မွေးနေ့မင်္ဂလာ မြတ်ဆုမွန်လွှာ

0 comments Friday, March 18, 2011


၁၃၇၂-ခု၊ တပေါင်းလပြည့် (၁၉-၀၃-၁၁)နေ့သည် အနန္တဂိုဏ်းဝင် ကျေးဇူးတော်ရှင် သီတဂူဆရာတော်၏ (၇၄)ပြည့် မွေးနေ့ဖြစ်ပါသည်။ ထိုသို့ကျရောက်ရာ ရက်မြတ်မဟာတွင် ကျန်းမာချမ်းသာပြီး နောင်နှစ်ပေါင်း(၁၀၀)ကျော်တိုင်အောင် မိမိအကျိုး၊ တိုင်းပြည်အကျိုး၊ သာသာနာ့အကျိုးများကို ဆောင်ရွက်သယ်ပိုးနိုင်ရန် ရည်စိတ်သန်လျက် ဗာရာဏသီတက္ကသို့တွင် ပညာရည်နို့ သောက်စို့၍နေကြကုန်သော မြန်မာပြည်ဖွား စာသင်သားသံဃာတော် အပါး(၂၀)ကျော်တို့အား နေ့ဆွမ်း၊ သစ်သီးဆွမ်းတို့ဖြင့် ဆက်ကပ်လုပ်ကျွေးပြုစုပြီးလျှင် ဆရာတော်အား ဦးထိပ်ထားလျက် မွေးနေ့မင်္ဂလာ မြတ်ဆုမွန်လွှာ ပြုလိုက်ရပါသည် ကောင်းထွေသာဓုခေါ်ဆိုနိုင်ကြပါစေကုန်သတည်း။
္ကဤကုသလ မြတ်ဘာဂကို မိဘဆရာ ညာတကာနှင့် ကိုယ်မှာစောင့်ကြပ် ကိုယ်စောင့်နတ်က အလပ်စေရ ပေးဝေးငှသည် အမျှထပ်တူ ရကြပါစေကုန်သတည်း။
သာဓု၊ သာဓု၊ သာဓု။

ရှင်သုခ(မင်းလှ)
read more “မွေးနေ့မင်္ဂလာ မြတ်ဆုမွန်လွှာ”

ဦးထိပ်ပန်ဆင် သီတဂူထေရ်အရှင်

0 comments Wednesday, March 16, 2011
ကမ္ဘာ့သာသနာပြု အကျော်အမော် သီတဂူဆရာတော်ကြီးသည် ယခုနှစ် တပေါင်းလပြည့်နေ့တွင် သက်တော်(၇၄) နှစ်ပြည့်သည်၊ မွေးနေ့ပွဲကို တပည့်တွေအားလုံးက စာပေတွေနဲ့ သူတို့နည်း သူတို့ဟန်တွေနဲ့ ပူဇော်ကြသည်၊ ဆရာတော်ကြီးရဲ့တပည့်အရင်း ကျွန်မကလဲ တတ်သလောက်မှတ်သလောက်လေးနဲ့ ဆရာတော်ကြီးကို ပူဇော်ကန်တော့ လိုက်ပါသည်။ ငယ်စဉ် ကလေးဘ၀ တုန်းက အသံကြည်လင်ပြတ်သားပြီး တရားဟော အလွန့်အလွန်ကောင်းသော ဦးဇင်းတစ်ပါးရဲ့ တရားခွေကို အဖေနဲ့အမေတို့သည် ကြားနာလိုက် ရသည်ဆိုလျှင်ဘဲ အသံရှင် ဦးဇင်းဆိုသည်ကို လိုက်လံရှာဖွေ ကိုးကွယ်ခဲ့ကြ ရတယ်လေ။ ကွှန်မရဲ့ အဖေနဲ့အမေ တို့က တရားခွေမှ အသံကိုသာကြားကြရပြီး အသံရှင်ကို အပြင်မှာ မမြင်ဘူးသောကြောင့် အသံရှင်ကိုလိုက်လံ စုံစမ်းမေးမြန်းသော အခါ ဘယ်သူမှ မသိကြဘဲ နောင် (၆) လခန့်ကြာသော အခါ တရားအသံရှင်ရှိသည် ဆိုသော ကင်းဘဲလ်လမ်း (ငါးထပ်ကြီး သုရားလမ်း) ရှိ ထူးကြီးဆရာတော်ကျောင်းတွင် အသံရှင်ကိုယ်တော် ခေတ္တ သီတင်းသုံးနေ သည်ဆိုသောကြောင့် အသံရှင်ကိုယ်တော်ကို တွေ့ချင် ဖူးမျှော်ချင်သောကြောင့်ုလိုက်လံရှာဖွေကြရတယ်လေ၊ ကျောင်းကိုတွေ့တော့ မိသားစုတွေ အရမ်းဝမ်းသာသွားကြပြီး ကျောင်းအတွင်းသို့ ၀င်သွားကာ အသံရှင်ဦးဇင်းကို ဖူးမျှော်ကန်တော့မယ်ဆိုပြီး ၀င်သွားရော အသံရှင်ဦးဇင်းလေးက ငါးထပ်ကြီးဘုရားကို ဘရားဖူးရန်ကြွသွား လို့ အချိန်ကြာအောင်စောင့်ရမယ် ဆိုပြီး လူတစ်ယောက်က ပြောပါတယ်၊ ကျွန်မတို့ မိသားစု ကလဲ အချိန်ဘယ်လောက်စောင့်ရ စောင့်ရ အသံရှင် ဦးဇင်းကို မဖူးမရ ခြင်းမပြန်ဘူးဆိုတဲ့ ဇွဲလေးနဲ့ စောင့်နေကြတယ်လေ၊ တစ်နာရီကျော်ကျော်ကြာ တော့ အရပ်ရှည်ရှည် အသားခပ်လတ်လတ် နဲ့ မျက်နှာကြည်လင်လင် ဥပဓိရုပ်ကောင်းကောင်း အသံရှင်ဦးဇင်းကို ဖူးတွေ့ရတယ်ဆိုရင်ဘဲ ရင်ထဲမှာ ပီတိတွေဖြစ်ကာ မိသားစု သုံးယောက်လုံး အရမ်းပျော်သွားကာ ဦးဇင်းလေးရဲ့ ဘွဲ့ကိုမေးကြည့်လိုက်တော့ သဲကုန်း သပိတ်အိုင် ဆရာတော် ဦးဥာဏိဿရ ဆိုတဲ့ နောင်တစ်ချိန် ကမ္ဘာ့ သာသနာပြု ဆရာတော်ကြီး ဒေါက်တာ အရှင်ဥာဏိဿရ ဆိုတဲ့ ကိုယ်တော်ဖြစ်ပါတယ်။
ကျွန်မတို့ မိသားစု ကအဲဒီ့အချိန်လောက် ကထဲက သဲကုန်း သပိတ်အိုင် ဆရာတော်ရဲ့ ဟြော့ပီး ထွက်သမျှ တရားခွေတွေကို ၀ယ်ယူကာ တရားဓမ္မဒါန ပြုလုပ် ကုသိုလ် ယူခဲ့ပါသည်။ဆရာတော့် တရားပွဲများကိုလဲ လိုက်လံနာယူကြပါသည်၊ ရပ်ကွက် တရားပွဲများကိုလည်း ကျွန်မ အဖေတို့မှ ဦးဆောင်ကျင်းပတိုင်း ဆရာတော့်ကို မိသားစုမှ ဓမ္မကုသိုလ်အမြဲ ယူခဲ့ကြပါသည်၊ ဆရာတော်နဲ့ ကျွန်မတို့ မိသားစုတွေက ဆရာဒကာအရင်းတွေဖြစ်လာကြပါတယ်၊
ဆရာတော်က မလွန်ဆန်လှူအသင်း အတွက် နေ့မအားညမနား ဆန်လှူတရားပွဲတွေ တရားဟောရင်း စစ်ကိုင်းတောင်ရိုး သဒ္ဒမ္မသီတဂူချောင်မှာ သီတင်းသုံးနေကာ မိုးရေကိုသာ အားထားသုံးနေကြရတဲ့ အညာနွေ ပူပူမှာရေ အခက်အခဲနဲ့ ရင်ဆိုင်နေကြတဲ့ တောင်တန်းပျော် သူတော်စင်တွေအတွက် ရေအခက်အခဲလေးကို ဖြေရှင်းနိုင်ရန် တောင်စစ်ကိုင်း ချောင်တိုင်းဝေမယ် ဆိုတဲ့ သံဓိဌာန်နဲ့ သီတဂူ ရေအလှူစီမံကိန်းကြီးကို စတင်ကာ အကောင်အထည်ဖေါ် ပြီး ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ညှိနှိုင်း တိုင်ပင်ပြီး ဧရာဝတီမြစ်ကြီးမှ မြစ်ရေများကို ရေစုတ်စက်ကြီးများနှင့် တင်ကာ တောင်ရိုးတွေပေါ်တွင် တည်ဆောက်ထားသော ရေလှောင်ကန်ကြီးများသို့ ပို့ပြီး ထိုမှတဆင့် သူတော်စင်များနေထိုင်ရာ ချောင်များသို့ ရေကို လိုသလောက် အသုံးပြု နိုင်အောင် ရေကုသိုလ်ပြုနိုင်ခဲ့ကြ ပါသည်၊ ထိုကဲ့သို့ စိမံကိန်းကြီး များလည်ပတ်နိုင်အောင် ဆရာတော်သည် နိုင်ငံတ၀န်း နေ့ညမနားဘဲ တရားတွေလိုက်လံဟော ကာအလှူခံရတယ်လေ၊ ကျွန်မ သိသလောက်ဆိုရင်ဘဲ တစ်နေ့လျှင် သုံးပွဲ လေးပွဲလောက်ဟော ရတယ်လေ၊မြန်မာပြည်အနှံ့ ကား။ရထား၊လေယာဉ်၊လှေ၊ သင်္ဘောတွေကိုစီးကာတစ်မျိုး၊ခြေလျင်လျှောက်ကာ တစ်ဖုံနဲ့ မမောနိုင်မပန်းနိုင် သာသနာပြု လုပ်ဆောင်နေတယ်ဟာ တကယ့်ကို ကြည်ညိုလေးစားရပါတယ်၊ ပြည်ပနိုင်ငံများသို့ လဲသာသနာပြု လုပ်ဆောင်ရန် အတွက်လဲ ကြွရောက်ကာ သာသနာ့တာဝန်တွေကို ထမ်းဆောင်နေတယ်လေ၊အခု ဆိုရင် တောင်စစ်ကိုင်းတခွင်မှာ မိုးနည်းရေရှား ခြောက်သွေ့မနေတော့ဘဲ စိမ်းလန်းစိုပြေ နေတာတွေဟာ ကျေးဇူးရှင် သီတဂူ ဆရာတော်ကြီးရဲ့ မလျော့သော ဇွဲ၊ လုံလ ၊၀ိရိယတို့ကြောင့် ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူးရှင်၊
နောက်စီမံကိန်းတစ်ခုကိုလဲ စတင်လိုက်ပါတယ်၊ဒါကတော့ မြတ်စွာဘုရားဟောကြားတော်မူသလို နာမကျန်းဖြစ်နေသူတွေကို ဂရုတစိုက်စောင့်ရှောက်ပါဆိုတဲ့ ဟောကြားချက်အတိုင်း သီတဂူ အာယုဒါန ဆေးရုံတော် စီမံကိန်းကြီးကို အကောင်အထည်ဖေါ်ကာ သာသနာ့နွယ်ဝင် ရဟန်း၊သာမဏေ၊ သီလရှင်များကို အခမဲ့ ကျန်းမာရေး ဆေးကုသပေးကာ ကျန်းမာရေးစောင့်ရှောက်နိုင်ခဲ့လေသည်၊ ယ္ခူအခါတွင် မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ် အသီးသီးတွင် သီတဂူစက္ခူဒါနှင့် အာရောဂျဒါန ဆေးရုံပေါင်းများစွာကို ဖွင့်လှစ်နိုင်ခဲ့ပြီး မျက်စိဝေဒနာရှင် ထောင်ပေါင်းများစွာကိုလဲ မျက်စိအလင်းရအောင် ပြည်တွင်းပြည်ပမှ ဆရာဝန်ကြီးများ နဲ့ ကုသပေးနိုင်ခဲ့ကြပါသည်၊ သီတဂူ အာယုဒါနဆေးရုံ မှနွေးထွေးစွာ ပြုစု ကုသပေးမှု့ကြောင့် တောင်ရိုးတခွင် သာသနာ့တာဝန်တွေကို ထမ်းဆောင်နေကြသော သူတော်စင်တို့ ကျန်းမာစွာ သာသနာပြု လုပ်ငန်းများကိုလုပ်ဆောင်နိုင်ခဲ့ ကြပါသည်၊
ထို့အပြင် ဆရာတော်သည်ပြည်ပ သာသနာပြု လုပ်ငန်းအနေဖြင့် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် သီတဂူ ဓမ္မ၀ိဟာရ ကျောင်းကိုတည်ထောင်ပြီး ပြည်ပနိုင်ငံများတွင် ဗုဒ္ဓ့သာသနာ ထွန်းကားစေရန် ရည်သန်ချက်နှင့် ပြည်ပသာသနာပြု လုပ်ငန်းကိုလည်း စတင်တည်ထောင်နေပြီး အခုအခါ အဲဒီ့ကျောင်းတွင် ရွှေစည်းခုံစေတီပုံတူ ကိုတည်ထား ကိုးကွယ်နိုင်ရန် စီမံကိန်း ကိုစပြီးအကောင်အထည်ဖေါ် နေပါသည်။
ဆရာတော်သည် ဗုဒ္ဓသာသနာတော်ကို ကမ္ဘာသို့ ပြန့်စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် သီတဂူ ကမ္ဘာ့ဗူဒ္ဓ တက္ကသိုလ်ကြီးကို စစ်ကိုင်း၊ရန်ကုန်၊ မန္တလေးတို့တွင် နိုင်ငံတကာ တက္ကသိုလ် အင်္ဂါရပ်များနှင့် ညီညွှတ်စွာ တည်ဆောက်ထားသည်။ ဘီအေ၊အမ်အေ အောင် ရဟန်း၊သီလရှင် များစွာကိုလဲ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ဒေါက်တာ ပညာရပ်တွေကို သင်ယူရန် တပည့်ရဟန်းများကို ပြည်ပနိုင်ငံတွင် စေလွတ် ထားခဲ့ပါသည်၊ပြည်ပ နိုင်ငံများက သာသနာပြုရဟန်းများကို လက်ခံပြီး ဗုဒ္ဓစာပေများကို ဆရာတော် ကိုယ်တိုင် အားလပ်ချိန်များတွင် ပြည်တွင်း/ပ တပည့်ရဟန်းများကို မမောနိုင်မပန်းနိုင် ပို့ချပေးပါသည်။ ရခဲတဲ့ လူ့ဘ၀မှာ အချိန်ကိုတန်ဘိုးရှိရှိ အသုံးချတဲ့ ဆရာတော်ရဲ့ ပင်ကိုအလေ့ကျင့်လေး တစ်ခုဖြစ်ပါသည်၊
လူ့လောကကြီးတွင် ချမ်းသာခြင်း အစစ်ကို လူတိုင်း လိုချင်ပြီး ရှာဖွေကြပါသည်၊ ချမ်းသာခြင်းအစစ်ကတော့ ၀ိပဿနာ ကမ္မဌာန်း အားထုတ်ခြင်းပါဘဲ၊ ဒီလို ချမ်းသာမှု့တွေ ကိုပေးနိုင်တဲ့ ၀ိပဿနာ တရားအားထုတ်လိုတဲ့ သူတွေအတွက် အပြည်ပြည်ဆိုင်ရာ သီတဂူ ၀ိပဿနာ ကမ္မဌာန်း ဌာနကြီးကို ဖွင့်လှစ်နိုင်ရန် စီမံကိန်းကြီး ရေးဆွဲကာ စတင်အကောင်အထည်ဖေါ်နေပါသည်၊ တချိန်တည်း တစ်ပြိုင်တည်း ယောဂီ (၃၀၀) တရားအားထုတ်နိုင်သော တရားဓမ္မာရုံကြီး ကိုလည်း တည်ဆောက်နေပါသည်၊ဆရာတော်ရဲ့ ဥာဏ်အမျှော်အမြင်ကြီးမား စွာလုပ်ဆောင်သော သာသနာပြု လုပ်ငန်းတစ်ခုဖြစ်ပါသည်၊
၂၀၀၈နှစ် မေလတွင် အောက်မြန်မာပြည်ဘက် ဧရာဝတီတိုင်းတွင် အများဆုံးတိုက်ခတ် သွားသော နာဂတ်စ် မုန်တိုင်းတိုက်ခတ် မှု့ကြောင့် လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရတာကို ဆရာတော်ဦးဆောင်မှု့နှင့် သီတဂူ သာသနာပြု အဖွဲ့ဝင်တွေက ဒုက္ခရောက်နေကြသော သန်းပေါင်းများစွာ သောလူတို့ကို ကယ်တင်စောင့်ရှောက်နိုင် ခဲ့ကြလေသည်၊ ဆရာတော်ရဲ့ဦးဆောင်မှု့နှင့် ပြည်တွင်းပြည်ပ တပည့် ဒကာ/ဒကာမများရဲ့ လှူဒါန်းမှု့တွေက ၈ဘီလျံကျော်အောင် လှူဒါန်းနိုင်တဲ့ သာဓကတွေနဲ့ ဆရာတော်က ဒုက္ခရောက်နေတဲ့ နေရာဒေသတွေဆီကို လှေငယ်၊သင်္ဘော၊ ထော်လာဂျီတွေနဲ့ ဟိုးပင်လယ်လမ်း ဘက်တွေဆီအထိ ကိုယ်တိုင်သွားရောက်ကာ လူမှူ့ရေး လုပ်ငန်းတွေကို အင်တိုက် အားတိုက် မိမိအသက်အရွယ် ကိုပဓာန မထားဘဲ လုပ်ဆောင်နေတဲ့ သာဓကတွေကိုလဲ ကျွန်မက မျက်မြင် လိုက်ပါပြီး တွေ့လိုက်ရတော့ ကျွန်မ အတွေးထဲ အတွေးတစ်ခုဝင်လာတယ်လေ။ ဘာလဲဆိုတော့ ဆရာတော်က မြို့ကြီးတွေ ပြည်ပနိုင်ငံတွေမှာ အကောင်းဆုံးနောက်ဆုံးပေါ် ပါဂျဲဒိုး၊ လင့်ခရိုဇာကားကြီးတွေစီးပြီး ဇိမ်နဲ့ နေနိုင်ရဲ့သားနဲ့ အခုလိုဒုက္ခရောက်နေတဲ့ နေရာတွေဆီကို ကိုယ်တိုင်သွားရောက်ကာ မေတ္တာ ကရုဏာတွေကို ပေးစွမ်းနေတာတွေကို တွေးမိလေ ပိုပြီးပိုပြီး တိုးကာတိုးကာကြည်ညိုရလေပါဘဲရှင်၊
ဆရာတော်ရဲ့ ရည်ရွယ်ချက်တွေက ကတော့ နဗ္ဗိာန်ရောက်ဖို့ထက် ဒုက္ခရောက်နေသူကို ကယ်တင်စောင့်ရှောက်ခြင်း ဆိုတဲ့ မေတ္တာ၊ကရုဏာ စိတ်တွေနဲ့ သာသနာပြု လုပ်ငန်းတွေကို အသက်ရှင်နေသ၍ လုပ်ဆောင်မယ်ဆိုတဲ့ မိန့်ကြားချက်တွေကို ကျွန်မကလဲ ကိုယ့်ဆရာတော်ရဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေတဲ့ စီမံကိန်း လုပ်ငန်းတွေမှာ တတတ်တအား ပါဝင်ပြီး ကုသိုလ်ယူနိုင်ရပါ လို၏လို့ အမြဲ ဆုတောင်းနေရပါသည်၊

ဒါကြောင့် သီတဂူဆရာတော်လို့ နံမည်မကျော်ကြားခင် ကထဲက ကြည်ညိုလေးစားကိုးကွယ်ခဲ့ရသော ရခဲသော လူ့ ဘ၀တွင် တန်ဘိုးရှိရှိ နေထိုင်တတ်အောင် နှင့် ဘ၀လွတ်မြောက်ကြောင်းတရား တွေကို အမြဲ ဟောပြော ဆုံးမပေးနေတော် မူသော ယခုနှစ် တပေါင်းလပြည့် နေ့တွင်ကျရောက်မည့် ကျေးဇူးရှင် သီတဂူဆရာတော်ကြီးရဲ့ သက်တော်(၇၄) နှစ်ပြည့် မွေးနေ့ရက် မြတ်တွင် ကျေးဇူးရှင်ဆရာတော် အသက်ရာကျော်ရှည်ပြီး ပြည်တွင်းပြည်ပ သာသနာ့ပြု လုပ်ငန်းတွေကို ဆထက်တပိုး ထမ်းဆောင်နိုင်တဲ့ သက်တော်ရှည် သီတဂူဆရာတော်ကြီး ဖြစ်ပါစေလို့ အကြိမ်ကြိမ် ဆုတောင်းနေမိပါသည်။

သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

ပန်းစပယ်(လှဆန်းယဉ်)
read more “ဦးထိပ်ပန်ဆင် သီတဂူထေရ်အရှင်”