မွေးနေ့မင်္ဂလာ မြတ်ဆုမွန်လွှာ



၁၃၇၂-ခု၊ တပေါင်းလပြည့် (၁၉-၀၃-၁၁)နေ့သည် အနန္တဂိုဏ်းဝင် ကျေးဇူးတော်ရှင် သီတဂူဆရာတော်၏ (၇၄)ပြည့် မွေးနေ့ဖြစ်ပါသည်။ ထိုသို့ကျရောက်ရာ ရက်မြတ်မဟာတွင် ကျန်းမာချမ်းသာပြီး နောင်နှစ်ပေါင်း(၁၀၀)ကျော်တိုင်အောင် မိမိအကျိုး၊ တိုင်းပြည်အကျိုး၊ သာသာနာ့အကျိုးများကို ဆောင်ရွက်သယ်ပိုးနိုင်ရန် ရည်စိတ်သန်လျက် ဗာရာဏသီတက္ကသို့တွင် ပညာရည်နို့ သောက်စို့၍နေကြကုန်သော မြန်မာပြည်ဖွား စာသင်သားသံဃာတော် အပါး(၂၀)ကျော်တို့အား နေ့ဆွမ်း၊ သစ်သီးဆွမ်းတို့ဖြင့် ဆက်ကပ်လုပ်ကျွေးပြုစုပြီးလျှင် ဆရာတော်အား ဦးထိပ်ထားလျက် မွေးနေ့မင်္ဂလာ မြတ်ဆုမွန်လွှာ ပြုလိုက်ရပါသည် ကောင်းထွေသာဓုခေါ်ဆိုနိုင်ကြပါစေကုန်သတည်း။
္ကဤကုသလ မြတ်ဘာဂကို မိဘဆရာ ညာတကာနှင့် ကိုယ်မှာစောင့်ကြပ် ကိုယ်စောင့်နတ်က အလပ်စေရ ပေးဝေးငှသည် အမျှထပ်တူ ရကြပါစေကုန်သတည်း။
သာဓု၊ သာဓု၊ သာဓု။

ရှင်သုခ(မင်းလှ)

0 comments:

Post a Comment