ချမ်းသာစစ်

တစ်ခါက သစ်ရိပ်ဝါးရိပ်များဖြင့် အေးချမ်းနေသော ရွာငယ်လေးတစ်ရွာရှိလေ၏..
ရွာဦးထိပ်တွင်မူ လေအဝှေ့တွင် ဆဲလဲသံသာသာဖြင့် ထုံးစေတီဖွေးဖွေး တစ်ဆူနှင့်အတူ ဆိပ်ငြိမ်လွန်း လှသည့် ကျောင်းတစ်ကျောင်းလဲရှိလေ၏၊ ထိုကျောင်းတွင် သီတင်းသုံးနေသည့် ဆရာတော်သည် လည်း ဘ၀၏အေးချမ်းမှုကို ထာဝရပိုင်ဆိုင်ထားလေ၏။
တစ်နေ့ ဆရာတော်ထံ ရွာထဲမှ ဒကာတစ်ဦးရောက်လာကာ ဆရာ ဒကာ နှစ်ဦးသား မှတ်သားစရာ စကားတွေ ပြောကြားကြရင်း ဒကာက ဆရာတော်ကို မေးခွန်းနှစ်ခုကို မေးလျှောက်လိုက်လေ၏၊

ဒကာ… အရှင်ဘုရား လူတွေ ပြောပြောနေကြတဲ့ ချမ်းသာတယ်ဆိုတာ ဘာလဲဘုရား..
ပီးတော့.. ဆင်းရဲတယ်ဆိုတာ ဘာလဲဘုရား.. တပည့်တော်မသိလို့ ဖြေကြား ပေးပါဘုရား..ဟူ၏
ဆရာတော်… ဒကာတော်.. လောကကြီးမှာ ဘ၀သစ်ခန္ဓာရလာရင် ဆင်းရဲတာပဲ
ပီးတော့ ဘ၀သစ်ခန္ဓာမရတော့ရင် ချမ်းသာတော့တာပဲ ဒကာတော်
ဒကာ… အရှင်ဘုရား ဘ၀သစ်ခန္ဓာရလာရင်ဆင်းရဲပီး ဘ၀သစ်ခန္ဓာမရတော့ရင် ချမ်းသာတယ်ဆိုတာလေး ဆက်လက်ရှင်းပြပါအုံးဘုရား..
ဆရာတော်… ဒကာတော် ဘ၀သစ်ခန္ဓာရလာပီဆိုရင်.. ရာသီဥတုအေးတော့လဲ အေးလွန်းတဲ့ ဒုက္ခ၊ ပူလာပီဆိုတော့လဲ ပူလွန်းတဲ့ဒုက္ခ၊ စားချင်တော့ စားချင်တဲ့ဒုက္ခ၊ သောက်ချင်တဲ့ဒုက္ခ၊ စားပြန်သောက်ပြန်တော့လဲ ကျင်ကြီးကျင်ငယ်စွန့်ချင်တဲ့ ဒုက္ခ၊ ရာဂမီး ဒေါသမီး မောဟမီး တောက်လောင်မှုဒုက္ခ၊ ကြီးနိုင်ငယ်ညှင်းမှု ကြောင့် ရိုက်နှက် ထိုးခုတ် ပစ်သတ်ခံရမှုဒုက္ခ၊ သဘာဝဘေးဒဏ်ခံရမှုဒုက္ခ၊ ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရနဲ့ အုပ်ချုပ်သူတွေ အာဏာပါဝါရှိသူတွေ ဆွေမျိုးသားချင်းတွေ မိဖ သားမယားယောင်္ကျားတို့ရဲ့ အဆင့်ဆင့် ချုပ်ချယ်မှု စ တာတွေဟာ အနဲနဲ့အများ ခံစားရမည်ဖြစ်ခြင်းကြောင့် ဘ၀သစ်ရလာရင် ဆင်းရဲတယ်လို့ ငါပြောတာပေါ့ ဒကာ။
ပီးတော့ ဘ၀သစ်ခန္ဓာမရတော့ရင် အထက်ပါဆင်းရဲဒုက္ခတွေ ဖြစ်လာနိုင် စရာအကြောင်းမရှိနိုင်တဲ့အတွက် ချမ်းသာစစ်ဖြစ်ပေတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ် ဒကာတော်… ဟု မိန့်ကြားတော်မူ၏။

ဘုန်းသာ(ပန်းမြို့တော်)

0 comments:

Post a Comment