မဃဒေ၀လင်္ကာ



နေကိုပုံပြ၊ လကိုပုံထား၊မှတ်တုံငြားလော၊
နေကားထွက်ဝင်၊ ပေါ်ချုပ်ထင်၏၊
လလျှင်ပြည့်ကွယ်၊ ကြီး၍ငယ်ခဲ့၊
ထို့ နှယ်မလွဲ၊ လူခပဲတို့ ၊
အမြဲချမ်းသာ၊မရှိစွာရှင့် ၊
အာဏာတန်ခိုး၊ အမျိုးစည်းစိမ်၊
ဘုန်းဂုဏ်သိန်လည်း၊ ထင်တိမ်ပေါ်ငုတ်၊
ဖြစ်ချုပ်တက်စွာ၊ဓမ္မတာတည့်။

0 comments:

Post a Comment