Showing posts with label ဗာရာဏသီခရီး. Show all posts
Showing posts with label ဗာရာဏသီခရီး. Show all posts
ဗာရာဏသီခရီး
0 comments Monday, May 17, 2010သီတဂူဘုရားဖူးဖွဲ့သည် ဗာရာဏသီမြို့သို့ ၁၅-၀၄-၁၀နေ့ည ၁၁း၁၅မိနစ်အချိန်တွင် ရောက်ရှိလာကြပါသည်။ ၄င်းမြို့မှ တပည့်သုံးပါးက ဟော်တယ်ကလပ်မှ ကြိုဆိုဂါရ၀ပြုကြပါသည်။ ဆရာတော်က ငါ့တပည့်တွေ ဆောင့်နေတာ အတော်ကြာသွားတယ်ထင်တယ်၊ တို့ကားဆရာတွေက လမ်းမှားမောင်းနေလို့ ကြာသွားကြောင်း ရှင်းပြပါသည်။ ၁၆-၀၄-၁၀ နေ့နံက်တွင် ဆရာတော်က မင်းဦးဆောင်ပြီး မြတ်စွာဘုရား ဓမ္မစကြာတရာတော် ဟောတော်မူခဲ့သော စေတီဟောင်းနေရာတွင် ဓမ္မစကြာတရားတော်ဖြင့် ရွတ်ဆိုပူဇော်ရန်နှင့် ဓမ္မေခစေတီတော်၌ အနတ္တလက္ခဏသုတ်တော်တို့ဖြင့် ရွတ်ဆိုပူဇော်ရန် မှာကြားတော်မူပြီး ကင်မရာမင်းနှစ်ယောက်ဖြင့် မိဂဒါဝုန်တောကျောင်းဝိုင်းအတွင်းဝယ် ဆရာတော်၏စိတ်ကြိုက် ရိုက်ပုံနည်းစနစ်များကို စီစဉ်ညွန်ကြားနေပါသည်။ သို့အတွက်ကြောင့် စာရေးသူနှင့် သီတဂူဘုရားဖူးအဖွဲ့သည် ဓမ္မစကြာသုတ်၊ အနတ္တလက္ခဏသုတ်တို့ဖြင့် ပူဇော်ကန်တော့ကြပြီး နေ့လညဆွမ်းကို ဆေးဝင်္ကဘာကျောင်း၌ ဘုဉ်းပေးသုံးဆောင်ကြရပါသည်။ ဆရာတော်၏ ကုသိုလ်ဖြစ်ပါသည်။
Subscribe to:
Posts (Atom)
