Showing posts with label နွေ. Show all posts
Showing posts with label နွေ. Show all posts

နွေ

0 comments Wednesday, March 17, 2010
အရုဏ်ကျင်း အလင်းရောက်တာနဲ့ ကိုဥသြငှက်တွေက သူ့၏အမည်ကို ကြားရတဲ့သူတွေ မသိမှာဆိုးဘိထင်ရဲ့ ဥသြ ဥသြ လို့ သံသာချိုအေး တွန်သံပေးနေတယ်။ ဥသြတွန်လို့ နွေရောက်တာလား နွေရောက်လို့ ဥသြတွန်တာလားလို့ ဇဝေဇ၀ါဖြစ်နေခိုက်မှာ မောင်သစ်ရေ ဆွမ်းချက်လှည့်ကျတယ်ဟေ့ ဆွမ်းချက်တော့လို့ အသံ သြဇာပါပါနဲ့ သတိပေးနေလိုက်တဲ့ နောင်တော်ကြီးရဲ့ အသံကြားလိုက်မှ အတွေးတွေ ပျောက်သွားတော့တယ်လေ၊ ကိုယ်ကြားဘူးတာက သမင်ငယ် ”တောက်”၊ ဒေါင်းက ”အိုးဝေ”လို့ ကြားဘူးထားတယ် ခုတော့ ရွှေဥဒေါင်းတွေ တွန်သံက အိုးဝေ မဟုတ်ဘဲ ဘဲငန်းတွေ အော်သံလို ”ဂူးဂဲ”ဖြစ်နေတယ်လေ။ ရာသီဥတုကြောင့်များ ရွှေဥဒေါင်းတွေ အသံပြောင်းတယ်လို့ပဲ မှတ်ယူရတော့မလို ဖြစ်နေတယ်။ အော် တာနဲ့ပဲ တွေးလက်စ အတွေးလေးက မနက်လင်းတာနဲ့ ကိုရွှေနေမင်းကြီး ရဲရဲတောက် ပူလိုက်တဲ့ဖြစ်ခြင်း၊ နေပူကြဲကြဲမှာ ခေါင်းပြောင်ပြောင် ထီးမပါဘဲ သမိုင်းဌာနသွားပြီး နေ့စဉ်နေ့တိုင်း လက်မှတ်ထိုးရတာက တနင်္ဂနွေနေ့မှအပပေါ့၊ နွေ နွေ ရွှေဥသြတွေ တွန်တဲ့နွေ အော် နွေရောက်ပါပေါ့တကား။
read more “နွေ”