တိုက်တိုက် ဆိုင်ဆိုင်



စာရေးသူ ၃၀-၀၆-၀၆ နေ့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ ဒေလီယူနီဗာစီတီမှာ ပညာသင်သွားတဲ့နှစ်မှ စတင်ပြီး သီတဂူဆရာတော်၏ မွေးနေ့အတွက် ဂါရ၀ပြု အမှတ်တရ စာအုပ်လေးတစ်အုပ်အဖြစ် နှစ်နှစ်ဆက်တိုက် ထုတ်ဖြစ်ခဲ့ပါသည်၊ အားလုံးသော ၀ါသနာ ရှင်သူငယ်ချင်းများရယ် ၀ါသနာမပါသော်လည်း စာရေးသူတိုက်တွန်းလို့ မရေးမဖြစ်ရေးကြရတဲ့သူငယ်ချင်းများ ၀ိုင်းဝန်းပြီး ရေးကြပါသည်။၊ ၂၀၀၇-၂၀၀၈ ထုတ်ဝေပြီး စာရေးသူလည်း မြန်မာပြန်ရောက်တော့ အဆက်ပြတ်သွားတာ တစ်နှစ်ကြာသွားတယ်၊ ဒီနှစ် ဗာရာဏသီပြန်ရောက်တော့ မောင်က၀ိရေ ဆရာတော်၏ မွေးနေ့အတွက် စာအုပ်ထုတ်ကြရအောင် မဖြစ်ဖြစ်အောင်ထုတ်မယ်၊ ဒါနဲ့ စာရေးသူ သူငယ်ချင်းများကို စာရေးဘို့ တိုက်တွန်းလိုက်ပါတယ်၊ အားလုံးသော သူငယ်ချင်းတွေကလည်း ရေးပေးကြပါတယ်၊ မွေးနေ့မတိုင်ခင် စာအုပ်ကို မြန်မာပြည်ပို့နိုင်အောင် လုပ်ရမည်လို့ မောင်က၀ိကိုလည်း တောင်းပန်ထားတယ်၊ ကုန်ကျစာရိတ်ကို စာရေးသူလှူမယ်လို့လည်း လျှောက်ထားပါတယ်၊ ဒါပေမဲ့ မောင်က၀ိကလည်း သူ့ရဟန်းမယ်တော်ကြီးကို ကျေးဇူးဆပ်ချင်လို့ဆိုပြီး သူလည်းပါဝင်လှူဒါန်းတယ်လေ။ မောင်က၀ိရေ ဆရာတော်ထံ စာအုပ်ပို့ပြီးပြီလား မေးတော့ တပည့်တော် ဦးသုစရိတနဲ့ ပေးလိုက်တယ်ဘုရားတဲ့၊ မောင်က၀ိရေ ကိုယ့်စီလဲ စာအုပ်ပို့ပါအုံးဆိုတော့ မှန်ပါဘကြီးသစ် ပို့လိုက်မယ်တဲ့၊ အေး ဒီလိုဆိုရင် ကိုယ်လိပ်စာက အခန်း(၂၉)၊ အင်တာနေရှင်နယ် ဟောက်စ် ကွန်ပလက်နော်၊ စာရေးသူက ၁၁-၀၂-၁၀ မှ အခန်းရတယ်လေ၊အရင်တုန်းကတော့ အပြင်မှာ အိမ်ခန်းငှါးနေရတယ်လေ၊ ဒီလိုပါပဲ အိန္ဒိယကို ပညာလာရှာကြတဲ့ ရဟန်းတွေအားလုံး အဆောင်မရခင် အပြင်က ကုလားတွေအိမ်မှာ ငှါးနေရတာက ဓမ္မတာဖြစ်နေပါပြီ။ တိုက်ဆိုင်ချင်တော့ စာရေးသူက သူဌေးလေးရေ ကိုယ်လည်း မင်းတို့လို ဘလော့ရေးချင်တယ်၊ ကိုယ့်ကို ကူညီပါအုံးလို့ပြောတော့ သူဌေးလေးက ညီလင်းဆက်ရေးထားတဲ့ အခြေခံ ဘလော့ရေးနည်းကို မေးလ်ပို့ပေးတယ်လေ၊ သူဌေးလေးဆိုတာကတော့ ပူနေးတက္ကသိုလ်မှာ ဒေါက်တာဘွဲ့အတွက် ကျမ်းပြူစုနေတဲ့ ဦးကဉ်စနပေါ့၊ ကိုယ်က ဘလော့ရေးမယ်လို့ စိတ်ကူးထားတဲ့နေ့မှာ နေ့လည် (၂)နာရီလောက် တံခါးကို တောက်တောက်နဲ့ ခေါက်တယ် ဟေ့ ဘယ်သူလဲ ပို့စ်မင်းပါဆိုတော့ ထကြည့်လိုက်တယ်လေ မောင်က၀ိပို့လိုက်တဲ့ ဆရာတော်၏ မွေးနေ့အထူးထုတ် ”လရောင်ကို နမ်းရှိုက်သူများ” စာအုပ်ဖြစ်နေတယ်လေ၊ ပျော်လိုက်တဲ့ဖြစ်ခြင်းပေါ့၊ ဒီနေ့သည် သီတဂူဆရာတော်၏မွေးနေ့၊ မွေးနေ့အထူးထုတ် စာအုပ်ရောက်တဲ့နေ့၊ စာရေးသူ ဘလော့လေး စရေးမည်လို့ စိတ်ကူးတဲ့နေ့ တိုက်တိုက် ဆိုင်ဆိုင် ဒီဘလော့လေးတော့ ရေးဖြစ်အောင် ရေးမယ်လို့ သန္နိဋ္ဌာန်ချပြီး အစဆုံး စာရေးသူ ဆရာတော်၏ မွေးနေ့အထူးထုတ်စာအုပ်ထဲမှပါတဲ့ ကဗျာလေးနဲ့ တိုက်တိုက် ဆိုင်ဆိုင် စ ရေးဖြစ်ခဲ့ပါတယ်။ (ကဗျာက တင်ပြီးဖြစ်ပါသည်)။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

ရှင်သုခ(မင်းလှ)

0 comments:

Post a Comment