
ဆရာ ဆရာ ဒို့ဆရာ၊
ဘုရားနဲ့ တစ်ဂိုဏ်းတည်းပြလို့ ဗလငါးတန်ဖြာ နှစ်ဆပွားပြန်တာ၊
သားကောင်းရတနာ သ္မီးကောင်းများကို၊
မွေးထုတ်လို့ ပညာသင်ပေးတာ၊
အားကိုးထိုက်တဲ့ ဒို့ဆရာ။
ဆရာ ဆရာ ဒို့ဆရာ၊
တပည့် ရတနာ ဒကာ ဒကာမများကို ဓမ္မ၀ိနယနှင့်ညီစွာ၊
ဆုံးမလို့ သြ၀ါဒပေးတာ၊
လေးစားထိုက်တဲ့ ဒို့ဆရာ။
ဆရာ ဆရာ ဒို့ဆရာ၊
ရေကိုပေးလို့ ဆေးကိုလှူ ပညာဒါန မကျန်ရအောင်၊
ဘာဝနာလုပ် အားထုတ်ဘို့ရန် ဓမ္မရိပ်သာ ဆောက်လုပ်ခါ၊
နိဗ္ဗာန်ရောက်ရေး နည်းလမ်းပေး ကိုးကွယ်ထိုက်စွာ ဒို့ဆရာ။
ရှင်သုခ(မင်းလှ)
5 comments:
္န္မဤ ကဗျာဖြင့် သက်တော်(၇၃)နှစ်ပြည့်မွေးနေ့ရှင် သီတဂူဆရာတော်အား ပူဇော်ပါသည်ဘုရား
သီတဂူ မြတ်အရှင်
တေဇာဂုဏ် ဖြိုးမောက်လို့၊
တန်ခိုးတောက် ဝေလွင်။
တမိုးအောက် ပြေတခွင်မှာ၊
နေအသွင် ထင်ရှား။
ပိဋကတ် ပါရဂူ၊
ကမ္ဘာမူ အံ့ဘွယ့်ယောက်ျား။
ဟောပြောနည်း တမူထွင်တယ်၊
သူ ဘုရင်တစ်ပါး။
ဇမ္ဗူတွင် ရှာမှာ ရှားပေမို့၊
ဇာနည်ဘွား တော်ဝင်။
မြမျက်မှန် ရတနာမျိုးလိုပ၊
ပါဝါတန်ခိုး ဟိုးဟိုးပေါ်လွင်။
တိုင်းလက်ျာ့ တောင်ကျွန်းခွင်မှာ၊
မော်ကွန်းဝင် စံထားစို့။
မဟော်အလား တုဖက် မမြင်၊
လူ့ထက် လူပင်။
သီတဂူ့ မြတ်အရှင်ငယ်၊
မပြတ်အစဉ် ၀င့်ကြွားပြီကွဲ့လေး။
ဒေသနာ ချွေဟ စေတနာ ဝေစွ၊
ရေ အမတာ ဝေငှ ကြည်လင်စွာငယ်၊
ပြည်ခွင်သာယာ အေးမြစေဖို့လေး။
စစ်ကိုင်း မင်းရှိန်
*******************
သီတဂူ တက္ကသိုလ်
ဘုန်းတေဇာ ကျက်သရေလင်း
တက်နေမင်း ပမာ။
လက်ဝေဆင်း မှောင်သွေခွာသည်
အောင်ဇေယျာ ဥဒါန်း။
ကပ္ပဋ္ဌိ (ကပ်ပဋ်ဋ္ဌိ) ကမ္ဘာတွင်အောင်
မြန်မာတွင် ထိုးတဲ့မော်ကွန်း။
သီတဂူ့ တက္ကသိုလ်
ကနက်ဗဟို ပေါ်ထွန်း။
စနက်ကို ဖော်ညွှန်းလို့
ပြောက်အမွမ်း သရဖူ။
တောင်ဇေယျာ အောင်မြေနန်း
ပြောင်ဝေဆန်း လွှမ်းလို့စိုက်ထူ။
မြတ်ဘုန်းရှင့် သီတဂူငယ်
ကြည်ဖြူဖြူ ဇွဲသန်မြင့်ပါဘိ။
ကဲမာန်ဝင့် ကြွရွစီမံ
လှပတည်ဖန်။
ဝေဖြာ ပန်းကြွ…သေချာဆန်းလှ
ဧရာ နန်းမ …အသရေလျှံသည်
ရွှေမြေဗိမာန် ပေါ်ထွန်းပြီကွဲ့လေး။
ကမ္ဘာချင်းမျှ ….သမ္ဘာလင်းစွ
တာရာမင်းမက ဖြိုးဝေလျှံသည်
မိုးမြေနဘံ ခြိမ့်သဲညံလို့လေး။
စစ်ကိုင်း မင်းရှိန်
*******************
ဤလောကီ
ဤလောကီ ဘုံဘဝ
ကြုံရသည့် ဖြစ်ထွေ။
နုံလှသည့် စနစ်တွေ
လှစ်ချွေလျှင် မကောင်း။
ခွေးဝဲစား ပုံသို့တင်
စုံလို့ပင် နှင်မောင်း။
ကျင့်ဝိပဿ် ဖြာ့အဖြာ
ငါ့ခမျာ ဟောရအာညောင်း။
ချာ့အချာ မသာလောင်းတို့က
ခါစောင်းလို့ ရေးမယူ။
လျှာဂျီး(ကြေး)ထူ ရသာဖျင်းသို့
ဓမ္မလျာဟင်း သင်းတို့ငြူစူ။
အမတကမ္ဘာတွင်း ချဉ်းဘို့ပြူလျှင်
ငြင်းစို့မူပင် ချမှတ်ကြထင့်။
ရလာဘ် ဂုဏ်ကိုသာပင်
အထုံပို ၀ါသနာခင်။
စာသဘင်ပွဲ ၀င်နွှဲဆင်သည်
စဉ်မြဲပင် လွဲခဲ့ပါသကွဲ့လေး။ ။
စစ်ကိုင်း မင်းရှိန်
******************
ရွှေစာ ကျယ်ဝန်း မြတ်ပဋ္ဌာန်း
ကျမ်းရွှေစာ ပဋ္ဌာန၊
တတ်မှာက မလွယ့်မလွယ်။
မြတ်စွာဘုရာ့ အမယ့်အမယ်ငယ်၊
တကယ့်တကယ် ဆိုလွဲ။
အလွတ်မပိုင်သမို့ မရွတ်နိုင်ပါသည်၊
ဇွတ်ငိုင်ကာ တွေးလို့သာဘဲ။
သမုဒ္ဒပြင် အကျယ်နှယ်၊
စဉ်တကယ် နက်နဲ။
မြင်မလွယ် လွန်ခက်ခဲပါလို့၊
ကျွန်လက်ပဲ ရှော့ချင်။
နောက်ခါဆို ကြောက်ပါပေါ့ရယ်လို့၊
“တောက်”ခါငေါ့ ငေါ့မိရဲ့ထင်။
မနောမမိတဲ့ သဘောအစဉ်မှာ၊
မချောပြင်ပြင် တကယ်ရှုပ်ပါဘိ၊
အမယ်ဘုတ် သူချည်ခင့်နှယ်။
ရှုကြည်ခွင့်မလွယ်။
ဆယ်သက်မက တကယ်ခက်ပါမည်၊
လွယ်ချက်ဟာ မြင်ဘူးကွဲ့လေး။
စစ်ကိုင်း မင်းရှိန်
*******************
Post a Comment