Showing posts with label အစွပ်စွဲမလွတ်နိုင်. Show all posts
Showing posts with label အစွပ်စွဲမလွတ်နိုင်. Show all posts

အစွပ်စွဲမလွတ်နိုင်

0 comments Saturday, January 22, 2011
ဇာတ်မင်းသားကြီး ဦးဘိုးစိန်သီဆိုသွားတဲ့ သီချင်းတစ်ပုဒ်ရှိတယ်၊ အဲဒီသီချင်းက ဘာလဲဆိုတော့-----
ကောသမ္ဗီပြည်၊ ဘုရားရှင်ကြွစဉ်က၊
ရှင်အာနန္ဒာလျှောက်လိုက်ပါတဲ့၊
ဒေသနက္ကမအကျယ်၊
မာဂန္ဓီအယုတ္တမာ၊
သူ့အသွင်အပြင်၊
ဘုရားက မကြိုက်တာကြောင့်၊
သာမာဝတီက လုပ်တာတွေကိုကွယ်၊
ဂရုတမင် များစွာစိုက်တယ်လို့၊
သူ့လင်ကို သွားကာတိုက်တိုက်ပြီးတော့၊
ဘုရားမကိုဋ်၊ ကိုယ်တော်မြတ်ကြီးကိုကွယ်၊
ဆဲဆိုရေရွတ်တယ်။ ။
အဲဒီသီချင်းထဲကလို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ပင် ကဲ့ရဲ့စွပ်စွဲခြင်းမှ မလွတ်နိုင်ဖြစ်ခဲ့သေးတာပဲ ယခုခေတ် သံဃာတော်တွေ ကဲ့ရဲ့စွပ်စွဲခံရတာ ဘာမျှ ထူးစမ်းမည်မထင်ပါ။ အဓိကကျတာတော့ ကဲ့ရဲ့စွပ်စွဲခြင်းမှ လွတ်အောင်မိမိကိုယ်ကို အထင်အမြင်မသေးနိုင်အောင် နေတတ်ဘို့တော့ လိုပေလိမ့်မယ်။ မေတ္တာသုတ်ထဲမှာ ပါတဲ့အတိုင်း (န စ ခုဒ္ဒမာစရေ ကိဉ္စ) သေးငယ်သော အပြစ်လေးပင်ဖြစ်ပါသော်လည်း မပြုမိ၊ မပြောမိ၊ မကြံမိအောင် မိမိရဲ့ ကိုယ် နုတ် စိတ်ကို ထိန်းသိမ်းစောင်ရှောက်သွားမယ်ဆိုလျှင် မည်သူကမှ မိမိကို ကဲ့ရဲ့လို့ မရနိုင်ဘူးဆိုတာ သတိချပ်ပြီး ရှောင်ကြဉ်ကြပါစို့၊ ရှောင်ကြဉ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ သာဓကအားဖြင့် တင်ပြရမည်ဆိုလျှင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးပင် ဖြစ်ပါသော်လည်း စိတ်ကွယ်ရာအရပ်ဖြစ်၍ မင်းသားဘ၀က ဇနီးမယားဖြစ်ခဲ့သော မင်းသမီးယသော်ဓရာထံ ကြွတော်မူသောအခါ ဖခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို သပိတ်ပိုက်စေလျက် ခေါ်သွားခဲ့သည်ဆိုတာ ပါဠိတော်မှာ အထင်အရှားရှိခဲ့ပါတယ်။ အဲဒါကြောင့် မည်သူမဆို မည်သည့်အကြောင်းကြောင့်မှ အားလုံးသတ္တ၀ါတွေ စွပ်စွဲကဲ့ရဲ့ခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေလို့ သမာဆန္ဒပြုလျက်-------

ရှင်သုခ(မင်းလှ)
read more “အစွပ်စွဲမလွတ်နိုင်”