လေးသ်သို့ တစ်ခေါက်




အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်း လေးသ်မြို့သို့ ရောက်ခဲ့စဉ်က ရိုက်ကူးခဲ့သော ဓာတ်ပုံလေးပါ ခုမှ ရရှိသဖြင့် အမှတ်တရ ဖေါ်ပြလိုက်ပါသည်။ လေးသ်မြို့ကလေးသည် ရေခဲတောင်တွေကြားထဲမှာ တည်ရှိပြီး အမြဲလိုလို အေးချမ်းသော ရာသီဥတုရှိပါသည်။ နှစ်စဉ် ရေခဲများ အရည်ပျော်ကျရာလများမှာ မတ်ခ်ျ။ ဧပြီ၊ မေလများဖြစ်ပြီး၊ ဇွန်၊ ဇူလှိုင်၊ သြဂုတ်လတွေသည် ထိုလေးသ်မြို့ကလေး၏ နေထိုင်စရာ ရာသီဥတု မျှတသော ကာလဟု သတ်မှတ်ရမည်ဖြစ်ပါသည်။ စက်တင်ဘာလမှစ၍ ရေခဲတွေ ပြန်မြင်ရတော့မည်ဖြစ်ပါသည်။ ထို့ကြောင့် လေ့လာရေးသမား နိုင်ငံခြားဧည်သည်များသည်ပင် ထိုဇွန်၊ ဇုလှိုင်၊ သြဂုတ်လများမှာ လာရောက်ကြသည်ဟု သိရပါသည်။ ထိုမြို့၏ ထေရ၀ါဒဗုဒ္ဓဘာသာကျောင်းဖြစ်သော မဟာဗောဓိရိပ်သာကျောင်းဝိုင်းအတွင်းမှာ သီတဂူဆရာတော် အမှူးရှိသော သီတဂူသာသနာပြုအဖွဲ့က မြန်မာနိုင်ငံ၊ ပုဂံမြို့ဟောင်း၏ ကျက်သရေဆောင် ရွှေဆည်းခုံဘုရားပုံတူ စေတီတစ်ဆူကို တည်ထားပူဇော်မှာဖြစ်ပါသည်။ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

ရှင်သုခ(မင်းလှ)

0 comments:

Post a Comment