သီတဂူ ဘုရားဖူးမှတ်တမ်း



သီတဂူ ဘုရားဖူးအဖွဲ့သည် ရန်ကုန်မြို့မှ ၂၈-၀၃-၁၂နေ့ မြန်မာလေကြောင်း MAI ဖြင့် ဘန်ကောက်၊ ထိုမှတဆင့် အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့သို့ ည(၁၀း၄၅)မိနစ်တွင် ရောက်ရှိကြပြီး Intercontinental Hotel တွင် တည်းခိုကြပါသည်။ ၂၉-၀၃-၁၂နေ့တွင် အိန္ဒိယဂိတ်၊ ကနေဒီလုဏ်ဂူနှင့် ရွှေတိဂုံဘုရားကြီးအား သွားရောက်ဖူးမျှော်ကြပြီး ၄င်းဘုရားကြီးမြေအောက်တွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်မှာ နေ့လည်စာ သုံးဆောင်ကြပါသည်။ ၃၀-၀၃-၁၂နေ့တွင် ရတနာဂီရိရှိ သီပေါမင်းနန်းတော်နှင့် အုပ်ဂူတို့ကို သွားရောက်လေ့လာကြပါသည်။ ၃၁-၀၃-၁၂နေ့မှာတော့ ဂုရုကြီး ဂိုအင်ကာ အေဂပ်ပူရီတွင် တည်ထောင်ထားသော ၀ိပဿနာတရားရိပ်သာသို့ သွားရောက်လေ့လာပြီး နေ့လည်စာ သုံးဆောင်ကြပြီးနောက် အဲလိုရာသို့ ခရီးဆက်ကြရပါသည်။ ၄င်းနေ့တွင် အော်ရမ်ဂဘတ်မြို့၊ ဂရင်းမီဒို ဟိုတယ်တွင် တည်းခိုကြပါသည်။ ၀၁-၀၄-၁၂နေ့ရောက်တော့ အဂျန်တာလိုဏ်ဂူနှင့် အဲလိုရာလိုဏ်ဂူများကို သွားရောက် လေ့လာဖူးမျှော်ကြရပါသည်။ ဆက်လက်တင်ပြပါမည်။

၀၂-၀၄-၁၂နေ့ရောက်ပြန်တော့ အောရမ်ဂဘတ်မှ လေကြောင်းခရီးဖြင့် ဘုံဘေ၊ ထိုမှတဆင့် နယူးဒေလီ၊ ထိုမှတဆင့် ဘိုပါးလ်သို့ ခရီးဆက်ခဲ့ပြီး ဂျေဟတ်နုမ ပဲလေ့စ်ဟိုတယ်တွင် တည်းခိုကြရပါသည်။ ထိုနေ့တွင် လေယာဉ်ပေါ်တွင် အချိန်ကုန်လျက် ဘယ်မှ မသွားဖြစ်ကြပေ။ ၀၃-၀၄-၁၂ နေ့ နံနက်တွင် အင်နိုဘာကားလေး(၁၀)စီးဖြင့် ဆန်ချီစေသို့ သွားရောက်ဖူးမျှော်ခဲ့ကြပါသည်။ နေ့လည်စာကို ၄င်းဆန်ချီစေတီအနီး ဟိုတယ်ငယ်လေးတစ်ခုတွင် သုံးဆောင်ခဲ့ကြပြီး ၄င်းဟိုတယ်တွင်ပင် ပြန်လည်အနားယူကြပြီ ည(၁၀)နာရီတွင် နယူးဒေလီသို့ ပြန်လည်ထွက်ခွါခဲ့ကြလျက် ဟိုတယ် သပတိဂီရိတွင် တည်းခိုကြရပါသည်။ ၀၄-၀၄-၁၂နေ့တွင် နယူးဒေလီမှ ဗာရာဏသီသို့ လေကြောင်းခရီးဖြင့်ပင် ထွက်ခွါခဲ့ကြရပြန်ပါသည်။ ၄င်းမြိ့တွင် ဟိုတယ်ကလပ်ခ်တွင် တည်းခိုကြပြီး မြတ်စွားဘုရား တရားဦးဟောရာ မိဂဒါဝုန်အတွင်းရှိ ဓမ္မစက္ကစေတီနှင့် ဓမ္မေခစေတီတို့ ဖူးမျှော်ကြည်ညိုကြရပါသည်။ ဆက်လက်တင်ပြပါမည်။ ။

0 comments:

Post a Comment