Showing posts with label သီတဂူ မြတ်အရှင်. Show all posts
Showing posts with label သီတဂူ မြတ်အရှင်. Show all posts

သီတဂူ မြတ်အရှင်

0 comments Tuesday, March 2, 2010
တေဇာဂုဏ် ဖြိုးမောက်လို့၊
တန်ခိုးတောက် ဝေလွင်၊
တမိုးအောက် မြေတခွင်မှာ၊
နေအသွင်ထင်ရှား။

ပိဋကတ် ပါရဂူ၊
ကမ္ဘာမူ အံ့ဘွယ့်ယောက်ျား၊
ဟောပြောနည်း တမူထွင်တယ်၊
သူ ဘုရင်တစ်ပါး။

ဇမ္ဗူတွင် ရှာမှ ရှားပေမို့၊
ဇာနည်ဘွား တော်ဝင်၊
မြမျက်မှန် ရတနာမျိုးလိုပ၊
ဝါ၀ါတန်ခိုး ဟိုးဟိုးပေါ်လွင်။

တိုင်းလက်ျာ့ တောင်ကျွန်းခါင်မှာ၊
မော်ကွန်းဝင်စံထားလို့၊
မဟော်အလား တုဖက်မမြင်၊
လူ့ထက်လူပင်။

သီတဂူ မြတ်အရှင်ငယ်၊
မပြတ်အစဉ် ၀င်းကြွားပြီကွဲ့လေး။
ဒေသနာ ချွေဟ စေတနာ ဝေစွ၊
ရေ အမတာ ဝေငှ ကြည့်လင်စွာငယ်၊
ပြည်ခွင်သာယာ အေးမြစေဖို့လေး။ ။

စစ်ကိုင်း မင်းရှိန်
read more “သီတဂူ မြတ်အရှင်”