Showing posts with label အကောင်းမြင်ခြင်း၏ ရလာဘ်. Show all posts

အကောင်းမြင်ခြင်း၏ ရလာဘ်
0 comments Sunday, March 21, 2010အကောင်းမြင်ခြင်းသည် အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်ပြီး သတ္တိနှင့်စစ်မှန်သော တိုးတက်ဖြစ်ထွန်းမှု၏ အခြေခံအုတ်မြစ်လည်း ဖြစ်သည်။
ကျွန်တော်တို့ခန္စာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ထဲမှာ ၀င်လာတဲ့ရောဂါပိုး တစ်စုံတစ်ရာကို ဆဲလ်များဖြင့် ပြန်တိုက်သော ခုခံအားစနစ် cell-mediated immunity (CMI) ဆိုတာ ရှိပါတယ်။ ဒါဟာအရေးကြီးတဲ့ ခံစစ်လမ်းကြောင်းလို့ ဆိုနိုင်ပါတယ်။ ဒီလမ်းကြောင်း မကောင်းတဲ့ သူတွေမှာ ဖျားလွယ်၊ နှာစေးလွယ်၊ ချောင်းဆိုးလွယ်၊ အနာပေါက်လွယ်တာ တွေ့ကြရမှာပါ။ (ကိုယ်ခံအားကို တက်စေတဲ့ အစားအသောက်တွေ နေနည်းထိုင်နည်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီသတင်းမှာ အဓိက တင်ပြချင်တာကတော့ လောလောလတ်လတ် ၂၀ ရက်နေ့ကမှ တင်ပြခဲ့တဲ့ သုတေသန စာတမ်းတစ်စောင်ရဲ့ ရလဒ်ဖြစ်ပါတယ်)
တက္ကသိုလ်ကျောင်းသား လူငယ် ၁၂၅ ယောက်ကို စဉ်ဆက်မပြတ် လေ့လာ သုတေသန ပြုချက်များအရ အကောင်းမြင်စိတ် ရှိခြင်းဟာ ဆဲလ်များဖြင့် ပြန်တိုက်သော ခုခံအားစနစ်ကို ကောင်းစေပြီး ကူးစက်ရောဂါများကို ပိုမိုခံနိုင်ရည် ရှိလာခြင်းနဲ့ ဆက်စပ်ကြောင်း တွေ့ရှိ အတည်ပြုနိုင်ခဲ့ပါတယ်။ (ရှေးလူကြီးတွေ ပြောတဲ့ အကောင်းမြင်ရင် မပူပန်တတ်ရင် အသက်ရှည်တယ်ဆိုတာ ဒါဖြစ်မယ်။ အကောင်းမြင်စိတ် မထားခြင်းဟာ ကင်ဆာဆဲလ်တွေကို ပိုမို ပျံ့ပွားစေတယ်လို့ တွေ့ထားတဲ့ သုတေသန ရလဒ်တစ်ခုလဲ ရှိပါသေးတယ်)
လေ့လာပုံကတော့ ကျောင်းသားတွေရဲ့ ဆဲလ်များဖြင့် ပြန်တိုက်သော ခုခံအားစနစ် cell-mediated immunity (CMI)ကို အရေပြားကနေ စမ်းသပ်မှု (skin test) မှန်မှန် လုပ်ပေးပြီး တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် တိုင်းတာ မှတ်တမ်းယူထားပါတယ်။ ပြီးတော့ သူတို့ကို "ကျွန်တော်/ကျွန်မဟာ အတန်းဖော် သူငယ်ချင်း အများစုလောက် နောင်တစ်ချိန်ကျရင် အောင်မြင်မယ် မထင်ပါဘူး" ဆိုတဲ့ စကားနဲ့ "ကျွန်တော် ကျရှုံးမယ်ဆိုတာ လုံးဝမဖြစ်နိုင်လောက်ပါဘူး" ဆိုတဲ့ စကား၂ ရပ်အပေါ် ဘယ်လောက်အတိုင်းအတာအထိ ရင်ထဲက သဘောတူသလဲ လို့ ရာခိုင်နှုန်းခွဲတဲ့ မေးခွန်းတွေကို အချိန်နဲ့အမျှ ထပ်ခါထပ်ခါ ဖြေဆိုခိုင်းပါတယ်။ နှစ်ဆုံးတော့ ရလဒ်တွေ စုပေါင်းပြီး တစ်ဦးချင်းစီရဲ့ တစ်လချင်းစီမှာ ရှိတဲ့ စိတ်ထား (အကောင်းမြင်ဖက်လား အဆိုးမြင်ဖက်လား ဆိုတာ) ကို ခွဲခြား ယူပြီး ခုနက ဆေးစစ်ချက်တွေနဲ့ ပြန်ထပ်ကြည့်ပါတယ်။
ဒီအခါမှာ တွေ့ရတာကတော့ အကောင်းမြင်စိတ်က CMI အပေါ် တိုက်ရိုက်လွှမ်းမိုး ဆက်စပ်နေတာ အသေအချာတွေ့ရှိရပါတယ်။
ဒီရလဒ်များအရ လူတစ်ဦးစီဟာ အကောင်းမြင်စိတ်၊ အပြုသဘော ဆောင်တဲ့ စိတ် ရှိနေတဲ့ ကာလတွေမှာ ကိုယ်ခံအား ပိုကောင်းနေပြီး အကောင်းမြင်စိတ် ကိုယ့်ကိုယ်ကို ယုံကြည်စိတ် နည်းသွားတဲ့ ကာလတွေမှာ ကိုယ်ခံအားလည်း ကျသွားတာ သေချာကြောင်း အတည်ပြု သိရှိရပါတယ်။
သီဟသစ် ဆေး(၂)
read more “အကောင်းမြင်ခြင်း၏ ရလာဘ်”

Subscribe to:
Posts (Atom)