အလုပ်နှင့်သာ သက်သေပြကြပါ

0 comments Saturday, April 30, 2011
ဘွဲ့တံဆိပ်တွေ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တိုင်းပြည်နှင့် သာသနာတော်ကောင်းကျိုးအတွက် အလုပ်များများလုပ်ကြရေးကို ပြည်သူပြည်သားအပေါင်းအား စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာအရှင်ဥာဏိဿရဆရာတော်က ဆုံးမသြ၀ါဒကထာ မြွက်ကြားခဲ့ပါသည်။ "ဘွဲ့တံဆိပ်တွေ ရရ၊ မရရ" တိုင်းပြည်အသိအမှတ်ပြုအောင်၊ သာသနာတော်က အသိအမှတ်ပြုအောင်၊ ကိုယ့်ပတ်ဝန်းကျင်က အသိအမှတ်ပြုအောင်၊ တိုင်းပြည်ကိုလည်း အကျိုးရှိအောင်၊ သာသနာတော်အတွက်လည်း အကျိုးရှိအောင်၊ မိမိအတွက်လည်း အကျိုးရှိအောင် အလုပ်များများလုပ်ကြပါလို့ ဆရာတော်က အလေးအနက်တိုက်တွန်းထားပါသည်။ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသော ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ "Doctor of Letters" ("Honoris Causa") အပ်နှင်းသည့်အခန်းအနား၌ အထက်ပါ သြ၀ါဒကထာကို မိန့်ကြားခဲ့ပါသည်။ ဆရာတော်က "ဘုရားရှင်လက်ထက်တော်က ရဟန်းတော် (၄၇)ပါးအပါအ၀င် စုစုပေါင်း (၇၉)ပါးအား မြတ်စွာဘုရားက ဧတဒဂ်ဘွဲ့ ပေးခဲ့ဘူးပါတယ်။ မြတ်စွာဘုရား ပေးခဲ့တဲ့ဘွဲ့အားလုံးကို ဆန်းစစ်ကြည့်လိုက်မည်ဆိုလျှင် "အလုပ်ကသာ ပဓာန" ဖြစ်တယ်လို့ အစချီကာ စာရွက်ပေါ်မှာရေးပြီး စာမေးပွဲအောင်လို့ ရတဲ့ဘွဲ့ထက် အလုပ်လုပ်ပြီးတော့မှ အဲဒီအလုပ်ရဲ့တန်ဘိုးကို တန်ဘိုးထားတဲ့အနေနဲ့ ပေးတဲ့ဘွဲ့က ပိုပြီးမြတ်နိုးစရာကောင်းတယ်။ အဲဒီဘွဲ့မျိုးကို များများကြီးရအောင် ယူကြပါ။ အဲဒီတော့ လိုတာက အလုပ်များများလုပ်ဖို့ပါ။ "လူ့ရဲ့တန်ဘိုးက အလုပ်ပဲ" ဟု အလုပ်၏တန်ဘိုးကို အကျယ်တ၀င့် မိန့်ကြားတော်မူပါသည်။ ဆက်လက်ပြီး ဆရာတော်က ဘာဘွဲ့တွေပဲရရ ငါ့အတွက်တော့ စိတ်ဓာတ်အင်အားမှာ သိပ်ပြီးမထူးဆန်းပါဘူး၊ ဘွဲ့တံဆိပ်တွေ၊ အောင်လက်မှတ်တွေကို တန်ဘိုးထားကြတဲ့ လူတွေအတွက်တော့ တော်တော်အရေးကြီးတဲ့ အနေအထားမှာ ရှိကြမှာပါ။ တို့အတွက်တော့ အလုပ်ပဲ၊ တိုင်းပြည်နဲ့ သာသနာတော်အတွက် ငါဘယ်လောက်လုပ်ထားသလဲ၊ အဲဒီအလုပ်ကိုပဲ တို့ကတန်ဘိုးပိုထားတယ်။ ဒီကနေခေတ်မှာ စာမေးပွဲမဖြေရပဲ ဒီဘွဲ့ပေးပေးတယ်ဆိုတာကိုက အလုပ်လုပ်ဘို့လို့ ဘွဲ့ပေးတာ။ ဒီတော့ အလုပ်ရဲ့တန်ဘိုးကို သိတဲ့လူတိုင်းက တို့ကိုလေးစားပြီး တန်ဘိုးထားကြမှာပဲလို့ ဒီအတိုင်းယုံကြည်ထားတာပဲ-လို့ သြ၀ါဒကထာ မိန့်ကြားတော်မူပါသည်။ (ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ရစဉ်က ပေးခဲ့သော သြ၀ါဒကထာဖြစ်ပါသည်)။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
မှတ်တမ်းတင်သူ ရှင်သုခ (မင်းလှ)
read more “အလုပ်နှင့်သာ သက်သေပြကြပါ”

Mental encouragement

0 comments
ွGreat and Grand ဖြစ်အောင်လုပ်ကြရမည်။ တချို့သောသူတို့သည် Great ဖြစ်ကြသော်လည်း တကယ်တန်းကျတော့ Grand မဖြစ်ကြပေ။ ရှင်ဘုရင်ဖြစ်မည့် လူတစ်ယောက်သည် လမ်းဘေးမှာ လက်ကြားညှပ်၍ ကျင်ငယ်စွန့်မိသည့်အတွက် ဇာတ်ထဲက ကျွန်းသေတ္တာပေါ်မှာထိုင်ရတဲ့ ရှင်ဘုရင်သာဖြစ်ရတော့သည်။ ထို့ကြောင့် Great and Grand ဖြစ်လိုသောသူတို့သည် "န စ ခုဒ္ဒမာစရေ ကိဉ္စိ" (မေတ္တာသုတ်တော်လာအတိုင်း) မကောင်းတာမှန်သမျှ မြူမျှလောက်မှ မပြုရ၊ သေးသိမ်သောအတွေးအခေါ်၊ သေးသိမ်သည့်အပြောအဆို၊ သေးသိမ်သည့် အလုပ်တို့ကို မည်သည့်အခါမှ မပြုလုပ်သင့်ပေ၊ မပြောသင့်ပေ။ အဲဒီတော့ "န စ ခုဒ္ဒမာစရေ ကိဉ္စိ"က တကယ်အဖိုးတန်တယ်လေ။ တန်ဘိုးဖြစ်လို့ကို မရနိုင်ဘူး။ ဘေးကင်း၊ ရန်ကင်း၊ အန္တရာယ်ကင်းဆိုတာ သူများတွေ ဘေးရန်ကင်းကင်း မကင်းကင်း၊ ကိုယ့်ဘေးရန်အန္တရာယ်ကင်းဘို့တော့လိုတယ်။
Great and Grand ဖြစ်အောင်လုပ်ကြရမယ်။ ခဏလေး လုပ်ရုံနဲ့တော့ Great and Grand မဖြစ်နိုင်ဘူး။
၁။ စိရကာလ = အကြာကြီးအလုပ်လုပ်။
၂။ နိရန္တရ = မပြတ်တရစပ် အလုပ်လုပ်။
၃။ နိရ၀သေသ= အကြွင်းအကျန်မရှိအောင် အကုန်လုပ်။
၎။ သက္ကသစ္စ = အလုပ်ကို ရိုရိုသေသေ လေးလေးစားစားလုပ်။
၅။ အဘိရတိ = အလုပ်မှာ ပျော်ပျော်ပါးပါးလုပ်ကြရမည်။

နောက်ပြီးတော့ ခမာ၊ ဇာဂရိယ၊ ဥဋ္ဌာန၊ သံဝိဘာဂ၊ ဒယာ၊ အိက္ခဏာ-ဟူသော နာယကဂုဏ်ခြောက်ပါး၊ ယခုခေတ်အနေနဲ့ ပြောရရင် Leadership Quality နဲ့ပြည့်စုံကြဘို့ရန် အထူးတိုက်တွန်းလိုပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သီတဂူဆရာတော်
read more “Mental encouragement”

မဃဒေ၀လင်္ကာ

0 comments Sunday, April 24, 2011


နေကိုပုံပြ၊ လကိုပုံထား၊မှတ်တုံငြားလော၊
နေကားထွက်ဝင်၊ ပေါ်ချုပ်ထင်၏၊
လလျှင်ပြည့်ကွယ်၊ ကြီး၍ငယ်ခဲ့၊
ထို့ နှယ်မလွဲ၊ လူခပဲတို့ ၊
အမြဲချမ်းသာ၊မရှိစွာရှင့် ၊
အာဏာတန်ခိုး၊ အမျိုးစည်းစိမ်၊
ဘုန်းဂုဏ်သိန်လည်း၊ ထင်တိမ်ပေါ်ငုတ်၊
ဖြစ်ချုပ်တက်စွာ၊ဓမ္မတာတည့်။
read more “မဃဒေ၀လင်္ကာ”

၁၃၇၃-ခုနှစ်၊ အတာသင်္ကြန်

0 comments Wednesday, April 13, 2011


မြန်မာပြည်သူ မြန်မာပြည်သားအားလုံး ၁၃၇၃-ခုနှစ်၊ ရက်မြတ်မင်္ဂလာမှသည် ရာသက်ပန် ပြည့်ပြည့်စုံစုံ၊ လုံလုံလောက်လောက်၊ စေ့စေ့ငှငှ၊ ချမ်းချမ်းသာသာ၊ ကျန်းကျန်းမာမာ၊ ရွှင်ရွှင်လန်းလန်းရှိကြကုန်သည်ဖြစ်၍ ဖြစ်ကုန်ပြီးသော အကုသိုလ်တရားများကို ပယ်ရှား၊ မဖြစ်ကုန်သေးသော အကုသိုလ်တရားများကို မဖြစ်အောင်ရှောင်ကြဉ်၊ မဖြစ်ကုန်သေးသော ကုသိုလ်တရားများကို ဖြစ်အောင်ပြုလုပ်၊ ဖြစ်ကုန်ပြီးသော ကုသိုလ်တရားများကို ပို၍ပို၍ တိုးပွားအောင်ကြိုးစားအားထုတ်လျက် မိမိအကျိုး၊ သာသနာ့အကျိုး၊ တိုင်းပြည့်အကျိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။
ရှင်သုခ(မင်းလှ)
read more “၁၃၇၃-ခုနှစ်၊ အတာသင်္ကြန်”