ပုံပြင် မဟုတ်ပါ







သီတဂူဆရာတော်၏ တာဝန်ပေးမှုဖြင့် အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ လေးဟ်မြို့၊ မဟာဗောဓိရိပ်သာကျောင်းဝိုင်းအတွင်းဝယ် တည်းထားပူဇော်ရန် မြန်မာနိုင်ငံ၊ ပုဂံမြို့ဟောင်း၏ ကျက်သရေဆောင် ရွှေစည်းခုံဘုရားပုံတူ စေတီတော်အတွက် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။ ထိုမြို့၌ အရှင်ကုမာရ(သီတဂူ) ရောက်ရှိတာဝန်ယူနေစဉ် ရာသီဥတုဒဏ်ကို ကိုယ်တိုင်တွေ့ကြုံခံစားပုံကို ဓာတ်ပုံနှင့်တကွ သူကိုယ်တိုင် ရေးပို့သောစာလေးပါ တင်ပြလိုက်ပါသည်။

သီတဂူအဓိပတိဆရာတော်၏ တာဝန်ပေးချက်အရ အိန္ဒိယနိုင်ငံမြောက်ပိုင်း Ladakh ဒေသ, Leh မြို့ကို ဦးကုမာရ ဇူလိုင် ၁ ရက်နေ့မှာ ရောက်ရှိခဲ့ပါတယ်။ အကြောင်းက မဟာဗောဓိတရားရိပ်သာမှာ (တမ္ပ၀တီ ဦးဝင်းမောင် ဆွဲပေးလိုက်သော မြန်မာပုံစံ) ကျောင်းခံစေတီ (ရွှေစည်းခုံ) တစ်ဆူ တည်ဆောက်လှူဒါန်းရာမှာ ကြီးကြပ်ဖို့နှင့် ကိုရင် သီလရှင်များကို ဗုဒ္ဓစာပေ သင်ပေးရန်ဖြစ်ပါတယ်။
မမျှော်လင့်ဘဲ သြဂုတ်လ ၅ ရက်နေ့ည သန်းခေါင်ချိန်မှာ (၁၂ နာရီခွဲ) မှာ မိုးရွာ တိမ်ပြို၍ (Cloudburst) တောင်ကျရေနှင့် ကြုံခဲ့ရပါသည်။ လျှပ်စစ် မီးပြတ်၍ ဘာမှ မမြင်ရသောကြောင့် ရေကျသံမှာ အလွန်ကျယ်လောင်၍ တွေ့သမျှကို သယ်ယူသွားမည့်သဘောဟု မှတ်ယူနိုင်ပါသည်။
ဦးကုမာရ သီတင်းသုံးသော ကျောင်းနှင့် ရေကျချောင်းမှာ ၁၀ ပေလောက်ကွာပါသည်။ ကိုရင် အပါး ၂၀ မှာ ကျောင်းဆောင်အတွင်း ရေများ စ၀င်လာသည်နှင့် ဦးကုမာရ နေသော ကျောင်းဆောင် အတွင်းသို့ အော်ဟစ်၍ ပြေးလာကြပါသည်။
ပထမထပ်တွင် ရှိသော ဘုရားရှိခိုးဆောင်သို့ ဦးကုမာရ က ကိုရင်အားလုံးကို စုဆောင်းနေထိုင်စေ၍ ရေကျနေပုံကို အမြဲမပြတ် ဓာတ်မီး ထိုးကြည့်နေရပါသည်။ မြင်ရသောရေအနေအထားမှာ အလွန်ကြောက်စရာကောင်းပါသည်။ ကျောင်းဆောင်၏ ဘယ်ညာ နှစ်ဘက်မှ ရေများဖြတ်နေ၍ ပြေးစရာ မြေမရှိပါ။ ကလေးများ ကြောက်နေမှာ စိုး၍ ချော့မော့၍ သိပ်ထားရပါသည်။ ၁၄-၁၅နှစ်အရွယ် ကိုရင်များကိုမူ မိမိနှင့်အတူရှိစေ၍ ရေကျနေပုံ၊ ရေတက်ရေဆင်းနေပုံကို ဓာတ်မီးဖြင့် ထိုးကြည့်ခိုင်းထားရပါသည်။
ကျောင်းတိုက်ရှိဆရာတော်မှာ တခြားအရပ်ဒေသသို့ ထိုနေ့ ညနေက ခရီးထွက်သွားခဲ့ပါသည်။ လက်ထောက် ဦးဇင်းနှစ်ပါးမှာ သီလရှင်များကို တောင်ပေါ်သို့ ပြေးတက်ခိုင်းခဲ့၊ ကူညီနေခဲ့ပါသည်။
မိမိတို့ကို လာရောက် ကူညီဖို့ ရေစီးကြောင်းခြားနေ၍ မလာနိုင်ခဲ့ပါ။ တယ်လီဖုန်းဖြင့်သာ ဆက်သွယ်နိုင်ခဲ့ပါသည်။ ကျောင်းသူများဆောင်နှင့် ကျောင်းသားများဆောင်မှ ကျောင်းသူ ကျောင်းသား ၂၅၀ ကျော်လည်း နီးစပ်ရာ မြေမြင့်ရာသို့ ဆရာ ဆရာမများက ညတွင်းချင်း ပြောင်းရွှေ့နိုင်ခဲ့ပါသည်။ ကျောင်းသူလေးများမှာ ကြောက်လန့်တကြား ငိုယိုနေကြသည်ဟု မနက်မိုးလင်းတော့ သိခဲ့ရသည်။ ကျောင်းသူများဆောင်မှ အုတ်တံတိုင်း တချို့ ရေထဲ ပါသွားခဲ့သည်။
လူအိုဆောင် (လူအို ၃၀ လောက်ရှိ)အတွင်း ရွှံ့ဗွက်တွေ၊ မိုးရေတွေ ၀င်လာ၍ ညတွင်းချင်း အဆောင်မှူးတို့က အချိန်မီ ကယ်ထုတ်နိုင်ခဲ့သည်။
တောင်ကျရေမှာ နံနက် သုံးနာရီခန့်တွင် ကျသွား၍ မဟာဗောဓိရိပ်သာတွင် လူအသေအပျောက် နှင့် ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပါ။ သို့သော်ကျောင်းဝိုင်းအတွင်း ရွှံ့နွံများဖြင့် ဖုံးလွှမ်းသွားခဲ့ပါသည်။ စားနပ်ရိက္ခာများ ပျက်ဆီးခဲ့ပါသည်။
မဟာဗောဓိတရားရိပ်သာနှင့် ၁ ကီလိုမီတာလောက်သာ ဝေးကွာသော ရပ်ကွက်များမူ လူပေါင်း ၁၃၀ ကျော် သေဆုံး ပျောက်ဆုံးခဲ့ပါသည်။
Leh မြို့မှာ မဟာဗောဓိရိပ်သာနှင့် ၈ ကီလိုမီတာသာ ဝေးပါသည်။ တောင်ကျရေဒဏ်ခံရသောနေရာများမှာ မဟာဗောဓိနှင့် Leh မြို့ အကြားဖြစ်ပါသည်။ ဓာတ်ပုံများကို ကြည့်ပါက ရေအနေအထားကို ခန့်မှန်းနိုင်ပါသည်။

Dear friends of Mahabodhi International Meditation Centre, Leh, Ladakh.
The beautiful valley of Ladakh turns into a valley of horror in minutes. The noisy thunder, torrential rain and swift wave of storm and wind turn the atmosphere dark and gloomy. Suddenly an unprecedented flood created destruction, devastation, havoc and turn the city and valley into ghost city. Hundreds of residential houses are destroyed, several hundreds lives lost, thousand of people are severely injured and effected. Search for lost lives are in search process. Lots of cattle, wealth and crops are destroyed.
“I didn’t witness and heard about such devastation in my entire life” says an 80 years old man. Apart from lost of lives and property, all infrastructures, communication and social welfare installation are affected. Radio station, power supply, mobile phones, hospital are severely effected. There is no telephone, no power and no communication facilities for the last two days. Roads and bridges are cut and totally destroyed.
The Mahabodhi International Meditation Centre also witnessed flood resulting the Old Aged Home, the main secretariat and the hospital are made to non-functional. Drug store, ration store are flooded and water supply is partially destroyed. Thanks to the Triple Gem, there is no lost of life in Mahabodhi. All inmates are busy in cleaning process and revive the vital installation. Inmates of all residential buildings are evacuated to safer places on elevated points.

ရှင်သုခ(မင်းလှ)

0 comments:

Post a Comment