Showing posts with label About me. Show all posts
Showing posts with label About me. Show all posts
About me
0 comments Tuesday, March 2, 2010
၁၃၂၉-ခုနှစ်၊ ပြာသိုလ်လပြည့်ကျော်(၅)ရက်(19-01-68) ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ အင်ကြင်းကုန်းအုပ်စု၊ ကျောက်တိုင်ရွာတွင် ဖွာမြင်ခဲ့ပါသည်။ အသက်(၅)နှစ်အရွယ်တွင် အညာတန်းကြီးဘုန်းတော်ကြီးကျောင်း အခြေခံပညာမူလတန်းတွင် ပညာစတင် သင်ကြားခဲ့ပါသည်။ အသက်ခုနှစ်အရွယ်တွင် အညာတန်းကြီးကျောင်းဆရာတော်ထံတွင် ပထမအကြိမ် ရှင်သာမဏေပြုခဲ့ပါသည်။ အသက် (၁၃)နှစ်အရွယ်တွင် အညာတန်းကြီးကျောင်းဆရာတော်ထံတွင်ပင် ဒုတိယအကြိမ် ရှင်သာမဏေပြုခဲ့ပါသည်။ ရှင်သာမဏေဖြစ်ချိန်မှစ၍ ပိဋကတ်အခြေခံကျမ်းစာများကို အထက်ပါဆရာတော်ထံ၌ပင် သင်ယူခဲ့ပါသည်။ ၁၃၄၇ ခုနှစ်တွင် ရန်ကုန်တိုင်၊ ခရမ်းမြို့၊ ကိုင်းကုန်းပါဠိတက္ကသိုလ်ကျောင်းတိုက်၌ အခြေပြုမူလတန်းမှ ပထမကြီးတန်းအောင်မြင်သည်အထိ ပညာသင်ကြားခဲ့ပါသည်။ ၁၃၅၂ ခုနှစ်တွင် အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်၌၄င်း၊ ၁၃၅၃/၄ ခုနှစ်များတွင် ပဲခူးတိုင်း၊ ပြည်မြို့၊ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်၌၄င်း၊ ၁၃၅၅/၉ အထိ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့၊ မစိုးရိမ်တိုက်သစ်ကျောင်းတိုက်၌၄င်း ပိဋကတ်ပညာရပ်များကို သာသနဓဇဓမ္မာစရိယတန်း အောင်မြင်သည့်တိုင်အောင် သင်ကြားလေ့လာခဲ့ပါသည်။ ၁၃၆၀ မှစ၍ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ပညာသင်ကြားနေပါသည်။ ၂၀၀၆/၈ ခုနှစ်၌ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ ဒေလီတက္ကသိုလ်မှ (M.A) ဘွဲ့ကို ရရှိခဲ့ပါသည်။ ယခုအခါ ၂၀၀၉/၂၀၁၀/၂၀၁၁ ခုနှစ်အထိ အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့၊ Banaras Hindu University (BHU)၌ (Ph.D) ဘွဲ့ကို ရရှိဖို့ရန် ဆက်လက်ပညာသင်ကြားလျှက် ရှိပါသည်။ ။
Subscribe to:
Posts (Atom)
