဒေါက်တာဝင်းချို လှိုင်+ဒေါက်တာရီရီချို (၅) ဒေါ်ခင်စန်းမြင့် (၆) မခင်အောင်အောင်ဝင်း (၇) ကိုကိုထွေး+မညိုညိုစိုး (၈) ကိုအောင်ဆန်းဦး၊ (၉) ကိုမင်းစိုး+မစန္ဒာ (၁၀) ကိုအောင်လွင်+မသီတာဝင်း (၁၁) ကိုနိုင်+မခင်တင်လတ် (၁၂) သားသား (၁၃) ကိုမင်းအောင်မြင့်နှင့် သူငယ်ချင်းများ (၁၄) ကိုညီ+မသိန်းသိန်းဝင်း (၁၅) ကိုရဲဒင်း+မအေးအေးဝင်း (၁၆) ကိုမောင်မောင် (၁၇) ကိုခွန်မျိုးငယ်+မသန္တာ (၁၈) မသန်းသန်းအေး (၁၉) မောင်လေး (၂၀) မသန်းသန်းဝင်း အစရှိသည့် ဒကာ+ဒကာမများတို့က ပါဝင် ရွတ်ဖတ်ပူဇော်ကြသည်။
ထူးထူးခြားခြား မွန်ဘာသာ မွန်စကားဖြင့် ပဋ္ဌာန်းဒေသနာတော်ကြီးကို အားတက်သရော သဒ္ဓါအပြည့် စေတနာ အပြည့်တို့ဖြင့် အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ နိုင်သီဟ နိုင်စန်းယုတို့ကလည်း ရွတ်ဖတ်ပူဇော်လေသဖြင့် ထူးခြားလေသည်၊ အကျိုးများလေမည်ဖြစ်ပါသည်။
ဒုတိယညပိုင်းနှင့် တတိယမနက်ပိုင်းတွင် အိပ်ရေးအပျက်ခံကာ ဒကာလေး မောင်မင်းစိုးနှင့် သားသားတို့ ကလည်း ကိုယ်တိုင်လည်း ပူဇော် သံဃာတော်များ ရွတ်ဖတ်နိုင်ဖို့ အချိန်တော်မနှေးစေဖို့ အားပေး ကူညီကြသည်။
ပဋ္ဌာန်းပွဲ ရွတ်ဖတ်ပူဇော်ပွဲအတွက် သံဃာတော် မပင်မပန်း ရွတ်ဖတ်နိုင်စေဖို့ အရုဏ်ဆွမ်း+နေ့ဆွမ်းတို့ဖြင့် သဒ္ဓါဖွေးဖြူ ချက်ပြုတ်စီမံပေးကြသည့် အလှူရှင်များစာရင်းမှာ
ပဋ္ဌာန်းပွဲ ပထမနေ့
အရုဏ်ဆွမ်း အလှူရှင် - မိခင်ကြီး ဒေါ်ကြင်ဆိုင်နှင့် ဥက္ကကြီး ဦးအောင်သန်း+ဒေါ်တင်တင်လှ၊
နေ့ဆွမ်း အလှူရှင် -ဒေါ်ခင်စန်းမြင့်၊ သား-ကိုပီတာ+သမီး မခင်အောင်အောင်ဝင်းမိသားစုနှင့် ကိုအောင်လွင်+ မသီတာဝင်း မိသားစု။
ပဋ္ဌာန်းပွဲ ဒုတိယနေ့
အရုဏ်ဆွမ်း အလှူရှင် - ကိုကိုထွေး+မညိုညိုစိုး မိသားစုနှင့် ကိုညီညီ+မသိန်းသိန်းဝေ
နေ့ဆွမ်း အလှူရှင်- ဒေါ်မြင့်ဋ္ဌေးမိသားစု၊ ကိုဂျော်နီ မိသားစု၊ ကိုနိုင်+မခင်တင့်လတ် မိသားစု၊ ကိုဝင်းဗိုလ်+မသန်းသန်းအေး မိသားစု၊ ကိုရဲဒင်+မအေးအေးဝင်း မိသားစု၊ ကိုခွန်မျိုးငယ်+မသန္တာ မိသားစု၊ ကိုအောင်လွင်+မသီတာဝင်း မိသားစု၊ နိုင်စံမြင့်+မသန်းသန်းဝင်းမိသားစု (မွန်မိသားစု)၊ ဒေါ်ခင်စန်းမြင့်၊ သား-ကိုပီတာ+သမီး-မခင်အောင်အောင်ဝင်း မိသားစု
ပဋ္ဌာန်းပွဲ ဒုတိယနေ့ ည အဖျော်အလှူရှင်
ကိုရဲဒင်+မအေးအေးဝင်းမိသားစုတို့မှ ဂျင်းသုတ် လှူဒါန်းသည်။
နိုင်စံမြင့်+မသန်းသန်းဝင်း (မွန်မိသားစု) တို့မှ အဖျော်အရည်တို့ဖြင့် လှူဒါန်း ထောက်ပံ့ပေးသည်။
ပဋ္ဌာန်းပွဲ တတိယနေ့
အရုဏ်ဆွမ်းအလှူရှင်- မိခင်းကြီးဒေါ်ကြင်ဆိုင်နှင့် သား-ဦးအောင်သန်း+ဒေါ်တင်တင်လှ
နေ့ဆွမ်းအလှူရှင်- ကိုချင်း+မလေး မိသားစု၊ နိုင်စံမြင့်+မသန်းသန်းဝင်း (မွန်မိသားစု) မစိန်ကြည် မိသားစု၊ ကိုခွန်မျိုးငယ်+ မသန္တာ မိသားစု၊ ဦးအောင်မြိုင်+ဒေါ်မြိုင်မိသားစု၊ ကိုအောင်လွင်+မသီတာဝင် မိသားစု၊ ကိုနိုင်+မခင်တင်လတ် မိသားစု၊ ဒေါ်တင်တင်လှ၊ ဒေါ်ခင်စန်းမြင့်တို့မှ သံဃာတော်များနှင့် ပဋ္ဌာန်းပူဇော်ကြသည့် လူဂ္ဂိုလ်တို့အား အာဟာရဒါနတို့ဖြင့် သာသနာတော်ကြီးအတွက် လှူဒါန်းကြသည်။
ဤမှတ်တမ်းတွင် ပါဝင်သည့် ဆွမ်းအာဟာရဒါန အလှူရှင်များနှင့် အသံအား စေတနာ သဒ္ဓါတရားအားတို့ဖြင့် အဘိဓမ္မာဒေသနာတော်ကြီး အသံမစဲ စုပေါင်းရွတ်ဖတ်ပူဇော်ပွဲသည့် ဓမ္မသဒ္ဒ ဓမ္မပူဇာ အလှူရှင်တို့သည် မှန်းဆသည့်ထက်၊တွေးဆသည်ထက် တိုးပွား၍နေ အောင်မြင်၍နေလေတော့သည်။ ထို့ကြောင့် (၇)ရက် ပဋ္ဌာန်းပွဲသာမက (၁)လပဋ္ဌာန်းဒေသနာရွတ်ဖတ်ပွဲကြီး ကျင်းပလျှင်လည်း မဖြစ်နိုင်စရာမရှိ တကယ်ပင် အခက်ခဲမရှိ အောင်မြင် လိမ့်မည်ဟု တွေဝေခြင်း မရှိ မိမိယုံကြည်မိကြောင်းမှတ်တမ်းတင်လိုက်ရပါသည်။ ကျန်ရှိသည့် ရက်များအတွက် ဆက်လက် ရေးသားဖော်ကျူး ပါဦးမည်။
ယုံကြည် ပျော်ရွှင် စိတ်အစဉ်ဖြင့်
အရှင်နာယက (မနက်ဖြန်)
read more “ပထမအကြိမ်၊ အသံမစဲ စုပေါင်းမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ မှတ်တမ်း”

ကုသိုလ်ဘယ်လိုတိုး
0 comments Thursday, December 16, 2010ကုသိုလ်ဘယ်လိုတိုး
တစ်ချိန်တုန်းကပေါ့.. မြတ်ဗုဒ္ဓသည် ကောသလတိုင်းမှာရှိတဲ့ ပေါက်ပင်တော ရွာလေးတွင် သီတင်းသုံးလျှက် ရဟန်းအပေါင်းကို တရားရေအေးတိုက်ကြွေး နေတော်မူရင်း နူးညံ့သော စိတ်နှလုံးဖြင့် တိတ်ဆိတ်နေတဲ့ သူ၏ရဟန်း ပရိသတ်ကြီးကို စောင်းငဲ့ကြည့်ရှုတော်မူကာ သူ၏လက်ယာဘက်တွင် သီတင်းသုံးနေသော အရှင်သာရိပုတြာမထေရ်မြတ်ကို..
ချစ်သား သာရိပုတြာ.. ရဟန်းအပေါင်းဟာဖြင့်.. ထိုင်းမှိုင်းမှု မရှိ ပကတိ တည်ကြည်တဲ့ စိတ်နှလုံးတွေ ရှိနှင့်နေဘိ၏.. ငါကိုယ်တော်မြတ် ညောင်းညာနေ၍ ခေတ္တအနားယူမည်.. သင်ချစ်သားဆက်လက်ပီး တရားဟောပါလေဟု မိန့်မှာတော်သောကြောင့်.. ကောင်းလှပါပီ မြတ်အရှင်ဟု ဆိုကာ.. ဆက်လက်တရားရေအေးတိုက်ကျွေးလေသည်မှာ..
ငါ့ရှင်တို့.. လဆုတ်ရက်မှာ ထွက်ပေါါ်လာသော လသည် တဖြည်းဖြည်း နှင့် နေ့ရောညပါ အဆင်းအနေနဲ့လဲ ဆုတ်ယုတ်လာသလို၊ အလုံးအ၀ိုင်းအား ဖြင့်လဲ ဆုတ်ယုတ်လာသလို၊ အရောင်အားဖြင့်လဲ မှေးမှိန်လာသလို၊ ငါ့ရှင်တို့ ထို့အတူသာပဲ ကုသိုလ်တရားတို့.၌ ယုံကြည်မှုမရှိသူ၊ အရှက်မရှိသူ၊ ထိတ်လန့်မှု မရှိသူ၊ အားထုတ်မှုမရှိသူ၊ ကုသိုလ်တရားတို့၌ အသိညာဏ်မရှိသူ ပျင်းရသူ၊ ပညာမဲ့သူ၊ အမျက်ဒေသထွက်တတ်သူ၊ အငြိုးအတေးကြီးသူ၊ အလိုဆိုးရှိသူ၊ မိတ်ဆွေယုတ်ရှိသူ၊ အယူမှားရှိသူ မည်သူမဆို ရောက်လာသမျှသော နေ့ညတို့တွင် ကုသိုလ်တရားတို့၌ ဧကန်မုချ ဆုတ်ယုတ်နေလေ၏။ တိုးပွားရန်ကား မမျှော်လင့်ပါလေနှင့်ဟု.. မိန့်ဆိုတော်မူ လေ၏။
ကုသိုလ်တရားတို့၌ ယုံကြည်မှုရှိသူ၊ အရှက်ရှိသူ၊ ထိတ်လန့်မှုရှိသူ၊ အားထုတ်မှုရှိသူ၊ ယင်းတရားတို့၌ အသိညာဏ်ရှိသူ ဘယ်သူမဆိုဟာဖြင့် လဆန်းရက်မှာ ထွက်လာတဲ့ လသည် နေ့ညမပြတ် အဆင်း အရောင် အ၀န်း အ၀ိုင်းသည် ဆုတ်ယုတ်မှုမရှိပဲ အဆက်မပြတ်တိုးပွားနေဘိသကဲ့သို့ ထိုပုဂ္ဂိုလ်သည် ကုသိုလ်တရားများ အဆက်မပြတ်တိုးပွား စည်ပင်နေလေသည် ဟု မိန့်တော်မူ၏။
ဘုန်းသာ(ပန်းမြို့တော်)
read more “ကုသိုလ်ဘယ်လိုတိုး”

Subscribe to:
Comments (Atom)