ပြာသိုလ်လပြည့် အမေ့နေ့



၁၃၇၂-ခုနှစ်၊ ပြာသိုလ်လပြည့်နေ့သည် စာရေးဆရာ ဒါရိုက်တာကြီးဦးသုခက စာပေဟောပြောပွဲတွေကျင်းပ၊ နီးစပ်ရာဆရာတော်များအား လျှောက်ထားပြီး အမေ့နေ့ဖြစ်မြောက်အောင် ဆောင်ရွက်ကျိုးကုတ်အားထုတ်ခဲ့သောကြောင့် စာရေးသူတို့ မြန်မာပြည့်တွင် အမေ့နေ့ရယ်လို့ ပေါ်ပေါက်လာခဲ့ရပါသည်။ မိဘကို ချစ်ခင်မြတ်နိုးတတ်ကြကုန်သော သားသမီးတိုင်း ထိုနေ့ကို မေ့ကြလိမ့်မည် မဟုတ်ပါ၊ အမြဲအမှတ်ရနေလိမ့်မည်ဟု ယုံကြည့်ပါသည်။ တိုက်ဆိုင်ချင်တော့ စာရေးသူ၏မွေးနေ့နှင့် အမေ့နေ့ တထပ်တည်းလာကြနေခြင်းပင်ဖြစ်သည်။ သို့အတွက်ကြောင့် စာရေးသူသည် အမေ့နေ့ကို အမှတ်ရသောအားဖြင့်လည်းကောင်း၊ မွေးကျေးဇူးကို ဆပ်သောအားဖြင့်လည်းကောင်း သားသမီးများကို အသက်ကိုပင် ပဓာနမထားပဲ မွေးပေးနိုင်ကြကုန်သော မိခင်များ၏ ဂုဏ်ကိုအာရုံပြုလျက် ဗာရာဏသီမြို့တွင် ပညာရည်နို့သောက်စို့နေကြကုန်သော မြန်မာပြည်ဖွား သံဃာတော်များနှင့် ဗီယက်နမ်နိုင်ငံမှ သံဃာတော်များအား နေ့ဆွမ်းဖြင့် ဆက်ကပ်လှူဒါန်းပါမည့်အကြောင်း စာဖတ်သူပရိသတ်အား တင်ပြလိုက်ပါသည်။ ဤကုသိုလ်ကောင်းမှု၏ အဖို့အစုကို မယ်တော်ကြီးကို အစထားလျက် ဘုံ(၃၁)ဖြစ်ဖြစ်များစွာ သတ္တ၀ါမှန်သမျှ အနန္တတို့အား အမျှကုသိုလ်ပေးဝေလိုသည် ကောင်းတွေသာဓု သာဓုခေါ်နိုင်ကြပါစေကုန်သတည်း။ သာဓုခေါ်ဆိုနိုင်ကြကုန်သည်ဖြစ်ပါလျက် လူ နတ်နှစ်တန် ချမ်းသာသာခကို ခံစားနိုင်ကြကုန်သည်ဖြစ်ပါစေသော်။

ရှင်သုခ(မင်းလှ)

0 comments:

Post a Comment