သာမညဖလသုတ် အခါတော်နေ့
၁၃၇၂-ခု၊ တန်ဆောင်မုန်းလပြည့်(၂၁-၁၁-၁၀)တနင်္ဂနွေနေ့သည် သာမညဖလသုတ် အခါတော်နေ့ဖြစ်ပါသည်။ ဆီးနှင်း၊ မြူ-တိမ်၊ သူရိန်-မီးခိုး ညစ်မျိုးငါးပါး ကင်းစင်ပသည့် လပြည့်ဝန်းကြီးကိုကြည့်ပြီး မဂဓတိုင်းကြီး၏ပြည့်ရှင် ဘုရင်အဇာတသတ္ထုမင်းသည် ဤအခါအချိန်မျိုးမှာ မည့်သည့်ပုဂ္ဂိုလ်ထံသွားပြီး တရားတော်များနာရလျှင် ကောင်းမည်နည်းဟု အကြံအစည်ဖြစ်ပါသည်။ ထို့ကြောင့် မင်းတိုင်ပင်ခံ အမတ်တို့အား မေးမြန်းလေရာ ပုရာဏကဿပအစရှိသော ဒိဋ္ဌိဆရာကြီးခြောက်ယောက်ထံသွားပြီး တရားနာလျှင် ကောင်းလိမ့်မည်ဟု အကြံပြုကြလေသည်။ အဇာတသတ္ထုမင်းသည် သွားရောက်၍ ရဟန်းပြုရခြင်း၏ အကျိုးကို မေးမြန်းရာ ဒိဋ္ဌိဆရာကြီးခြောက်ယောက်တို့က-ကုသိုလ်၊ အကုသိုလ်၊ ငရဲ၊ တိရစ္ဆာန်၊ နတ်ပြည်၊ ဗြဟ္မာပြည်၊ နိဗ္ဗာန်ချမ်းသာဆိုတာ မရှိဘူးဆိုတဲ့ နတ္ထိက၀ါဒကိုလည်းကောင်း၊ ဆင်းရဲခြင်း ချမ်းသာခြင်းသည် အကြောင်းကင်းလျက်ဖြစ်တယ် အကြောင်းမရှိဘူးဆိုတဲ့ အဟေတုက၀ါဒကိုလည်းကောင်း၊ ဘာလုပ်လုပ် လုပ်ချင်တာလုပ် လုပ်ရာမရောက်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာ ရုပ်ကလာပ်၊ ဓားဆိုတာ ရုပ်ကလာပ်၊ လူတစ်ယောက်က လူတစ်ယောက်ကို ဓားနဲ့ထိုးလျှင်ပင် ပြစ်မှုမရောက်ဘူးဆိုတဲ့ အကိရိယ၀ါဒကိုလည်း ဖြေကြားကြကုန်၏။ အဲဒါကြောင့် အဇာတသတ္တုမင်းကြီး အလွန်စိတ်ပင်ပန်းခဲ့ရလေသည်။ ထိုဒိဋ္ဌိဆရာကြီး ခြောက်ယောက်တို့၏တရားများသည် မိစ္ဆာဒိဋ္ဌိတရားများပင် ဖြစ်သောကြောင့် တကယ့်အေးချမ်းမှုကို ပေးစွမ်းနိုင်သောတရားများ မဟုတ်ကြောင်း သိရှိလျက် သမားတော်ကြီးဇီဝကအား မေးမြန်းလေသော် သမားတော်ကြီး ဇီဝကက သဗ္ဗညုမြတ်စွာဘုရားထံသွားပြီး တရာတော်များနာလျှင် ကောင်းမည်ဟုအကြံပေးပြီး မြတ်စွာဘုရား အထံတော်သို့ ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခြေလျင်တပ်တို့ဖြင့် ၀န်းရံလျက် ခေါ်ဆောင်သွားလေသည်။ ထိုအခါ မြတ်စွာဘုရားရှင်က ဤသာမညဖလသုတ်တော်ကို ဟောတော်မူခဲ့ပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံဖြစ်သော စူဠသီလ၊ မဇ္ဈိမသီလ၊ မဟာသီလစသည်ဖြင့် ဆောက်တည်ကျင့်ကြံအားထုတ်ရမည့် ကိုယ်နှုတ်စိတ်ကို ထိမ်းသိမ်းကျင့်ရမည့်တရားများကို ဟောကြားတော်မူပါသည်။ ရဟန်းပြုရုံမျှဖြင့် ဘုဇိဿသုခကို ရရှိခြင်းဆိုတဲ့ ကျေးကျွန်အဖြစ်မှ ကင်းလွတ်ခြင်း ချမ်းသာကို ခံစားရပါသည်။ ထိုမှတပါး သီလကို ဆောက်တည်ခြင့်းဖြင့် အန၀ဇ္ဇသုခ၊ သမာဓိ၏အကျိုးကျေးဇူးဆိုတဲ့ ၀ိဝေကသုခ၊ ပညာတရား၏ အကျိုးကျေးဇူး ၀ိမုတ္တိသုခကို ရရှိမည်ဖြစ်တဲ့ အဆင့်ဆင့်အားထုတ်ရပုံမျာကို ဟောကြားတော်မူခဲ့ပါသည်။ ထိုအခါမှစ၍ အဇာတသတ္ထုမင်းသည် သာသနာပြုမင်းတစ်ပါး ဖြစ်လာသော်လည်း အဖကို သတ်မိသောအပြစ်ကြောင့် အ၀ီစိငရဲတွင် နှစ်သုံးသောင်း ကျရောက်ခံစားရလေသည်။ အမှန်စင်စစ်အားဖြင့် နှစ်ခြောက်သောင်းခံရမှာဖြစ်ပေမဲ့ ရတနာသုံးပါးကို အကြွင်းမဲ့ သက်ဝင်ယုံကြည့်ကိုးကွယ်ခဲ့သောကောင်းမှုကြောင့် လွတ်မြှောက်ခဲ့ခြင်းဖြစ်လေသည်။ ဤသည်ကို အကြောင်းပြု၍ နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလသုတ် အခါတော်နေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်လေသည်။
ထိုနေ့တွင် စာရေးသူနှင့် ဦးဝိသုတအားဖြင့် သူငယ်ချင်းနှစ်ပါးတိုင်ပင်လျက် ဗာရာဏသီတက္ကသိုလ်တွင် ပညာရည်နို့သောက်နေကြကုန်သော မြန်မာပြည့်ဖွား သံဃာတော် (၂၃)ပါးတို့အား နေ့ဆွမ်း၊ မုန့်၊ သစ်သီးစသည်တို့ဖြင့် ဆက်ကပ်လှူဒါန်းပါမည်။ ဤကုသိုလ်ပုည ပြုသမျှကို မယ်တော်ကြီးနှင့်တကွ မြင်အပ် မမြင်အပ်၊ ဝေးနေ နီးနေ၊ ဝေနေယျများစွား သတ္တ၀ါမှန်သမျှ အနန္တတို့အား အမျှပေးဝေလိုက်ပါသည်၊ အမျှရကြကုန်သည်ဖြစ်၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြသည် ချမ်းသာကြသည် ဖြစ်ကြပါစေကုန်သတည်း။ ။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။ ။
ရှင်သုခ (မင်းလှ)
ထိုနေ့တွင် စာရေးသူနှင့် ဦးဝိသုတအားဖြင့် သူငယ်ချင်းနှစ်ပါးတိုင်ပင်လျက် ဗာရာဏသီတက္ကသိုလ်တွင် ပညာရည်နို့သောက်နေကြကုန်သော မြန်မာပြည့်ဖွား သံဃာတော် (၂၃)ပါးတို့အား နေ့ဆွမ်း၊ မုန့်၊ သစ်သီးစသည်တို့ဖြင့် ဆက်ကပ်လှူဒါန်းပါမည်။ ဤကုသိုလ်ပုည ပြုသမျှကို မယ်တော်ကြီးနှင့်တကွ မြင်အပ် မမြင်အပ်၊ ဝေးနေ နီးနေ၊ ဝေနေယျများစွား သတ္တ၀ါမှန်သမျှ အနန္တတို့အား အမျှပေးဝေလိုက်ပါသည်၊ အမျှရကြကုန်သည်ဖြစ်၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြသည် ချမ်းသာကြသည် ဖြစ်ကြပါစေကုန်သတည်း။ ။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။ ။
ရှင်သုခ (မင်းလှ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment