Showing posts with label သူတို့နှင့်ဆုံမိပုံအကြောင်း. Show all posts
Showing posts with label သူတို့နှင့်ဆုံမိပုံအကြောင်း. Show all posts
သူတို့နှင့်ဆုံမိပုံအကြောင်း
0 comments Sunday, March 28, 2010တနေ့သ၌ စာရေးသူ အမာမြို့မှ ရန်ကုန်သို့ ပြန်လာရောက်လျှင် နေ့ဆွမ်းစားပြီး အနားယူနေစဉ် ဖုန်းလာသဖြင့် ကောက်ကိုင်လိုက်ရာ ဘုန်းဘုန်း နေကောင်းလား ခင်ဗျားကဘယ်သူလဲ တပည့်တော် ချောင်းဦးမြို့နယ်၊ ကျည်ကုန်းရွာက မငြိမ်းကြည်ပါဘုရား၊ ဘာအကြောင်းမျာရှိပါသလဲ၊ ဘုန်းဘုန်းကို ရဟန်းခံချင်လို့ပါဘုရား။ ဒကာမကြီးတို့မှာ တခြားရဟန်းခံထားတဲ့ ရဟန်းများရှိသလား၊ ရှိရင် အဲဒီကိုယ်တော်ကိုပဲ ပြည့်စုံအောင် ထောက်ပံ့ပါလားလို့ ပြန်ပြောလိုက်တော့ မဟုတ်ဘူး ဘုန်းဘုန်းကိုပဲ ရဟန်းခံချင်လို့ပါ တောင်းပန်သဖြင့် ခွင့်ပြုခဲ့ရပါသည်။ ဒါနဲ့ ဆရာတော်ကိုလျှောက်ပြီး -၀၈-၀၉-၀၈နေ့ သီတဂူမှာပဲ ရဟန်းခံဖြစ်တယ်ဆိုပါတော့။
တနေ့ ကျောင်းသားတစ်ယောက်က ဘကြီးသစ် ဒီမှာ ဧည့်သည်တွေက တွေ့ချင်လို့တဲ့ ဘယ်သူတွေလဲ တပည့်တော်တို့က ကျည်ကုန်းကပါဘုရား မန္တလေးက ဓမ္မကထိက ဦးပညာနန္ဒက လွှတ်လိုက်တာပါဘုရား၊ ဒီမှာ စာတစ်စောင်ရေးပေးလိုက်ပါတယ်ဘုရား၊ နောင်ကြီးရေ ခုလာတဲ့ မိသားစုဟာ တပည့်တော်၏ကျောင်းမှာ ဆောက်လုပ်ရေးတာဝန်ယူနေသော ဒကာ၏ တူမများဖြစ်ပါသည်၊ လိုအပ်တာအားလုံး ကူညီပေးလိုက်ပါဘုရားတဲ့။ အေး ဘာအကြောင်းများရှိသလဲ ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ချင်လို့ပါဘုရား အေး ဘယ်သူလဲ ဘာရောဂါလဲပေါ့၊ အမျိုးသ္မီးရောဂါပါဘုရား၊ အေး ဒါဆိုလဲ ဆေးရုံသွားကြရအောင်လေ၊ သူ့နာမည်က မမျိုးမျိုးဝင်းတဲ့၊ အဲဒီ ကလေးမလေးနဲ့ စောစောက ပြောခဲ့တဲ့ မငြိမ်းကြည်တို့က ညီအစ်မ တစ်ဝမ်းကွဲတော်တယ်လေ၊ သူ့ညီမ ဆေးရုံတက်တယ်ဆိုတော့ လူနာလာမေးတယ်ပေါ့၊ အဲဒီမှာ စာရေးသူနဲ့ တစ်ခါဆုံဘူးတယ် ဆိုပါစို့။ အဲဒီနောက် မမျိုးမျိုးဝင်း ဆေးရုံမဆင်းခင်မှာ သီတဂူမှာ နေ့ဆွမ်းတစ်ခါကပ်ဖူးတယ်လေ၊ အဲဒီတုန်းက စာရေးသူက ဆွမ်းကျောင်းဘုန်းကြီးပေါ့လေ၊ နောက်မကြာမီ မမျိုးမျိုးဝင်း၏ အမရင်း မသိန်သိန်းဝင်း စာရေးသူထံ လာလည်တော့ ပြန်လိုက်ပို့ရင်းက တတိယအကြိမ် သူတို့နဲ့ ဆုံခွင့်ရပြန်တယ်လေ။ ဒါနဲ့ စာရေးသူလည်း ၃၀-၀၆-၀၆-နေ့က ဒေလီကို စာသင်ထွက်တော့ အဆက်အသွယ်ပြတ်သွားပြန်ရော၊ ၁၅-၀၅-၀၈-နေ့မှာ စာမေးပွဲပြီးလို့ ဆရာတော်အား ဘုရားတပည့်တော် ဘာဆက်လုပ်ရပါမည်နည်းဘုရား ဖုန်းဆက်လျှောက်ထားရာ ဆရာတော်က ငါ့တပည့် မင်းပြန်လာခဲ့ ခု မင်းဆရာ ဧရာဝတီ လေဘေး ရေဘေးသင့်တဲ့အရပ် ရှေ့တန်းမှာရောက်နေတယ် မင်းရယ် မောင်သုန္ဒရရယ် မောင်ကုမာရရယ် ပြန်ခဲ့ကြ၊ ပြီးတော့ လိုက်ချင်တဲ့သူတွေလည်း ခေါ်ခဲ့ပေါ့ကွာတဲ့၊ ဆရာတော်၏အမိန့်ကြောင့် စာရေးသူတို့ သူငယ်ချင်း လေးယောက် စာရေးသူ၊ မောင်ကုမာရ၊ မောင်သဇ္ဇန၊ မောင်သီဟ(သဲကုန်း) မြန်မာပြည်ကို -၂၆-၀၅-၀၈နေ့က ပြန်ခဲ့ကြတယ်။ ၂၇-၀၅-၀၈နေ့မှာပဲ ဆရာတော်က မင်းငါနဲ့အေတူ ဗိုလ်ကလေးကို လိုက်ရမယ်တဲ့၊ စာရေးသူလဲ အဲဒီကစပြီး ဗိုလ်ကလေး၊ အမာ၊ ဟိုင်းကြီးကျွန်း၊ ဖျာပုံ၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်းတို့ကို ရန်ကုန်နှင့် အသွားအပြန် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်လျက် မမောနိုင် မပန်းနိုင်ပေါ့။ ဒီလိုနဲ့ ၀ါဆိုဘို့ နီးလာတော့ ဆရာတော်က မင်းစစ်ကိုင်းမှာ ပြန်ပြီး ၀ါဆိုရမယ်တဲ့၊ ဒါကြောင့်စစ်ကိုင်းပြန် ၀ါဆို၊ ၀ါတွင်းလည်းပဲ ဆရာတော်က မောင်သေဋ္ဌိလရေ ဒီနေ့ ရန်ကုန်ဆင်းလာခဲ့ အမာမြို့ကိုသွားရမယ်။ ဒီလိုနဲ့ စာရေးသူ စစ်ကိုင်း+ရန်ကုန်+အမာ ကူးနေရတယ် ဆိုပါတော့။ အဲဒီ အမာက ပြန်လာတဲ့ တနေ့ပေါ့။ ဘုန်းဘုန်းကို ရွာကိုကြွခဲ့ပါအုံးဘုရား ဘယ်ရက်လောက်ကို ရဟန်းခံရရင် ကောင်းမယ်ဆိုတာ အမိန့်ရှိပါဘူရား၊ အဲဒါကြောင့် ဆရာတော်ထံ လျှောက်ထားတော့ ဆရာတော်က ၀၈-၀၉-၀၈ ငါလည်း စစ်ကိုင်းရှိတယ် အဲဒီရက်လှူခိုင်းလိုက်ပေါ့ဟု အမိန့်ရှိ၍ ၄င်းရက်မှာပဲ ရဟန်းခံခဲ့ရပါသည်။ အဲဒီနောက် ဘုန်းဘုန်း တပည့်တော်မြေးတွေ ရှင်ပြုလျှင် ဆရာတော်၏ တရားပွဲနဲ့ အလှူပေးချင်ပါတယ်ဘုရား၊ ဒါဆိုရင် ဘုန်းဘုန်း ဆရာတော်ကို လျှောက်ကြည့်မယ် ဆရာတော် ပေးတဲ့ရက် လှူလိုက်ကြပေါ့ မှန်ပါ့ဘုရား၊ ဒါနဲ့ ဆရာတော်က ၀၇-၀၁-၀၉မှာ ရှင်ပြုအလှူနှင့် တရားပွဲကို ပြုလုပ်ကျင်းပခဲ့ကြပါသည်။ အလှူရေစက် လက်နှင့်မကွာ လှူဒါန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလျက်--------
ရှင်သုခ(မင်းလှ)
Subscribe to:
Posts (Atom)
