ကမ္ဘာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ဆုတောင်းပွဲ

ကမ္ဘာပေါ်လူသားတို့ ကိုးကွယ်ဆည်းကပ်ကြကုန်သော ဘာသာတရားတို့သည် အပြင်အပ အသွင်အပြင် သို့မဟုတ် အပေါ်ယံ အနေအထားအမျိုးမျိုး မတူခြားနား ကွဲပြားကြသော်လည်း အတွင်းကျကျ အနှစ်သာရ “Inner core” မှာမူ များစွာတူညီကြပေပြီ။ ဥပမာ သီလ “Precept”, မေတ္တာ “Universal love”, ကရုဏာ “Compassion”, ပညာ “Wisdom”, ဤဆိုခဲ့သည့် အဓိကကျသော အချက်အလက်တို့မှာ ဘာသာတရားအားလုံးတို့၏ “Commom Platform”, သဖွယ်ဖြစ်သော “(Ethical System), များ ဖြစ်ကြသည်။ သူ့နည်းသူ့ဟန်ဖြင့် ကျင့်သုံးကြပုံများ ကွာခြားနိုင်ဖွယ်ရှိသော်လည်း အားလုံးတို့၏ ဦးတည်ချက်မှာ သန္တိ (သျှန္တီ)၊ ငြိမ်းချမ်းခြင်း။ အကမ္ပိ၊ မတုန်လှုပ်ခြင်း သို့မဟုတ် တည်းငြိမ်ခြင်း။ “Stabality”, ၀ိမုတ္တိ၊ လွတ်မြောက်ခြင်း။ “Freedom” ဟူသည့် ဘုံရည်ရွယ်ချက်များ၌ သူ့နည်း သူ့ဟန်ဖြင့် တူညီကြသည်က များပေသည်။ ထို့ကြောင့် ဘာသာတရားတိုင်း၌ ခွင့်လွတ်ခြင်း၊ “Forgiveness”, သီးခံခြင်း၊ “Tolerance”, အနတ္တ၊ “Self-lessness”, ကိုယ်ကျိုးမဖက်ခြင်း။ သူတပါးတို့၏ အကျိုးစိးပွားကို ဆောင်ရွက်ခြင်းတို့သည်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဘုံကျင့်စဉ် “Common Ethic” များဖြစ်သည်ဟု သဘောရပေသည်။ အီတလီနိုင်ငံ၊ ရောမမြို့ထဲက ဘာတီကန်မြို့တော်တွင် ဗဟိုဌာနချုပ်ထားရှိသော သို့မဟုတ် ရုံးစိုက်သော ရေစ်ယာန်ဘာသာဝင်တို့၏ အကြီးဆုံး အကြီးအကဲ ပုတ်ရဟန်းမင်းကြီးက အထောက်အပံ့ “Sponsor” ပေးသဖြင့် ကမ္ဘာ့ဘာသာပေါင်းစုံ အစည်းအဝေးပွဲကြီး တစ်ခုကို ရောမမြို့တော်မှ သုံးနာရီခွဲမျှ ရထားစီး၍သွားရသော ရောမမြို့၏ အနောက်ဘက်ယွန်းယွန်းမှာ ရှိသည့် အစီစီ (……) တောင်ပေါ်မြို့လေး တစ်ခု၌ ကျင်းပခဲ့သည်။ ရိုမာန်ကက်သလစ် ဘာသာဝင်တို့၏ခေါင်းဆောင် ပုတ်ရဟန်းမင်းကြီးက အသွားအပြန် လေယာဉ်စရိတ်များ၊ ဟိုတည် တည်းခိုခများ၊ ပြည်တွင်းခရီးစဉ် သွားလာမှုများအားလုံးကို တာဝန်ယူ၍ နိုင်ငံပေါင်း(၁၀၀)ကျော်မှ ဘာသာတရားအားလုံးတို့၏ ဘာသာရေးခေါင်းဆောင်ပေါင်း(၂၀၀)ကျော်ကို ဖိတ်ကြားခဲ့သည်။ ရောမမြို့လေဆိပ်၌ ရိုမာန်ကက်သလစ် ဘုန်းတော်ကြီးများ၊ သီလရှင်များက ယုယုယယ လှိုက်လှိုက်လှဲလှဲ ကြိုဆြိုကပါသည်။ ဖိုက်စတားဟိုတည်များ၌ နေရာထိုင်ခင်းပေးပါသည်။ အလွန်အရေးကြီးပုဂ္ဂိုလ်များကို သီးခြားကားငယ်ကလေးများဖြင့် ကြိုဆိုသယ်ဆောင်ကြပြီး အခြားပုဂ္ဂိုလ်များကို အဆင့်မြင့် ဘတ်စ်ကားကြီးများစီစဉ်၍ အကူအညီ အစောင့်အရှောက် လမ်းညွှန်ပုဂ္ဂိုလ်များဖြင့် ခရီးဦးကြိုဆို ပြုကြပါသည်။ မြန်မာနိုင်ငံမှ သီတဂူဆရာတော်၊ ရိုမာန်ကက်သလစ်ဘုန်းတော်ကြီး ဦးတင်ဝင်း၊ သီတဂူအတွင်းရေးမှူးသုံး ဦးဝင်းအောင်တို့ တက်ရောက်ခဲ့ကြသည်။ နေရာတကာ အင်္ဂလိပ်စကားပြော၍မရသော အီတလီ၌ ရောမရောက် မြန်မာသံရုံးက သံအမတ်နှင့် သံတမန်ဝန်ထမ်းများက ကြိုဆိုခြင်း၊ လမ်းညွှန်ခြင်း၊ လိုက်လံပြသခြင်းတို့ခြင့် “Buddhist Mission”, ကို များစွား အကူအညီ အထောက်အပံ့ပေးခဲ့လေရာ အခက်အခဲ အဖုအထစ်မရှိ ချောမောပြေဖြစ်၍ အလွန်ဝမ်းသာ ကျေးဇူးတင်ရပေသည်။
၂၇-ရက်နေ့ နံနက်စာကို ဟိုတယ်မှာ စောစောစားကြပြီး ပုတ်ရဟန်းမင်းကြီး၏ ဗဟိုဌာနဖြစ်သော ဘာတီကန်မြို့တော် စိန့်ပီတာကျောင်းတော်ကြီးသို့ သွားကြရသည်။ စိန့်ပီတာကျောင်းတော်ကြီး၏ အနီး၌ ပုတ်ရဟန်းမင်းကြီး၏ရထား စိုက်ရောက်ထားပြီး ဖြစ်သည်။ အတွဲပေါင်း(၇)တွဲပါသော ပုတ်ရဟန်းမင်းကြီး၏ တွဲတို့ကို နံပါတ်အစဉ်အတိုင်း ထိုးထားသည်။ သီတဂူအဖွဲ့စီးလာသော ဘတ်စ်ကားမှာ နံပါတ်သုံးဖြစ်၍ ရထားရောက်တော့လည်း တွဲနံပါတ်သုံးမှာပင် နေရာယူကြရပါသည်။ ရထားမှာ ထမင်းဆိုင်တွဲ၊ ကော်ဖီဆိုင်တွဲပါသဖြင့် အလွန်အစဉ်ပြေပါသည်။ ဒိုးလျှိုပေါက် အမြီးမှခေါင်း၊ ခေါင်းမှ အမြီးသို့ သွားလာနိုင်ပါသည်။ တွဲပေါ်ရောက် ကြည့်လိုက်တော့ “Syprus, Greek, Turkis, Azarbaijan, Iran, Iraq, အစရှိသော “Middle-East” က ဘာသာရေးခေါင်းဆောင်များ၊ ဥဇဘက်ကစ္စတန်၊ တာဂျစ္စတန်၊ ကာဇစ္စတန်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန် စတဲ့ “Central Asia” နိုင်ငံများမှ မရင်းနှီးဘူးသည့် ဘာသာရေးခေါင်းဆောင်များ၊ ထို့အပြင် တောင်အာဖရိကနှင့် တောင်အမေရိကတိုက်မှ ဘာသာရေးခေါင်းဆောင်များကို တွေ့ရပေသည်။ ဘာတီကန်မှ ရထားထွက်သည့်အခါ ရထားတွဲများကို ဒိုးလျှိုပေါက် လျှောက်လှမ်းကြည့်မိခဲ့ရာ အရောင်အသွေးမျိုးစုံနှင့် အဆင်အပြင် အသွင်အပြင် အမျိုးမျိုးအဖုံဖုံတို့နှင့် ဘာသာရေးမျိုးစုံတို့၏ ပန်းမျိုးပွင့်သည့် ပန်းဥယျာဉ်တစ်ခု ရွေ့လျားနေသကဲ့သို့ တွေးထင်မိလေသည်။
လမ်းဘေးဝဲယာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်တို့ အပြည့်အ၀ ချထားသည်ကို အစီစီမြို့ရောက်သည့်အထိ တွေ့ရသည်။ ရထားလမ်းနှင့် မော်တော်ကားလမ်း ဘေးချင်းယှဉ်လျက် သွားသောနေရာတိုင်း၌လည်း အီတလီပုလိပ်တို့၏ လုံးခြုံရေးယာဉ်များ ၀ဲယာနှစ်ဖက်ညှပ်၍ လိုက်ပါလာသည်ကို တွေ့ရသည်။ ကောင်းကင်ယံက ဟယ်လီကော်ပတာ ရဟတ်ယာဉ်လုံခြုံရေးလည်း တစ်လျှောက်လုံးလိုက်ပါလာလေသည်။ လမ်းဘေးဝဲယာတို့၌ ခရီးတစ်လျှောက်လုံး ပန်းခိုင်များ၊ အလဲငယ်ကလေးများကို ဝှေ့ရန်းနှုတ်ဆက်ကြသည့် လူအုပ်ကြီးမှာ မိဘဆွေမျိုးတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ ခရီးအဝေးမှ ရွာသို့ပြန်လာရာတွင် ရွာအ၀င်မှ ဆွေမျိုးဥာတကာတွေ ကြိုဆိုနေကြသလိုပင် ဖြစ်သည်။ မိမိနှင့် နှစ်ခုံတွဲမှာ ဘေးတိုက်ယှဉ်၍ထိုင်လာသူကား နယူးယောက်မြို့မှ ဘစ်ရှော့(Bipshop)တစ်ပါးဖြစ်သည်။ မျက်နှာချင်းဆိုင်ခုံမှ နှစ်ယောက်တွဲမှာ ကညာနှင့် ကွန်ဂိုတို့က အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ ဖြစ်ကြသည်။ ဘာတီကန်မှ ခုနှစ်နာရီထွက်သော ရထားသည် အစီစီမြို့သို့ ဆယ်နာရီမှာရောက်သည်။ အစီစီမြို့ က မြို့ဝင်မြို့ထွက် ကြိုဆိုနေသည့် လူအုပ်ကြီးမှာ နှစ်ပေါင်းများစွာ ကွဲကွာနေသော ဆွေမျိုးများနှင့် ပြန်လည်ဆုံးတွေ့သည့်အလား အားပါးတရ ကြည့်နူးမှုကို ခံစားရသည်။ အစီစီမြို့၊ စိန့်ဖရန်စစ်ဘုရားကျောင်းကြီး၏ အ၀င်ဝမှ ပုတ်ရဟန်းမင်းကြီးက စောင့်ကြိုနေသည်။ ဘာသာရေးခေါင်းဆောင်အားလုံးတို့ကို ပြုံးပြုံးရွှင်ရွှင် လက်ဆွဲနှုတ်ဆက်သည်။ ကျောင်းတော်ကြီး၏ ဘုရားဝတ်ပြု ခန်းမဆောင်၌ အားလုံးစုဝေးကြသည်။ ထိုကျောင်းတိုက်ကြီး၏ အကြီးအကဲ ရိုမာန်ကက်ကလစ်ဘုန်းတော်ကြီး ---------က နှုတ်ခွန်းဆက်စကား မြွက်ကြားသည်။ ဘာသာရေးခေါင်းဆောင် တစ်ဆယ့်ငါးယောက်ခန့်က ငြိမ်းချမ်းရေးစကား၊ သီးခံခွင့်လွတ်ခြင်း မေတ္တာစကား မိန့်ကြားကြသည်။ ပုတ်ရဟန်းမင်းကြီးက ထိုနံနက်အခန်းအနား၏ အပိတ်နှုတ်ဆက်မိန့်ခွန်း မိန့်ကြားသည်။ ထိုအစီစီမြို့၊ စိန့်ဖရန်ဆစ်ကျောင်းတိုက်ကြီး၏ ဧည့်ခန်းမဆောင်ကြီး၌ နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးကြသည်။ ဘာသာရေးခေါင်းဆောင်အားလုံးတို့ အတူတကွ နေ့လည်စာ သုံးဆောင်ကြသည်။ နေ့လည်စာ စားပြီးလျှင် ဆယ့်နှစ်နှစ်နာရီမှ တစ်နာရီအထိ ဘာသာရေးခေါင်းဆောင် တစ်ယောက်စီ တစ်ယောက်စီတို့အား တစ်ယောက်စီ တစ်ယောက်စီနေဖို့ ကမ္မဋ္ဌာန်းကျောင်းငယ်လေးများနှင့်တူသည့် သီးခြားအခန်းငယ်လေးများ ပေးသည်။ ဘာသာရေးခေါင်းများ အသီးအသီး တစ်ယောက်စီ တစ်ယောက်စီ သူ့နည်း သူ့ဟန်ဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုမွန်ကောင်းများ တောင်းကြရန်ဖြစ်သည်။
သီတဂူဆရာတော်ကိုယ်တိုင်ကတော့ ရတနာသုတ်ကို ကိုးခေါက်ရွတ်၍ ပရိတ်နှင့်ဆုတောင်း ပေါင်းလိုက်သည်။ ခေတ္တမျှမှိန်း၍ ငြိမ်ငြိမ်နေနေတုန်း တံခါးခေါက်သံကြား၍ ကြည့်လိုက်ရာ နေ့လည် တစ်နာရီ ဆယ့်ငါးမိနစ် ရှိနေပေသည်။ ခပ်သုတ်သုတ်ပြေးဆင် နံပါတ်သုံးကားပေါ်တက်ပြီး ကားတန်းကြီးထွက်ခဲ့ရာ စိန့်ဖရန်ဆစ်ဘုန်းတော်ကြီး၏ ရုပ်အလောင်းသိမ်းဆည်းထားရာ အစီစီမြို့၏ အနောက်ဘက် တောင်ကုန်းပေါ်သို့ တက်ရလေသည်။ စစ်ကိုင်းတောင်နှင့် ခပ်ဆင်ဆင် တူတော့သည်။ ကျောင်းကြီး၏အပေါက်ဝ ရင်ပြင်မှာ ဆောက်ထားသော စင်မြင့်ပေါ်၌ ငြိမ်းချမ်းရေး ဆုတောင်းပွဲတစ်ခု ပြုကြသည်။ တစ်ယောက်လျှင် စက္ကန့်သုံးဆယ် လေးဆယ်မျှစီ ငြိမ်းချမ်းရေးစကား ပြောကြသည်။ ပုတ်ရဟန်းမင်းကြီးက အခန်းအနားသိမ်းစကားကို မြွက်ကြားသည်။ အပြစ်ရှိသူ လုသားတို့ အပြစ်ကင်း၍ သန့်ရှင်းခြင်း၊ လွတ်မြောက်ခြင်း အထိမ်းအမှတ်ကို ရည်ရွယ်သည်ဟု ယူဆသည်။ ခိုဖြူအကောင် တစ်ရာခန့် ကောင်းကင်သို့ လွတ်တင်ခဲ့ကြပါသည်။ ထို့နောက် စိန့်ဖရန်ဆစ်ဘုန်းတော်ကြီး၏ အရိုးတော်များ သိမ်းဆည်းထားရာ ကျောင်းတော်ကြီးအတွင်းသို့ ၀င်ကြသည်။ ပြန်ထွက်လာတော့ တောင်ထိပ်ရင်ပြင်မှ နေ၍ ရှေ့နောက်ဝဲယာ ကြည့်မိရာ စစ်ကိုင်းတောင် ဆွမ်းဦးပညရှင် ရင်ပြင်တော်က နေ၍ အရှေ့အနောက် ကြည့်လို့ မြင်ရသည့်မြင်ကွင်း၏ အရသာမျိုးနီးနီးကို ခံစားရချေသည်။
တောင်ကုန်းပေါ်ကအဆင်း ၀ဲယာတောင်တန်းတစ်လျှောက် ဈေးဆိုတန်းများမှာ မန္တလေးတောင်တန်းအတက်၊ ကျိုက်ထီးရိုးတောင်တန်းအတက်က ဈေးဆိုင်တန်းများနှင့် ခပ်ဆင်ဆင်တူသည်ကို သတိပြုမိသည်။

ဆက်လက် ဖတ်ရှုရန်---

0 comments:

Post a Comment