ဓမ္မစကြာအခါတော်နေ့ (၀ါဆိုလပြည့်)

၁၃၇၂-ခု၊ ဒုတိယ ၀ါဆိုလပြည့်နေ့သည် ဓမ္မစကြာအခါတော်နေ့ ဖြစ်ပါသည်။ ထို့နေ့၌ လွန်ခဲ့သော (၁၀)နှစ်ခန့်က ဘ၀နတ်ကျောင်း ပြောင်းရွေ့သွားသော မယ်တော်ကြီး ဒေါ်ကျင်သိန်း၊ လွန်ခဲ့သော(၁)နှစ်ခန့်က ဘ၀နတ်ကျောင်း ပြောင်းရွေ့သွားသော ရဟန်းမယ်တော်ကြီး ကြီးတော် ဒေါ်ကျင်မြ၊ လွန်ခဲ့သော(၇)နှစ်ခန့်က ဘ၀နတ်ကျောင်း ပြောင်းရွေ့သွားသော အမကြီး ဒေါ်အုန်းမြင့်နှင့်၊ လွန်ခဲ့သော(၁)နှစ်ခန့်က ဘ၀နတ်ကျောင်း ပြောင်းရွေ့သွားသော အစ်ကိုကြီး ကိုဝင်းစိန်တို့အား ကောင်းမှုကုသိုလ်ဖြစ်ပါစေခြင်းအလို့ငှါ စာရေးသူနှင့်အတူနေ စာသင်သား သံဃာတော် အပါး(၂၀)ပါးတို့ကို ဆွမ်းကပ်ပြီး မိမိပြုသမျှ ကုသလကို မယ်တော်ကြီးနှင့်တကွ ဘုံသုံးဆယ့်တစ် ဝေနေယျသတ္တ၀ါတို့အား အမျှကုသိုလ် ပေးဝေငှပါသည် ကောင်းထွေသာဓု ခေါ်ဆိုနိုင်ကြပါစေကုန်သတည်း။ သာဓုခေါ်ဆိုနိုင်ကြကုန်သည်ဖြစ်၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိကြပါစေကုန်သတည်း။

သဓု၊ သာဓု၊ သာဓု။

ရှင်သုခ(မင်းလှ)

0 comments:

Post a Comment