သီတဂူ သြ၀ါဒ ကောက်နှုတ်ချက်

မင်းတို့ ငါတို့ လုပ်ထားမှကွ၊ ခုဆိုရင် ငါတို့မှာ သားသ္မီးတွေ ပိုပိုများလာပြီ၊ ငါတို့ကို မှီခိုနေတဲ့ လူတွေများလာပြီ၊ ဒါကြောင့် ဆရာတော်က ငါတို့ အလုပ်လုပ်နေတာပါဟု ကြွေးကြော်ပြီး၊ သီတဂူအလုပ်လုပ်နေတာဟာ သူတစ်ပါးကို အနိုင်ယူလို၍၊ အသာစီးရလို၍၊ ပြိုင်ဆိုင်လို၍မဟုတ် မိမိသမိုင်းမှတ်တိုင်ကိုသာ မိမိကိုယ်တိုင် စိုက်ထူပြလို၍ ဖြစ်တယ်။

ဓမ္မ, ၀ိနယသည်, ငါတို့၏စည်းကမ်း၊ လုပ်ပိုင်ခွင့် အလုပ်ကို လုပ်နေရခြင်းသည် ငါ့တို့၏အခွင့်အရေး။
အပျက်ကိုမြင်၍ မလုပ်လျှင် မဖြစ်တာပဲရှိမယ်။ အဲဒီတော ငါတို့ရဲ့အလုပ်ဟာ ငါတို့ရဲ့ သမိုင်းမှတ်တိုင်ပဲပေါ့။

"Pushing to the front" ဤစာအုပ်ထဲမှ ထင်ရှားသောပုဂ္ဂိုလ်များဟာ ဘယ်တက္ကသိုလ်မှ ဘွဲ့ရထားသူများ မဟုတ်ကြပါဘူး။ "လောကော သတ္တာနမာစေရော" လောကကြီးဟာ ငါတို့ရဲ့ဆရာ။ လောကထဲမှာ မြင်တတ်တဲ့ မျက်လုံးနဲ့ ကြားတတ်တဲ့ နားရှိဖို့လိုတယ်၊ မြင်တာ ကြားတာမှန်သမျှကို စိစစ်ဖို့လိုတယ်၊ အဲဒါတွေအားလုံးဟာ ငါတို့ရဲ့ ဆရာပဲ။
မြေကြီးထဲက ထွက်လာတဲ့ ဓာတ်သတ္တုတွေလိုနေကြတာ၊ မြေဆိုင်ခဲတွေကို ခွဲထုတ်ပြီး ဖယ်ရှားဖယ်ရှားရင်းနဲ့ နောက်ဆုံး ရွှေရောက်သွားတယ်၊ အဘိုးအတန်ဆုံးဖြစ်သွားတယ်။ အဲဒီလိုပဲ နှစ်ပေါင်းတစ်ရာအတွင်းမှာ နောက်ဆုံး ငါတို့ရဲ့ဘ၀ကို ဖြေးဖြေးချင်း ဖြေးဖြေးချင်း၊ သင်ရင်း ကြားရင်း ကြည့်ရင်း စိစစ်ရင်းနဲ့ ထပ်တလဲလဲ မင်းတို့ငါတို့ရဲ့ နှလုံးသားကို စိစစ်ပြီးတော့ ဓာတ်ခွဲပြစ်ရမယ်။

လူ့လောကကြီးကို ကျေးဇူးပြုတဲ့ ပုဂ္ဂိုလ်တွေဖြစ်ဖို့လိုတယ်၊ လောကကြီးကို ဖျက်ဆီးမည့် ပုဂ္ဂိုလ်တွေ ပေါတယ်၊ လောကကြီးကို ကျေးဇူးပြုတဲ့ အလုပ်တွေ၊ အပြောတွေ၊ ပြောကြ လုပ်ကြ၊ လောကကြီးကို ဒုက္ခပေးမည့်အလုပ်တွေ၊ အပြောတွေ မလုပ်မိအောင် မပြောမိအောင် မကြံမိအောင် နေကြ။
တိုင်းပြည်နဲ့ သာသနာတော်ကို အကျိုးမပြုနိုင်ဘဲ သေသွားတဲ့လူတွေ အများကြီးပဲ၊ အဲဒီအထဲ မင်းတို့ငါတို့ မပါစေနဲ့။

"As there is nothing in the world great but men, there is nothing truly great in men, but character"
" လောကကြီးမှာ လူမှတပါး ကြီးကျယ်ခန်းနားတာ ဘာမှမရှိသလို၊ လူမှာလည်းပဲ ကိုယ်ကျင့်တရားမှတပါး ကြီးကျယ်မြင့်မြတ်တာ ဘာမှ မရှိပါဘူး"။

"The more I know him, the more I love him. The more I love him, the more I know him.
"သူ့အကြောင်းကို သိလေလေ, သူ့ကို ပိုပြီးကြည်ညိုလေလေ။ သူ့ကို ကြည်ညိုလေလေ, သူ့အကြောင်းကို သိလေလေပါပဲ"

ရှင်သုခ (မင်းလှ)၂၅-၁၂-၁၁

0 comments:

Post a Comment