Showing posts with label ကုသိုလ်ဘယ်လိုတိုး. Show all posts
Showing posts with label ကုသိုလ်ဘယ်လိုတိုး. Show all posts

ကုသိုလ်ဘယ်လိုတိုး

0 comments Thursday, December 16, 2010
ကုသိုလ်ဘယ်လိုတိုး
တစ်ချိန်တုန်းကပေါ့.. မြတ်ဗုဒ္ဓသည် ကောသလတိုင်းမှာရှိတဲ့ ပေါက်ပင်တော ရွာလေးတွင် သီတင်းသုံးလျှက် ရဟန်းအပေါင်းကို တရားရေအေးတိုက်ကြွေး နေတော်မူရင်း နူးညံ့သော စိတ်နှလုံးဖြင့် တိတ်ဆိတ်နေတဲ့ သူ၏ရဟန်း ပရိသတ်ကြီးကို စောင်းငဲ့ကြည့်ရှုတော်မူကာ သူ၏လက်ယာဘက်တွင် သီတင်းသုံးနေသော အရှင်သာရိပုတြာမထေရ်မြတ်ကို..
ချစ်သား သာရိပုတြာ.. ရဟန်းအပေါင်းဟာဖြင့်.. ထိုင်းမှိုင်းမှု မရှိ ပကတိ တည်ကြည်တဲ့ စိတ်နှလုံးတွေ ရှိနှင့်နေဘိ၏.. ငါကိုယ်တော်မြတ် ညောင်းညာနေ၍ ခေတ္တအနားယူမည်.. သင်ချစ်သားဆက်လက်ပီး တရားဟောပါလေဟု မိန့်မှာတော်သောကြောင့်.. ကောင်းလှပါပီ မြတ်အရှင်ဟု ဆိုကာ.. ဆက်လက်တရားရေအေးတိုက်ကျွေးလေသည်မှာ..
ငါ့ရှင်တို့.. လဆုတ်ရက်မှာ ထွက်ပေါါ်လာသော လသည် တဖြည်းဖြည်း နှင့် နေ့ရောညပါ အဆင်းအနေနဲ့လဲ ဆုတ်ယုတ်လာသလို၊ အလုံးအ၀ိုင်းအား ဖြင့်လဲ ဆုတ်ယုတ်လာသလို၊ အရောင်အားဖြင့်လဲ မှေးမှိန်လာသလို၊ ငါ့ရှင်တို့ ထို့အတူသာပဲ ကုသိုလ်တရားတို့.၌ ယုံကြည်မှုမရှိသူ၊ အရှက်မရှိသူ၊ ထိတ်လန့်မှု မရှိသူ၊ အားထုတ်မှုမရှိသူ၊ ကုသိုလ်တရားတို့၌ အသိညာဏ်မရှိသူ ပျင်းရသူ၊ ပညာမဲ့သူ၊ အမျက်ဒေသထွက်တတ်သူ၊ အငြိုးအတေးကြီးသူ၊ အလိုဆိုးရှိသူ၊ မိတ်ဆွေယုတ်ရှိသူ၊ အယူမှားရှိသူ မည်သူမဆို ရောက်လာသမျှသော နေ့ညတို့တွင် ကုသိုလ်တရားတို့၌ ဧကန်မုချ ဆုတ်ယုတ်နေလေ၏။ တိုးပွားရန်ကား မမျှော်လင့်ပါလေနှင့်ဟု.. မိန့်ဆိုတော်မူ လေ၏။
ကုသိုလ်တရားတို့၌ ယုံကြည်မှုရှိသူ၊ အရှက်ရှိသူ၊ ထိတ်လန့်မှုရှိသူ၊ အားထုတ်မှုရှိသူ၊ ယင်းတရားတို့၌ အသိညာဏ်ရှိသူ ဘယ်သူမဆိုဟာဖြင့် လဆန်းရက်မှာ ထွက်လာတဲ့ လသည် နေ့ညမပြတ် အဆင်း အရောင် အ၀န်း အ၀ိုင်းသည် ဆုတ်ယုတ်မှုမရှိပဲ အဆက်မပြတ်တိုးပွားနေဘိသကဲ့သို့ ထိုပုဂ္ဂိုလ်သည် ကုသိုလ်တရားများ အဆက်မပြတ်တိုးပွား စည်ပင်နေလေသည် ဟု မိန့်တော်မူ၏။

ဘုန်းသာ(ပန်းမြို့တော်)
read more “ကုသိုလ်ဘယ်လိုတိုး”