Mental encouragement

ွGreat and Grand ဖြစ်အောင်လုပ်ကြရမည်။ တချို့သောသူတို့သည် Great ဖြစ်ကြသော်လည်း တကယ်တန်းကျတော့ Grand မဖြစ်ကြပေ။ ရှင်ဘုရင်ဖြစ်မည့် လူတစ်ယောက်သည် လမ်းဘေးမှာ လက်ကြားညှပ်၍ ကျင်ငယ်စွန့်မိသည့်အတွက် ဇာတ်ထဲက ကျွန်းသေတ္တာပေါ်မှာထိုင်ရတဲ့ ရှင်ဘုရင်သာဖြစ်ရတော့သည်။ ထို့ကြောင့် Great and Grand ဖြစ်လိုသောသူတို့သည် "န စ ခုဒ္ဒမာစရေ ကိဉ္စိ" (မေတ္တာသုတ်တော်လာအတိုင်း) မကောင်းတာမှန်သမျှ မြူမျှလောက်မှ မပြုရ၊ သေးသိမ်သောအတွေးအခေါ်၊ သေးသိမ်သည့်အပြောအဆို၊ သေးသိမ်သည့် အလုပ်တို့ကို မည်သည့်အခါမှ မပြုလုပ်သင့်ပေ၊ မပြောသင့်ပေ။ အဲဒီတော့ "န စ ခုဒ္ဒမာစရေ ကိဉ္စိ"က တကယ်အဖိုးတန်တယ်လေ။ တန်ဘိုးဖြစ်လို့ကို မရနိုင်ဘူး။ ဘေးကင်း၊ ရန်ကင်း၊ အန္တရာယ်ကင်းဆိုတာ သူများတွေ ဘေးရန်ကင်းကင်း မကင်းကင်း၊ ကိုယ့်ဘေးရန်အန္တရာယ်ကင်းဘို့တော့လိုတယ်။
Great and Grand ဖြစ်အောင်လုပ်ကြရမယ်။ ခဏလေး လုပ်ရုံနဲ့တော့ Great and Grand မဖြစ်နိုင်ဘူး။
၁။ စိရကာလ = အကြာကြီးအလုပ်လုပ်။
၂။ နိရန္တရ = မပြတ်တရစပ် အလုပ်လုပ်။
၃။ နိရ၀သေသ= အကြွင်းအကျန်မရှိအောင် အကုန်လုပ်။
၎။ သက္ကသစ္စ = အလုပ်ကို ရိုရိုသေသေ လေးလေးစားစားလုပ်။
၅။ အဘိရတိ = အလုပ်မှာ ပျော်ပျော်ပါးပါးလုပ်ကြရမည်။

နောက်ပြီးတော့ ခမာ၊ ဇာဂရိယ၊ ဥဋ္ဌာန၊ သံဝိဘာဂ၊ ဒယာ၊ အိက္ခဏာ-ဟူသော နာယကဂုဏ်ခြောက်ပါး၊ ယခုခေတ်အနေနဲ့ ပြောရရင် Leadership Quality နဲ့ပြည့်စုံကြဘို့ရန် အထူးတိုက်တွန်းလိုပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သီတဂူဆရာတော်

0 comments:

Post a Comment