Showing posts with label ပန်းမြိုင်လည်က ဥယျာဉ်မှူး. Show all posts
Showing posts with label ပန်းမြိုင်လည်က ဥယျာဉ်မှူး. Show all posts

ပန်းမြိုင်လည်က ဥယျာဉ်မှူး

1 comments Wednesday, March 3, 2010
ရေလည်းလောင်း
ပေါင်းလည်းသင်
မြေပြင်လည်းဆွ ဆေးပေးက
ဖူးကြပန်းတွေ မြိုင်မြိုင်ဝေ။

ပိတုံးလည်းနား
ပျားလည်းအုံ
ဝတ်မှုံလည်းဖွ ကူးပေးက
ပွင့်ကြပန်းတွေ ဖြိုင်ဖြိုင်ဝေ။

ပွင့်လည်းပြိုင်း
ကိုင်းလည်းစည်
နေခြည်လည်းကျ လေညှင်းရ
မွှေးကြပန်းတွေ လှိုင်လှိုင်ဝေ။

အပွင့်မြိုင်
ကြိုင်သင်းသော်
ပျော်ပျော်မြူးမြူး ဂွမ်းဆီလူး
ဥယျာဉ်မှူးမှာ ပီတိဝေ။
ဒို့များပန်းတွေ ဖူးကြစေ။
ဒို့များပန်းတွေ ပွင့်ကြစေ။
ဒို့များပန်းတွေ လန်းကြစေ။
ဒို့များရနံ့တွေ ကြိုင်လှိုင်စေ။
ဒို့ဥယျာဉ်မှူး မြူးပျော်စေ။ ။

မောင်စံ (သီတဂူ)
read more “ပန်းမြိုင်လည်က ဥယျာဉ်မှူး”