ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ

ကမ္ဘာ့ခေါင်းဆောင်ကြီးတွေလို့ အခေါ်ခံနေရတဲ့သူတွေကိုကြည့်ပါ။ ပညာတတ်ပိုင်းက လက်နက်အဆန်းတွေ တီထွင်ပေးတယ်၊ ဓနရှင်ပိုင်းက လက်နက်အရောင်းအ၀ယ်လုပ်ကြတယ်၊ အာဏာရှိပိုင်းက သတ်ဖြတ်ဖို့ အမိန့်ပေးမဆုံး ဖြစ်နေကြတယ်။ ။

(မဟာဂန္ဓာရုံဆရာတော်-အမရပူရ)

ရုပ်နာမ်ဓမ္မသင်္ခါရတို့ ကိုယ်ကဤပုံဖြစ်လိုတုန်လည်း တစ်ဖုံဆင်ကွဲသူတနဲဖြင့်
ဖောက်လွဲတက်စွာ ဓမ္မတာကို ပညာစက္ခုမျှော်ထောက်ရု့၍
ယခုကပင်လျှင် မအိုခင်က၊ ကြိုတင်ကောင်းမှု ကြိုးစားလော။
ယခုကပင်လျှင် မနာခင်က၊ ကြိုတင်ကောင်းမှု ကြိုးစားလော။
ယခုကပင်လျှင် မသေခင်ကကြိုတင်ကောင်းမှု ကြိုးစားလော

(တိပိဋက- မင်းကွန်းဆရာတော်)

ဗုဒ္ဓမြတ်စွာလောင်းလျာတုန်းက၊ နောက်ဆုံးအထိပါရမီ လူနတ်များစွာ၊
ချမ်းသာရေးမို့ ၊ အသက်ပေး၍၊ ဖြည့်ခဲ့သည်၊ ဗုဒ္ဓမြတ်စွာသာသနာအတွက်တော့၊
ငါပါအသက်ဆုံးစေမည်၊ နောက်မဆုတ်ပေါင်၊
ခုလိုတွေးလို့ ၊ ကုသိုလ်ရေးမို့ ၊ ကြိုးစားမည်၊
ဒို့ လဲကြိုးစားမည်။

(မဟာဂန္ဓာရုံဆရာတော်)

ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်။ နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သောင်အငူမှာ၊ ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာထင်အလင်းရယ်နှင့်၊ နင့်အဖျင့် ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဘို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊ အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။

(လယ်တီဆရာတော်)

0 comments:

Post a Comment